အိမ်ထောင်ရှင်ဖြစ်သွားတဲ့အတွက် အထူးအဆန်း လုပ်နေဖို့ မလိုဘူးဆိုတဲ့ အမှားမျိုးမလုပ်ကြဘဲ နေ့တိုင်းနေ့တိုင်း ကိုယ်ရဲ့ လက်တွဲဖော်နဲ့ အချိန်အနည်းငယ်စီ ကုန်ဆုံးစေပါ။ တွေ့တဲ့အချိန်မှာလည်း ကောင်းတဲ့အရာတွေကိုပဲ ဦးစားပေး ပြောဆိုဖို့လိုအပ်ပြီး လက်တွဲဖော် အိမ်ကို ရောက်လာတာနဲ့ လုပ်လက်စ အလုပ်တွေကိုရပ်ပြီး နှုတ်ဆက်ပါ။
ဒါ့ဟာ အိမ်ထောင်ရေးမှာ ခံစားချက်တွေကိုပို ခိုင်မာလာစေပြီး သင့်ရဲ့ အိမ်ထောင်ဖက်ကို အရေးကြီးတဲ့ လူတစ်ယောက်ကဲ့သို့ဆက်ဆံခြင်းဖြင့် အိမ်ထောင်ရေးက ပိုခိုင်မြဲလာမှာ ဖြစ်ပါတယ်။
၅။ အထိအတွေ့ရှိနေပါစေ။
ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိတွေ့မှု ရှိခြင်းကလည်း စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်ခြင်းကဲ့သို့ အရေးကြီးပါတယ်။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိတွေ့ခြင်းက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပြီး သင့်ရဲ့ လက်တွဲဖော်ကို သင်က ဂရုစိုက်ကြောင်း ပြသနေပါတယ်။ အိမ်ထောင်ရေးမှာ နမ်းရှုပ်ခြင်း၊ ပွေ့ဖက်ခြင်းတို့ကို နေ့တိုင်း ပုံမှန်လုပ်ဆောင်နေမယ်ဆိုရင် ရန်ဖြစ်ဖို့ ခဲယဉ်းပါတယ်။
၆။ အကျင့်ဆိုး (၇) ခုကို စွန့်ပစ်ပြီး အကျင့်ကောင်း (၇) ခုကိုမွေးမြူပါ။
အိမ်ထောင်ရေးတစ်ခုကို ခိုင်မြဲစေချင်တယ်ဆိုရင် အိမ်ထောင်ရေးတစ်ခုမှာ မရှိသင့်တဲ့ အကျင့်ဆိုး (၇) ချက်ကို ရှောင်ရှားပြီး အကျင့်ကောင်း (၇) ချက်ကို မွေးမြူသင့်ပါတယ်။ ဒီအကျင့်တွေကို မွေးမြူရတာက ခက်ခဲမှာပါ။ ဒါပေမဲ့ သင့်အနေနဲ့ သာယာတဲ့ အိမ်ထောင်ရေး တစ်ခု ပိုင်ဆိုင်ချင်တယ်ဆိုရင် စိတ်ရှည်ရှည်နဲ့ မွေးမြူဖို့ လိုပါလိမ့်မယ်။
စွန့်ပစ်ရမယ့် အကျင့်ဆိုး ၇ ခုကတော့ အပြစ်ရှာခြင်း၊ ဝေဖန်ခြင်း၊ ညဉ်းညူခြင်း၊ နားပူနားဆာလုပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အပြစ်ပေးခြင်းနဲ့ အကျင့်ပျက်ခြင်းတို့ ဖြစ်ပါတယ်။
အစားထိုးရမယ့် အလေ့အကျင့် (၇) ခုကတော့ အားပေးခြင်း၊ တိုက်တွန်းခြင်း၊ နားထောင်ခြင်း၊ လက်ခံတတ်ခြင်း၊ ယုံကြည်ခြင်း၊ လေးစားခြင်းနဲ့ ခြားနားမှုတွေကို ညှိနှိုင်းတတ်ခြင်းတို့ ဖြစ်ပါတယ်။
၇။ ကိုယ့်ရဲ့ လက်တွဲဖော်ကို လေးစားပါ။
အိမ်ထောင်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်တွေရဲ့ ထိပ်ဆုံးက အချက်ကတော့ လေးစားမှုပါပဲ။ သင့်အနေနဲ့ လူတစ်ယောက် အချစ်မပါဘဲ လေးစားလို့ရပေမဲ့ လေးစားမှုမပါဘဲ ချစ်လို့မရပါဘူး။ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို ဆွေမျိုးတွေ၊ ကလေးတွေ၊ မိတ်ဆွေတွေရှေ့မှာ အသုံးမကျကြောင်း မပြောပါနဲ့။ အိမ်ထောင်ရေး မှာပြဿနာရှိတဲ့အခါ အပြင်မသယ်ဘဲ အချင်းချင်း ၂ ယောက်သားဆွေးနွေးပါ။
လူတစ်ယောက်ဟာ သူတို့ပြောင်းလဲချင်မှ ပြောင်းလဲတယ်ဆိုတဲ့ သဘောကို သတိထားပါ။ သင့်အနေနဲ့ သင့်အိမ်ထောင်ဖက်ရဲ့ နှစ်ပေါင်းများစွာ ရှိလာတဲ့ အမူအကျင့်တစ်ခုကို သွားပြောင်းလဲပေးလို့မရပါဘူး။ သူတို့ မှားနေတယ်လို့ မထင်တဲ့အရာတစ်ခုကို သင်က ဖိအားပေးပြီး ပြောင်းလဲခိုင်းလို့မရပါဘူး။ ဒါ့ကြောင့် ဒီလိုပြဿနာတွေကို အပေါ်ယံ ပြောင်းတော့ဆိုတဲ့စကားပြောမယ့်အစား လက်တွဲဖော်ရဲ့ လိုအပ်ချက်တွေကို အချိန်ယူနားထောင်ပေးပြီး ပြောင်းလဲရာမှာ ကူညီဖို့လိုပါတယ်။
၉။ သင်က ဇနီးဖြစ်မယ်ဆိုရင် မျှော်လင့်ချက်တွေကို လျှော့ထားပါ။သင့်က ခင်ပွန်းဖြစ်မယ်ဆိုရင် တာဝန်အပြည့်ယူပါ။
အမျိုးသမီးတွေ အိမ်ထောင်ရေးကနေ ဘာလိုချင်လဲဆိုတော့ ချစ်ခြင်း၊ တန်ဖိုးထားခြင်း၊ နားထောင်ခြင်း၊ ဂရုစိုက်ခြင်းနဲ့ စိတ်ကျေနပ်မှု လိုချင်ကြတာပါ။ အမျိုးသမီးတွေမှာ သူတို့လိုချင်တဲ့ အရာတွေကိုစုထားတဲ့စာရင်းရှည်ရှိပြီး အိမ်ထောင်ဖက်ကိုလည်း မျှော်လင့်ချက်များများထားတတ်ကြပါတယ်။ အမျိုးသားတွေကတော့အိမ်ထောင်ရေးတစ်ခုကနေလိုချင်တဲ့ အရာ သိပ်များများ မရှိပါဘူး။
ဒီတော့ အိမ်ထောင်ရေးတစ်ခုမှာ အမျိုးသမီးတွေနဲ့ အမျိုးသားတွေအကြား မျှော်လင့်ချက် ကွာဟမှုက တော်တော်ကြီးမားနေပါတယ်။ အိမ်ထောင်ရေးတစ်ခုမှာ ပြဿနာတွေ ခဏခဏ မတက်စေဖို့ အတွက် အမျိုးသမီးတွေအနေနဲ့ ၂၄၊၇ romance ဆန်နေဖို့ တောင်းဆိုနေတာတွေကို လျှော့ခြင်းဖြင့် မျှော်လင့်ချက် ကွာဟမှုကို ကျဉ်းမြောင်းသင့်ပါတယ်။
အမျိုးသားတွေအနေနဲ့လည်း အမျိုးသမီးလိုချင်တဲ့ အရာတွေ ဖြစ်တဲ့ အိမ်ထောင်ရေးကို ပထမဆုံးထားဖို့နဲ့ ပိုပြီး နားထောင်ပေးဖို့ စတာတွေနဲ့ ကိုယ့်ရဲ့ ဇနီးလိုချင်တဲ့ အရာတွေကို တာဝန်ယူမှု ရှိရှိနဲ့ ပိုပြီး လုပ်ဆောင်ပေးဖို့ လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။