backup og meta

အေးမြတဲ့အခန်းလေးကပေးတဲ့ အိပ်စက်မှုဆိုင်ရာ အကျိုးကျေးဇူးများ

အေးမြတဲ့အခန်းလေးကပေးတဲ့ အိပ်စက်မှုဆိုင်ရာ အကျိုးကျေးဇူးများ

အခန်း အေးအေးလူလူလေးထဲမှာ အိပ်ရတာက မြန်မြန်အိပ်ပျော်စေတယ်ဆိုတာကိုတော့ အားလုံး သိထားပြီး ဖြစ်မှာပါ။ နွေလယ်ပူမှာဆိုရင် ညဘက်မှာ အခန်းက အေးနေမှ ကောင်းကောင်း အိပ်ပျော်မှာပါ။ ဒါကြောင့်ပဲ နွေပူပူမှာ ပန်ကာဖွင့်အိပ်သူက အိပ်၊ အဲကွန်းဖွင့် အိပ်သူကအိပ်ကြတာပေါ့။ ဒီတစ်ခေါက်တော့ ညဘက်တွေမှာ အေးမြတဲ့အခန်းလေးကပေးတဲ့ အိပ်စက်မှုဆိုင်ရာ အကျိုးကျေးဇူးများ အကြောင်းကို ပြောပြပေးချင်ပါတယ်။

အိပ်စက်မှုဖြစ်စဉ်

နေဝင်ပြီး ညဘက်ရောက်လာလေလေ ခန္ဓာကိုယ် အပူချိန်က အလိုလို လျော့ကျလာလေပါ။ ဒါက ဘာကို ဖော်ပြသလဲဆိုရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်က တဖြည်းဖြည်း နှေးလာပြီး အနားယူအိပ်စက်ဖို့ အသင့်ပြင်နေကြတဲ့ သဘောပါ။ ဒီတော့ အိပ်ခန်းကို အေးမြနေအောင် ထားတာက ခန္ဓာကိုယ်ရဲ့ အိပ်စက်ဖို့ ပြင်ဆင်တဲ့ သဘာဝ ဖြစ်စဉ်ကို အားဖြည့်ပေးရာ ရောက်ပါတယ်။

တကယ်လို့ အိပ်စက်မယ့်အချိန်မှာ အခန်းက အရမ်းပူနေမယ်ဆိုရင် ဒီဖြစ်စဉ်တွေက ကမောက်ကမဖြစ်သွားမှာ ဖြစ်ပြီး ကောင်းကောင်း အိပ်ပျော်ဖို့ ခက်မှာပါ။

အေးမြတဲ့အခန်းလေးကပေးတဲ့ အိပ်စက်မှုဆိုင်ရာ အကျိုးကျေးဇူးများ

အေးမြတဲ့အခန်းလေးကပေးတဲ့ အိပ်စက်မှုဆိုင်ရာ အကျိုးကျေးဇူးများ ကတော့

  • ကောင်းကောင်းအိပ်ပျော်စေတယ်

ညဘက်မှာ အိပ်ပျော်စေဖို့ ခန္ဓာကိုယ်က ဇီဝကမ္မဖြစ်စဉ်တွေရဲ့ အရှိန်ကိုလျှော့ချရင်း အိပ်ပျော်စေဖို့ လုပ်ဆောင်ပေးပါတယ်။ ဒီလိုအချိန်မှာ ကိုယ်အိပ်စက်မယ့် အခန်းက ပူနေမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ အပူချိန် ကမောက်ကမဖြစ်ပြီး ကောင်းကောင်း အိပ်ပျော်ဖို့ ခက်မှာပါ။ ဒါကြောင့် ညဘက်မှာ ကောင်းကောင်း အိပ်ပျော်ချင်တယ်ဆိုရင်တော့ ညဘက် အိပ်မယ့်အခန်းလေးကို ခပ်အေးအေးလေးဖြစ်နေအောင် ဂရုစိုက်ပေးပါ။

  • အိပ်ရေးဝဝ အိပ်ပျော်စေတယ်

ညလယ်တွေမှာ ချွေးစေးတွေပြန်ရင်း နိုးထလာတဲ့ကြောင့် အိပ်ရေးဝဝ အိပ်မပျော်တာမျိုး ကြုံဖူးမှာပါ။ ဒီလို ကြုံရတာက ခန္ဓာကိုယ် အပူချိန် နဲ့ အခန်းအပူချိန် မမျှတတာကြောင့်ပါ။ ဒါကြောင့် ညဘက်တွေမှာ အိပ်ရေးဝဝ အိပ်ပျော်ချင်တယ်ဆိုရင် အခန်းလေးကို အေးမြနေအောင် ဂရုစိုက်ဖို့ လိုပါမယ်။

အေးမြနေတဲ့ အခန်းလေးက ခန္ဓာကိုယ်ရဲ့ မယ်လ်လာတိုနင် ဟော်မုန်း ထွက်ရှိမှုကို လှုံ့ဆော်ပေးပြီး အိပ်ရေးဝဝ အိပ်ပျော်နိုင်စေဖို့ ထောက်ကူပေးမှာပါ။

