အခုနာက်ပိုင်းတိုးတက်လာမှုတဲ့ လူနေမှုပုံစံကြောင့် အိပ်စက်ချိန်တွေကနည်းလာတယ်။ ဒီလိုအိပ်ရေးမဝမှုတွေကပဲ ကျန်းမာရေးရော စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အိပ်ရေးဝမှုက ကျန်းမာရေးကိုကောင်းစေသလို ဦးနှောက်စွမ်းဆောင်ရည်ကိုကောင်းစေနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ တစ်ညတာမှာ အိပ်ချိန် ၇ နာရီ ကနေ ၈ နာရီအထိ ရှိဖို့လိုပါမယ်။
တကယ်လို့ နေ့ခင်းဘက်တွေမှာ ဘယ်လိုမှ မနေနိုင်အောင် အိပ်ချင်နေပြီ။ အလုပ်လုပ်ရင်း အိပ်ငိုက်လာပြီဆိုရင်တော့ အိပ်စက်ချိန် လုံလောက်မှုမရှိဖြစ်နေတာပါ။ ဒါဆိုရင်တော့ အိပ်ချိန်ကို သေချာလေးဂရုစိုက်ဖို့လိုပါပြီ။
အစားအသောက် ဂရုစိုက်ပါ
အစားအသောက်ရွေးချယ်မှုက ခန္ဓာကိုယ်ကျန်းမာရေးအတွက်တင်မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာပါ သက်ရောက်နေပါတယ်။ ဒါကြောင့် နေစဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ
ကာဗိုဟိုက်ဒရိတ် – ကာဗိုဟိုက်ဒရိတ်က စိတ်ခံစားမှုကို ကောင်းစေတဲ့ serotonin ဟော်မုန်းကို ထွက်ရှိစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်အောင် စားသုံးပေးပါ။ ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုး နဲ့ ကောက်နှံတွေကို စားသုံးပေးပါ။
ပရိုတင်း – အဆီမပါတဲ့ အသား၊ ကြက်သား၊ ပဲအမျိုးမျိုး နဲ့ နို့ထွက်ပစ္စည်း တွေက ပရိုတင်းကြွယ်ဝတဲ့ အစားအစာအရင်းအမြစ်တွေပါ။ ဒီအစားအစာတွေက ခန္ဓာကိုယ်မှာ အင်အားပြည့်စေသလို အာရုံစူးစိုက်မှုကိုလည်း ကောင်းစေနိုင်တဲ့ dopamine နဲ့ norepinephrine တို့ပါဝင်နေပါတယ်။
ဆီကြော်တွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေကတော့ စိတ်ခံစားမှုကို ထိခိုက်စေပြီး စိတ်ဓာတ်ကျစေနိုင်တာကြောင့် မစားသင့်ပါဘူး။
ကျေးဇူးတင် တတ်ပါစေ
ကျေးဇူးတင်တတ်တာက စိတ်ပျော်ရွှင်စေတဲ့ အလေ့အထတစ်ခုပါ။ ကျေးဇူးတင်တတ်တာက မျှော်လင့်ချက်တွေရှင်သန်စေပြီး စိတ်ပျော်ရွှင်စေနိုင်ပါတယ်။ ဒီလိုကျေးဇူးတင်တတ်မှုက လူချစ်လူခင်များစေနိုင်ပြီး စိတ်ပျော်ရွှင်မှုလည်းတိုးစေနိုင်ပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်က ကိုယ့်ကို အကူအညီပေးတိုင်း ကျေးဇူးတင်စကားဆိုဖို့ မေမေ့ပါနဲ့။
ကြင်နာပါ
အခြားသူတွေကို ဂရုစိုက်ကြင်နာမှုပေးတဲ့သူတွေက အတ္တကြီးသူတွေထက် ပိုပျော်ရွှင်ရတတ်ကြပါတယ်။ အခြားသူတွေကို ဂရုစိုက်ပေးလိုက်တဲ့အခါ စိတ်ကျေနပ်မှု ရရှိနိုင်ပါတယ်။ အခြားသူတွေကို ပျော်ရွှင်အောင်လုပ်ပေးတာကလည်း ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင်လုပ်ရာရောက်ပါတယ်။
အသက် ပြင်းပြင်းရှူပါ
အရမ်းကို စိတ်ဖိစီးမှုများလာတဲ့အခါ ပျော်ရွှင်မှု မပျောက်ဆုံးသွားစေဖို့အတွက် မျက်စိကိုမှိတ်လိုက်ပြီး ပျော်ရွှင်စရာကောင်းတဲ့ အခြေအနေကို စိတ်ကူးကြည့်လိုက်ပါ။ ပြီးရင် နှာခေါင်းကနေတဆင့် အသက်ကိုဖြည်းဖြည်းမှန်မှန် ရှူသွင်းရှူထုတ်လုပ်ပါ။ စိတ်ငြိမ်သွားတဲ့အထိ လုပ်ပေးပါ။
ကဲ…. မနက်ခင်းတိုင်းမှာ အကောင်းဆုံးနိုးထလို့ တစ်နေ့တာကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းလိုက်တော့နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။