စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

ပယောဂလား၊ စိတ်ဖောက်ပြန်တာလား

စိတ်ရောဂါအထူးကု ဆရာဝန်ကြီးတစ်ယောက်ရဲ့ စိတ်ပညာရပ်ဆိုင်ရာစာအုပ်တစ်အုပ်ဖတ်ခဲ့ဖူးပါတယ်။ ပြည်တွင်းက စိတ်ဝေဒနာရှင်တွေကို ကုသရာမှာ ကြုံရဆုံရတဲ့ အခက်အခဲတွေအကြောင်းပေါ့။ ဓလေ့ထုံးတမ်းတွေ၊ ခံယူချက်တွေနဲ့ ယုံကြည်မှုတွေကြောင့် တခါတလေမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို မှားယွင်းတဲ့ အယူအဆတွေနဲ့ ချဉ်းကပ်ကုသကြတာမျိုးတွေ မကြာခနဖြစ်ပေါ်လေ့ရှိကြောင်း သူ့ရဲ့ စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေဟာ မြန်မာပြည်မှာသာမကပါဘူး၊ ခေတ်မှီတိုးတက်လှပါတယ်ဆိုတဲ့တိုင်းပြည်တွေမှာတောင် ရှိတတ်ပါတယ်။ ဒါကြောင့်လဲ စိတ်ဝေဒနာခံစားနေရသူတစ်ချို့ဟာ မိသားစုဝင်တွေရဲ့ မှားယွင်းတဲ့ ယုံကြည်ချက်တွေကြောင့် နည်းမှန်လမ်းမှန်နဲ့ ကုသမှု မခံယူကြရရှာတာကို လေ့လာတွေ့ရှိထားရပါတယ်။ အမေရိကန်ပြည်ထောင်စုလို တိုင်းပြည်မျိုးမှာတောင် လူဦးရေတစ်ဝက်လောက်ဟာ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေအပေါ် စွဲလမ်းယုံကြည်မှု မြင့်မြင့်မားမားရှိနေပြီးတော့ တစ်ချို့သော စိတ်ရောဂါဆိုင်ရာပြဿနာတစ်ချို့ကို ပယောဂပြဿနာ၊ ဘီလူးစီးတာ၊ အောက်လမ်းအတတ်နဲ့ ပြုစားခံရတာ၊ သဘာဝလွန်ကိစ္စရပ်တွေ ဖြစ်ပျက်နေတာလို့ ယုံကြည်ခြင်းခံနေရပါတယ်။ ဒီပြဿနာမှာ ၂ ပိုင်းရှိပါတယ်။ တစ်ပိုင်းက ပတ်ဝန်းကျင်နဲ့ မိသားစုအသိုင်းအဝိုင်းတွေရဲ့ ယူဆချက်တွေပါ။ နောက်တစ်ခုကတော့ ကာယကံရှင်ကိုယ်တိုင်ပါပဲ။ ၁။ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

တနင်္လာနေ့ ရောက်တိုင်း ရုန်းကန်နေရသူတွေ ရှိလား.....

