စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

တောက်လောင်နေတဲ့ ဒေါသမီးကို ဒီလိုလျှော့ပါ

လူရယ်လို့ ဖြစ်လာရင် ဘယ်လောက်ပဲ ပျော်ရွှင်အောင် ကြိုးစားကြိုးစား၊ တစ်ခါတလေ စိတ်ညစ်စိတ်ဆိုး ဒေါသထွက်ရတာမျိုး ဖြစ်တတ်တာပဲလေ။ လူ့လောကဆိုတာ ပြီးပြည့်စုံတဲ့နေရာတစ်ခုမှ မဟုတ်ပဲကိုး။ အမြင့်ရှိသလို အနိမ့်ဆိုတာလည်း ရှိတယ်။ ဒါကြောင့် အနိမ့်ကိုရောက်နေတဲ့ ကာလအတွင်းမှာ ကိုယ့်ဒေါသကြောင့် ကိုယ့်စိတ်နဲ့ ကျန်းမာရေးမညှိုးနွမ်းရစေဖို့ နည်းနည်းတော့ သတိထားဖို့ လိုတာပေါ့။ ဒေါသထွက်ရင် ဘာဖြစ်မလဲ။ အရင်ဆုံး ကိုယ့်စိတ်နဲ့ ခန္ဓာက ထိခိုက်မှာပါ။ ဒေါသကြောင့် အသက်ရှူမြန်လာတယ်၊ နှလုံးခုန်မြန်လာတယ်၊ ဦးနှောက်ထဲ သွေးတွေရောက်ပြီး သွေးတိုးကာ သတိလစ်စေတယ်၊ နှလုံးကို အမောဖောက်လာစေတယ်၊ စိတ်က မကြည်မလင်ဖြစ်ပြီး ပျော်ရွှင်ခြင်းရဲ့ ရသကို မခံစားနိုင်တော့ဘူး၊ ဒီအခါ ဘဝမှာဖြစ်ပျက်နေတဲ့ အရာတွေကို အကောင်းမမြင်တော့ဘူးပေါ့။ အထူးသဖြင့် သွေးတိုး၊ နှလုံးရောဂါအခံရှိသူတွေ၊ အသက်အရွယ်ကြီးသူတွေ၊ အာရုံကြောမကောင်းသူတွေဆိုရင် ဒေါသထွက်လာတာနဲ့ အမောဖောက်ပြီး သတိလစ်သွားနိုင်တယ်နော်။ လူတစ်ယောက်က ဒေါသထွက်လာရင် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဘာကြောင့် နေ့စဉ် တရားထိုင်သင့် တာလဲ

စိတ်ဖိစီးမှုနဲ့ သောကဗျာပါဒတွေဟာ နေ့စဉ်လူနေမှုဘဝမှာ ရင်ဆိုင်နေရလေ့ရှိတဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ မကိုင်တွယ်နိုင်တော့ဘူးလို့ ခံစားမိတဲ့ အခက်အခဲတွေကြောင့် ဒီလို စိတ်ဖိစီးမှုတွေ ရလာတတ်ပါတယ်။ ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့ တရားထိုင်သင့် တယ်လို့မထင်ဘူးလား။ ကျွန်တော်တို့တွေဟာ နေ့စဉ်နဲ့အမျှရင်ဆိုင်နေရတဲ့ ပြဿနာတွေ အခက်အခဲတွေနဲ့ ဖိအားတွေကို ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ပြဿနာတိုင်းဟာ အဖြေရှိတာ မှန်လို့လား။ ပြဿနာတိုင်းကို ပြန်လည်ဖြေရှင်းနေဖို့ လိုအပ်လို့လား။ ဒီလို စိတ်အာရုံနောက်ကျိစရာ စိတ်ညစ်ညူးစရာ အခြေအနေတွေကို တည်တည်ငြိမ်ငြိမ်ဖြတ်ကျော်နိုင်ဖို့ တရားရှုမှတ်ခြင်းက ကောင်းသော နည်းလမ်းတစ်ခုပါတယ်။ တရားရှုမှတ်ခြင်းနည်းလမ်းကို အသုံးချပြီး စိတ်ဖိစီးမှုတွေ၊ အမျိုးမျိုးသော သောကတွေကို လျှော့ချနိုင်ပါတယ်။ တရားရှုမှတ်တာဟာ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး တစ်နေ့ကို ၁၀ မိနစ် ကနေ နာရီဝက် ဝန်းကျင်လောက်အထိ ပုံမှန်ပြုလုပ်ပေးရုံနဲ့ အကျိုးကျေးဇူးတွေ အများအပြားရနိုင်ပါတယ်။ တရားရှုမှတ်ခြင်းအလေ့အထဟာ […]


စွဲလမ်းမှုပြဿနာများ

Social Drink ကနေ တဆင့်တက်လို့ အရက်စွဲနေပြီလား ဆန်းစစ်ကြည့်ပါ

အလုပ်သဘောအရဖြစ်ဖြစ်၊ သူငယ်ချင်းတွေစုံမိလို့ဆိုပြီး အရက်ကို တစ်ခွက်စ နှစ်ခွက်စသောက်တာ Social Drink ဆိုပေမယ့် ဒီလိုနဲ့တစ်ပတ်ကို ၃ ရက်အထက်သောက်မိနေမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ဖို့လိုပါပြီ။ တကယ်ပဲအားနာလို့ သောက်မိနေတဲ့ Social Drink လား၊ မသောက်ရမနေနိုင်လို့ သောက်မိနေတဲ့ အရက်စွဲပြဿနာစနေတာလားဆိုတာကိုပါ။ Social Drink ဆိုတာ "Social drinking" ဆိုတာက သောက်ချင်လို့ဆိုတဲ့ ဆန္ဒထက် အလုပ်သဘောအရ လိုအပ်လို့သောက်တာပါ။ သောက်တဲ့အခါမှာလည်း မူးနေအောင်သောက်တာမျိုးမဟုတ်ဘဲ တစ်ခွက်၊နှစ်ခွက်လောက်ပဲ မိတ်ဖြစ်ဆွေဖြစ်သောက်တာမျိုးပါ။ Social Drink ကြောင့် အရက်စွဲနိုင်လား....... ဒါကတော့ လူနဲ့ပဲဆိုင်တယ်လို့ပြောပါရစေ။ Social Drink ကြောင့် အရက်မစွဲနိုင်ပေမယ့် ကိုယ့်စိတ်ကိုယ်မထိန်းနိုင်ရင်တော့ အရက်ဆိုတာမျိုးကလည်း စါဲလမ်းစေတတ်တဲ့အရာဆိုတော့  အရက်စွဲတာမျိုးဖြစ်သွားနိုင်ပါတယ်။ အရက်စွဲတယ်ဆိုတာက ငွေကုန်ကြေးကျများသလို ခန္ဓာကိုယ်ရော ဦးနှောက်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အလုပ်သဘောအရ လိုအပ်လို့သောက်မယ်ဆိုရင်တောင် အကန့်အသတ်လေးနဲ့ သောက်တာက […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

နေ့ရက်တိုင်းမှာ ပျော်ရွှင်ပါ

တစ်နေ့တာကို ဘယ်လိုများကုန်ဆုံးချင်လဲ။ ပျော်ပျော်ရွှင်ရွှင်နဲ့လား...ဒါမှမဟုတ် သုန်သုန်မှုန်မှုန်လား...ထိုင်းထိုင်းမှိုင်းမှိုင်းလား.... ဘယ်လိုမျိုးကုန်ဆုံးချင်တာလဲ။ အားလုံးကတော့ သူတို့ရဲ့ နေ့ရက်တိုင်းကို စိတ်ညစ်စရာတွေကင်းပြီး ပျော်ရွှင်စွာနဲ့ပဲကုန်ဆုံးချင်မယ်ထင်ပါတယ်။ တကယ်တော့လည်း နေ့ရက်တိုင်းကို ပျော်ရွှင်စွာနဲ့ပဲ ဖြတ်သန်းသင့်ပါ။ ဒီတော့ ပြောစရာရှိလာမှာက နေ့ရက်တိုင်းကို ပျော်ရွှင်စွာတော့ ဖြတ်သန်းချင်ပါရဲ့ ဒါပေမယ့် ဖြစ်နိုင်ပါ့မလားလို့လေ။ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းချင်တယ်ဟုတ် နည်းလမ်းလေးတွေရှိပါတယ်။ နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းဖို့ အသင့်ပဲလား.......... နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းဖို့အသင့်ဖြစ်ပြီဆိုရင်တော့ ဆက်လိုက်ကြဦးစို့။ တစ်နေ့တာကိုဘယ်လိုဖြတ်သန်းမလဲဆိုတာက သင့်ရဲ့ ရွေးချယ်မှုအပေါ်မှာမူတည်နေတာပါ။ ဒီတော့ နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းဖို့ဆိုရင် အိပ်ရေးဝဝအိပ်ပါ အိပ်ရေးဝဝအိပ်တာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေနိုင်ပါတယ်။ တစ်ညတာမှာ အနည်းဆုံး အိပ်ချိန် ၇ နာရီရှိအောင် အိပ်စက်ပါ။ ဒီလိုအိပ်စက်မှုက သင့်ကို ကြည်လင်လန်းဆန်းနေစေပြီး အရာရာကို အကောင်းမြင်စိတ်တွေဖြစ်စေလို့ ပျော်ရွှင်မှုတွေကို လက်ယက်ခေါ်လိုက်သလိုဖြစ်စေမှာပါ။ ဒါကြောင့် အဖိုးအခမပေးရတဲ့ အိပ်စက်ချိန်လေးကိုတော့ ပြည့်ပြည့်ဝဝအိပ်ပါ။ မနက်စောစောထပါ မနက်ခင်းနေခြည်နွေးနွေးလေးက […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

ကိုယ့်ကိုယ်ကိုသတ်သေ ချင်သူတွေ ဆိုရှယ်မီဒီယာမှာ ဘာတွေ တင်တတ်သလဲ

စိတ်ဖိစီးမှုတွေ၊ လူမှုဘဝ အခက်အခဲတွေ၊ လူမှုရေး ပြဿနာတွေ နဲ့ မိသားစု အဆင်မပြေမှုတွေကြောင့် ဒီကနေ့ခေတ်မှာ ကိုယ့်ကိုယ်ကိုသတ်သေ မှုတွေ ပိုမို များပြားလာ နေပါတယ် ။ လူတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေဖို့ ဆိုတာဟာ သာမန်လူ တစ်ယောက်ရဲ့ အမြင်မှာတော့ ဖြစ်နိုင်ခြေ  အတော်နည်းပါးတဲ့ ကိစ္စတစ်ခုလို့ ရှုမြင်စရာပါ ။ ဒါပေမယ့် ပြင်းထန်တဲ့ စိတ်ဖိစီးမှု၊ ပတ်ဝန်းကျင် ဖိအား နဲ့ စိတ်အားငယ်မှု စတာတွေကို ခံစားနေရသူ တစ်ယောက်အတွက် ဆိုရင်တော့ ဒီအချက်ဟာ ဖြစ်မလာနိုင်ဘူးလို့ ဆိုဖို့ခက်ခဲတဲ့ အရာတစ်ခုဖြစ် ပါတယ် ။ စိတ်ဖိစီးမှု နဲ့ စိတ်နာကျင်မှု ဝေဒနာတွေကို ပြင်းပြင်းထန်ထန် ခံစားနေရသူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေနိုင်ခြေ မြင့်မားလှပြီး ဒီလို ပုဂ္ဂိုလ်တွေ အနေနဲ့ နေထိုင် စားသောက်ပုံတွေကို ဂရုတစိုက် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

သတင်းဆိုးတွေ ကြောင့် စိတ်ပင်ပန်းနေရပြီလား

ဆိုရှယ်မီဒီယာခေတ်မှာ သတင်းတုယောင်တွေ၊ သတင်းဆိုးတွေ ၊ အနိတ္ထာရုံတွေ၊ ဖရုသဝါစာ ယုတ်ရင်းကြမ်းတမ်းတဲ့စကားတွေကို ရှောင်လွှဲနိုင်ဖို့ ခက်ခဲလှပါတယ်။ ကလေးသူငယ် လိင်အကြမ်းဖက်မှုတွေကအစ သြစတြေးလျ တောမီးအလယ် ထရမ့်ပ်နဲ့ အီရန်တို့ရဲ့ တင်းမာမှုတွေကြောင့် တတိယကမ္ဘာစစ်ဖြစ်တော့မယ် အဆုံး ဆိုးရွားလှတဲ့သတင်းတွေ၊ ပြဿနာတွေဟာ နေရာတိုင်းကနေ ပေါပေါသီသီထွက်ပေါ်လာနေပါတယ်။ ဒီလိုသတင်းမျိုးတွေဟာ စိတ်ကျန်းမာရေး အားနည်းသူတွေကိုမပြောနဲ့ သာမန်လူတွေကိုယ်တောင် စိတ်ထဲ တမျိုးတမည် စိတ်မချမ်းမသာဖြစ်စေမှာတော့ အမှန်ပါပဲ။ လိင်အကြမ်းဖက်မှုတွေ၊ ကိုယ်ဝန်ဖျက်ချမှုတွေ၊ ရောဂါဘယဘေးတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေလို ကိစ္စမျိုးတွေကို နေ့စဉ်နဲ့အမျှ မြင်တွေ့နေရတဲ့ လူသားတွေဟာ အဲ့ဒီ သတင်းဆိုးတွေ ကြောင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲမှုတွေကို မသိမသာရော သိသိသာသာပါ ခံစားနေရတယ်လို့ ကျွမ်းကျင်သူတွေကလည်း ဆိုထားပါတယ်။ စိတ်ဓာတ်ကျတာတွေ၊ စိတ်ထိခိုက်တာတွေအပြင် စိတ်ရောဂါဖြစ်သွားနိုင်လောက်တဲ့အထိ ဆိုးရွားပါတယ်။ နေ့စဉ်နဲ့အမျှ စိတ်ညစ်ညူးဖွယ်သတင်းတွေကို မြင်တွေ့နေရတဲ့ ဒီကနေ့ခေတ်မှာ ဒီလို အခြေအနေမျိုးတွေကို […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ပျော်ရွှင်ခြင်း ကကိုယ့်အပေါ်မှာပဲ မူတည်ပါစေ

ကိုယ့်ရဲ့ ပျော်ရွှင်ခြင်းတွေ က ဘယ်အရာပေါ်မှာ မူတည်နေလဲ။ ပြန်ဆန်းစစ်ဖူးလား။ မဆန်းစစ်ဖူးရင် ခု...ဆန်းစစ်လိုက်ပါ။ ဆန်းစစ်လိုက်တဲ့အခါ ထွက်လာနိုင်တဲ့ အဖြေတွေကအမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီဆောင်းပါးလေးကနေတဆင့် ပြောပြချင်တာက ပျော်ရွှင်ခြင်း ကကိုယ့်အပေါ်မှာပဲ မူတည်ပါစေ .....ပျော်ရွှင်မှုက ကိုယ်တိုင်အပေါ်မှာပဲ မူတည်သင့်တယ်ဆိုတာပါ။ ပျော်ရွှင်မှုက ဒီအချက်တွေပေါ်မှာ မူတည်နေတတ်ပါတယ် လူတော်တော်များများက သူတို့ရဲ့ပျော်ရွှင်မှုတွေကို ပိုက်ဆံ အလုပ်ခွင်အခြေအနေ မိသားစုအခြေအနေ လူမှုပတ်ဝန်းကျင်အနေအထား ချစ်သူနှစ်ဦးကြားကဆက်ဆံရေးတွေအပေါ်မှာ မူတည်တတ်ကြပါတယ်။ ပျော်ရွှင်ခြင်း ကကိုယ့်အပေါ်မှာပဲ မူတည်ပါစေ လူတစ်ယောက်မှာ ​ပျော်ရွှင်မှုက သူတစ်ပါးအပေါ်မူတည်နေရတယ်ဆိုရင် ​ကောင်းတဲ့ အလားအလားတစ်ခုမဟုတ်ပါဘူး။ သူပြုံးမှ၊ သူအရေးတယူဆက်ဆံမှ ပျော်ရတယ်ဆိုရင် သင်ဟာ သနားစရာကောင်းတဲ့သူတစ်ယောက်ဖြစ်မှန်းမသိဖြစ်နေပါပြီ။ လွတ်လပ်တဲ့သူတစ်ဦးဖြစ်ဖို့ဆိုရင် ပျော်ရွှင်မှုက အခြားသူအပေါ်မှာ မှီတည်နေတာမျိုးလုံးဝမဖြစ်သင့်ပါဘူး။ လွတ်လပ်သူတွေကပဲ အောင်မြင်မှုရဲ့ ထိပ်ဆုံးကို ရောက်နိုင်ကြတာပါ။ ပတ်ဝန်းကျင်မှာ အမြဲပျော်နေတတ်တဲ့သူတွေကို တွေ့ဖူးမှာပေါ့။ သူတို့တွေက လွတ်လပ်ပေါ့ပါးကြသလို အမြဲတမ်းတက်ကြွလန်းဆန်းပြီး အရာရာကို အောင်မြင်အောင်လုပ်ဆောင်တတ်ကြပါတယ်။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ပျော်ရွှင်ခြင်း ရှာပုံတော် (၁)

အခုခေတ်အခြေအနေလောက် စိတ်ဖိစီးမှုများတဲ့အနေအထား မကြုံခဲ့ဖူးဘူးလို့ထင်မိတယ်။ တွေ့ရတဲ့လူတိုင်းမှာ အသက်ရှူဖို့တောင်မေ့နေရလောက်အောင်ကို စိတ်ဖိစီးမှုတွေခံစားနေရတယ်။ လူရောစိတ်ရော ပင်ပန်းနွမ်းနယ်နေတယ်။ ရုပ်ပိုင်းဆိုင်ရာမှာ ဖိအားဒဏ်ကြောင့် မကြာခဏဖျားတာ၊ ညဘက်အိပ်မပျော်တာ၊ ကိုယ်လက်တွေနာကျင်ကိုက်ခဲနေတာလိုမျိုး ပြဿနာတွေဖြစ်နေတယ်။ စိတ်ပိုင်းဆိုင်ရာမှာလည်း အမြဲပင်ပန်းနေသလိုမျိုး၊ စိတ်ဓာတ်ကျနေသလိုမျိုး၊ အရမ်းပင်ပန်းနေသလိုမျိုး ခံစားနေရတယ်။ ဒါပေမယ့်လည်း အနားယူဖို့မလုပ်နိုင်ဘူး။ အနားယူတယ်ဆိုပြီး ခရီးတွေသွားတယ်၊ Staycation တွေနေတယ်။ လျှောက်သွားလျှောက်စားတာတွေလုပ်တယ်။ မူးအောင်သောက်ကြည့်တယ်။ လူပဲထွက်ပြေးလို့ရရင်ရမယ်။ စိတ်ဖိစီးမှုတွေက လိုက်လာတုန်းပဲ။ ဘယ်ခရီးတွေပဲသွားသွား၊ ဘယ်ဟိုတယ်မှာ staycation နေနေ၊ လျှောက်သွားလျှောက်စား အပျော်အပါးတွေလျှောက်လုပ်။ ဘာပဲလုပ်နေလုပ်နေ ဘယ်နေရာပဲသွားသွား စိတ်ဖိစီးမှုတွေက လိုက်လာတာပဲ။ အပြည့်အဝပျော်ရွှင်ရယ်မောခဲ့ရတဲ့အချိန်တွေ၊ အရမ်းအိပ်ရေးဝတယ်လို့ ခံစားရတဲ့အိပ်စက်ခြင်းတွေ၊ သွားတဲ့ခရီးရဲ့ အလှအပ၊ စားတဲ့အစားအသောက်တွေရဲ့ အရသာ၊ ပျော်ရွှင်စရာတွေရဲ့ စိတ်လှုပ်ရှားစရာအခြေအနေတွေကို အပြည့်အဝပျော်ရွှင်ခံစားခဲ့ရတာတွေက ဘယ်တုန်းက နောက်ဆုံးလဲ။ ရေးထားတဲ့စကားလုံးတိုင်းက စိတ်ကူးယဉ်ထားတာမပါဘူး။ ကိုယ်တိုင်ခံစားတွေ့ကြုံနေရတာကို ရေးထားတာပါ။ လွန်ခဲ့တဲ့ ၆ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ပျော်ရွှင်ခြင်း ရှာပုံတော် (၃)

မနက်ဖြန်ကမ္ဘာပျက်မယ်ဆိုတာသိရရင် ဒီနေ့မှာ လူတွေပျော်ရွှင်နိုင်မယ်ထင်လား။ လေ့လာချက်တစ်ခုအရတော့ လူတွေပျော်ရွှင်နိုင်ပါလိမ့်မယ်တဲ့။ ဘာလို့လဲဆိုတော့ တစ်သက်လုံးလုပ်လာခဲ့ရတဲ့ ပြိုင်ဆိုင်မှုတွေ၊ ရုန်းကန်ရမှုတွေ၊ ဝမ်းနည်းကြေကွဲမှုတွေ၊ ခံစားရမှုတွေ၊ မကျေနပ်တာတွေအကုန်လုံးက မနက်ဖြန်မှာ အားလုံးနဲ့အတူတူ ချုပ်ငြိမ်းသွားနိုင်မှာဖြစ်လို့ပါ။ ဒီနေ့အချိန်မှာလူတွေက ဘယ်လောက်တောင် စိတ်ဖိအားတွေ၊ မပျော်ရွှင်မှုတွေနဲ့ ရုန်းကန်နေရလဲဆိုတာကို ဒါက သိနိုင်တယ်။ အခုနောက်ပိုင်း ထောင်စုနှစ်လူငယ်တွေမှာဆိုရင် ရှင်သန်ခြင်းက နာကျင်ခြင်းပဲဆိုတဲ့အယူအဆတွေအားကောင်းလာတယ်။ ဘယ်အရာတွေက ကျွန်တော်တို့ကိုပျော်ရွှင်စေတာလဲ။ လူဖြစ်ရခြင်းရဲ့ အဓိပ္ပါယ်ကရောဘာလဲ။ ဒီအကြောင်းတွေပဲ မကြာခဏစဉ်းစားဖြစ်တယ်။ ပျော်ရွှင်ခြင်းကို တိုင်းတာလို့ရလား။ ပျော်ရွှင်ခြင်းကို တိုင်းတာလို့မရဘူးလို့ထင်ကြပေမယ့် တကယ်တမ်းတော့ အခြေအနေတစ်ခုအထိတော့ တိုင်းတာလို့ရတယ်။ ဥပမာ အခု ကိုယ့်အခြေအနေက ပျော်ရွှင်နေတယ်ထင်လား။ မပျော်ရွှင်ဘူးထင်လား။ ၁ ကနေ ၅ အတွင်း ၁ က လုံးဝမပျော်ရွှင်ဘူး။ ၅ က အရမ်းပျော်ရွှင်တယ်ဆိုရင် ကိုယ့်ရဲ့ အလုပ်အကိုင်၊ ငွေကြေးအနေအထား၊ အချစ်ရေးအိမ်ထောင်ရေး၊ မိသားစု၊ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Body Shaming လာလုပ်တာတွေကို ဒီလိုတုံ့ပြန်ကြမယ်

သူတစ်ပါးအားနည်းချက် (သို့) မနှစ်သက်တဲ့အရာတစ်ခုကို အပျက်သဘောနဲ့ ထပ်ကာထပ်ကာပြောပြီး လှောင်ပြောင်ခြင်းကို နှုတ်ဖြင့်အနိုင်ကျင့်ခြင်းလို့ ခေါ်ပါတယ်။ Bullying လုပ်တယ် တစ်နည်းအားဖြင့် အနိုင်ကျင့်တယ်ဆိုတာတွေဟာ လူ့အသိုင်းအဝိုင်းထဲမှာ မရှိသင့်တဲ့ ကိစ္စတွေလို့ဆိုရင် မမှားပါဘူး။ အထူးသဖြင့် မွေးကတည်းက ကိုယ့်မှာပါလာတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ၊ အရပ်အမောင်းတွေကို ကဲ့ရဲ့လှောင်ပြောင်ခံရတယ်ဆိုရင် ဘယ်သူမဆို အနည်းနဲ့ အများတော့ စိတ်အနှောင့်အယှက်ဖြစ်မိကြမှာ အမှန်ပါပဲ။ ဒီနေ့ဆောင်းပါးလေးမှာတော့ ခန္ဓာကိုယ်ပုံပန်းသွင်ပြင်နဲ့ပတ်သက်ပြီး တခြားသူတစ်ယောက်က ကိုယ့်ကို Bully လုပ်တာခံရတယ်ဆိုရင် ဖြစ်ပေါ်ခံစားရနိုင်တဲ့ စိတ်ခံစားမှုတွေနဲ့ ဝေဖန်ကဲ့ရဲ့သူတွေကို ပြန်လည်ရင်ဆိုင်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ နှုတ်ဖြင့် အနိုင်ကျင့်ခြင်းမှာ ဒီလိုအပြုအမူတွေပါဝင်ပါတယ်- • ရုပ်ရည်၊အသားအရောင်၊ ခန္ဓာကိုယ်အချိုးအစား၊ အရပ် စတာတွေကိုလှောင်ပြောင်တာ၊ • ထိခိုက်လိုစိတ်နဲ့ မဟုတ်မမှန်တဲ့ သတင်းတွေဖြန့်တာ၊ • တစ်စုံတစ်ဦးရဲ့အသံ (သို့) စကားပြောဆိုပုံကို ပြက်ရယ်ပြုတာ၊ • အားနည်းချက်ကို ချုပ်ကိုင်ပြီး ခြိမ်းခြောက်တာ၊ • တစ်စုံတစ်ဦးကို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း