backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ထင်းရှူးခေါက် အဆီကပေးတဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ထင်းရှူးခေါက် အဆီကပေးတဲ့ ကျန်းမာရေး

ထင်းရှူး ရနံ့မွှေးမွှေးလေးနဲ့ အပင်လေးကလည်း အမြင်လှပါတယ်။ ခရစ္စမတ်ကာလမှာ ခရစ္စမတ်ပင်ဆိုပြီး အလှဆင်ရာမှာ အသုံးပြုကြပါတယ်။ ထင်းရှူးသား အပြင်လွှာကို ထင်ရှူးပုံးလေးတွေ အဖြစ် အသုံးပြုကြသလို အတွင်းက အနှစ်သားကိုလည်း ထင်ရှူးသေတ္တာတွေ လုပ်တာ ရှိပါတယ်။

ထင်ရှူးဆီဆိုပြီးလည်း မီးမွှေးတဲ့နေရာမှာ အသုံးပြုကြပါတယ်။ မီးမွှေးဖို့ ထင်ရှူးဆီကို ခုတ်ကထဲက မွှေးပျံ့တဲ့ ရနံ့ကိုရစေတဲ့ ထင်ရှူးပင်က ဆေးဖက်ဝင်တယ်ဆိုတာကို သိပြီးပြီလား …….

မသိသေးဘူးဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ အခုတစ်ခေါက် ပြောပြချင်တာကတော့ ထင်ရှူးပင် ပင်စည်ရဲ့ အခေါက်ကနေ ရတဲ့ အဆီအနှစ်က ကျန်းမာရေးအတွက် ဘယ်လို အသုံးဝင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ထင်းရှူးခေါက်အဆီ ဆိုတာ

ထင်းရှူးခေါက် အဆီဆိုတာ ထင်းရှူးပင် ပင်စည်မှာရှိတဲ့ အခေါက်တွေကနေ ထုတ်ယူထားတဲ့ အဆီတွေပါ။ ထင်းရှူးပင်က အပင်ကြီးမျိုးဖြစ်ပြီး ပင်စည်မှာ အညိုရောင် သစ်ခေါက်တွေနဲ့ ကာရံထားပါတယ်။

ဒီအခေါက်တွေကနေ ထုတ်ယူထားတဲ့အဆီကို ထင်းရှူးခေါက်ဆီလို့ ခေါ်တာပါ။

ထင်းရှူးခေါက် အဆီကပေးတဲ့ ကျန်းမာရေး

ထင်းရှူးခေါက် အဆီကပေးတဲ့ ကျန်းမာရေး

ထင်းရှူးခေါက် အဆီက ကျန်းမာရေးအတွက် အခုလို ထောက်ကူပေးနိုင်ပါတယ်။

အရောင်ကျစေနိုင်တယ်

ထင်းရှူးခေါက် အဆီက ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ရောင်ရမ်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

အဆစ်တွေရောင်တာ၊ နာတာရှည် အဆစ်ရောင်တာတွေကို သက်သာစေနိုင်သလို လေပြွန်ရောင်တာ၊ ပန်းနာရင်ကျပ်နဲ့ နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) တို့ကို သက်သာစေနိုင်ပါတယ်။

အသက်ရှူလမ်းကြောင်း တလျှောက်က ဆဲလ်တွေ ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။

နှလုံးကျန်းမာစေနိုင်တယ်

ထင်းရှူးပင်ရဲ့ အခေါက်မှာ အရောင်ကျစေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေသလို နှလုံးကျန်းမာစေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်း ပါဝင်နေပါတယ်။

နှလုံးကျန်းမာစေသလို နှလုံးသွေးကြောတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ သွေးကြောတွေထဲမှာ သွေးခဲတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို သွေးကြောတွေရဲ့ လုပ်ဆောင်မှုကို ကောင်းစေပါတယ်။

နာတာရှည်ရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ သွေးမတိုးစေဖို့ ကာကွယ်ပေးသလို နှလုံးကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။သွေးကြောတွေထဲမှာလည်း သွေးစီးဆင်းမှု ကောင်းစေနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ် ထိန်းပေးနိုင်တယ်

