ငိုတိုင်း ထိခိုက်မှုတွေရှိလာတာမဟုတ်ပါဘူး။ တစ်ခါတလေမှာ အားရပါးရငိုလိုက်တာက ကိုယ်တွင်းက
အဆိပ်အတောက်တွေ၊ မျက်လုံးထဲက ဖုန်မှုန့်တွေကို မျက်ရည်နဲ့အတူ ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးလိုက်တာပါ။
ငိုတိုင်း ဝမ်းနည်းစရာတွေဖြစ်စေတာမဟုတ်ပါဘူး။ တစ်ခါတလေမှာ ဝမ်းနည်းလွန်းလို့ သည်းသည်းသန်သန်ငိုကြွေးတာက ငိုကြွေးနေတုန်းမှာ ပင်ပန်းပေမယ့် နောက်ပိုင်းမှာတော့ စိတ်ထဲကခံစားရမှုကို သက်သာသွားစေပြီး စပျော်ရွှင်ဖို့ အသင့်အနေအထား ပြန်ရောက်စေနိုင်ပါတယ်။
မျက်ရည်တွေထွက်သွားတိုင်းမှာ မျက်လုံးတွေကို သန့်စင်ပြီးသားဖြစ်သွားစေပါတယ်။ ငိုတာက မျက်လုံးကို အစိုဓာတ်ရစေနိုင်သလို မျက်လုံးထဲက ဘက်တီးရီးယားတွေကို ဖယ်ထုတ်ပေးနိုင်ပြီး
အမြင်အာရုံ ဆုံးရှုံးတာ နဲ့ အမြင်အာရုံဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
အနာကျက် စေနိုင်တယ်
စိတ်ပိုင်းဆိုင်ရာ ခံစားထားရသမျှ ဒဏ်ရာတွေကို ကျက်စေချင်ရင် ငိုသာငိုချလိုက်ပါ။ ဒီလို ငိုချလိုက်တာက စိတ်ထွက်ပေါက်ရသလို စိတ်ထဲမှာ ခံစားနေရတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့်
စိတ်ဒဏ်ရာတွေကို မြန်မြန်ကျက်စေချင်တယ်ဆိုရင် အကောင်းဆုံးနည်းလမ်းက ငိုလိုက်တာပါ။
ငိုလိုက်တာက ကိုယ်တွင်းက စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကို ထိန်းညှိပေးရာရောက်သလို စိတ်ခံစားမှုကို ပုံမှန်အခြေအနေပြန်ရောက်အောင် အမြန်ဆုံးပို့ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် စိတ်ခံစားမှုတွေကို ပြန်လည်ကောင်းမွန်လာစေဖို့ဆိုရင် ငိုသာငိုချလိုက်ပါ။
ငိုလိုက်တဲ့အခါ မျက်ရည်တွေတင်ထွက်လာတာမဟုတ်ပါဘူး။ နှာရည်တွေပါ ထွက်လာတာပါ။ ဒီလိုထွက်ရှိလာမှုက အသက်ရှုလမ်းကြောင်းတလျှောက်မှာရှိနေတဲ့
ဘက်တီးရီးယားတွေနဲ့ ဖုန်မှုန့်တွေကို သန့်စင်ပေးနိုင်မှာပါ။
စိတ်ဓာတ်မကျအောင် ကာကွယ်ပေးနိုင်တယ်
တစ်ခါတလေမှာ ငိုချင်တာကို မငိုဘဲ အောင့်ထားလိုက်တာကြောင့်သာ
စိတ်ဓာတ်ကျရတာပါ။ ငိုချင်တဲ့အခါ အောင့်ထားတာမျိုးမလုပ်ဘဲ ငိုချလိုက်တာက စိတ်ဓာတ်ကျတာမျိုးမဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ငိုချင်နေရင် ငိုချလိုက်ပါ၊ လို့ပြောရတာပါ။
ငိုတာက ကိုယ်တွင်းက ကော်တီစော ဟော်မုန်းတွေကို ကျဆင်းစေနိုင်ပြီး စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တာကြောင့်ပါ။ ဒါကြောင့်
အအေးမိတာ၊
တုပ်ကွေးဖြစ်တာလိုမျိုး ပြဿနာတွေကို ကင်းချင်တယ်၊ ရောဂါကင်းပြီး ကျန်းမာချင်တယ်ဆိုရင် ငိုရမယ့် အနေအထားမျိုးကြုံတဲ့အခါ အောင့်မထားပါနဲ့ ငိုသာငိုချလိုက်ပါ။
လေ့လာမှုအရ
ဘေဘီလေးတွေငိုနေတဲ့အခါ တော်ရုံလောက်ဆိုရင် ဒီအတိုင်းထားလိုက်တာက ရက်စက်ရာမရောက်ပါဘူး။ ဘေဘီလေးကို အကောင်းဆုံး အိပ်ပျော်စေဖို့ အထောက်အပံ့ပေးနိုင်တယ်၊ လို့သိရပါတယ်။ ဒီသက်ရောက်မှုက လူကြီးတွေမှာလည်း အတူတူပါပဲ။ ငိုလိုက်တဲ့အခါ စိတ်ဖိစီးမှုပြေလျော့သွားစေပြီး ကောင်းကောင်းအိပ်ပျော်စေနိုင်မှာပါ။
လေ့လာမှုတွေအရ ငိုလိုက်တဲ့အခါ စိတ်ဖိစီးမှုပြေလျော့သွားစေပါတယ်။
နှလုံးခုန်နှုန်းကိုလည်း မှန်စေနိုင်ပါတယ်။ ငိုလိုက်တဲ့အခါ စိတ်ဖိစီးမှုပြေလျော့သွားစေပြီး သွေးတိုးတာကိုလည်း ကျဆင်းသွားစေပါတယ်။
ကဲ…စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ငိုချင်နေတဲ့အခါ အောင့်မထားဘဲ ငိုသာငိုချလိုက်ပါ လို့ပြောပါရစေ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။