လမ်းလျှောက်ထွက်ပါ
လမ်းလျှောက်ထွက်တာက စိတ်ရောကိုယ်ပါကျန်းမာလန်းဆန်းစေနိုင်ပါတယ်။ တစ်နေ့ကို မိနစ် ၃၀ လောက်လမ်းလျှောက်ပေးတာက ဒေါသနဲ့ စိတ်တိုလွယ်မှုတွေကို ပြေလျော့စေပါတယ်။ တစ်နေပကို မိနစ် ၃၀ လောက်လမ်းလျှောက်ဖို့က လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါကြောင့် တစ်နေ့ကို မိနစ် ၃၀ လောက် လမ်းလျှောက်ဖြစ်အောင်လျှောက်ပါ။ သီးသန့်အချိန်မပေးနိုင်ရင်တောင် ရုံးသွားရုံးပြန် လမ်းလျှောက်ပေးတာမျိုးပေါ့။
သူတစ်ပါးကို ကြင်နာပါ
ကြင်နာတတ်တဲ့ အပြုအမူတွေက သင့်ကိုပျော်ရွှင်မှုပေးပါတယ်။ ဒါကြောင့် သူတစ်ပါးကို တစ်နေ့တစ်ခါလောက်တော့ ဖြစ်ဖြစ် ကြင်ကြင်နာနာဆက်ဆံပြုမူတတ်ပါစေ။ ဒါက ကိုယ်တိုင်ရော သူတစ်ပါးကိုပါ စိတ်ပျော်ရွှင်မှုရစေမှာပါ။
အတင်းမပြောပါနဲ့
နောက်ကွယ်မှာ သူများမကောင်းကြောင်းပြောတာက ကိုယ်တိုင်အတွက်မကောင်းသလို သူတစ်ပါးကိုလည်း ထိခိုက်စေပါတယ်။ နှစ်ဦးနှစ်ဖက် အကျိုးမရှိတာကြောင့် မလုပ်တာက အကောင်းဆုံးပါ။ အတင်းမပြောတာက အကောင်းမြင်တဲ့အတွေးတွေကိုဖြစ်ပေါ်စေပြီး စိတ်ပူပန်မှုတွေကင်းလို့ ပျော်ရွှင်မှုကို ရစေမှာပါ။
ပျော်ရွှင်နေသူတွေနဲ့ ပေါင်းသင်းပါ
ကိုယ်တိုင်ပျော်ရွှင်ချင်တယ်ဆိုရင် ပျော်ရွှင်သူတွေနဲ့ပဲ ပေါင်းပါ။ ညည်းညူတတ်သူတွေက သူတို့ကိုယ်တိုင်ရော အခြားသူတွေကိုပါ ပူလောင်စေနိုင်ပါတယ်။ ဒါကြောင့် ပျော်ရွှင်ချင်တယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာ ပျော်ရွှင်တတ်သူတွေနဲ့ပဲ ဝန်းရံထားပါ။
ကဲ..ပျော်ရွှင်ချင်တယ်ဆိုရင် အခုပဲ ဒီအလေ့အထလေးတွေကို လုပ်လိုက်တော့လေ။ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းကြစို့လား……….