Friday mood က အရာရာကို ပျော်စရာကောင်းစေပေမယ့် စနေ တနင်္ဂနွေပိတ်ရက်ပြီးလို့ တနင်္လာနေ့ ရုံးပြန်တက်ရချိန်မှာ တော်တော်လေး ရုန်းကန်ရတာ ကိုယ်တစ်ယောက်တည်းများလား။ Helloဆရာဝန် ပရိသတ်ကြီးတွေထဲမှာလည်း တနင်္လာနေ့ ရုံးတက်ဖို့ ရုန်းကန်နေရသူတွေရှိတယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ တနင်္လာနေ့တိုင်း ရုန်းကန်နေရတာကို ဒီလိုကျော်ဖြတ်ကြမယ် စနေ၊ တနင်္ဂနွေ ပျော်စရာရက်တွေကုန်ဆုံးလို့ ရုံးပြန်တက်ရမယ့် တနင်္လာနေ့ကို ရောက်လာတဲ့အခါ ရုံးမတက်ချင်ဘူး။ အရမ်းပျင်းတယ်။ အိပ်ရေးမဝဘူး၊ ခေါင်းကိုက်လိုက်တာ၊ စိတ်ပင်ပန်းတယ်လို့ ခံစားနေရတယ်ဆိုရင် ဒီနည်းလမ်းလေးတွေကို တစ်ချက်လောက်ကြည့်လိုက်ပါ။ နေ့လယ်စာကို ကိုယ်အကြိုက်ဆုံး ဟင်းပြင်ဆင်ပါ ရုံးကို ထည့်သွားမယ့် ထမင်းဘူးကို ကိုယ်အကြိုက်ဆုံး ဟင်းနဲ့ ပြင်ဆင်သွားပါ။ ဒီလိုလုပ်ပေးတာက တနင်္လာနေ့ဆိုတဲ့ စိတ်ဖိစီးမှုကို အထိုက်အလျောက်သက်သာစေမှာပါ။ ဒီလိုထည့်သွားတာက မနက်ခင်းမှာ အကြိုက်ဆုံးဟင်းနဲ့ ထမင်းစားဖို့အတွက် စိတ်အားထက်သန်နေစေပြီး ညနေပိုင်းကိုလည်း အကြိုက်ဆုံးဟင်းကို စားသုံးပြီးတာကြောင့် ခံစားရတဲ့ စိတ်ကျေနပ်မှုနဲ့အတူ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အောက်စီတိုစင် (သို့မဟုတ်) အချစ်ဟော်မုန်း

အောက်စီတိုစင် ဆိုတာဘာလဲ ချစ်သူရည်းစား စုံတွဲတွေမှာ ကြည်နူးရတဲ့အခိုက်အတန့်တွေရှိကြပါတယ်။ အဲ့ဒီလိုအခိုက်အတန့်တွေမှာခန္ဓာကိုယ်ကထွက်လာတဲ့ဟော်မုန်းတစ်မျိုးပါ။Relationshipတစ်ခုကိုလည်းခိုင်မြဲစေနိုင်တဲ့ကြိုးတစ်ချောင်းလို့ပြောရင်လည်းမမှားပါဘူး။ အချစ်ဟော်မုန်းဟာ ယုံကြည်မှုတွေ၊ခံစားမျှဝေနိုင်စွမ်းတွေ ကောင်းမွန်တဲ့အမှတ်တရလေးတွေအပြင် သစ္စာတရားကိုပါဖန်တီးပေးနိုင်ပါတယ်။ အောက်စီတိုစင် ကိုတိတိကျကျပြောရမယ်ဆိုရင် မျိုးပွားခြင်းမှာအလွန်အရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်တဲ့ဟော်မုန်းပါ။ ဒါ့အပြင်အောက်စီတိုစင်ဟော်မုန်းကြောင့်အမျိုးသမီးတွေဟာကလေးမွေးဖွားတဲ့အချိန်မှာလွယ်လွယ်ကူကူမွေးဖွားနိုင်ပါတယ်။အမျိုးသားတွေရဲ့သုက်ကောင်ရွှေ့လျားမှုကိုကူညီပေးပါတယ်။ အောက်စီတိုစင် ကသဘာဝအတိုင်းထွက်သလား ဦးနှောက်မှာရှိတဲ့ ဟိုက်ပိုသဲလမတ်စ်(Hypothalamus) ဆိုတဲ့အစိတ်အပိုင်းကနေထုတ်လုပ်ပြီးတော့ ပစ်ကျူထရီ (Pituitary) ဂလင်းကနေစစ်ထုတ်ပေးပါတယ်။ဒါကြောင့်ခန္ဓာကိုယ်ကနေသဘာဝအတိုင်းထွက်နိုင်တဲ့ဟော်မုန်းပါ။ အောက်စီတိုစင်ဟော်မုန်းကြောင့်စိတ်ဖိစီးမှုဖြစ်စေနိုင်လား မဖြစ်စေနိုင်ပါဘူး။ စိတ်ဖိစီးမှုကိုလျှော့တောင်လျှော့ချပေးနိုင်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် ရန်ဖြစ်နေတဲ့စုံတွဲတစ်တွဲဟာ အချစ်ဟော်မုန်းကြောင့်မြန်မြန်ပြန်ပြေလည်သွားနိုင်ပါတယ်။ အောက်စီတိုစင်ဟော်မုန်းဟာမိခင်တစ်ယောက်အပေါ်ကိုဘယ်လိုသက်ရောက်နိုင်လဲ မိခင်တစ်ယောက်ကိုအလွန်အကျိုးပြုပါတယ်။ ကလေမွေးဖွားတဲ့အချိန်မှာဆိုရင် အောက်စီတိုစင်ဟာသားအိမ်ညှစ်အားကောင်းအောင်အကူအညီပေးပါတယ်။တခြားတခြားလိုအပ်တဲ့ဟော်မုန်းတွေထွက်လာအောင်အားပေးတယ်။မွေးပြီးမိခင်တွေကိုတော့ သားအိမ်ပုံမှန် အရွယ်အစားရောက်အောင်ကူညီပေးပါတယ်။ ကလေးနို့တိုက်ချိန်မှာဆိုရင်တော့ ကလေးအတွက်လုံလောက်တဲ့နို့ရည်ပမာဏရရှိဖို့ အောက်စီတိုစင်ကအပြည့်အဝတာဝန်ယူပေးမှာပါ။ သုတေသနပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်တွေအရအောက်စီတိုစင်ဟော်မုန်းများများထွက်တဲ့မိခင်တွေဟာကလေးတွေကိုပိုဂရုစိုက်တတ်ကြပါတယ်။သူတို့ရဲ့ ကလေးလေးကိုအရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်တတ်ကြတယ်။ ကြင်ကြင်နာနာနဲ့ထိတွေ့တာမျိုး၊ရေချိုးပေးတာမျိုး၊တီတီတာတာစကားပြောပေးတာမျိုး၊သီချင်းဆိုသိပ်တာမျိုး အစရှိတဲ့ ချစ်စဖွယ်အမူအရာလေးတွေပြုလုပ်ပေးတတ်ကြပါတယ်။ ဒါကြောင့်အောက်စီတိုစင်ဟာမိခင်နဲ့ကလေးရဲ့ချစ်ခြင်းမေတ္တာကိုပိုမိုခိုင်မြဲစေပါတယ်။မိခင်အရင်းမှမဟုတ်ပါဘူး။မွေးစားမိခင်တွေ ကလေးထိန်းတွေမှာဆိုရင်လဲ အောက်စီတိုစင်ထွက်ပါတယ်။ ဖခင်တစ်ယောက်အပေါ်သက်ရောက်မှုကရောဘယ်လိုရှိမလဲ မိခင်တွေလိုပါပဲ ။ အောက်စီတိုစင် များများထွက်တဲ့ဖခင်တွေဟာကလေးတွေအပေါ်မှာပိုစိတ်ရှည်ပြီး ပိုပြီးနွေးနွေးထွေးထွေး ဆက်ဆံတတ်ကြပါတယ်။ အောက်စီတိုစင် ဟော်မုန်းကြောင့်ဘာလို့သစ္စာပိုရှိနိုင်တာလဲ အောက်စီတိုစင် ရဲ့လှုံ့ဆော်မှုကြောင့်အမျိုးသားတွေဟာကိုယ့်ရဲ့ ချစ်သူကလွဲပြီးတခြားအမျိုးသမီးတွေကိုစိတ်ဝင်စားမှုလျော့ကျသွားပါတယ်။အမျိုးသမီးတွေလည်းအလားတူပါပဲ။အချစ်ဟော်မုန်းကြောင့်သစ္စာတရားပိုမိုခိုင်မာလာမှာပါ။ အောက်စီတိုစင်ကိုဆေးဝါးအနေနဲ့အသုံးပြုနိုင်လား ကလေးမွေးတဲ့အချိန်သားအိမ်ညှစ်အားကောင်းအောင်ထိုးဆေးအနေနဲ့သုံးနိုင်ပါတယ်။ကလေးမေွးပြီး သို့မဟုတ် ကိုယ်ဝန်ပျက်ကျြပီး သေွးသွန်ခြင်းကို ကြိုတင်ကာကွယ်တဲ့အနေနဲ့လည်းသုံးကြပါတယ်။ကလေးမွေးအပြီး မိခင်တွေမှာကြုံတွေ့ရတတ်တဲ့စိတ်ဓာတ်ကျခြင်းကိုကာကွယ်နိုင်တယ်လို့သုတေသနတစ်ခုမှာဖော်ပြထားပါတယ်။၂၀၁၇ ခုနှစ်ကလေ့လာချက်တစ်ခုမှာဆိုရင်တော့ အောက်စီတိုစင်ဟော်မုန်းဟာအော်တစ်ဇင် (Autism) ကလေးတေွကိုကုသရာမှာအထောက်အကူဖြစ်စေတယ်လို့ဆိုထားပါတယ်။အရက်နဲ့မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်တဲ့ရောဂါတွေကိုကုသရာမှာအကူအညီဖြစ်နိုင်မယ်လို့မေှျာ်လင့်ထားကြပါသေးတယ်။ဒါပေမယ့်သုတေသနပြုလေ့လာနေတုန်းရှိပါသေးတယ်။ ဘာလို့အောက်စီတိုစင်ဟော်မုန်းကို အချစ်ဟော်မုန်းလို့ခေါ်တာလဲ ချစ်ခင်နှစ်သက်သဘောကျမှုတစ်စုံတစ်ခုကိုခံစားရတဲ့အခါထွက်လာတဲ့ ဟော်မုန်းမို့ပါ။သင့်ချစ်သူကိုပွေ့ဖက်တဲ့အခါမှာသာမက ခွေးလေး ကြောင်လေးတွေကိုပွေ့ဖက်တဲ့ အခါမျိုးမှာတောင် အချစ်ဟော်မုန်းထွက်ပါတယ်။ ဒီတော့ သင့်ချစ်သူနဲ့အချိန်များများကုန်ဆုံးလေ အောက်စီတိုစင်ထွက်လေလေဖြစ်ပြီးတော့၊ အောက်စီတိုစင်ထွက်လေလေ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှု (Stress)

စိတ်ဖိစီးမှု (Stress) ဆိုတာက လူတိုင်းနဲ့ ရင်းနှီးပြီးသား စကားပါ။ လူတိုင်း စိတ်ဖိစီးဒဏ်ကို ခံစားဖူးနိုင်ပေမယ့် စိတ်ဖိစီးမှုအကြောင်းကို ထဲထဲဝင်ဝင်သိသူကတော့ ခပ်ရှားရှားရယ်ပါ။ ဒီတော့ သေချာလေး လေ့လာလိုက်ရအောင်နော်။ စိတ်ဖိစီးမှု (Stress) ဆိုတာ ဘာလဲ စိတ်ဖိစီးမှုဆိုတာ သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ခံစားမှုတစ်ခုလို့ ပြောနိုင်ပေမဲ့ တစ်ခါတရံတော့ အန္တရာယ် ဖြစ်နိုင်တဲ့ အခြေအနေ တစ်ခုထိပြောင်းလဲသွားနိုင်ပါတယ်။ တစ်နည်းအားဖြင့် စိတ်ဖိစီးမှုဆိုတာ သင်ကြုံတွေ့နေရတဲ့ စိတ်ပင်ပန်းမှုတွေ၊ ဖိအားတွေ အပေါ်မှာ သင့်ခန္ဓာကိုယ်က တုံ့ပြန်တဲ့ အရာတစ်ခုပါ။ ဖိအားတစ်ခုနဲ့ ကြုံတွေ့လာရပြီဆိုရင် သင့်ရဲ့ ဦးနှောက်အဖွဲ့အစည်းက stress ဟော်မုန်းထွက်လာပါတယ်။ Stress ဟော်မုန်းမှာ adrenaline နဲ့ cortisol ဆိုတဲ့ ဟော်မုန်းနှစ်မျိုးပါပါတယ်။ Stress ဟော်မုန်းထွက်လာရင်တော့ သင့်ရဲ့ နှလုံးခုန်မြန်လာမယ်၊ ကြွက်သားတွေ တင်းလာမယ်၊ သွေးပေါင်တက်လာမယ် ၊ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ပူပင်သောကများရင် ဘာလို့ ဆံပင်တွေ ဖြူကုန်တာလဲ

ငယ်ငယ်ကဆို လူကြီးတွေပြောတာ ကြားဖူးကြမယ် ထင်တယ်၊ “အရမ်းမတွေးနဲ့ ဆံပင်တွေ ဖြူကုန်မယ် ဆိုတာမျိုး” ၊ “ဆံပင်ဖြူ မှာပေါ့ လျှောက်တွေးနေတာကိုး” ဆိုတာမျိုးတွေပေါ့။ ဟုတ်လည်း ဟုတ်တယ်လေ။ တစ်ချို့တွေဟာ ငယ်ငယ်ရွယ်ရွယ်မှာ ဆံပင်တွေ ဖြူကုန် ကြတယ်။ တွေးခေါ်စဉ်းစားရတဲ့ အလုပ်မျိုးတွေ၊ ဦးနှောက်မုန်တိုင်းဆင်ရတဲ့ အလုပ်မျိုးတွေ လုပ်ကိုင်သူတွေဟာ သာမန်လူတွေထက်ပိုပြီး ဆံပင်ဖြူတာ ပိုမြန်ကြတယ်။ ဒါကြောင့်လည်း ရှေးလူတွေက အရမ်းတွေးလွန်းရင် ဆံပင်ဖြူတယ်လို့ ဆိုခဲ့ကြတာဖြစ်နိုင်ပါတယ်။ အရမ်းတွေးလွန်းရင်၊ စိုးရိမ်လွန်လွန်းရင်၊ ပူပင်သောကများရင်၊ စိတ်ဖိစီးမှုများရင် တကယ် ဆံပင်ဖြူသလား။ သိပ္ပံလေ့လာချက်တွေအရဆိုရင်တော့ ဒီအချက်ဟာ မှန်ကန်တယ်လို့ ဆိုပါတယ်။ ပူပင်သောကများရင် ဘာလို့ ဆံပင်တွေ ဖြူကုန်တာလဲ အလွန်အမင်း အလုပ်ပေးနေရင် ဆံပင်တွေဖြူစေနိုင်ပါတယ်။ ငယ်ငယ်က လူကြီးတွေပြောဆိုဆုံးမခဲ့ဖူးတဲ့ စကားတွေဟာ မှန်ကန်တယ်ဆိုတာကို ဒီနေ့ခေတ်မှာ သက်သေပြနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဟားဗတ်တက္ကသိုလ်နဲ့ ဆော်ပေါ်လိုတက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်တဲ့ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

သရဲ အရမ်းကြောက်တာ စိတ်ရောဂါလား

တချို့တွေ သရဲ ကြောက်တာများ လူတွေကြားထဲရှိနေရင်းကို ကြက်သီးတဖြန်းဖြန်းထပါတယ်တို့ ဘာတို့။ ကြောက်လွန်းလို့ အမေနဲ့အဖေကြားမှာ ဝင်အိပ်ရင်တောင် သရဲက ခြေထောက်လာဆွဲမှာကြောက်တာ၊ ဟိုးထောင့်ကများ ပေါ်လာမလား၊ ကုတင်အောက်ကပဲထွက်လာမလား တထိတ်ထိတ်နဲ့ရယ်။ ညဘက်ဆို ပြတင်းပေါက်မှန်နားလည်းမကပ်ရဲဘူး၊ ဘွားခနဲပေါ်လာမလား မသိဘူးလေ။ ဒါပေမယ့် နေရာတကာအကြောက်လွန်တာက ကိုယ့်ရဲ့ဘဝမှာ အနှောင့်အယှက်ဖြစ်လာစေနိုင်ပါတယ်။ ကိုယ်က ရုပ်တည်နဲ့နေလည်း စတဲ့နောက်တဲ့သူတွေကြောင့် ရုတ်တရက်လန့်ရတဲ့အခါ မတော်တဆဖြစ်တာ၊ အကြောက်လွန်ပြီး ရှော့ခ်ဖြစ်တာ၊ လူအထင်အမြင်သေးခံရတာ၊ စတဲ့ နောက်ဆက်တွဲပြဿနာတွေ လည်း ရှိတယ်။ သရဲ အရမ်းကြောက်တာ စိတ်ရောဂါလား ကြောက်စိတ်ကတော့ တစ်ခုခုကို စိုးကြောက်တတ်ကြတဲ့ phobia ဆိုတာ လူအတော်များများမှာ ရှိတတ်ကြပါတယ်။ Phobias ဆိုတာ တစ်စုံတစ်ရာကို အကြောင်းရင်းမရှိ ကြောက်ရွံ့တတ်တဲ့စိတ် ဖြစ်ပါတယ်။ phobia ရှိနေပြီဆိုရင် အဲဒီတစ်ခုခုကိုပဲရှောင်လွှဲဖို့တတ်နိုင်သမျှ ကြိုးစားကြလေ့ရှိပါတယ်။ ဒီလိုကြောက်စိတ်ဖြစ်နေတာ ယုတ္တိမရှိမှန်းလည်းသိနေလည်း ဖြေဖျောက်ဖို့ကြိုးစားရင်း ပိုပိုပြီး စိတ်ပင်ပန်းနေရတာဖြစ်ပါတယ်။ ရောဂါအဆင့်မဟုတ်ပေမယ့် ကြောက်လန့်စိတ်တွေ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ပိတ်ရက်ရှည် ကြီးပြီးလို့ ရုံးပြန်မတက်ချင်တဲ့အခါ.........

ပိတ်ရက်တွေမရောက်ခင်က ပျော်စရာအကောင်းဆုံး အချိန်လေးပါ။ ပိတ်ရက်အတွင်းမှာလည်း ပျော်နေဆဲပါပဲ။ ဒါပေမယ့် ပိတ်ရက်ရှည် ကြီးပြီးလို့ ပြန်ဖွင့်ခါနီးပြီဆိုရင် စိတ်ဓာတ်က အလိုလိုကျလာပြီ။ ရုံးပြန်တက်ရတော့မယ်ဆိုရင်တော့ အရမ်းပျင်းပြီး ရုံးမတက်ချင်တဲ့ ဆန္ဒက အရမ်းများနေပြီပေါ့။ ရုံးကလည်း မတက်လို့မဖြစ်ဘူး။ ရုံးတက်ဖို့လည်း စိတ်ကလုံးဝမပါဘူးဆိုသူလေးတွေအတွက် ဒီဆောင်းပါးလေးက အကောင်းဆုံး ကူညီပေးနိုင်မှာပါ။ ပျော်ရွှင်စရာ ရုံးပိတ်ရက်ရှည် ပြီးလို့ ရုံးပြန်မတက်ချင်တဲ့အခါ ပျော်ရွှင်စရာ ရုံးပိတ်ရက်တွေပြီးလို့ ရုံးပြန်မတက်ချင်တဲ့အခါ ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။ ဒီတော့ ရုံးပြန်တက်ဖို့မပျင်းရအောင် တစ်ယောက်ယောက်နဲ့ စကားစမြည်ပြောဆိုပါ ရုံးပိတ်ရက်ပြီးခါနီးလိုအချိန်မျိုးမှာ ရင်းနှီးရသူတစ်ယောက်ယောက်နဲ့ ဖုန်းနဲ့ဖြစ်ဖြစ် ဒါမှမဟုတ် အပြင်မှာ ကိုယ်တိုင်တွေ့ပြီးဖြစ်ဖြစ်စကားစမြည်ပြောပါ။ အားလပ်ရက်ဘာတွေလုပ်ဖြစ်တယ်။ ဘယ်လိုမျိုးအချိန်ကို ကုန်ဆုံးခဲ့တယ်။ သူရော အားလပ်ရက်မှာ ဘာတွေလုပ်ဖြစ်လဲဆိုတာကို မေးမြန်းပြောဆိုပေးပါ။ အပြင်ထွက်ပါ အခန်းအောင်းနေမယ်။ အိမ်တွင်းအောင်းနေမယ်ဆိုတာက ကိုယ်တိုင်လည်း ကြိုက်တဲ့ အပြုအမူတစ်ခုဆိုပေမယ့် အားလပ်ရက်မှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချိန်းပြီး အပြင်ထွက်လိုက်တာ စိတ်ကိုလန်းဆန်းတက်ကြွစေနိုင်ပြီး အားလပ်ရက်ပြီးလို့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အဆိပ်ပင်လို လူသားတွေနဲ့ ဆက်ဆံရတဲ့အခါ

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အဆိပ်ပင်လို လူသားတွေ အရမ်းများတယ်ဆိုတာ ပေါင်းသင်းဆက်ဆံတဲ့အခါ သိသာပါတယ်။ ဒီလိုလူမျိုးတွေနဲ့ စကားပြောပြီးသွားတဲ့အခါ နဂိုကြည်နေတဲ့ စိတ်ကလေးတောင် ကြက်ပျောက်ငှက်ပျောက် ပျောက်ပြီး စိတ်တို၊ ဒေါသတွေ တနုံ့နုံ့ထွက်ကျန်ခဲ့ရတာနော်။ အဆိပ်ပင်လိုလူသားတွေက နေရာအနှံ့မှာ ရှိနိုင်သလို ကိုယ်က ကောင်းတယ်လို့ ထင်နေရတဲ့သူတွေလည်း ဖြစ်နိုင်ပါတယ် ဥပမာ - လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း၊ ဆွေမျိုးတွေပေါ့။ လူ့လောကမှာ နေထိုင်အသက်ရှင်နေရတဲ့အခါ ကောင်းတဲ့သူတွေနဲ့လည်း တွေ့နိုင်သလို အဆိပ်ပင်တွေနဲ့လည်း အမြဲတွေ့ရနိုင်တဲ့အတွက် ဒီလိုလူမျိုးတွေ ကိုယ့်ဘဝထဲမှာ ရှိနေရင် ဘယ်လိုပေါင်းသင်းဆက်ဆံသင့်လဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ အဆိပ်ပင်လူသားတွေမှာ တွေ့ရတတ်တဲ့ အမူအကျင့်များ • ကိုယ်မှကိုယ်ပဲ သိတတ်တဲ့ တစ်ကိုယ်ကောင်းဆန်ခြင်း • တခြားလူတွေကို လိမ်လည်လှည့်ဖျားတတ်ခြင်း • စိတ်ပိုင်းဆိုင်ရာ စော်ကားတတ်ခြင်း • မရိုးသားခြင်း၊ လိမ်လည်တတ်ခြင်း • မလှိမ့်တပတ်လုပ်ခြင်း • မျက်ရည်ခြူဇာတ်သွင်းခြင်း • အမှားလုပ်ပြီး ပြန်မတောင်းပန်တတ်ခြင်း • […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

ဝမှာကြောက်တဲ့ စိတ်ဝေဒနာရှင်တွေဖြစ်နေကြပြီလား

ထိပ်တန်း ရုပ်သံစီးရီးတစ်ခုဖြစ်တဲ့ DOCTOR WHO ထဲက သရုပ်ဆောင် ခရစ္စတိုဖာ အကယ်လ်စတန်က သူ့မှာ Anorexia Nervosa လို့ခေါ်တဲ့ ကိုယ်အလေးချိန် တက်လာမှာကြောက်ပြီး အစားအသောက်တွေ အလွန်အမင်းလျှော့ချစားသောက်တဲ့ စိတ်ဝေဒနာမျိုး ခံစားနေရတယ်လို့ ဝန်ခံလိုက်ပါတယ်။ Anorexia လို့ အတိုကောက်ခေါ်ဆိုကြတဲ့ အဝကြောက်ရောဂါဆိုတာ ဘယ်လိုမျိုးလဲ။ ကိုယ်တိုင်ကရော ဝမှာကြောက်တဲ့ စိတ်ဝေဒနာရှင်တွေဖြစ်နေကြပြီလား ဆိုတာ ဆန်းစစ်လိုက်ရအောင်နော်။ ဝမှာကြောက်တဲ့ စိတ်ဝေဒနာရှင်တွေဖြစ်နေကြပြီလား ဒီကနေ့ခေတ် လူငယ်အများစုဟာ ကိုယ့်ခန္ဓာကိုယ် ဝဖြိုးလာမှာကို စိုးရိမ်ထိတ်လန့်တတ် ကြပါတယ်။ Gym တွေဆော့ကြတယ်၊ အစားအသောက်တွေ ခြိုးခြံဆင်ခြင်ကြတယ်။ ဒီလိုပြုမူနေထိုင်ကြရခြင်းရဲ့ အဓိကအကြောင်းပြချက်ကတော့ ကိုယ်အလေးချိန် နည်းပါးတာဟာ လှတယ်၊ ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတဲ့ ယူဆချက်ကြောင့်ပါပဲ။ ဒါပေမယ့်လည်း ဒီလိုကိုယ်အလေးချိန် တက်လာမှာကို ကြောက်ရွံ့တဲ့စိတ်ဟာ လွန်ကဲလာတတ်ပြီး အဆိုးဆုံးအခြေအနေမှာတော့ Anorexia လို့ခေါ်ဆိုတဲ့ […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

ကလေးငယ်တွေ ဘာကြောင့် ကိုယ့်ကိုယ်ကို သတ်သေကြသလဲ

ကလေးငယ်လေးတွေဟာလည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်နိုင်တဲ့ စိတ်ဖိစီးမှုတွေ ခံစားရနိုင်တယ်ဆိုတာကို သင်သိပြီးပါပြီလား။ တကယ်လို့ သိထားတယ်ဆိုရင် ဂရုစိုက်ဖို့ လိုမယ်ဆိုတာကိုလည်း သိနားလည်လာမယ်လို့ ယုံကြည်ပါတယ်။ ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတဲ့ ကိစ္စအကြောင်းပြောဆို ဆွေးနွေးကြတဲ့အခါ ကလေးငယ်တွေအကြောင်း ထည့်သွင်းမစဉ်းစားမိတတ်ကြပါဘူး။ ကလေးတွေဟာလည်း စိတ်ဖိစီးမှုနဲ့ စိတ်ဝေဒနာခံစားရနိုင်တဲ့ လူသားတွေပဲဖြစ်ပါတယ်။ သူတို့တွေလည်း ပတ်ဝန်းကျင်နဲ့ တခြားသော ဖိအားတွေကြောင့် စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်ကြရသလို အရမ်းဆိုးရွားပြင်းထန်လာချိန်မျိုးမှာ ဘဝကို လက်လျှော့အရှုံးပေးလိုက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကို ကလေး သတ်သေမှု (child suicide) လို့ ဆိုကြပါတယ်။ လေ့လာချက်တွေအရ ဒီကနေ့ခေတ် အသက် ၁၀ နှစ်နဲ့ ၁၉ နှစ်ကြား လူငယ်တွေအကြားမှာ သတ်သေမှုတွေ ရှိနေပါတယ်။ မတူညီတဲ့ အကြောင်းပြချက်အမျိုးမျိုးကြောင့် ကလေးငယ်တွေအနေနဲ့ ကိုယ့်ကိုယ်ကို သတ်သေနိုင်ပါတယ်။ မိဘ၊ ဆရာသမားနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလူတွေအနေနဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း