backup og meta

ညဘက်တိုင်းမှာ ကောင်းကောင်းအိပ်ပျော်အောင် ထောက်ကူပေးမယ့် လေ့ကျင့်ခန်းလေးတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညဘက်တိုင်းမှာ ကောင်းကောင်းအိပ်ပျော်အောင် ထောက်ကူပေးမယ့် လေ့ကျင့်ခန်းလေးတွေ

    မနက်နိုးလာလို့ မှန်ထဲ ကြည့်မိလိုက်တိုင်း မျက်လုံးတွေက မလန်းမဆန်း၊ မျက်ကွင်းတွေကညို၊ ခေါင်းထဲမှာက ငြီးစီစီနဲ့ အိပ်ရေးမဝ ဖြစ်ဖြစ်နေလို့ စိတ်ညစ်နေပြီလား။ ကောင်းကောင်းအိပ်ပျော်အောင် ဘယ်လို လုပ်ရမလဲဆိုပြီး တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

    ဒီဆောင်းပါးလေးမှာ အိပ်ပျက်ညတွေ မဖြစ်အောင် ထောက်ကူပေးနိုင်မယ့် လေ့ကျင့်ခန်းလေးတွေအကြောင်း ပြောပြပေးသွားပါမယ်။

    ညဘက်တိုင်းမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ဘာလုပ်ကြမလဲ။

    ညဘက်တိုင်းမှာ ကောင်းကောင်းအိပ်ပျော်အောင် အစားအစာတွေကို စားသုံးပေးလို့ရသလို သောက်စရာလေးတွေကို သောက်ပေးလို့လည်း ရပါတယ်။ ဒီလို မစားလည်း မစားချင်ဘူး။ မသောက်လည်း မသောက်ချင်ဘူးဆိုသူတွေအတွက်ကတော့ လေ့ကျင့်ခန်း လုပ်လို့ ရပါတယ်။

    လေ့ကျင့်ခန်း လုပ်တာက ညဘက်တိုင်းမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ ဘယ်လို လေ့ကျင့်ခန်းတွေက ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

    ညဘက်တိုင်းမှာ ကောင်းကောင်းအိပ်ပျော်အောင် ထောက်ကူပေးမယ့် လေ့ကျင့်ခန်းလေးတွေ

    ညဘက်တိုင်းမှာ ကောင်းကောင်းအိပ်ပျော်အောင် ထောက်ကူပေးမယ့် လေ့ကျင့်ခန်းလေးတွေ

    လေ့ကျင့်ခန်း လုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်သလို ညဘက်တွေမှာလည်း ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမှာ တစ်ခုကတော့ ညဘက် နောက်ကျမှ အိပ်ချိန်နဲ့ ကပ်ပြီး လေ့ကျင့်ခန်း မလုပ်ဖို့ပါ။ အရမ်းနောက်ကျမှ လေ့ကျင့်ခန်းလုပ်တာက ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေဖို့ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

    အကြောလျှော့ပါ

    အကြောတွေကို ပြေလျော့စေဖို့ အကြောလျှော့ပေးတာက ကြွက်သားတွေ ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းစေသလို စိတ်ရော ကိုယ်ပါ  သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    အလွယ်ကူဆုံး အကြောလျှော့နည်းကတော့ ပြင်ညီတစ်ခုပေါ်မှာ ခြေရော လက်ရော ဆန့်ထုတ်ပြီး မျက်လုံးကို မှိတ်လို့ အသက်မှန်မှန် ရှူထုတ်ရှူသွင်း လုပ်ပေးရုံပါ။

    Aerobic လေ့ကျင့်ခန်း လုပ်ပါ

    Aerobic လေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်ကို ဟော်မုန်းတွေ ညီညွတ်မျှတစေပြီး စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေဖို့ ထောက်ကူပေးသလို ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့လည်း ထောက်ကူပေးပါတယ်။ ညဘက် အိပ်ပျော်စေဖို့ ဆိုရင်တော့ မအိပ်ခင် ၁ နာရီကနေ ၂ နာရီအတွင်းမှာ လုပ်ပေးပါ။

    လမ်းလျှောက်ပါ

    လမ်းလျှောက်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး အဆုတ်ကို ကျန်းမာစေနိုင်ပါတယ်။ လေကောင်းလေသန့်ရတဲ့နေရာကို လမ်းလျှောက်ထွက်တာက ဦးနှောက်ကို ကြည်လင်စေပြီး စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ပါတယ်။ ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်နိုင်ပါတယ်။

    ကြိုးခုန်ပါ

    ကြိုးခုန်တာက အဆီကျစေနိုင်သလို ကြွက်သားတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး အာရုံစူးစိုက်နိုင်စွမ်းကောင်းစေနိုင်ပါတယ်။ ဦးနှောက်ကို အနားရစေနိုင်ပြီး ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    ခေါင်းလေ့ကျင့်ခန်း လုပ်ပါ

    ခေါင်းလေ့ကျင့်ခန်း လုပ်တာက ဇက်ကြောတွေကို ပြေလျော့စေနိုင်သလို စိတ်ဖိစီးတာကိုလည်း ပြေလျော့စေနိုင်ပါတယ်။ ပခုံးကြောတွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှု ကောင်းစေတာကြောင့် စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ပါတယ်။

    အခုပြောပြခဲ့တဲ့ လေ့ကျင့်ခန်းတွေထဲက အကုန်လုံး မဟုတ်ရင်တောင် အဆင်ပြေစေမယ့် လေ့ကျင့်ခန်းလေးတွေကို လုပ်ရင်း ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်အောင် လုပ်ဆောင် လိုက်စို့နော်။

    အိပ်ချိန် အရမ်းကပ်မှ လေ့ကျင့်ခန်း လုပ်တာမျိုး မလုပ်ဖို့တော့ သတိထားစေချင်ပါတယ်။ ကဲ …….. ဘာတွေးနေတာလဲ ……. ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်ဖို့ လေ့ကျင့်ခန်း လုပ်ကြစို့လေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 02/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement