backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

နေ့ခင်းနေ့လယ်တွေမှာ တရေးတမော အိပ်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 07/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နေ့ခင်းနေ့လယ်တွေမှာ တရေးတမော အိပ်ပါ

နေ့လယ်စာလေး စားပြီး သောက်ပြီးလို့ နေ့ခင်းနေ့လယ်ချိန်ကို ရောက်ရင် အိပ်ချင်သလိုလို အိပ်ငိုက်သလိုလိုမျိုး ဖြစ်လေ့ဖြစ်ထ ရှိတာ ဓမ္မတာ ပါပဲ။ လူအများစုမှာ ဒီလို အခြေအနေမျိုးကို ကြုံဆုံရတတ်ပါတယ်။ အထူးသဖြင့် လုပ်ငန်းခွင်ထဲမှာ အလုပ်ပါးချိန်တွေ၊ နေအိမ်မှာ အားလပ်နေချိန်မျိုးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အိမ်မှာ ရှိနေသူတွေ အတွက်တော့ တရေးတမော အိပ်စက်ဖို့ အခွင့်အရေး ရှိပေမယ့် လုပ်ငန်းခွင်ထဲက လူတွေအတွက် ကတော့ ဒီလို အခွင့်အရေးမျိုး ရလာဖို့ ခက်ခဲပါတယ်။

နေ့ခင်းနေ့လယ်တွေမှာ တရေးတမော အိပ်ပါ

တကယ်တော့ တရေးတမော အိပ်တယ်ဆိုတာ ကလေးတွေအတွက် သာမကပါဘူး။ အရွယ်ရောက်ပြီးသူတွေလည်း လုပ်သင့်လုပ်ထိုက်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ဒီလို အိပ်စက်လို့ ပျင်းရိတယ်လို့ ထင်မြင်ခံရမှာကို စိတ်မပူပါနဲ့။

ဒါဟာ ကိုယ့်ရဲ့ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတဲ့ အပြုအမူတစ်ခု ဖြစ်သလို ခွန်အားနဲ့ ဉာဏ်ရည်ကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။ နေ့ခင်းနေ့လယ်တွေမှာ မိနစ် ၂၀၊ နာရီဝက် ဝန်းကျင်လောက် တရေးတမော အိပ်စက်ခြင်းဟာ မှတ်ဉာဏ် ကောင်းစေတာ၊ လုပ်ငန်းခွင် စွမ်းဆောင်ရည်ကို တိုးတက်စေတာ အပါအဝင် အကျိုးကျေးဇူးတွေ အတော်များများ ရှိပါတယ်။

နေ့လယ်စာ စားထားသည် ဖြစ်စေ မစားထားသည် ဖြစ်စေ နေ့ခင်းဘက် ၁ နာရီနဲ့ ၃ နာရီအကြား ကာလတွေဟာ လူတွေအတွက် နိုးကြားမှု လျော့နည်းတဲ့ ကာလ ဖြစ်ပါတယ်။ ဒီလို အချိန်တွေမှာ အိပ်ငိုက်တာတွေ၊ အလုပ်အပေါ် အာရုံမစိုက်နိုင်တာမျိုးတွေ ပိုဖြစ်တတ်ပါတယ်။ ဒီလို အချိန်မျိုးတွေမှာ ခဏတဖြုတ် အနားယူ အိပ်စက်ပေးရင် စိတ်ရောကိုယ်ပါ အကျိုးရှိစေပါ လိမ့်မယ်လို့ ကျန်းမာရေး ပညာရှင်တွေက ဆိုထားကြပါတယ်။

နေ့ခင်းနေ့လယ်တွေမှာ တရေးတမော အိပ်ပါ …. ဒီလို နေ့ခင်းနေ့လယ် အိပ်စက် အနားယူတဲ့သူတွေဟာ အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိမှာ ဖြစ်ပါတယ်။

  • ၁။ မှတ်ဉာဏ်ကို တိုးတက် ကောင်းမွန်မယ်
  • ၂။ သွေးဖိအား မကျအောင် တားဆီးပေးမယ်
  • ၃။ ခန္ဓာကိုယ်တွင်းက အာရုံကြောတွေကို တည်ငြိမ်စေမယ်
  • ၄။ စိတ်စွမ်းအားကို မြှင့်တင်ပေးမယ်
  • ၅။ စိတ်ခံစားချက် ကောင်းမွန်စေမယ်
  • ၆။ လန်းလန်းဆန်းဆန်း တက်တက်ကြွကြွ ဖြစ်စေမယ်
  • ၇။ ကဖိန်းဓာတ်ထက် လူကို ပိုပြီး အကျိုးပြုမယ်
  • ၈။ အိပ်ရေးပျက်ထားချိန် မျိုးတွေမှာ တရေးတမော အိပ်ပေးရင် ညဘက်ပုံမှန် အိပ်ပေးသလို အကျိုးရှိမယ်
  • ၉။ စိတ်ဖိစီးမှုကို လျှော့ချပေးစေမယ်
  • ၁၀။ နှလုံးကို အားပေးကူညီတယ်
  • ၁၁။ ညဘက် ပိုပြီး ကောင်းကောင်းမွန်မွန် အိပ်စက်စေတယ်

ဒါကြောင့် နေ့ခင်းနေ့လယ်တွေမှာ ဖြစ်နိုင်ရင် တရေးတမော အိပ်စက်ကြည့်ပါ။ တစ်နေ့တစ်ကြိမ် မဟုတ်ရင်တောင်မှ တစ်ပတ်ကို ၄ ကြိမ်လောက် တရေးတမော အိပ်စက်သင့်တယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ အကောင်းဆုံးကတော့ နေ့ခင်းဘက် ၂ နာရီနဲ့ ၃ နာရီအကြားမှာ အိပ်စက်တာက အကောင်းဆုံးပါပဲ။

နေ့ခင်းနေ့လယ်တွေမှာ တရေးတမော အိပ်ပါ လို့ ပြောရတဲ့ အကြောင်းအရင်းကို သိပြီဟုတ်

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 07/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement