စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

သတ်သေချင်စိတ်ကို တွန်းအားပေးတဲ့ အစားအစာ ၄ မျိုး

လူတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေဖို့ဆိုတာဟာ သာမန်လူတစ်ယောက်ရဲ့ အမြင်မှာတော့ ဖြစ်နိုင်ချေ အတော်နည်းပါးတဲ့ ကိစ္စတစ်ခုလို့ ရှုမြင်စရာပါ။ ဒါပေမယ့် ပြင်းထန်တဲ့ စိတ်ဖိစီးမှု၊ ပတ်ဝန်းကျင်ဖိအားနဲ့ စိတ်အားငယ်မှုစတာတွေကို ခံစားနေရသူတစ်ယောက်အတွက်ဆိုရင်တော့ ဒီအချက်ဟာ ဖြစ်မလာနိုင်ဘူးလို့ ဆိုဖို့ခက်ခဲတဲ့ အရာတစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်နာကျင်မှု ဝေဒနာတွေကို ပြင်းပြင်းထန်ထန် ခံစားနေရသူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေနိုင်ချေမြင့်မားလှပြီး ဒီလို ပုဂ္ဂိုလ်တွေအနေနဲ့ နေထိုင်စားသောက်ပုံတွေကို ဂရုတစိုက် စီမံဖို့ လိုအပ်ပါတယ်။ လူအများစုဟာ များသောအားဖြင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေသူတွေကို နှစ်သိမ့်မှု၊ အားပေးမှုတွေ ပြုလုပ်ပေးကြပေမယ့် အစားအသောက်နဲ့ ပတ်သက်တာတွေကိုတော့ ဂရုတစိုက်ပြင်ဆင်ပေးဖို့ မေ့လျော့နေတတ်ကြပါတယ်။ အစားအသောက်တွေကလည်း လူတွေကို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ပိုဆိုးလာအောင် တွန်းအားပေးနိုင်ပြီး သတ်သေချင်စိတ်ကို ဖြစ်စေနိုင်တယ်ဆိုတာကို လူအတော်များများက သိရှိကြခြင်းမရှိကြပါဘူး။ ဒါကြောင့် တစ်ချို့သော အစားအစာတွေဟာ သတ်သေချင်စိတ်ကို တွန်းအားပေးနိုင်ပြီး […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ရောဂါထက် ကြောက်စိတ်ကြောင့် မြန်မြန်သေဆုံးနိုင်တယ်ဆိုတာ သိရဲ့လား

လူတော်တော်များများက ရုပ်ခန္ဓာကျန်းမာရေးကို အလေးပေးပြီး စိတ်ကိုတော့ လျစ်လျူရှုထားတတ်ကြပါတယ်။ တကယ်တမ်း လူတစ်ယောက် ကျန်းမာပျော်ရွှင်နေဖို့ စိတ်ရော ခန္ဓာ ၂မျိုးလုံး ကျန်းမာနေမှ ဖြစ်မှာပါ။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဆိုတဲ့ စကားပုံအတိုင်းပဲ၊ ရုပ်ခန္ဓာကျန်းမာခြင်းနဲ့ စိတ်ပျော်ရွှင်ခြင်းဟာ တစ်ဦးပေါ် တစ်ဦး မှီခိုနေပြီး တစ်ခုခုမှာ လွဲချော်သွားပြီဆိုတာနဲ့ အရာရာဟာ ပြိုလဲသွားဖို့သာ ရှိပါတော့တယ်။ ကြောက်စိတ်ဟာ အဲ့လောက် ကြောက်ဖို့ ကောင်းလား။ ကြောက်စိတ်ဖြစ်ပေါ်ရခြင်း အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်။ တချို့ကျတော့လည်း မွေးကတည်းက ပါလာတယ်၊ တချို့ကျတော့ စိတ်ထိခိုက်မှုတစ်စုံတစ်ရာကြောင့် ဥပမာ- အသက်အန္တရာယ်ဘေး ကြုံခဲ့ရတာ၊ စိတ်ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်မျိုး ရင်ဆိုင်ခဲ့ရတာ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရတာ၊ ကလေးဘဝက စိတ်ဒဏ်ရာတွေ စတာတွေကြောင့် ကြောက်စိတ်ဖြစ်ပေါ်လာနိုင်ပါတယ်။ ပုံမှန်အားဖြင့် လူတိုင်းမှာ ကြောက်စိတ်အနည်းဆုံး တစ်ခုရှိနေတတ်ပါတယ်။ ဒါက စိတ်ပူစရာမဟုတ်ပါဘူး။ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

သင် စိတ်ဖိစီးတဲ့ စိတ်ဝေဒနာ ခံစားနေရပြီလား

စိတ်အားငယ်တယ်၊ စိတ်ဓာတ်ကျတယ်၊ စိတ်ဖိစီးမှုများတယ်ဆိုတာဟာ စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ စိတ်ဖိစီးမှုဟာ ဖြစ်နိုင်ချေအမြင့်ဆုံး စိတ်ဝေဒနာတွေထဲမှာ ပါဝင်နေပြီတော့ တစ်ချို့ဝေဒနာရှင်တွေဟာ သူတို့မှာ ဒီဝေဒနာရှိနေတယ်ဆိုတာကို သတိထားမိကြခြင်းမရှိကြပါဘူး။ အသက်အရွယ်၊ လိင်၊ မိသားစုအခြေအနေ၊ လုပ်ငန်းခွင်နဲ့ ငွေကြေးအခြေအနေတွေကြောင့် လူအတော်များများမှာ စိတ်ဖိစီးမှုဝေဒနာခံစားရလေ့ရှိပါတယ်။ စိတ်ဖိစီးမှုများပြီး စိတ်အားငယ်တာဟာ ပုံစံအမျိုးမျိုးရှိတတ်ပါတယ်။ အဖြစ်များ စိတ်ဖိစီးမှုဝေဒနာ (Major Depression) ၊ နာတာရှည် စိတ်ဖိစီးမှု (Dysthymia) ၊ ချွင်းချက်ဖြင့်ဖြစ်ပေါ်သော စိတ်ဖိစီးမှု (Atypical Depression) ၊ Postpartum Depression ၊ အာရုံထွေပြား စိတ်ဖိစီးမှု (Bipolar Depression) ၊ ပြင်းထန်စိတ်ဖိစီးမှု (Psychotic Depression) ၊ ရာသီအလိုက်ဖြစ်တဲ့ စိတ်ဖိစီးမှု (Seasonal Depression/SAD) ၊ ဆေးယဉ်ပါး စိတ်ဖိစီးမှု (Treatment-Resistant […]


စွဲလမ်းမှုပြဿနာများ

ကတ်တမင်း တလွဲ သုံးစွဲခြင်း ရဲ့ ကြောက်စရာ ဆိုးကျိုးပေါင်းများစွာ

ကတ်တမင်း (ketamine) ဆိုတာကို သိတဲ့လူတွေ သိကြမှာပါ။ ကတ်တမင်းဆိုတာ ဆေးကုသမှုတချို့မှာသုံးတဲ့ မေ့ဆေးတစ်မျိုးဖြစ်သလို တိရစ္ဆာန်ဆေးကုတဲ့နေရာမှလည်း သုံးကြပါတယ်။ ဒါပေမယ့် ကတ်တမင်း ကို စိတ်အာရုံထင်ယောင်ထင်မှားနဲ့ မျောလွင့်လို့ကောင်းစေမယ့် ဆေးအဖြစ် တလွဲသုံးကြတဲ့အခါ မူးယစ်ဆေးအဖြစ် ရောက်သွားပါတော့တယ်။ စိတ်ကူးထဲမျောလွင့်မှုကို ခံစားသာယာဖို့ ကတ်တမင်းကို အမှုန့်ပုံစံအဖြစ် ရှူကြသလို အရည်ပုံစံနဲ့ ထိုးသွင်းကြပါတယ်။ ကတ်တမင်း တလွဲ သုံးစွဲခြင်း ကတ်တမင်းကို မူးယစ်စေမယ့် ဆေးအဖြစ်သုံးတာက လေထဲမျောလွင့်နေတဲ့ ခံစားချက်ကနေစလို့ ရုပ်နဲ့ နာမ်ခွာသွားတဲ့အဆင့်ထိ ထင်ယောင်ထင်မှားတွေဖြစ်လာစေပါတယ်။ ဒီအာနိသင်ကြောင့်ပဲ ကတ်တမင်းဟာ Ecstasy (MDMA)၊ Rohypnol နဲ့ GHB တို့လို ကလပ်တွေမှာအသုံးများတဲ့ ဆေးဝါးတစ်မျိုးဖြစ်လာပါတယ်။ Ecstasy နဲ့ မတူတာက Eက သုံးပြီးရင် Highနေတတ်ပြီး Kကတော့ သူ့ဟာသူ လွင့်နေတာပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်အကြိုက်နဲ့ကိုယ် […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

အစိုးရိမ်လွန်တာ ရောဂါတစ်ခုလား

ရေးသားသူ – မောင်မျိုးအောင် (ဆေး – ၁)   အကယ်၍သင်ဟာ ကိုယ်လုပ်ဆောင်ရမယ့်အလုပ်တွေကို ဆောင်ရွက်ရမယ့်အစား စိုးရိမ်စရာတွေပဲ တွေးနေမိတယ်ဆိုရင်တော့ အတွေးလွန်နေပါပြီ။ အတွေးစတစ်ခုထဲကိုပဲ ထပ်ကာထပ်ကာ စဉ်းစားလိုက်၊ သုံးသပ်လိုက်လုပ်နေတယ်ဆိုရင်တော့ အစိုးရိမ်လွန်တဲ့အဆင့်ကို ရောက်နေပါပြီ။ ဒီလိုအစိုးရိမ်လွန်တာမျိုးက ကိုယ့်ရဲ့အချိန်တွေ၊ ခွန်အားတွေကိုအလဟသပြုန်းတီးစေသလို ဘဝအတွက်အရေးပါတဲ့အလုပ်တွေမလုပ်နိုင်အောင်လည်း ဟန့်တားသလိုဖြစ်စေနိုင်တဲ့အတွက် အချိန်မှီပြင်ဆင်သင့်ပါတယ်။ အစိုးရိမ်လွန်တဲ့ဝေဒနာ ခံစားနေရတဲ့အခါ ဘာတွေဖြစ်လာမလဲ ကိစ္စတစ်ခုအကြောင်း ဒါမှမဟုတ် တစ်ဦးတစ်ယောက်အကြောင်းကို မတွေးရမနေနိုင်ဖြစ်လာမယ်။ ပြဿနာကိုအဖြေရှာရမယ့်အစား အတွေးထဲမှာပိတ်မိရင်း တစ်ဝဲဝဲတစ်လည်လည်ဖြစ်နေမယ်။ မကောင်းတဲ့အရာတစ်ခုခုဖြစ်လာပြီဆိုတာနဲ့ အဆိုးဆုံးကိုပဲတွေးကြောက်နေမယ်။ အရင်တုန်းကလုပ်ခဲ့တဲ့ အမှားတွေကို လက်ရှိကြုံတွေ့နေရတဲ့ ကိစ္စတွေထက်ပိုပြီး အာရုံရောက်နေမယ်။ အဆိုးမြင်တာတွေပဲများလာပြီးတော့ ဆုံးဖြတ်ချက်အမှားတွေပဲ ပြုလုပ်လာဖို့များပါတယ်။ ကိုယ့်ရဲ့နေ့စဉ်ပုံမှန်လုပ်ငန်း ဆောင်တာတွေအပေါ်မှာ ကိစ္စသေးသေးလေးတွေကအစ အသေးစိတ်ပြန်စဉ်းစားပြီး လူအများနဲ့ဆက်ဆံတဲ့အပြုအမှုတွေကို ထပ်တလဲလဲပြန်စဉ်းစားနေတဲ့အတွက် အချိန်ကုန်၊ အလုပ်မပြီးတာတွေဖြစ်လာတတ်ပါတယ်။ စိုးရိမ်ပူပန်တာတွေနဲ့ပဲ အချိန်ကုန်နေတဲ့အတွက် ကိုယ်တကယ်လုပ်ရမယ့် အရာတွေမပြီးမြောက်တော့တာတွေဖြစ်လာပါတယ်။ ဒါ့အပြင် စိုးရိမ်လွန်သူတွေဟာ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ရိုမန့်တစ် ဆန်တဲ့ မင်္ဂလာပွဲတွေကို အားမကျခင် အရင်စဉ်းစားရမယ့် (၈) ချက်

ရိုမန့်တစ် ဆန်တဲ့ မင်္ဂလာပွဲတွေကို အားမကျခင် အရင်စဉ်းစားရမယ့် အချက်လေတွေ ရှိပါတယ်။ သူများရဲ့ Wedding ပွဲလေးတွေ ကြည့်ပြီးအားကျနေပြီလား။ ငါ့ပွဲကျရင် ဘယ်လို ခမ်းနားရမယ်၊ ရိုရမယ်၊ လှရမယ်နဲ့ စိတ်ကူးလေးတွေယဉ်ဖူးလား။ အမြဲတမ်းသာယာပြီး ရိုမန့်တစ် ဆန်တာက ဒရမ်မာကားတွေထဲမှာပဲ ရှိပါတယ်နော်။ RS ဘဝကို အဆုံးသတ်ပြီး အိမ်ထောင်သည်ဘဝကို စတင်ဖို့ လက်တွေ့ကျကျစဉ်းစားကြည့်ရအောင်။ မင်္ဂလာပွဲ လှတာ၊ ခမ်းနားတာ၊ ရိုမန့်တစ် တာထက် အရေးကြီးတဲ့ အချက်တွေအများကြီးရှိနေတာ မေ့မထားသင့်ပါဘူး။ ရိုမန့်တစ် ဆန်တဲ့ မင်္ဂလာပွဲတွေကို အားမကျခင် အရင်စဉ်းစားရမယ့် (၈) ချက် အရေးကြီးဆုံးက လက်တွဲကြမယ့်သူနှစ်ယောက်က အဓိကပါပဲ။ အကြီးအကျယ်လက်ထပ်ပွဲ ကျင်းပပြီး ဟိုးလေးတကျော်လမ်းခွဲကြတာလည်း မြင်တွေ့ဖူးကြမယ်ထင်ပါတယ်။ နှစ်ယောက်ကြားက ကြိုးကို ခိုင်မာမှုရှိအောင် တည်ဆောက်ပြီးမှသာ ချည်နှောင်ကြဖို့ သတိပေးလိုက်ချင်ပါတယ်။ ဒီအချက်တွေကို အရင်စဉ်းစားကြည့်ပါ။ ရိုမန့်တစ် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ပျော်ရွှင်ချင်သူတိုင်း မွေးမြူသင့်တဲ့ အလေ့အထ

နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းနိုင်မယ့် အခွင့်အရေးက ဘယ်သူအပေါ်မှာတာဝန်ရှိမယ်ထင်လဲ..... အဖြေကတော့ ရှင်းပါတယ်။ ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်ကိုယ်တိုင်ပဲ တာဝန်ရှိတာပါ။ ဘယ်သူ့မှာမှ တာဝန်မရှိပါဘူး။ အခုဒီစာကို ဖတ်နေတဲ့ Hello ဆရာဝန် ပရိသတ်ကြီးရော နေ့ရက်တိုင်းမှာ ပျော်ရွှင်ချင်လား.. ဒါဆိုရင် ပျော်ရွှင်ချင်သူတိုင်း မွေးမြူသင့်တဲ့ ဒီအလေ့အထလေးတွေကို နေ့စဉ် အလေ့အထဖြစ်အောင် မွေးမြူလိုက်ပါ၊ လို့ပြောပါရစေ။ ပျော်ရွှင်ချင်သူတိုင်း မွေးမြူသင့်တဲ့ အလေ့အထ ပျော်ရွှင်မှုကို အဓိပ္ပါယ်ဖွင့်ဆိုမှုက လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ ဒါပေမယ့်အကောင်းဆုံးကတော့ ပျော်ရွှင်မှုက ကိုယ်တိုင်ရဲ့ လုပ်ဆောင်မှုမှာ မူတည်နေစေဖို့ပါ။ နေ့ရက်တိုင်းကို ပျော်ရွှင်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဒီအချက်လေးတွေကို တူတူကြည့်လိုက်ရအောင်လား..... ပြုံးပါ ပျော်တဲ့အခါတိုင်းမှာ ပြုံးမိတယ်ဟုတ်။ တကယ်တော့ ပြုံးတာက စိတ်ကိုတင်ပျော်ရွှင်စေတာမဟုတ်ပါဘူး။ ပြုံးလိုက်တိုင်းမှာ ဦးနှောက်က ဒိုဗာမင်ဟော်မုန်းကို ထုတ်လွှတ်ပေးပြီး သင့်ကို ပိုစိတ်ပျော်ရွှင်စေမှာပါ။ ဒီလိုဆိုတာနဲ့ မပြုံးချင်ဘဲ ပြုံးပါလို့ မဆိုလိုပါဘူး။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ငိုချင်နေရင် ငိုချလိုက်ပါ.......

ဝမ်းနည်းစရာကြုံရင်ဖြစ်ဖြစ်၊ စိတ်ထိခိုက်စရာရှိရင်ဖြစ်ဖြစ် ငိုချင်မိတယ်ဟုတ်။ ဒီလိုအခြေအနေမျိုးမှာ အကောင်းဆုံးအကြံပြုချင်တာက ငိုချင်နေရင် အောင့်မထားပါနဲ့။ ငိုသာငိုချလိုက်ပါ။ ဒီလိုပြောရတာက ငိုလိုက်တာကြောင့် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိလာနိုင်လို့ပါ။ ငိုချင်နေရင် ငိုသာငိုချလိုက်ပါလို့ ပြောရတဲ့ အကြောင်းအရင်း ငိုချင်နေတဲ့အခါမျိုးမှာ အောင့်အည်းသည်းခံထားရတာက အဆင်မပြေလှပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ငိုသာငိုချလိုက်ပါ။ ဒီလိုငိုချလိုက်တာကြောင့် စိတ်ဖိစီးမှု သက်သာစေပါလိမ့်မယ် စိတ်တွေဖိစီးလာတဲ့အခါ အကောင်းဆုံးသောနည်းလမ်းက ကြိတ်ခံစားနေတာမဟုတ်ပါဘူး။ ငိုချလိုက်တာပါ။ ဒါကအကောင်းဆုံး စိတ်ဖိစီးမှု ဖြေဖျောက်တဲ့နည်းလမ်းပါ။ အကြောင်းကတော့ ငိုချလိုက်တဲ့အခါ မျက်ရည်တွေနဲ့အတူ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေ ပါသွားတာကြောင့်ပါ။ ဒါကြောင့် စိတ်ဖိစီးနေပြီဆိုရင် ငိုသာငိုချလိုက်ပါ၊ လို့ပြောပါရစေ။ စိတ်ထိခိုက်မှုကို ပြေလျော့စေနိုင်တယ် စိတ်ခံစားမှုတွေ နဲ့ ဟော်မုန်းတွေက အပြန်အလှန် ဆက်စပ်နေကြပါတယ်။ စိတ်ခံစားမှုတွေ၊ စိတ်ထိခိုက်ခံစားမှုတွေကြောင့်ဖြစ်လာတဲ့ ဟော်မုန်းတွေကို အကောင်းဆုံးပြေလျော့စေနိုင်တဲ့ နည်းလမ်းက ငိုလိုက်တာပဲဖြစ်တယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။ ဒါကြောင့် စိတ်ထိခိုက်နေတဲ့အခါမျိုးမှာ ငိုလိုက်ပါ။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို ပြေလျော့စေတယ် ထိခိုက်မိတာကြောင့် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ခွင့်လွှတ်စိတ်လေးမွေးကြည့်ပါ

တစ်ခါတစ်လေမှာ မိမိကိုယ်ကို ပြန်မေးကြည့်ပါ။ ကိုယ့်အနေနဲ့ လူတစ်ဖက်သားအပေါ်၊ ပြဿနာတစ်စုံတစ်ရာအပေါ် ခွင့်လွှတ်နိုင်စွမ်း ဘယ်လောက်ကြီးနိုင်မလဲဆိုတာကိုပေါ့။ လူအများစုဟာ ကိုယ်အမှားလုပ်မိချိန်မှာ တစ်ဖက်သားက ခွင့်လွှတ်ပေးခြင်းခံရချိန်တွေမှာ လွယ်ကူစွာလက်ခံတတ်ကြပေမယ့် ကိုယ်တိုင် ခွင့်လွှတ်နားလည်ပေးရမယ့်အခြေအနေမျိုး ကြုံလာရင်တော့ သည်းခံနိုင်ဖို့ ခက်ခဲတတ်ကြပါတယ်။ ဒါကြောင့်လည်း သည်းခံခွင့်လွှတ်နားလည်နိုင်ခြင်းဟာ ရှားပါးပြီး တတ်ဖိုးရှိတဲ့ စိတ်ဓာတ်ခံယူချက်တစ်မျိုးလို့ ရှုမြင်ခြင်းခံရတာဖြစ်ပါတယ်။ ပြဿနာတစ်ခုအပေါ်မှာ ခွင့်လွှတ်တတ်သူတွေနဲ့ ခွင့်မလွှတ်နိုင်သူတွေအကြား ရှုမြင်ပုံမတူညီကြပါဘူး။ ခွင့်လွှတ်တတ်သူတွေဟာ ပြဿနာတွေကို သည်းခံပြီးဖြတ်ကျော်နိုင်ဖို့ ကြိုးစားတာဖြစ်ပြီးတော့ ခွင့်မလွှတ်တတ်သူတွေကတော့ အပြစ်ဖို့ စိတ်နာကျင်ခံစားပြီး ရှောင်လွှဲချင်တတ်ကြပါတယ်။ ဒါကြောင့် ဖြတ်ကျော်နိုင်ကြတာချင်းတူညီရင်တောင်မှ ခွင့်လွှတ်တတ်သူဟာ စိတ်ပင်ပန်းမှုနည်းပါးပြီး ခွင့်မလွှတ်နိုင်သူကတော့ စိတ်ဖိစီးမှုဒဏ်ကို ခံရလေ့ရှိပါတယ်။ နောက်ပြီး ခွင့်လွှတ်တတ်သူတွေဟာ တစ်ကိုယ်ကောင်းမဆန်သူတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့သာမက သူ့ပတ်ဝန်းကျင်ကသူတွေကိုပါ အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။ ခွင့်လွှတ်ပေးနိုင်သူတွေကြောင့် ကမ္ဘာကြီးအတွက် ပိုအကျိုးရှိနိုင်သလို ပိုလည်းဘေးရန်ကင်းနိုင်တယ်မဟုတ်လား။ တကယ်တော့ ခွင့်လွှတ်တယ်ဆိုတာဟာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်လှပါဘူး။ လူသားဆန်မှု၊ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အားနာတတ်တာလား? Social Phobia ဖြစ်နေတာလား?

သင်ဟာ တစ်ဖက်သားကို တစ်စုံတစ်ခု ပြောဆိုရမှာ၊ ပတ်သက်ဆက်နွယ်ရမှာ ထိတွေ့ဆက်ဆံရမှာကို မကြာခန ရှက်ရွံ့စိုးရိမ်မိနေပြီလား။ လူအများအကြားမှာ ပြောရဆိုရ၊ လုပ်ရကိုင်ရမယ့်ကိစ္စတွေကို ဆောင်ရွက်ဖို့ စိုးရွံ့လို့နေပြီလား။ သင်ဘာဖြစ်နေတာလဲ။ အားနာနေတာလား။ ဒါမှမဟုတ် စိတ်ဖိစီးမှုများပြီး Social Phobia များ ဖြစ်နေပြီလား။ ဆန်းစစ်ကြည့်ရအောင်နော်။ Social Phobia ဆိုတာ ဘာလဲ Social Phobia ကို Social Anxiety Disorder လို့လည်း ခေါ်ဝေါ်သုံးစွဲကြပါတယ်။ စိတ်ပညာဘာသာရပ်မှာတော့ လူမှုအသိုင်းအဝိုင်းအပေါ် စိတ်လွန်ကဲမှု ဝေဒနာရှင်လို့ ခေါ်ဆိုထားပါတယ်။ ဒီရောဂါဟာ စိတ်ဖိစီးမှုနဲ့ ညှဉ်းပမ်းနှိပ်စက်မှုပြီးရင် ကမ္ဘာပေါ်မှာ တတိယမြောက်အဖြစ်အများဆုံး စိတ်ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ Social Phobia ဟာ တစ်စုံတစ်ယောက် ဒါမှမဟုတ် လူအများအပြားနဲ့ ဆက်ဆံပြောဆိုရမှာကို အကြီးအကျယ် ကြောက်ရွံ့တာ ဒါမှမဟုတ် စိတ်သောကရောက်တာမျိုး ခံစားရတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ ဒီလို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း