backup og meta

သတ်သေချင်စိတ်ကို တွန်းအားပေးတဲ့ အစားအစာ ၄ မျိုး


Ye Zon Aung မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သတ်သေချင်စိတ်ကို တွန်းအားပေးတဲ့ အစားအစာ ၄ မျိုး

    လူတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေဖို့ဆိုတာဟာ သာမန်လူတစ်ယောက်ရဲ့ အမြင်မှာတော့ ဖြစ်နိုင်ချေ အတော်နည်းပါးတဲ့ ကိစ္စတစ်ခုလို့ ရှုမြင်စရာပါ။ ဒါပေမယ့် ပြင်းထန်တဲ့ စိတ်ဖိစီးမှု၊ ပတ်ဝန်းကျင်ဖိအားနဲ့ စိတ်အားငယ်မှုစတာတွေကို ခံစားနေရသူတစ်ယောက်အတွက်ဆိုရင်တော့ ဒီအချက်ဟာ ဖြစ်မလာနိုင်ဘူးလို့ ဆိုဖို့ခက်ခဲတဲ့ အရာတစ်ခုဖြစ်ပါတယ်။

    စိတ်ဖိစီးမှုနဲ့ စိတ်နာကျင်မှု ဝေဒနာတွေကို ပြင်းပြင်းထန်ထန် ခံစားနေရသူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေနိုင်ချေမြင့်မားလှပြီး ဒီလို ပုဂ္ဂိုလ်တွေအနေနဲ့ နေထိုင်စားသောက်ပုံတွေကို ဂရုတစိုက် စီမံဖို့ လိုအပ်ပါတယ်။

    လူအများစုဟာ များသောအားဖြင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေသူတွေကို နှစ်သိမ့်မှု၊ အားပေးမှုတွေ ပြုလုပ်ပေးကြပေမယ့် အစားအသောက်နဲ့ ပတ်သက်တာတွေကိုတော့ ဂရုတစိုက်ပြင်ဆင်ပေးဖို့ မေ့လျော့နေတတ်ကြပါတယ်။ အစားအသောက်တွေကလည်း လူတွေကို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ပိုဆိုးလာအောင် တွန်းအားပေးနိုင်ပြီး သတ်သေချင်စိတ်ကို ဖြစ်စေနိုင်တယ်ဆိုတာကို လူအတော်များများက သိရှိကြခြင်းမရှိကြပါဘူး။

    ဒါကြောင့် တစ်ချို့သော အစားအစာတွေဟာ သတ်သေချင်စိတ်ကို တွန်းအားပေးနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တယ်ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ ဒါဟာ မိမိပတ်ဝန်းကျင်က တစ်စုံတစ်ယောက် ဒါမှမဟုတ် မိမိကိုယ်တိုင်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာခဲ့ရင် ဂရုပြုရှောင်ရှားနိုင်စေဖို့ အထောက်အကူပြုပါလိမ့်မယ်။

    သတ်သေချင်စိတ်ကို တွန်းအားပေးတဲ့ အစားအစာတွေ

    လေ့လာချက်တွေအရ တစ်ချို့သော အစားအစာတွေဟာ စိတ်ဖိစီးမှုများစေပြီး ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ကို တွန်းအားပေးပါတယ်။ အစားအစာပဲဆိုပြီး လက်လွတ်စပါယ်စားလို့မဖြစ်ပါဘူး။ ကိုယ့်မှာ စိတ်ဖိစီးမှု တစ်စုံတစ်ရာရှိနေချိန်မှာ တစ်ချို့သော အစားအသောက် အမျိုးအစားတွေကို သတိထားပြီး စားသောက်ဖို့ လိုအပ်ပါတယ်။

    • ကော်ဖီနဲ့ ကဖိန်းဓာတ် – ကော်ဖီဟာ စိတ်ကြည်စေတယ်ဆိုတဲ့ အယူအဆရှိပေမယ့် ကော်ဖီခဏခဏသောက်သုံးတာဟာ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဘေးထွက်ဆိုးကျိုးရှိပါတယ်။ ကော်ဖီသာမကပါဘူး လက်ဖက်ရည်၊ ဆိုဒါနဲ့ ချောကလက်ဖျော်ရည်တွေကလည်း စိတ်ဖိစီးမှုကို တွန်းအားပေးသလို စိတ်ကသိကအောက်ဖြစ်စေတဲ့ စိတ်ဆိုးဒေါသထွက်လွယ်စေတဲ့ အာနိသင်မျိုးတွေ ပါရှိပါတယ်။ နောက်ပြီး ကဖိန်းဓာတ်ဟာ အိပ်မပျော်အောင်လည်း လုပ်ပါတယ်။
    • သကြား/သကြားလုံး – သကြားဓာတ်ဟာ သွေးတိုးစေတာ၊ အဝလွန်စေတာအပြင် စိတ်ဖိစီးမှုများတာနဲ့ ပင်ပန်းနွမ်းနယ်တယ်လို့ ခံစားရအောင်လည်း တွန်းအားပေးပါတယ်။ စိတ်ဖိစီးမှုဟာ သတ်သေမှုတွေရဲ့ အခြေခံအချက်ဖြစ်တာမို့ ဒီအချက်ကို ရှောင်လွှဲနိုင်ရင် ကိုယ့်ကိုယ်ကို သတ်သေနိုင်ချေကို သိသိသာသာ လျှော့ချနိုင်မှာဖြစ်ပါတယ်။
    • အယ်လ်ကိုဟော – အယ်လ်ကိုဟောပါဝင်တဲ့ အရက်၊ ဘီယာတွေဟာ စွဲလမ်းသွားချိန်မှာသာမက မစွဲလမ်းပေမယ့် အလွန်အကျွံ သောက်သုံးမိရင်တောင်မှ စိတ်ကို ဖောက်ပြန်ပြောင်းလဲစေနိုင်ပါတယ်။ နောက်တစ်ချက်က အယ်လ်ကိုဟောဟာ ဆီးရွှင်စေတဲ့ သဘာဝရှိပြီး ရေဓာတ်ဆုံးရှုံးမှုဖြစ်ပေါ်စေတဲ့ ပြဿနာရှိပါတယ်။ တစ်နေ့ကို ဝိုင်တစ်ခွက် သောက်သုံးတာမျိုးက ပြဿနာမရှိပေမယ့် တစ်နေ့ တစ်ပုလင်းလောက် သောက်သုံးနေမိမယ်ဆိုရင်တော့ စိတ်ဖိစီးမှုများနေတာနဲ့ တိုက်ဆိုင်လာမယ်ဆိုရင် သတ်သေနိုင်ချေမြင့်မားသွားမှာဖြစ်ပါတယ်။
    • အသား – အသားတွေဟာ ပရိုတိန်းဓာတ် ကြွယ်ဝစွာပါဝင်ပြီး လူ့ခန္တာကိုယ်အတွက် အရေးကြီးလှတဲ့ အစာတစ်မျိုးဖြစ်ပေမယ့် အလွန်အကျွံစားသောက်တာဟာ ကျန်းမာရေးအတွက် သင့်လျော်မှုမရှိပါဘူး။ အထူးသဖြင့် ကြော်လှော်ထားတဲ့ အသားတွေနဲ့ အဆီပမာဏများပြားတဲ့ အသားတွေကို အလွန်အကျွံစားသောက်မိနေမယ်ဆိုရင် ပူပန်စိတ်ကို တိုးပွားစေမှာဖြစ်ပြီး တခြားစိတ်ရောဂါပြဿနာတွေလည်း ကြုံလာရနိုင်ပါတယ်။

    အထက်မှာ ဖော်ပြထားတဲ့ အစားအစာတွေဟာ တိုက်ရိုက်အားဖြင့် စိတ်ဖိစီးမှု၊ စိတ်သောက၊ စိတ်ဒါဏ်ရာတွေ ဖြစ်စေမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီဝေဒနာတွေ ခံစားနေရချိန်မှာ ပိုမိုဆိုးရွားလာအောင်တော့ သိသိသာသာတွန်းအားပေးနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရချိန်တွေမှာ ဒီအစားအစာတွေကို မဆင်မချင်စားသောက်မိရင် ကိုယ့်ကိုယ်ကို သတ်သေနိုင်ချေ မြင့်တက်လာနိုင်တာမို့ သတိထားရှောင်ကျဉ်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement