backup og meta

ကိုယ့်ကိုယ်ကိုသတ်သေ ချင်သူတွေ ဆိုရှယ်မီဒီယာမှာ ဘာတွေ တင်တတ်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 29/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ကိုယ်ကိုသတ်သေ ချင်သူတွေ ဆိုရှယ်မီဒီယာမှာ ဘာတွေ တင်တတ်သလဲ

    စိတ်ဖိစီးမှုတွေ၊ လူမှုဘဝ အခက်အခဲတွေ၊ လူမှုရေး ပြဿနာတွေ နဲ့ မိသားစု အဆင်မပြေမှုတွေကြောင့် ဒီကနေ့ခေတ်မှာ ကိုယ့်ကိုယ်ကိုသတ်သေ မှုတွေ ပိုမို များပြားလာ နေပါတယ် ။

    လူတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေဖို့ ဆိုတာဟာ သာမန်လူ တစ်ယောက်ရဲ့ အမြင်မှာတော့ ဖြစ်နိုင်ခြေ  အတော်နည်းပါးတဲ့ ကိစ္စတစ်ခုလို့ ရှုမြင်စရာပါ ။ ဒါပေမယ့် ပြင်းထန်တဲ့ စိတ်ဖိစီးမှု၊ ပတ်ဝန်းကျင် ဖိအား နဲ့ စိတ်အားငယ်မှု စတာတွေကို ခံစားနေရသူ တစ်ယောက်အတွက် ဆိုရင်တော့ ဒီအချက်ဟာ ဖြစ်မလာနိုင်ဘူးလို့ ဆိုဖို့ခက်ခဲတဲ့ အရာတစ်ခုဖြစ် ပါတယ် ။

    စိတ်ဖိစီးမှု နဲ့ စိတ်နာကျင်မှု ဝေဒနာတွေကို ပြင်းပြင်းထန်ထန် ခံစားနေရသူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေနိုင်ခြေ မြင့်မားလှပြီး ဒီလို ပုဂ္ဂိုလ်တွေ အနေနဲ့ နေထိုင် စားသောက်ပုံတွေကို ဂရုတစိုက် စီမံဖို့ လိုအပ်ပါတယ် ။

    နည်းပညာတွေ ခေတ်မီဖွံ့ဖြိုးလာတဲ့ ဒီခေတ်မှာ လူတွေဟာ လူမှုကွန်ယက်တွေကို နေ့စဉ် လူနေမှု ဘဝရဲ့ အစိတ်အပိုင်း တစ်ခုလို ပိုမို အသုံးချလာနေကြတာမို့ စိတ်ဓာတ်ကျဆင်း  နေမှုတွေအပါအဝင် စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို လူမှုကွန်ယက်တွေပေါ်မှာ တင်နေကြတယ်ဆိုတာကို ပိုမိုသိရှိလာရပါတယ် ။  ကိုယ့်ကိုယ်ကိုသတ်သေ ဖို့အထိ ဆုံးဖြတ်ထားတဲ့ သူတွေကိုယ်တိုင်တောင်မှ လူမှုကွန်ယက်တွေပေါ်မှာ သဲလွန်စတွေ ချန်ထားရစ်ခဲ့လေ့ရှိတယ်ဆိုတာကို ပိုမို သိနားလည်လာရပြီဖြစ်ပါတယ် ။ ကိုယ့်ကိုယ်ကိုသတ်သေ ချင်သူတွေ ဆိုရှယ်မီဒီယာမှာ ဘာတွေ တင်တတ်သလဲ ဆိုတာ လေ့လာလိုက်ရအောင်နော်။

    ကိုယ့်ကိုယ်ကိုသတ်သေ တော့မယ်ဆိုရင် သူတို့ ဘာလုပ်ကြသလဲ

    လက်ရှိမှာ လူမှုကွန်ယက် လောကရဲ့ ဆရာ တစ်ဆူဖြစ်တဲ့ Facebook ဟာ သူတို့ရဲ့ လူမှုကွန်ယက် ပလက်ဖောင်းတွေပေါ်က အသုံးပြုသူတွေရဲ့ လုပ်ဆောင်ချက်တွေ နဲ့ အမူအကျင့်တွေကို မှတ်ဉာဏ်တုနည်းပညာ ( AI ) ကို အသုံးပြုပြီး လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ထားပါတယ် ။

    ၂၀၁၇ ခုနှစ်မှ ာစတင်ခဲ့တဲ့ အဆိုပါ AI အခြေပြု ဆန်းစစ်လေ့လာမှုတွေအရ ကိုယ့်ကိုယ်ကို သတ်သေ ချင်နေသူတွေဟာ လူမှုကွန်ယက်ပေါ်မှာ သူတို့ရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို မကြာခဏ ဖွင့်ဟဖော်ထုတ်လေ့ရှိတယ်လို့ ဆိုပါတယ် ။

    Facebook ကတော့ သူတို့ရဲ့ လူမှုကွန်ယက်အသုံးပြုသူတွေအကြားက စိတ်ကျဝေဒနာ ခံစားနေရသူတွေရဲ့ လက္ခဏာတွေက ဘယ်လိုလဲဆိုတာကို သိနိုင်ဖို့ ( AI ) နည်းပညာ အသုံးပြုထားတဲ့ Algorithm တွေဖန်တီးထားပြီးတော့ အဆိုပါ နည်းပညာကနေတဆင့် ဘယ်သူတွေဟာ ကိုယ့်ကိုယ်ကိုသတ်သေ နိုင်ခြေရှိနေတယ်ဆိုတာကို ဆန်းစစ်နေတာဖြစ်ပါတယ် ။

    လက်ရှိမှာလည်း လူမှုကွန်ယက် အသုံးပြုသူတွေအကြားက ကိုယ့်ကိုယ်ကိုသတ်သေ ဖို့ စိတ်ဆန္ဒရှိနေသူတွေဟာ ဘယ်လို အကြောင်းအရာမျိုးတွေကို ပြောဆိုရေးသားတတ်လဲဆိုတာကိုလည်း အသိပေးထားပါတယ် ။ သူတို့ရဲ့ ဖော်ပြချက်တွေအရ

    –           သေချင်တယ်၊ ဒါမှမဟုတ် သတ်သေချင်တယ်လို့ ပြောဆိုရေးသားတာ

    –           တစ်စုံတစ်ရာ မျှော်လင့်ချက်မရှိတော့ဘူးလို့ ပြောဆိုရေးသားတာ

    –           အသက်ရှင်ဖို့ အကြောင်းပြချက်မရှိတော့ဘူးလို့ ပြောဆိုရေးသားတာ

    –           တစ်စုံတစ်ယောက် ဒါမှမဟုတ် မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီလို့ ပြောဆိုရေးသားတာ

    –           အရက်နဲ့ မူးယစ်ဆေးဝါးတွေကို အလွန်အကျွံ သုံးစွဲမိနေတယ်လို့ ပြောဆိုရေးသားတာ

    –           မဆင်မခြင်အပြုအမူမျိုးတွေ လုပ်မိမှာကို စိုးရိမ်ပူပန်နေတယ် ဒါမှမဟုတ် လှုံ့ဆော်မှုခံနေရတယ်လို့ ပြောဆိုရေးသားတာ

    –           အလွန်အကျွံ အိပ်ဖြစ်တယ် ဒါမှမဟုတ် အိပ်ချိန်နည်းပါးလွန်းနေတယ်လို့ ပြောဆိုရေးသားတာ

    –           ဆိုးရွားစွာ အထီးကျန်မှုဝေဒနာ ခံစားနေရကြောင်း ပြောဆိုရေးသားတာ

    –           ပတ်ဝန်းကျင်၊ မိသားစုစတာတွေနဲ့ တစ်သီးတစ်ခြား ခွဲခြားခံထားရတယ်လို့ ပြောဆိုရေးသားတာ

    –           #depressed ဒါမှမဟုတ် #suicidal ဆိုတဲ့ Hash Tag စာသားမျိုးနဲ့ ပို့စ်တင်တာ

    ဒီလို အချက်တွေနဲ့ တိုက်ရိုက်တူညီတဲ့ ဒါမှမဟုတ် နှီးနွယ်စပ်ဆက်တဲ့ အကြောင်းအရာတွေကိုဆက်တိုက် တင်နေပြီဆိုရင် အဆိုပါ ပုဂ္ဂိုလ်တွေဟာ ကိုယ့်ကိုယ်ကို သတ်သေ နိုင်ခြေ မြင့်မားတယ်လို့ ယူဆလို့ရပါတယ် ။ ဒါကြောင့် အဲဒီလိုလူမျိုးတွေကို ပိုမိုသတိထားပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

    ကိုယ့်ကိုယ်ကိုသတ်သေ ချင်သူတွေ ဆိုရှယ်မီဒီယာမှာ ဘာတွေ တင်တတ်သလဲ ဆိုတာကို သိပြီဆိုတော့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်း အတွင်းက လူမှုကွန်ယက် အသုံးပြုသူတွေ အကြားမှာ ဘာပို့စ်တွေ တင်နေကြလဲဆိုတာကို သတိထား စောင့်ကြည့်ဖို့ မမေ့ကြနဲ့နော် ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 29/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement