ဒါကြောင့် ကိုယ်အလေးချိန်ကို ထိန်းချင်တယ်ဆိုရင်တော့ ညဘက်အိပ်တဲ့အခါ အမှောင်ချ အိပ်တာက အကောင်းဆုံး နည်းလမ်း တစ်ရပ်ပါ။ ညဘက် အမှောင်ချ အိပ်တာက အဝမလွန်အောင်လည်း ကာကွယ်ရာရောက်ပါတယ်။
ညအိပ်တဲ့အခါ အမှောင်ချ အိပ်တာက မျက်လုံးတွေကို အနားရစေပြီး မျက်လုံး ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ညဘက်အိပ်ချိန်မှာ မီးဖွင့်အိပ်တာက အဝေးမှုန်တာလိုမျိုး အမြင်အာရုံ ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။
ညဘက်အိပ်တဲ့အခါ အမှောင်ချ အိပ်တာက ဆီးချိုဖြစ်နိုင်ခြေကို တိုးစေနိုင်သလို ခန္ဓာကိုယ်ရဲ့ အင်ဆူလင် ထုတ်လုပ်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးချို သက်သာစေဖို့ပဲဖြစ်ဖြစ် ဆီးချိုကို ကာကွယ်ဖို့ပဲ ဖြစ်ဖြစ် မီးပိတ်အိပ်တာက နည်းလမ်းကောင်း တစ်ရပ်ပါ။
ညဘက် အိပ်တဲ့အခါ အမှောင်ချ အိပ်တာက အာရုံစူးစိုက်မှု ကောင်းစေသလို တစ်နေ့တာမှာ လန်းဆန်းတက်ကြွနေစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ စိတ်ဖိစီးမှု၊ စိုးရိမ်စိတ်များတာတွေ၊ စိတ်ဓာတ်ကျတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အိပ်ရေးဝဝ အိပ်ရစေတာကြောင့် ပင်ပန်းနွမ်းနယ်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။
ညဘက်အိပ်တဲ့အခါ အမှောင်ချ အိပ်တာက ခန္ဓာကိုယ်ကိုရော အသားအရေကိုပါ ပြည့်ပြည့်ဝဝ အနားရစေပြီး ဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေနိုင်တာကြောင့် အရွယ်တင်စေနိုင်ပါတယ်။ ဟော်မုန်းတွေကို ထိန်းညှိပေးနိုင်တာကြောင့် အရွယ်တင်စေဖို့ ကူညီပေးပါတယ်။ ရောင်ရမ်းမှုတွေကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
ညဘက်အိပ်တဲ့ အခါ အမှောင်ချ အိပ်တာက ကျန်းမာစေနိုင်ပါတယ်။
ညဘက်အိပ်တဲ့အခါ အမှောင်ချအိပ်တာက ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စေပြီး ကိုယ်တွင်း ဇီဝဖြစ်စဉ်တွေကို စည်းချက်ညီစေတာကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။