လေ့ကျင့်ခန်းလုပ်တာကို စိတ်ဖိစီးမှုကို တုံ့ပြန်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါ။ နေ့တိုင်းလေ့ကျင့်ခန်း လုပ်ပေးပါ။ နေ့စဉ်မှန်မှန် လေ့ကျင့်ခန်းလုပ်သူတွေက စိတ်ဖိစီးမှုကို ကောင်းကောင်းတုံ့ပြန်နိုင်ပါတယ်တဲ့။ ကဲ လေ့ကျင့်ခန်းလုပ်မယ်မှတ်လား ……..
ဒါကတော့ အလုပ်ခွင်ထဲမှာပါ လွယ်လွယ်ကူကူ လုပ်လို့ရတဲ့ နည်းလမ်းတစ်ခုပါ။ စိတ်ဖိစီးမှုတွေ ဖြစ်လာပြီ။ စိတ်ပူပန်စရာအခြေအနေတွေ ကြုံရပြီဆိုရင် ပီကေတစ်ခုလောက် ကောက်ဝါးထားလိုက်နော်။ ပီကေဝါးတာက စိတ်တည်ငြိမ်မှုရရှိစေပြီး စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ပါတယ်။ ဦးနှောက်ထဲကို သွေးစီးဆင်းမှုကောင်းအောင်လည်း အထောက်အပံ့ပေးပါသေးတယ်။ အိတ်ထဲမှာ ပီကေဆောင်ထားပြီး စိတ်ဖိစီးမှုကို တာတာ့ပြလိုက်နော်….
စိတ်ဖိစီးနေပါတယ်ဆိုမှ ရယ်နိုင်ပါ့မလားလို့တွေးနေလား။ ဘယ်ရယ်နိုင်မလဲ ခက်ခဲတာသိတာပေါ့။ ဒါပေမယ့် စိတ်ဖိစီးမှုကို အနိုင်မပေးချင်ဘူးဆိုရင်တော့ အားခဲပြီး ရယ်လိုက်နော်။
ရယ်မောတာက ခန္ဓာကိုယ်ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီကိုအောက်ဆီဂျင် ပိုမိုရောက်ရှိစေနိုင်သလို စိတ်ဖိစီးနေတဲ့ စိတ်ကိုလည်း သက်သာရာရစေပါတယ်။ စိတ်ဖိစီးမှုကြောင့် ကြွက်သားတွေမှာဖြစ်ပေါ်နေတဲ့ တင်းအားတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။ နေ့စဉ်ရယ်မောနိုင်ဖို့ ကြိုးစားပါ၊၊ ကိုယ်ခံအားကိုရော စိတ်ခံစားမှုကို ပါကောင်းစေနိုင်ပါတယ်။
စိတ်အရမ်းဖိစီးနေလို့ မရယ်နိုင်ဘူးဆိုရင် ရယ်စရာရုပ်ရှင်ကြည့်တာဖြစ်ဖြစ်၊ ကိုယ့်ကိုရယ်မောစေနိုင်မယ့် သူငယ်ချင်းနဲ့တွေ့တာဖြစ်ဖြစ်၊ ရယ်စရာကောင်းတဲ့ အကြောင်းအရာတွေကို ဖတ်တာဖြစ်ဖြစ်လုပ်ပါ။ နောက်ဆုံးဘာမှမလုပ်ချင်ရင်တောင် ကြုံခဲ့ရတဲ့ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ အခြေအနေထဲက ရယ်စရာကောင်းလောက်တဲ့ အခြေအနေကို ပြန်တွေးကြည့်လိုက်နော်။ အဆိုးတွေထဲမှာ အကောင်းလေးတွေရှိနေတတ်စမြဲပါ။
အိမ်မွေးတိရစ္ဆာန်လေးတွေက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေတဲ့ အိန်ဂျယ်လ်လေးတွေပါ။ တစ်နေ့တာလုံး စိတ်ဘယ်လောက် ညစ်ညစ် အိမ်ရောက်လို့ သူတို့လေးတွေ လာကြိုရင်ကို စိတ်ညစ်စရာတွေကပျောက်သွားရော။ တစ်နေ့တာလုံး ကိုယ့်ကိုလွမ်းနေတဲ့ သူတို့လေးတွေရဲ့ ချွဲနွဲ့မှုတွေက စိတ်ညစ်စရာတွေကို ပြေပျောက်သွားစေတာတော့ အမှန်ပါ။ အိမ်မွေးတိရစ္ဆာန်လေးတွေရှိတဲ့သူတွေက မရှိတဲ့သူတွေနဲ့စာရင် စိတ်ဖိစီးမှုကို ခံစားရနိုင်ခြေနည်းတယ်ဆိုတဲ့ သုတေသန ရလဒ်တွေတောင်ရှိတယ်နော်။
စိတ်အရမ်းညစ်လာပြီဆိုရင် လုပ်နေသမျှတွေကို ခဏချပြီး သီချင်းအေးအေးငြိမ့်ငြိမ့်လေးတွေ နားထောင်လိုက်ပါ။ သီချင်းနားထောင်တာက ဦးနှောက်အတွက်ရော ခန္ဓာကိုယ် အတွက်ပါ အကျိုးရှိစေနိုင်ပါတယ်။ သီချင်းနားထောင်တာက သွေးပေါင်ချိန်ကို ကျဆင်းစေနိုင်သလို စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ cortisol ပမာဏကို လျော့ကျစေနိုင်ပါတယ်။ ဖုန်းထဲမှာ သီးချင်းအေးအေးလေးတွေ ထည့်ထားပြီး စိတ်ညစ်တဲ့အခါ နားထောင်ပေးပါ။
စိတ်ဖိစီးလွန်းလို့ လုပ်နေသမျှကို ဘာမှမလုပ်ချင်တော့ဘူးဆိုရင် ငြိမ်ငြိမ်လေးထိုင်ပြီး အသက်ကို ခပ်ပြင်းပြင်းလေးရှူလိုက်နော်။ ဒီလိုလုပ်ပေးတာက စိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့ နှလုံးခုန်မြန်တာ၊ အသက်ရှူမြန်တာ၊ သွေးကြောတွေ ကျုံ့တာကို သက်သာစေနိုင်ပါတယ်။ စိတ်အရမ်းညစ်တဲ့အခါ ဝင်သက်ထွက်သက်မှတ်ပေးပါ။
- ယောဂလေ့ကျင့်ခန်း လုပ်ပေးပါ
ယောဂလေ့ကျင့်ခန်းလုပ်တာက စိတ်ဖိစီးမှုကို သက်သာစေနိုင်တဲ့ နည်းလမ်းတစ်ခုအနေနဲ့ လူတွေကြားမှာ ရေပန်းစားလာနေပါတယ်။ ယောဂလေ့ကျင့်ခန်းလုပ်ဆောင်ရတဲ့ လေ့ကျင့်မှုပုံစံ တစ်ခုနဲ့တစ်ခု မတူပေမယ့် အားလုံးရဲ့ ရည်ရွယ်ချက်ကတော့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကို အကောင်းဆုံး ချိတ်ဆက်နိုင်ဖို့ပါ။
ယောဂ ကစားတာက စိတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းအောင် အများကြီးအထောက်အပံပေးနိုင်ပါတယ်။ ယောဂလေ့ကျင့်ပေးမှုကြောင့် စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတစ်မျိုးဖြစ်တဲ့ cortisolပမာဏကျဆင်းစေသလို ခန္ဓာကိုယ်မှာ သွေးတိုးတာမျိုးမဖြစ်အောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။
အခုပြောခဲ့တဲ့ နည်းလေးတွေအတိုင်း လုပ်ဆောင်ကြည့်ပြီး နေ့စဉ်ရှောင်လွှဲရခက်လောက်အောင် ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှု (Stress) တွေကို အကောင်းဆုံးကျော်လွှားကြရအောင်နော်။ အောင်မြင်ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ကြပါစေကြောင်း……
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။