  • အရွယ်တင်စေနိုင်တယ်

အပေါ်မှာ ပြောခဲ့သလို အေးမြနေတဲ့ အခန်းလေးက ခန္ဓာကိုယ်ကို မယ်လ်လာတိုနင် ဟော်မုန်း ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပြီး ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးပါတယ်။ တချို့လေ့လာချက်တွေမှာ မယ်လ်လာတိုနင် ဟော်မုန်းက အိုမင်းတာကို နှေးကွေးစေတယ်လို့ ဖော်ပြထားပါတယ်။ အသက်ကြီးလာလေလေ မယ်လ်လာတိုနင်ပမာဏ နည်းလာလေလေ ဆိုပေမယ့်ပေါ့လေ။ အခြား ကျန်းမာရေး အကျိုးကျေးဇူး အနေနဲ့ကတော့ လေဒီလေးတွေမှာ ရာသီသွေး မှန်စေပါတယ်။

  • ကိုယ်အလေးချိန် ကျစေနိုင်တယ်

အေးမြတဲ့ အခန်းထဲမှာ အိပ်စက်ခြင်းက ကိုယ်အလေးချိန် ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အေးမြတဲ့ ပတ်ဝန်းကျင်က ကိုယ်တွင်းက ကယ်လ်လိုရီတွေကို လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။

  • ရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေတယ်

ညဘက်မှာ အေးမြတဲ့ အခန်းထဲမှာ အိပ်စက်ပေးတာက ကိုယ်တွင်းက ကယ်လ်လိုရီတွေကို လောင်ကျွမ်းစေပြီး အင်ဆူလင် တုံ့ပြန်မှု ကောင်းစေပါတယ်။ ဒီအခြေအနေက အမျိုးအစား (၂) ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါဆင်မကသေးပါဘူး။ ညဘက်မှာ အေးမြတဲ့ အခန်းထဲမှာ အိပ်စက်တာက အယ်လ်ဇိုင်းမားရောဂါ မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။

  • အိပ်မပျော်တာကို သက်သာစေတယ်

စိတ်ဖိစီးတဲ့နေ့တွေမှာ ဦးနှောက်က အလုပ်တွေ အလွန်လုပ်တာကြောင့် ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်။ စိတ်ဖိစီးတာက ကိုယ်အပူချိန်ကို တက်စေနိုင်ပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းကတော့ အေးမြမြ အခန်းလေးထဲမှာ အိပ်စက်တာပါ။ ဒါကြောင့် အိပ်မပျော်တာမျိုး ဖြစ်မယ်ဆိုရင် အခန်းအပူချိန်လေးကို အေးမြအောင် ထားဖို့ မမေ့ပါနဲ့။

  • စိတ်ခံစားမှု ကောင်းစေတယ်

ညဘက်တွေမှာ အေးမြတဲ့ အခန်းထဲမှာ အိပ်စက်တာက ကောင်းကောင်း အိပ်ပျော်စေပြီး စိတ်ခံစားမှု ကောင်းစေပါတယ်။ ဒါကြောင့် ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်ပြီး စိတ်ခံစားမှု ကောင်းစေဖို့ဆိုရင် ညဘက်မှာ အိပ်ခန်းလေးက အေးမြနေအောင် ဂရုစိုက်ပါ။

အိပ်ရေးဝလေလေ ဦးနှောက်တွင်းမှာ စိတ်ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ထွက်ရှိလေလေ ဖြစ်စေတာကြောင့် စိတ်ခံစားမှု ကောင်းစေမှာ သေချာပါတယ်။

  • စိတ်ဖိစီးမှု ပြေလျော့စေတယ်

အိပ်ရေးဝဝ မအိပ်ရတာက စိတ်ဖိစီးမှုကို ဖြစ်စေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု ကင်းချင်တယ်။ စိတ်ခံစားမှု ကောင်းချင်တယ်ဆိုရင် ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေဖို့ အိပ်ခန်းလေးကို ညဘက်တွေမှာ အေးမြနေအောင် ဂရုစိုက်ပေးပါ။

ကဲ ….. အေးမြတဲ့အခန်းလေးကပေးတဲ့ အိပ်စက်မှုဆိုင်ရာ အကျိုးကျေးဇူးများ အကြောင်း သိလောက်ပြီ ထင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Effects of thermal environment on sleep and circadian rhythm https://www.ncbi.nlm.nih.gov/pmc/articles/PMC3427038/ Accessed Date 1 November 2022

The Effects of Cold Weather on Sleep http://www.alnoum.com/index.php/en/encrecord/getEncRecord/513/492 Accessed Date 1 November 2022

Is It Really Better To Sleep in a Cold Room? https://www.sleepadvisor.org/sleeping-in-a-cold-room/ Accessed Date 1 November 2022

The Benefits of Sleeping at Cooler Temperatures https://sleep.me/post/benefits-of-sleeping-at-cooler-temperatures Accessed Date 1 November 2022

6 Health Benefits of Sleeping in a Cold Room and How to Make it Cooler – and Why You Might Want to Skip On a Fan https://thepremierdaily.com/6-health-benefits-of-sleeping-in-a-cold-room/ Accessed Date 1 November 2022

ယခုပုံစံ

02/07/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျန်းမာစေတဲ့ အိပ်စက်ခြင်း ဆိုတာ

အိပ်ရေးပျက်ရင် ဖျားမှာလား


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 02/07/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement