စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

လူသားတို့၏ ဆင့်ကဲဖြစ်စဉ်တလျှောက် စာနာရိုင်းပင်းတတ်ခြင်း၏ အခန်းကဏ္ဍ

စာနာရိုင်းပင်းတတ်ခြင်းဆိုတာ အခြားသူတို့ရဲ့နေရာကို အစားဝင်ကြည့်ပြီး ၎င်းတို့ရဲ့ နာကျင်မှု၊ ပျော်ရွှင်မှုများကို မျှဝေခံစား နားလည်မှုပေးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ လူသားတွေဟာ ၎င်းတို့ရဲ့ ဖြစ်တည်မှုကို သိရှိပြီး အခြားသူတွေနဲ့အတူ လူမှုအသိုင်းအဝန်း အဖွဲ့အစည်းတစ်ခု စတင်တည်ထောင်လာတဲ့ အချိန်ကစလို့ သနားကြင်နာမှုဆိုတဲ့ ခံစားချက် စတင်ပေါ်ပေါက်လာခဲ့တယ်လို့ သိရှိရပါတယ်။ ဒါဟာ လူသားတွေကို ၎င်းတို့ရဲ့ လူမှုရေးရာ အဆင့်အတန်းနဲ့ပတ်သက်ပြီး နားလည်သဘောပေါက်လာအောင် အထောက်အပံ့ပေးခဲ့တဲ့ ကျင့်ဝတ်ဆိုင်ရာ ဖွံ့ဖြိုးမှုတစ်ခုဖြစ်ပြီး လူ့သမိုင်းကြောင်း ဆင့်ကဲဖြစ်စဉ်တလျှောက် အရေးပါအရာရောက်တဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်လာခဲ့ပါတယ်။ ပထမဦးဆုံးအနေနဲ့ “လူသားတို့၏ ဆင့်ကဲဖြစ်စဉ်တလျှောက် စာနာရိုင်းပင်းတတ်ခြင်း၏ အခန်းကဏ္ဍ” ဆိုတဲ့ စာသားကို ကောင်းစွာနားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ရံဖန်ရံခါဆိုသလို စာနာရိုင်းပင်းတတ်ခြင်းကို ကိုယ်ချင်းစာတရားနဲ့ အမှတ်မှားလေ့ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ တကယ်တော့ စာနာရိုင်းပင်းတတ်ခြင်းဆိုတာ အခြားသူတစ်ဦးတစ်ယောက်ရဲ့ ခက်ခဲဆင်းရဲတဲ့အခြေအနေကို ခံစားနားလည်ပြီး သူ့အတွက် အကူအညီဖြစ်မယ့် အရာတစ်ခုခု […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ကောင်းမှုကုသိုလ်လုပ်ခြင်းက လူတွေကို ဘာကြောင့် ပျော်ရွှင်စေတာလဲ

“ တကယ်လို့ သင်က ငှက်တစ်ကောင်ဆိုရင် တေးသီရပါမယ်။ သစ်ရွက်တစ်ရွက် ဖြစ်မယ်ဆိုရင် စိမ်းစိုရပါမယ်။ ပြန်မပေးချင်ဘဲ ဘာလို့ ချေးငှားချင်တာလဲ။ ဘဝဆိုတာ ပေးဆပ်ဖို့ပါ၊ ရယူဖို့ချည်း မဟုတ်ပါဘူး။ ” To Huu တစ်ယောက်ယောက်ကို ကူညီတဲ့အခါမှာ အတိုင်းအဆမရှိ ပေးဖြစ်တဲ့ ခံစားချက်အကြောင်းကို ပုံပြင်တွေမှာ ကြားဖူးကြပါတယ်။ ဒီခံစားချက်က သင့်ကို ပျော်ရွှင်စေပြီး ဘဝမှာ နေပျော်တယ်လို့ တွေးမိစေပါတယ်။ တစ်စုံတစ်ယောက်ကို ကူညီလို့ ခံစားရတဲ့ ကျေနပ်မှုရဲ့ အကြောင်းပြချက်က ဘာလဲ။ ကြင်နာမှုရဲ့ ကောင်းကျိုး ကြင်နာမှုရဲ့ သိသာတဲ့ ကောင်းကျိုးကတော့ သင့်ကိုယ်သင် သတိထားမိလာတာပါ။ ကြင်ကြင်နာနာ ဆက်ဆံလိုက်တဲ့အခါ သင့်ကိုယ်သင် ခွင့်လွှတ်တတ်တဲ့၊ မေတ္တာထားနိုင်တဲ့သူလို့ သတ်မှတ်လာပါမယ်။ ဒီအတွေးက သင့်ကို ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိစေမယ်၊ အကောင်းမြင်စေမယ်၊ ပြီးတော့ အသုံးဝင်တဲ့လူလို့ ခံစားရစေမှာပါ။ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

သင်၏ စိတ်ဖိစီးမှုကို သဘာဝသည်မည်ကဲ့သို့လျော့ပါးစေရန် ကူညီသနည်း

မိုက်ကယ်ဆိုနာ အမည်ရှိ အော်ရီဂွန်တက္ကသိုလ်၏ ကထိကပေါမောက္ခ သည် အာရုံစူးစိုက်မှုကိုလေ့လာသည်။ ကျွန်တော်တို့၏ဦးနှောက်များသည် အလုပ်ကြာမြင့်စွာ လုပ်ပြီးနောက်ပင်ပန်းလာကြပြီး အထူးသဖြင့် လုပ်ရသောအလုပ်မှာ အာရုံစူးစိုက်မှုလိုအပ်ကာ ထပ်ကာထပ်ကာလုပ်ဆောင်နေရသောအရာဖြစ်လျှင် ပိုဖြစ်တတ်သည်။ အရမ်းဖိအားများတဲ့အချိန်တွေမှာ နားခြင်းသည် စိတ်ဖိစီးမှုကို ကူညီဖြေရှင်းပေးနိုင်စွမ်းရှိကောင်းရှိနိုင်သကဲ့သို့မရှိသည်လည်းဖြစ်နိုင်သည်။ အရေးကြီးဆုံးအချက်မှာ အနားယူပုံယူနည်းဖြစ်သည်။ ဝေါလ်စရိဂျာနယ်အရ ပန်းခြံထဲကော်ဖီသောက်ရင်းလမ်းလျှောက်ခြင်းသည်ပို၍ စိတ်ဖိစီးမှုနည်းစေသည်ဟုဆိုသည်။ မကြာသေးမီမှပြုလုပ်သော စစ်တမ်းကောက်ချက်များအရ သဘာဝပတ်ဝန်းကျင်ပုံစံထဲတွင် လမ်းလျှောက်ခြင်းသည် သင်၏အာရုံစိုက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည်ဟုဆိုသည်။ သဘာဝကို ကြည့်ရှူနားဆင်ခံစားခြင်းသည် အကျိုးရှိသောစိတ်ဖြစ်လာစေနိုင်သည်။ အမှန်ဆိုရလျှင် ဒေါက်တာ မာ့ခ်ဘားမန်းနှင့် သူ၏အဖွဲ့ဝင် များဖြစ်သည့် မီချီကန် တက္ကသိုလ်မှ သုတေသီများသည် သစ်ရိပ်ဝါးရိပ်ရှိ၍စိမ်းစိုကာ သဘာဝအတိုင်းဖြစ်နေသည့် ခြံထဲတွင် လမ်းလျှောက်သော စမ်းသပ်ခံသူများတွင် မှတ်ဉာဏ်စွမ်းဆောင်ရည် နှင့် အာရုံစူးစိုက်မှုများ 20ရာခိုင်နှုန်းခန့်ပိုမိုတိုးတက်ကောင်းမွန်လာကြောင်းတွေ့ရှိရသည်။ ထိုသူများကို ရှုပ်ထွေးသော မြို့လမ်းမများအပေါ်လမ်းပေးလျှောက်ကြည့်သောအခါ ထိုကဲ့သို့တိုးတက်မှုများမရှိကြောင်းတွေ့ရှိခဲ့ရသည်။ တိတ်ဆိတ်သောအခန်းထဲတွင် သဘာဝအလှဓါတ်ပုံများကို ကြည့်ရှူခြင်းသည်ပင်လျှင်ရှုပ်ထွေးသောမြို့လယ်ကောင်တွင် လမ်းလျှောက်ရမှဖြစ်ပေါ်သည့် ဉာဏ်ရည်ထက်ပိုမိုကောင်းမွန်နေကြောင်းသိရှိရသည်။ ထပ်မံလေ့လာမှုတွင်ကား သုတေသီများသည် တိတ်ဆိတ်သောအခန်းထဲတွင် […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

သနားကြင်နာစိတ် ပိုမိုကောင်းမွန်လာအောင် လေ့ကျင့်နိုင်မည့် နည်းလမ်း ၅ သွယ်

မေတ္တာနဲ့ သနားကြင်နာမှုက မရှိမဖြစ်ပါ၊ ဇိမ်ခံဖို့ မဟုတ်ပါဘူး။ ဒါတွေမရှိပဲ လူသားတွေ မရှင်သန်နိုင်ပါဘူး။ (ဒလိုင်းလားမား) ဒလိုင်းလားမား စေတနာနဲ့ ထောက်ပြထားသလိုပဲ သနားကြင်နာမှုက လူသားတွေ အောင်မြင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အလုပ်တွေ၊ တာဝန်ယူမှုတွေကို မလွှတ်ချပဲနဲ့ လူတစ်ယောက်က ဘယ်လိုမျိုး သူ့ သနားကြင်နာမှုကို ထုတ်ပြနိုင်မှာလဲ။ ကူညီခြင်းက ကွဲပြားစေပါတယ် ကျွန်တော်တို့ အကူအညီက မလုံလောက်ဘူး၊ ဒီထက် ပိုပြီး လိုအပ်နေမှာ လို့ စဉ်းစားပြီး ကျွန်တော်တို့ဟာ တဖြည်းဖြည်းနဲ့ တချို့ပြဿနာတွေမှာ ကျွန်တော်တို့ သနားကြင်နာမှုကို မပြသတော့ပဲ လစ်လျူရှုလာကြပါတယ်။ ဒီစုပုံလာတဲ့ အတွေးတွေက ကျွန်တော်တို့စိတ်ဓါတ်တွေကို မကြင်နာတတ်တဲ့ပုံစံဆီ တဖြည်းဖြည်း ရောက်သွားစေပါတယ်။ အဲ့နောက်မှာ ကျွန်တော်တို့ဟာ ဂရုစိုက်သလို ပြုမူပေမယ့် ဒါနဲ့ပတ်သက်ပြီး ဘာမှ မလုပ်တော့ပါဘူး။ ဒီကိစ္စတွေမှာ ကူညီတာက ရေပုံးထဲက ရေတစ်စက်လောက်ပဲ […]


စွဲလမ်းမှုပြဿနာများ

ဗီဒီယိုဂိမ်းစွဲလမ်းမှုအကြောင်း သိကောင်းစရာများ

ယနေ့ခေတ်မှာ အွန်လိုင်းဂိမ်းတွေ တစထက်တစ ခေတ်စားလာတာကို အားလုံးတွေ့မြင်ရမှာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ခန့်မှန်းချက်များအရ ကမ္ဘာပေါ်မှာ ကွန်ပျူတာဂိမ်းကစားသူပေါင်း တစ်ဘီလီယံကျော်ရှိတယ်လို့ သိရပါတယ်။ လူငယ်အများစုအတွက် ကွန်ပျူတာဂိမ်း၊ ဗီဒီယိုဂိမ်း၊ လက်ကိုင်ဂိမ်း ကစားခြင်းဟာ နေ့စဉ်ပုံမှန်ပြုလုပ်နေကျ လုပ်ငန်းဆောင်တာတစ်ခုလို ဖြစ်နေပြီး အချို့လူငယ်တွေဆိုရင် ဂိမ်းစွဲလမ်းမှုပြဿနာကို ရင်ဆိုင်နေကြရပြီ ဖြစ်ပါတယ်။   ဂိမ်းစွဲလမ်းမှုဆိုတာဘာလဲ လူတစ်ယောက် ဂိမ်းစွဲလမ်းတဲ့အခါ သူ့ရဲ့ပေါင်းသင်းဆက်ဆံရေးနဲ့ ဘဝရည်မှန်းချက်တွေ တဖြည်းဖြည်း ပျက်ပြားလာမှာ ဖြစ်ပါတယ်။ သတိပြုသင့်တဲ့ ဂိမ်းစွဲလမ်းမှုလက္ခဏာတွေကတော့ ဂိမ်းကစားသည့် အချိန်အတိုင်းအတာ တဖြည်းဖြည်းများလာခြင်း အခြားလုပ်ငန်းဆောင်တာများ ဆောင်ရွက်နေစဉ် ဂိမ်းအကြောင်း တွေးမိနေခြင်း လက်တွေ့ဘဝမှာ ရင်ဆိုင်နေရသည့် ပြဿနာများ၊ စိုးရိမ်ပူပင်မှု၊ စိတ်ဓါတ်ကျဆင်းမှုတို့မှ လွတ်မြောက်ရန် ဂိမ်းကစားခြင်း ဂိမ်းကစားမှုကို ဖုံးကွယ်ရန် သူငယ်ချင်းမိတ်ဆွေများ၊ မိသားစုဝင်များကို လိမ်ညာခြင်း ဂိမ်းကစားခြင်းကို လျော့ချဖို့ ကြိုးစားတိုင်း နေမထိထိုင်မသာဖြစ်ခြင်း လူတွေ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ကွန့်မြူးခြင်းက ဦးနှောက်ကို ဘယ်လိုသက်ရောက်လဲ

စိတ်ကွန့်မြူးခြင်းသည် အာရုံကြောဖွံဖြိုးမှုဆိုင်ရာပြသာနာဖြစ်ပြီး ဆက်ဆံခြင်း ပတ်ဝန်းကျင်နှင့်ပတ်သတ်ခြင်းများကိုအနှောက်အယှက်ပေးသည်။ ရောဂါလက္ခဏာများက ခြောက်လတွင်စတင်ပေါ်တတ်ပြီး နှစ်နှစ်သုံးနှစ်တွင် သိသာလာပြီး အရွယ်ရောက်ချိန်တွင်အနည်းငယ်ပြန်သက်သာသွားတတ်သည်။ စိတ်ကွန့်မြူးခြင်းကိုလက္ခဏာတော်တော်များများဖြင့်ရှာဖွေသည်။ စိတ်ကွန့်မြူးခြင်းနှင့် ဦးနှောက်ပုံမမှန်ခြင်းဆက်စက်မှုရှိပါသလား။ လေ့လာသူများက ဦးနှောက်ပုံသဏာန်နှင့်လုပ်ဆောင်ချက်ကြောင့်ဖြစ်သည့်ရောဂါဟု နှစ်မျိုးရှိကြောင်းဆိုသည်။ ဦးနှောက်ပုံသဏာန်မမှန်ခြင်း။ ပုံရိပ်ဖော်ရောဂါအတည်ပြုကိရိယာများဥပမာ ဓါတ်မှန်ရိုက်ခြင်း ဦးနှောက်အာထရာဆောင်းရိုက်ခြင်း အန်အာအိုင် သို့မဟုတ် စီတီတို့အပေါ်မူတည်ပြီး သိပ္ပံပညာရှင်များက အောက်ပါအချက်တို့ကိုပေးသည်။ ကိုယ်ဝန်ဆောင်ချိန်နှင့်ကလေးမွေးချိန်ရှိ ဦးနှောက်အရွယ်အစား နေ့မစေ့ပေါင်မပြည့်သူများ ဦးနှောက်အရွယ်အစားပုံမှန်မဟုတ်သောကလေးများသည် နေ့မစေ့လမပြည့်သော်လည်း ပုံမှန်ဦးနှောက်အရွယ်အစားရှိသူထက် သုံးဆခန့်ဖြစ်တတ်ကြောင်းတွေ့ရသည်။ စိတ်ခံစားချက်နှင့်လူမှုဆက်ဆံရေးပိုင်းကိုလုပ်ဆောင်ပေးသောဦးနှောက်အစိတ်အပိုင်းကိုထိပါကပိုဖြစ်နိုင်သည်။ အချို့စာရေးသူများက ထိုနေရာသည် ဦးနှောက်၏အတွင်းပိုင်း အာရုံကြောအစုနှစ်ခုတွင်ဖြစ်သည်ဟုဆိုသည်(အန်အာအိုင် လုပ်ခြင်းဖြင့်သိနိုင်သည်) ဦးနှောက်လုပ်ဆောင်နိုင်မှုပုံမမှန်ခြင်း။ စာရေးသူတော်တော်များများက အာရုံကြောဆက်စပ်ပေးသောအရာများ အဓိကအားဖြင့် ဆယ်ရိုတိုနင်( ဦးနှောက်အားသတင်းပို့ပေးသောပစ္စည်း) များခြင်းကိုတွေ့ရသည်။ နောက်ဆုံးသတင်းထုတ်ချက်အရ ဦးနှောက်ဆဲလ်များ အားအင်မရှိခြင်း(မိုင်တိုကွန်ဒရီးရန်းမကောင်းခြင်း၏နောက်ဆက်တွဲ-ဦးနှောက်၏အေတီပီ ) ကုန်ဆုံးခြင်းကြောင့်ဖြစ်သည်ဟုဆိုသည်။ ယခုလောလောဆယ် ထိုလေ့လာချက်များအပေါ် တိရစ္ထာန်များအပေါ်ကုသခြင်းကကောင်းသောရလဒ်ကိုတွေ့ရသည်။ ထို အေပီတီ ဆက်စပ်အရာများက စိတ်ကွန်မြူးခြင်းလက္ခဏာများကို ဓါတ်ခွဲခန်းတိရိစ္ဖာန် အားစမ်းသက်ရာတွင် ရောဂါလက္ခဏာပြင်းမှပေးသည်တိုင်ပျောက်ကင်းစေကြောင်းတွေရသည်။်ထိုဆေးက ပုံမမှန်သော ပုံစံ ၁၇မျိုးကိုသက်သာစေသည်။ ဦးနှောက်ပုံမှန်အခြေအနေရောက်စေခြင်း၊ဆဲလ်တွင်းလှုံဆော်ပေးခြင်း၊ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ကွန့်မြူးခြင်းနှင့် မျိုးရိုးလိုက်ခြင်းဆက်စပ်မှု

စိတ်ကွန့်မြူးခြင်း သို့မဟုတ် အော်တစ်ဆန် သည် ဖွံဖြိုးမှု မကောင်းခြင်းဖြစ်သည် အစောပိုင်းနှစ် အသက်၃ နှစ်မတိုင်မီတွင်ဖြစ်သည်။ စိတ်ကွန့်မြူးသောလူများသည် ဆက်သွယ်ခြင်း အခြားလူများနှင့်လူမှုဆက်ဆံခြင်းများမရှိခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်ဆိုင်ရာ ဖွံဖြိုးမှုများနည်းတတ်သည်။ စိတ်ကွန့်မြူးစေသော အကြောင်းများ-လေ့လာချက်များကို စုံစုံလင်လင်မလေ့လာရသေးပါ။ လေ့လာနေဆဲဖြစ်ပြီး အချို့ဖြစ်စေသောအကြောင်းအချို့တော့ရှိနေသည်။ လေ့လာချက်အချို့ကို ဒီဆောင်းပါးတွင်ဖော်ပြပေးမည်။ မျိုးရိုးလိုက်ခြင်း။ လေ့လာသူတော်တော်များများက မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်သည်ဟုဆိုကြသည်။ သို့သော်ရောဂါဖြစ်စေသော ဗီဇ သို့မဟုတ် ဗီဇပေါင်းစပ်မှုများမရှိပေ။ မျိုးရိုးပေါင်းစပ်ခြင်းကြောင့်ဖြစ်နိုင်လိမ့်မည် ဆိုသော်လည်း စိတ်ကွန့်မြူးသောကလေးအများစုက ပုံမှန်မိဘများမှမွေးဖွားလာသည်ဟုတွေ့ရသည်။ အချို့သောကိုယ့်ဆဲလ်ပြန်တိုက်သည့်ရောဂါက စိတ်ကွန့်မြူးခြင်းနှင့်တွဲနိုင်သည်။ဥပမာ ဓါတ်မှန်အမှား။ အမွာများသို့မဟုတ် မျိုးရိုးစဉ်ဆက်ကိုလေ့လာသောအခါ စိတ်ကွန့်မြူးမှုနှစ်တွဲနှုန်း ၃၀ရာခိုင်နှုန်းသည့်ရှိသည်ကိုတွေ့ရသည်။ ဗီဇချို့တဲ့ခြင်းက ဦးနှောက်လုပ်ဆောင်ချက်များများသောအားဖြင့် ခံစားချက် လူမှုဆက်ဆံမှုများကိုထိန်းပေးသည်ဟုဆိုသည်။ အမေရိကတွင်ရှိသောသိပ္ပံပညာရှင်များက စိတ်ကွန့်မြူးသူ ၁၉ နှင့်ကျန်းမာသူ ၁၇ ၏ဆဲလ်ပုံစံကိုလေ့လာရာတွင် သူငယ်ချင်း ပတ်ဝန်းကျင်နှင့်ဆက်ဆံခြင်း စသည်တို့ကိုလုပ်ဆောင်ပေးသောဗီဇ ၂၀၉ခုကအလုပ်မလုပ်နေပဲ ခုခံအား စနစ် လုပ်ပေးသော ၂၃၅ ဗီဇက အလုပ်လုပ်နေကြောင်းတွေ့ရသည်။ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

တရားထိုင်ခြင်းနှင့် ကျန်းမာရေး

တရားထိုင်ခြင်းနှင့် ကျန်းမာရေး တရားထိုင်ခြင်းကို ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဘာသာရေး အမှုကိစ္စတခုအဖြစ် ရင်းနှီးကြသလို အခြားဘာသာဝင်တွေအနေနဲ့ဆိုရင်လည်း စိတ်တည်ငြိမ်မှု၊အေးချမ်းမှုကို ပေးစွမ်းနိုင်တဲ့ လုပ်ဆောင်မှုတခုအဖြစ် နားလည်ထားကြပါတယ်။ မှန်ပါတယ်။ တရားထိုင်ခြင်းဟာ ဘာသာရေးအရ ယုံကြည်ထားတဲ့ နောင်တမလွန်အကျိုးတရားတွေကို ပေးကောင်းပေးနိုင်မှာဖြစ်တဲ့အပြင် မျက်မှောက်ကာလမှာကိုပဲ ကျန်းမာရေးအကျိုးကျေးဇူးတွေ များစွာ ဖြစ်ထွန်းစေမှာပါ။ တရားထိုင်ခြင်းဟာ ကိုယ်စိတ်ဖြေလျှော့စေခြင်း၊စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကိုရစေခြင်း၊နာကျင်မှုဝေဒနာတွေကို ကြံ့ကြံ့ခံစေနိုင်ခြင်း အစရှိတဲ့ ကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ တရားထိုင်ခြင်းနဲ့ ကျန်းမာရေး ဘယ်လိုဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတာကို ဆွေးနွေးဖော်ပြသွားမှာဖြစ်ပါတယ်။   ၁။ ကင်ဆာဝေဒနာရှင်များ တရားထိုင်ခြင်းကြောင့် ကင်ဆာရောဂါကို အရှင်းပျောက်စေတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကင်ဆာရောဂါကြောင့် ခံစားရတဲ့ စိတ်ပင်ပန်းထိခိုက်မှုတွေ၊ခန္ဓါကိုယ်နာကျင်မှုတွေ၊သုံးစွဲရတဲ့ ဆေးတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ တရားထိုင်ခြင်းက အထိုက်အလျောက်သက်သာစေပါလိမ့်မယ်။ ခန္ဓါကိုယ်ကြီးတခုလုံးကို စိတ်ကမောင်းနှင်တယ်လို့ အရှေ့တိုင်းက ယူဆထားတဲ့အတိုင်း စိတ်ကိုတည်ငြိမ်စေတဲ့ တရားထိုင်ခြင်းဟာ ခန္ဓါကိုယ်အပေါ်လည်း သိသာထင်ရှားတဲ့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