ထင်းရှူးပင်ခေါက်ရဲ့ အဆီက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးရာမှာလည်း အသုံးဝင်ပါတယ်။ ဆီးချိုရှိသူတွေနဲ့ သင့်တော်ပါတယ်။

ဆီးချို မဖြစ်အောင် ကာကွယ်ဖို့အတွက်လည်း သုံးစွဲပေးလို့ ရပါတယ်။ ဆီးချိုကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

အအေးမမိစေဖို့ ကာကွယ်ပေးနိုင်တယ်

ရာသီ အကူးအပြောင်းမှာ ဖြစ်တတ်တဲ့ အအေးမိ ဖျားနာတာကို သက်သာစေဖို့ အတွက်ရော ကာကွယ်ဖို့အတွက်ပါ ထင်းရှူးပင်ခေါက်ရဲ့ အဆီကို အသုံးပြုပေးလို့ ရပါတယ်။

အအေးမိ ဖျားနာနေချိန်မှာ အသုံးပြုပေးမယ်ဆိုရင်လည်း အဖျားတာတိုစေမှာပါ။ နှာစေးနှာပိတ်တာကိုလည်း သက်သာစေနိုင်ပါတယ်။

ဦးနှောက်စွမ်းဆောင်ရည် ကောင်းစေနိုင်တယ်

ခဏခဏ မေ့နေလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင် ဦးနှောက်စွမ်းဆောင်ရည်ကောင်းစေဖို့နဲ့ သိမြင်မှုစွမ်းရည် ကျဆင်းလာတာကို ကာကွယ်နိုင်စေဖို့အတွက် ထင်းရှူးပင်ခေါက်ရဲ့ အဆီကို အသုံးပြုပေးလို့ ရပါတယ်။

ဓာတ်တိုးပစ္စည်းတွေကြောင့် ဦးနှောက်နဲ့ မှတ်ဉာဏ် ထိခိုက်မှုတွေကို ကာကွယ်ပေးပါတယ်။

နေရောင်ကြောင့် အသားအရေ မပျက်စီးစေဖို့ ကာကွယ်ပေးနိုင်တယ်

နေရောင်ခြည်ကို လုံလောက်စွာ ထိတွေ့ဖို့ လိုသလို ကျန်းမာပြီး အသက်ရှည်စေဖို့အတွက်လည်း ဗီတာမင် D က အရေးပါပါတယ်။ နေရောင်ခြည်နဲ့ လူံလောက်စွာ ထိတွေ့မှု မရှိတာက ဆေးလိပ်သောက်တာလိုပဲ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

နေရောင်နဲ့ ထိတွေ့တာကလည်း အလွန်အကျွံ ထိတွေ့မိမယ်ဆိုရင် အရေပြားကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒီတော့ နေရောင်ကြောင့် အရေပြားမှာ ထိခိုက်မှု မဖြစ်စေဖို့ဆိုရင် ထင်းရှူးပင်ခေါက်ရဲ့ အဆီကို အသုံးပြုပေးလို့ ရပါတယ်။

ဘေးထွက်ဆိုးကျိုး

ထင်ရှူးခေါက် အဆီက ကျန်းမာရေးအတွက် ဆေးဖက်ဝင်တာ မှန်ပေမယ့် ရောဂါအခံရှိသူတွေနဲ့ မသင့်တော်တာမျိုး ရှိနိုင်ပါတယ်။ အလွန်အကျွံ အသုံးပြုမိတာတွေကလည်း ကျန်းမာရေး ထိခိုက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

သတိပြုရန် အချက်များ

ထင်းရှူးခေါက်ဆီကို အသုံးပြုမယ်ဆိုရင် တတ်သိ နားလည်သူနဲ့ အရင်တိုင်ပင်ပါ။ ရောဂါအခံရှိမယ်။ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရတယ်ဆိုရင် မသောက်သုံးပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement