စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ကျန်းမာရေး

သင် အရက်စွဲနေပြီလား

အရက်စွဲလမ်းတာကို တချိန်တုန်းက "Dipsomania" လို့ ခေါ်ဆိုခဲ့ဖူးပါတယ်။ ၁၈၄၉ ခုနှစ်ရောက်မှသာ ဆွီဒင်ဆေးပညာရှင် မက်ဂ်နက်စ် ဟက်စ်က ဒီကနေ့ခေတ်မှာ သုံးစွဲနေတဲ့ "Alcoholism" လို့ စတင်ပြောင်းလဲ သုံးစွဲခဲ့တာဖြစ်ပါတယ်။ အရက်ဟာ လူ့သမိုင်းတစ်လျှောက်လုံး နည်းမှန်လမ်းမှန်ရော၊ မတော်လောဘနဲ့ရော အသုံးပြုခြင်းကို ခံခဲ့ရတဲ့ အရာတစ်ခုပါ။ ဘေဘီလိုနီးယန်း၊ အီဂျစ်၊ ရောမခေတ်တွေတစ်လျှောက် သမိုင်းမှတ်တမ်းတွေတိုင်းမှာ အရက်ဟာ မပါမဖြစ် အရာတစ်ခုအဖြစ် ပါဝင်နေခဲ့ပြီးတော့ ကိုးကွယ်ယုံကြည်မှုနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာရော ဆိုးသွမ်းယုတ်ညံ့တဲ့ ဖြစ်ရပ်တွေမှာပါ ပါဝင်ဆက်နွယ်နေလေ့ရှိပါတယ်။ WHO ရဲ့ Globa Alcohol Report အရ ကမ္ဘာပေါ်မှာ နှစ်စဉ် လူ ၂ ဒဿမ ၅ သန်းလောက်ဟာ အရက်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ရောဂါတွေကြောင့် သေဆုံးနေကြရတယ်လို့ ဆိုပါတယ်။ ဆိုလိုချင်တာက […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

စိတ်ခံစားမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆာလောင်မှု(Emotional Hunger) ကိုဖယ်ရှားကြပါစို့

ရေးသားသူ - ဒေါက်တာ နှင်းရည်လဲ့နိုင် ကမ္ဘာပေါ်မှာ အသက်ရှင်‌‌နေထိုင်ဖို့ ရုန်းကန်လှုပ်ရှားရတာက တော်တော် စိတ်ပင်ပန်းစရာကောင်းပါတယ်။ ခက်ခဲတဲ့ အချိန်တွေကို ကြုံတွေ့ရချိန်မှာ လူတော်တော်များများက အစားအသောက်နှင့် စိတ်ဖြေလေ့ရှိကြပါတယ်။ • ဘယ်ချိန်တွေမှာ Emotional hunger ပြဿနာ ပေါ်လာတတ်လဲ။  စိတ်ဖိစီးချိန်  ကျန်းမာရေးချူချာတဲ့အခါ  စိတ်ဓာတ်ကျတဲ့အခါ  ငွေရေးကြေးရေး အခက်အခဲ ဖြစ်တဲ့အခါ  လူမှုရေးပြဿနာများ ရှိတဲ့အခါ  သက်ဆိုင်ရာနယ်ပယ်တွင် ကျရှုံးနေတဲ့အခါ  တုန်လှုပ်ဖွယ် အပြောင်းအလဲများ ကြုံတဲ့အခါ  စိတ်ဆိုးဒေါသထွက်တဲ့အခါ  အထီးကျန်ဆန်ပြီး ပျင်းတဲ့အခါ  အတိုင်းအဆမဲ့ပျော်ရွှင်နေချိန်မှာပါ အစားအသောက် နှင့် ကိုယ်ကိုယ်ကို နှစ်သိမ့်၊ ဂုဏ်ပြုတတ်ကြပါတယ်။ အမှန်တကယ် မဆာဘဲ စားတဲ့အခါမှာ သတိလက်လွတ်ဖြစ်ပြီး အများကြီး စားလိုက်တတ်ကြတယ် ။ အစားအစာက လူတွေကို ခဏတာပျော်ရွှင်စေတယ်။ အစာစားလိုက်တာနှင့် ခက်ခဲကြမ်းတမ်းမှုများက‌နေလွတ်မြောက်သွားသလို ခံစားရ‌လို့ပါ။အဲ့အချက်ကို မသိစိတ်က မှတ်ထားပြီး […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ပစ္စည်းတွေကို မလိုအပ်ဘဲ သိမ်းဆည်းနေမိပြီလား။

ပစ္စည်းတွေကို မလိုအပ်ဘဲ သိမ်းဆည်းနေမိပြီလား။ ရုပ်ရှင် လက်မှတ်တွေ၊ ဘောက်ချာတွေ၊ ကုန်သွားတဲ့စာအုပ်တွေ၊ မတော်တော့တဲ့ အင်္ကျီတွေ၊ ဖိနပ်တွေ၊ အသုံးမလိုတော့တဲ့ ပစ္စည်းအဟောင်းတွေကို ဘာရယ်မဟုတ် စုဆောင်းမိနေတာမျိုး ကိုယ်တိုင် ဖြစ်ဖူးလား။ ဒါမှမဟုတ် ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့သူတွေကို မြင်ဖူးလား။ ဒီဆောင်ပါးလေးမှာတော့ ပစ္စည်းတွေကို အလွန်အကျွံသိမ်းဆည်းလိုစိတ် သို့မဟုတ် hoarding disorder/mindset အကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။ ပစ္စည်းတွေကို မလိုအပ်ဘဲ သိမ်းဆည်းနေမိပြီလား။ ပစ္စည်းတွေကို မလိုအပ်ဘဲ သိမ်းဆည်းနေမိပြီလား။ ဆိုတော့ ပြောချင်တာက ပစ္စည်းတွေကို မလိုအပ်ဘဲ သိမ်းဆည်းနေမိတဲ့ ရောဂါ Hoarding disorder ကို ခံစားနေရလားဆိုတာပါ။ “Hoarding disorder” ဆိုတာ ဘာလဲ။ “Hoarding” ဆိုတာ “Collecting” နှင့်ဆင်တူ စကားလုံးလို့ ဝေါဟာရကျမ်းတွေမှာ ဖော်ပြထားကြပါတယ်။ Hoarding disorder ကို အမျိုးအစားတူ ပစ္စည်းများကို […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အမြင့်ရောက်ရင် ဘာလို့ ခုန်ချချင်စိတ်ပေါ်တာလဲ

တကယ်လို့ သင်ဟာ ခပ်မြင့်မြင့် နေရာတစ်နေရာကို ရောက်နေတယ်ဆိုပါဆို့။ အစွန်အဖျားနေရာကနေ အောက်ကို ငုံကြည့်ချိန်မှာ ခုန်ချချင်စိတ်ဖြစ်ဖူးပါသလား။ ကိုယ်ကိုယ်ကို သတ်သေချင်စိတ်အပါအဝင် စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်စုံတစ်ရာ မရှိပါဘဲနဲ့ တစ်စုံတစ်ယောက်ကပဲ တိုက်တွန်းနေတာလိုလို၊ ကိုယ်တိုင်ကပဲ စိတ်ဆန္ဒရှိနေတာလိုလို စိတ်ခံစားချက်မျိုး သင့်စိတ်ထဲခံစားနေရပြီး အောက်ကိုခုန်ချချင်လာတာမျိုးပေါ့။ ဒါ ဘာဖြစ်တာလဲ။ သင့်ရဲ့ စိတ်ကျန်းမာရေး အခြေအနေအားနည်းတာလား။ သင့်ရဲ့ အတွင်းစိတ်ထဲမှာ စိတ်ကျန်းမာရေး ချို့ယွင်းနေပြီလား။ ဒီလို စိတ်ခံစားချက်မျိုးကို “the call of the void” လို့ ခေါ်ပါတယ်။ မူရင်းစကားလုံးက “l'appel du vide” ဆိုတဲ့ ပြင်သစ်စကားစုပါ။ မြန်မာလိုဆိုရင်တော့ စိတ်ရိုင်းဝင်တယ်လို့ ဆိုရမယ်ထင်ပါတယ်။ ဒီလို စိတ်အခြေအနေမျိုးက လူတိုင်းမှာ မဖြစ်တတ်ပေမယ့် လူတချို့မှာတော့ ဖြစ်နိုင်ပါတယ်။ ဖြစ်လည်းဖြစ်နေကြပါတယ်။ ဖလော်ရီဒါပြည်နယ်တက္ကသိုလ်ရဲ့ […]