သီချင်းဆိုခြင်း၏ကောင်းကျိုးများ

သီချင်းဆိုခြင်း၏ကောင်းကျိုးများ လောကကြီးမှာ သီချင်းမဆိုဖူးတဲ့ လူဆိုလို့ မရှိသလောက်ပါပဲ။ ဆရာတော်ဘုရားတွေတောင် အနည်းနဲ့အများတော့ သီချင်းလေး ညည်းဖူးကြမှာပါ။ သီချင်းဆိုတာဟာ စိတ်ရောကိုယ်ရော အပန်းပြေစေသလို ဘဝအမောတွေကိုလည်း သက်သာစေပါတယ်။ သီချင်းကို ပုံစံအမျိုးမျိုးနဲ့ သီဆိုနိုင်ပါတယ်။ ရေချိုးခန်းထဲမှာ၊အိမ်မှာ အော်ဆိုလို့ရသလို၊ကာရာအိုကေဆိုင်တွေမှာလည်း သွားဟဲနိုင်ပါတယ်။ ဒါမှမဟုတ် ဒီခေတ် အတော်များများ သုံးကြတဲ့ Smule app လေးကို အသုံးပြုပြီးတော့လည်း သီဆိုနိုင်ပြန်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပေါင်းစုသီဆိုတဲ့အခါ အပျော်တွေတိုးပြီး ရင်းနှီးချစ်ခင်မှုပိုလာနိုင်သလို စိတ်လက်ကိုလည်း ပေါ့ပါးစေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လူတိုင်းမကင်းနိုင်ကြတဲ့ သီချင်းဆိုခြင်းရဲ့ ကျန်းမာရေးအကျိုးပြုချက်လေးတွေကို မျှဝေပေးသွားမှာပါ။   ၁။ သီချင်းဆိုခြင်းဟာ သင့်ရဲ့ ခုခံအားစနစ်ကို ဒေါင်ဒေါင်မြည်စေပါတယ်။ ဒါဟာ ရုတ်တရက်ကြည့်လိုက်ရင် မဆိုင်သလို ထင်ရပေမယ့် ဂျာမဏီနိုင်ငံ ဖရန့်ဖွတ်တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ သီချင်းဆိုပြီးချိန်မှာ ခန္ဓါကိုယ်အတွင်းရှိ ပရိုတင်းဓါတ်တမျိုးရဲ့ ပမာဏဟာ တိုးပွားလာတယ်လို့ […]


စွဲလမ်းမှုပြဿနာများ

စွဲလမ်းစေတတ်သော

ကျွန်တော်တို့ မြတ်စွာဘုရားဟောကြားခဲ့တာ တစ်ခု ရှိပါတယ်။ လူမှန်ရန် စွဲလမ်းမှု တဏှာမကင်းတဲ့ အရူးတွေချည်းပဲတဲ့။ မှန်ပါတယ်။ လူသားတွေဟာ လူ၊ အရာဝတ္ထု၊ အတွေးအခေါ်၊နေရာ စသဖြင့် ပြောလို့ မကုန်နိုင်အောင် စွဲလမ်းတတ်ကြပါတယ်။ ဒီလို စွဲလမ်းစေတတ်သော အရာတွေထဲကမှ လူအများစု စွဲလေ့ရှိတဲ့ အမူအကျင့်/ပစ္စည်း/စားသောက်ဖွယ်ရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ စွဲလမ်းစေတတ်သော ပစ္စည်း ၈မျိုး ၁။ စမတ်ဖုန်း ဒါကတော့ ပြောဖို့တောင် သိပ်မလိုပါဘူး။ ဒီနေ့ခေတ် အရွယ်သုံးပါးဟာ စမတ်ဖုန်းတွေရဲ့ ကျွန်ဖြစ်နေပါပြီ။ ဖုန်းတွေကို (အင်တာနက်ကို) အလွန်အကျွံ သုံးစွဲခြင်းဟာ လူမှုဆက်ဆံရေး ထိခိုက်ခြင်း၊ အလုပ်ကို ထိခိုက်ခြင်း၊ မျက်စိနဲ့ အာရုံကြောအပါအဝင် ခန္ဓာကိုယ်ကို ထိခိုက်ခြင်း စသဖြင့် ဆိုးကျိုးတွေ ပြောမဆုံးပေါင် တောသုံးတောင် ရှိနေပါတယ်။ ၂။ ကဖင်း (ကော်ဖီ) ကော်ဖီစွဲတာ အပြစ်ကြီးတစ်ခု မဟုတ်ပေမယ့် ဘယ်အရာမဆို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း