စွဲလမ်းမှုပြဿနာများ

ဖုန်းကို လက်က မချနိုင်ဖြစ်နေပြီလား။

ဖုန်းကို လက်က မချနိုင်ဖြစ်နေပြီလား။ ဘယ်သူ့ကို ပြောတာလဲ ငါ့ကိုများလားလို့ တွေးနေပြီလား! ဟုတ်ပါတယ်။ သင့်ကိုပြောနေတာပါ။ ခုဖုန်းသုံးနေလို့ ဒီစာကိုဖတ်နိုင်တာပေါ့။ အဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အချိန်တော်တော်များများမှာ ကိုယ့်လက်ထဲမှာ ဖုန်းက အမြဲရှိနေတာလားဆိုတာ စဉ်းစားကြည့်ပါ။ နည်းပညာတွေတိုးတက်တာ၊ ဖုန်းတွေပေါ်လာတာကောင်းပါတယ်။ ဒါကြောင့်ပဲ တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ရတာ၊ သတင်းအချက်အလက်တွေရှာရတာ ပိုမြန်လာပါတယ်။ ဒါကောင်းတဲ့အချက်ပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာ ဖုန်းစွဲလမ်းတယ်ဆိုတဲ့ ပြဿနာတစ်ရပ်ပေါ်လာပါတယ်။ ဖုန်းကို စွဲလမ်းတာက တခြားသော ဂိမ်းစွဲတာ၊ လောင်းကစားစွဲတာလိုမျိုးပဲ အပြုအမူစွဲလမ်းခြင်း တစ်မျိုးပါ။ ရှင်းရှင်းပြောရရင် မရှိရင် မနေနိုင်အောင်စွဲလမ်းတာမျိုး ဆေးပညာအရ dependence syndromeဆိုပြီး WHOက သတ်မှတ်ထားပါတယ်။ ဖုန်းစွဲနေမှန်းဘယ်လိုသိမလဲ။ (၁)မိုးလင်းမျက်စိနှစ်လုံးပွင့်တာနဲ့ စရှာတာ ဖုန်းပါပဲ။ အရင်ကတော့ မိုးလင်းရင် နာရီalarmကို စပိတ်ပါတယ်။ ခုဖုန်းတွေမှာ alarmပါပြီးသားဆိုတော့ မိုးလင်းတာနဲ့ alarmထပိတ်ရင်း ဖုန်းကို စသုံးတော့တာပါပဲ။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ရာသီဥတုပြောင်းလဲခြင်းနှင့် စိတ်ကျန်းမာရေးပြဿနာ

ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတုပြောင်းလဲမှုမျိုးတွေ ကြုံလာရတဲ့အခါမျိုးမှာ ဒါဟာ ကမ္ဘာပျက်ကိန်းရဲ့ ရှေ့ပြေးနိမိတ်၊ ဒါမှမဟုတ် ဆိုးရွားတဲ့ ကံကြမ္မာဆိုးတွေကျရောက်တော့မယ့် နမိတ်လက္ခဏာလို့ လူအများအပြားက ရှုမြင်ကြပါတယ်။ ဆိုးရွားတဲ့ ရာသီဥတုတွေနဲ့ ဘေးအန္တရာယ် ကပ်ဆိုးတွေဟာ ကမ္ဘာကြီး နာမကျန်းဖြစ်နေတဲ့ လက္ခဏာသက်သက်မဟုတ်ပါဘူး။ ကျွန်တော်တို့လူသားတွေရဲ့ ကျန်းမာရေးဆိုင်ရာ ယိုယွင်းမှုတွေကိုလည်း ဆောင်ယူလာပါတယ်။ ဒီထဲမှာမှ ထူးခြားတဲ့ လူတိုင်းနီးပါးနဲ့ သက်ဆိုင်တဲ့ ပြဿနာတစ်ခုပါဝင်နေပါတယ်။ ဒါကတော့ Eco-anxiety လို့ခေါ်ဆိုကြပြီး ဥတုကပ်ဘေးတွေကြောင့်ဖြစ်လာတဲ့ စိတ်အခြေအနေတစ်မျိုးဖြစ်ပါတယ်။ လက်ရှိအချိန်အထိ Eco-anxiety ကို စိတ်ရောဂါတစ်ခုအနေနဲ့ မသတ်မှတ်ကြသေးပေမယ့် တခြားသော စိတ်ရောဂါတွေဖြစ်လာအောင် တွန်းအားပေးတဲ့ အရာတစ်ခုအဖြစ်တော့ လက်ခံထားကြပါတယ်။ ဟားဗတ်တက္ကသိုလ်၊ ကိုလံဘီယာတက္ကသိုလ်နဲ့ လန်ဒန်က အင်ပီရီယယ်ကောလိပ်တို့ရဲ့ ပူးပေါင်း သုတေသနတစ်ခုအရဆိုရင်တော့ ရာသီဥတုဆိုးရွားမှုတွေကြောင့် လူတွေမှာ စိတ်ပိုင်းဆိုင်ရာ ရောဂါပြဿနာတွေကြုံရချေမြင့်မားတယ်လို့ ဆိုပါတယ်။ ဒီအချက်ကို သက်သေပြနေတာကတော့ ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုဟာ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ဂီတသံတွေ ခံစားကြမယ်

သီချင်းတွေက သက်ရှိတွေကို ပျော်ရွှင်စေနိုင်ပါတယ်။ တေးသီချင်းတွေနဲ့ ဂီတသံစဉ်တွေကို နားထောင်တာဟာ သောတအာရုံကို ကြည်နူးချမ်းမြေ့စေတယ်ဆိုတာကို လူတိုင်းသိကြပါတယ်။ ဒါပေမယ့် ဂီတသံစဉ်တွေရဲ့ အကျိုးကျေးဇူးတွေက ဒီလောက်တင်ပဲတော့မဟုတ်ပါဘူး။ လေ့လာဆန်းစစ်ချက်တွေအရဆိုရင်တော့ တေးဂီတနားဆင်မှုဟာ အကြားအာရုံကိုတင်မကပဲ ဦးနှောက်နဲ့ ခန္တာကိုယ်တွေကိုပါ အကျိုးရှိစေပါတယ်တဲ့။ ဒါကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ဂီတသံတွေ ခံစားကြမယ် ။ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ဂီတသံတွေ ခံစားကြမယ် တေးသီချင်းတွေကို နားဆင်တဲ့အခါမှာ ဦးနှောက်အတွင်းက Dopamine တွေကို ပိုမိုထုတ်လွှတ် ပေးပါတယ်။ အဲဒီ Dopamine တွေဟာ လူ့ရဲ့ စိတ်ကိုရော ခန္တာကိုယ်ပါ ရွှင်လန်းချမ်းမြေ့စေတဲ့၊ ငြိမ်းချမ်းစေတဲ့ အကျိုးကျေးဇူးကို ရစေပါတယ်။ သာယယာငြိမ့်ညောင်းတဲ့ တေးဂီတသံတွေကို ကြာကြာနားဆင်လေလေ ခန္တာကိုယ်ငြိမ်းချမ်းမှု ပိုရလေလေလို့ လေ့လာမှုတွေက ဆိုပါတယ်။ Dopamine တွေဟာ ခန္တာကိုယ်တွင်းက ဓာတုဓာတ်ပစ္စည်းတစ်မျိုးဖြစ်ပြီးတော့ ဦးနှောက်ကို […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

လမ်းခွဲချိန်မှာ အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူပိုခံစားရသလဲ

လမ်းခွဲချိန်မှာ အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူပိုခံစားရသလဲ ဆိုတော့ ပရိသတ်ကြီးရော ဘယ်လို ထင်လဲ ...... လမ်းခွဲတယ်ဆိုတာ ဘယ်တုန်းကမှ ပျော်ရွှင်စရာကိစ္စတစ်ခုမဟုတ်ခဲ့ပါဘူး။ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် လမ်းခွဲချိန်မှာ ကြေကွဲဝမ်းနည်းမှုတွေ၊ နာကျင်ခံစားရမှုတွေကို ရင်ဆိုင်ကြရစမြဲပါပဲ။ မျက်ရည်တွေ၊ ဒေါသအမျက်တွေ၊ လွမ်းဆွတ် တမ်းတမှုတွေ၊ စိတ်ရှုပ်ထွေးစရာညတွေ၊ စိတ်လိုက်မာန်ပါ အလွန်အကျူးစားသောက်မှုတွေဟာ Relationship တစ်ခု အဆုံးသတ်သွားချိန်မှာ ကြုံရတတ်တာမျိုးတွေပါ။ ဒီလိုအချိန်မျိုးမှာ အမျိုးသားဘက်ကဖြစ်စေ အမျိုးသမီးဘက်ကဖြစ်စေ ဘယ်သူပိုခံစားရသလဲဆိုတဲ့ အတွေးမျိုးဝင်လာလေ့ရှိပါတယ်။ ပတ်ဝန်းကျင်ကလည်း ဒီလိုမေးခွန်းမျိုးကို သိပ်စိတ်ဝင်စားတတ်ကြပါတယ်။ လမ်းခွဲချိန်မှာ အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူပိုခံစားရသလဲ လမ်းခွဲချိန်မှာ အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူပိုခံစားရသလဲ ဆိုတော့ လူနှစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းတစ်ခု အဆုံးသတ်သွားချိန်မှာ ဘယ်သူပိုခံစားရလဲဆိုတဲ့ မေးခွန်းဟာ အရေးပါလို့လား။ ဒါပေမယ့်လည်း ကာယကံရှင်တွေကိုယ်တိုင်သာမက အနီးဝန်းကျင်ကလူတိုင်းက ဒီမေးခွန်းအပေါ် စိတ်ဝင်စားနေကြဆဲပါ။ လုံးဝ လမ်းခွဲပြတ်စဲလိုက်ကြတာလား? ဒါမှမဟုတ်သူငယ်ချင်းတွေအဖြစ် […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ဆေးထိုး ရမှာ သိပ်ကြောက်တဲ့ ကလေးတွေကို ဘယ်လိုချော့မလဲ

ကလေးဘဝကတော့ မွေးတည်းက ဆေးထိုးအပ်နဲ့ မကင်းပါဘူး။ အနှီးပတ်ထားရတဲ့အရွယ်တည်းက ကာကွယ်ဆေးပေါင်းစုံ ထိုးခဲ့ရတယ်မဟုတ်လား။ နို့စို့အရွယ်လေးတုန်းကတော့ ဒီတိုင်း ဆေးထိုး ပေး၊ ငိုရင် ချော့မြှူလိုက်နဲ့ အဆင်ပြေသွားပေမယ့် နည်းနည်းကြီးလာတဲ့အခါ မိဘတွေ အခက်ကြုံရပါတယ်။ လူကြီးတွေက သည်းခံနိုင်ပေမယ့် ကလေးတွေကတော့ ဆေးထိုး ရမယ်၊ နာကျင်ရမယ်ဆို ကြောက်လန့်တကြားငြင်းဆန်ကြတာပါပဲ။ အရင်တည်းကလည်း “အပ်ကြီးနဲ့ဆေးထိုးမှာနော်” ၊ “ဆရာဝန်ခေါ်ပြီး ဆေးထိုးလိုက်မှာနော်” ဆိုတဲ့စကားတွေနဲ့ ခြောက်တာ၊ စနောက်တာတွေလည်း ရှိထားရင် ပိုဆိုးနိုင်ပါတယ်။ ဒါနဲ့ပဲ ဆရာဝန် ဆို၊ ဆေးထိုးအပ် ဆို ကလေးက အရမ်းကြောက်နေပါရော။ ဒီလိုငယ်ငယ်တည်းက ဝင်လာတဲ့ကြောက်စိတ်က အရွယ်ရောက်တဲ့အထိ စွဲနေပြီး လူကြီးဖြစ်လည်း အပ်ကြောက်တဲ့သူတွေတောင် ရှိပါတယ်။ ဒီတော့ ကလေးတွေ အပ် မကြောက်အောင် ဖေဖေမေမေတို့ အားပေးချော့မြှူဖို့ အသုံးဝင်မယ့် နည်းလမ်းလေးတွေ အကြံပေးချင်ပါတယ်။ ဒီထဲကနေမှ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဓာတ်ကျခြင်းရဲ့ အချက်ပြလက္ခဏာတွေက ဘာတွေများလဲ

လူတစ်ယောက်ကျန်းမာတက်ကြွနေဖို့ အရေးကြီးတာက စိတ်ကျန်းမာဖို့ပါ။  အသိဉာဏ်ပျောက်နေမှ စိတ်ကျန်းမာရေးမကောင်းတာမဟုတ်ပါဘူး။ တစ်ခါ တလေ ကိုယ်တိုင်တောင်မသိလိုက်ဘဲ စိတ်ဖိစီးနေတာ၊ စိတ်ဓာတ်ကျနေတာတွေကလည်း စိတ်ကျန်းမာရေး အားနည်းနေတာပါပဲ။ ဒီလိုအခါမျိုးမှာလည်း ခန္ဓာကိုယ် နေမကောင်းရင် ကုစားသလိုပဲ စိတ်ကိုလည်း ကုစားဖို့လည်း လိုပါမယ်။ ကုစားဖို့ကလည်း လက္ခဏာတွေသိဦးမှဆိုတော့ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်များကျနေလား ဆန်းစစ်ကြည့်လိုက်နော်။ စိတ်ဓာတ်ကျနေပြီလား ဘယ်လိုသိနိုင်မလဲ............ နေ့စဉ်အလုပ်တွေကို ပုံမှန်လှုပ်ရှားနေနိုင်တယ်ဆိုတိုင်း စိတ်ရောကိုယ်ပါကျန်းမာနေတယ်လို့ မဆိုနိုင်ပါဘူး။ တကယ်လို့ ကိုယ့်မှာ အခုလိုလက္ခဏာတွေ တွေ့နေရပြီဆိုရင် သင် စိတ်ဓာတ်ကျနေပါပြီ။ ဘဝမှာ ပျော်စရာမရှိတော့ဘူးလို့ ခံစားနေရပြီ - စိတ်ဓာတ်ကျနေသူတစ်ယောက်အဖို့ ဘာကမှ သူ့ကိုမပျော်ရွှင်စေနိုင်တော့ပါဘူး။ အရမ်းသဘောကျရတဲ့ အရာတွေကတောင်မှ စိတ်ချမ်းသာမှုမပေးနိုင်ဘူးလို့ခံစားလာရပြီဆိုရင်တော့ စိတ်ဓာတ်ကျနေပါပြီ။ အာရုံစိုက်ဖို့ ခက်သထက်ခက်လာပြီ - အလုပ်မှာဖြစ်ဖြစ် ဘာပဲလုပ်လုပ် အာရုံစူးစိုက်လို့မရဘူး။ အာရုံစူးစိုက်မှုက ခက်သထက်ခက်လာနေပြီဆိုရင် ခဏလောက် အနားပေးလိုက်ပါ။ စိတ်ဓာတ်ကျမှု အစပျိုးတော့မယ့် အခြေအနေဖြစ်နေပါပြီ။ မျှော်လင့်ချက်မဲ့နေပြီ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း