စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အချစ်က လှပကျန်းမာစေတယ်

အချစ် နဲ့ တွေ့ရင် မြင်သမျှ တွေ့သမျှတင် လှနေတာ မဟုတ်ပါဘူး။ ကိုယ်တိုင်မှာလည်း အလှတိုး လာပါတယ်နော်။ အချစ်က သင့်ကို လှပစေတဲ့ ကုထုံး တစ်ခုဆိုရင် ထူးဆန်း နေမလား.................. အချစ်က သင့်ကို အလှတိုးစေတဲ့ အရာပါ။ ပျော်ရွှင်စရာကောင်းတဲ့ ချစ်ခြင်းမျိုး ဖြစ်ဖို့တော့ လိုမှာပေါ့။ လူတစ်ယောက်ကို ချစ်နေရင်ဖြစ်ဖြစ်၊ ကိုယ်တိုင်က အချစ်ခံရတဲ့ အခါမျိုးမှာဖြစ်ဖြစ် အသားအရေတွေက ပြောင်းလဲလာပြီး အလှတွေလည်း တိုးလာပါတယ်။ စွဲစွဲမြဲမြဲ ချစ်တတ်ခြင်းရဲ့ ကောင်းကျိုးလို့ပဲ ဆိုရမလား။ အချစ်က လှပကျန်းမာစေတယ် လူတစ်ယောက်ကို စွဲစွဲမြဲမြဲ ချစ်တဲ့အခါ အခုလို အလှအပဆိုင်ရာ ပြောင်းလဲမှုလေးတွေ ဖြစ်လာနိုင်ပါသတဲ့။ စိတ်ဖိစီးမှု ကင်းစေတယ် ချစ်ခြင်းက စိတ်ဖိစီးမှုတွေကို ပြေလျော့ စေနိုင်ပါတယ်။ အကြောင်းကတော့ ချစ်ခြင်းအားဖြင့် တစ်ဦး နဲ့ တစ်ဦး ဂရုစိုက် ကြင်နာမှုတွေက အချစ်ဟော်မုန်းလို့ခေါ်တဲ့ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဓာတ်ကျနေသူတစ်ဦးကို နှစ်သိမ့်အားပေးနည်း

စိတ်ကျရောဂါ (Depression) ဆိုတာ အတွေ့အများဆုံးသော စိတ်ကျန်းမာရေးပြဿနာတစ်ခုပါ။ လူတိုင်းက လောကဓံ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့အတွက် နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်နိုင်ပါတယ်။ ချမ်းသာတဲ့သူမို့ စိတ်ကျရောဂါ မဖြစ်နိုင်ဘူး၊ အသက်ငယ်သေးလို့ စိတ်ကျရောဂါ မဖြစ်နိုင်ဘူး၊ ဘာအလုပ်မှ မလုပ်တဲ့သူက စိတ်ကျရောဂါ မဖြစ်နိုင်ဘူးဆိုပြီးတော့ တရားသေ တွက်ဆလို့မရပါဘူး။ စိတ်ကျရောဂါ ခံစားနေရသူတွေမှာ ကိုယ့်ရဲ့ ဝေဒနာတွေ၊ အခက်အခဲတွေကို တခြားသူကို ဖွင့်ပြတာမျိုးလည်း ရှိသလို ကိုယ့်ဘာသာမျိုသိပ်ခံစားရင်း၊ အဆင်ပြေအောင် ကြိုးစားရင်းကနေ ပိုကောင်းလာတဲ့သူ သို့မဟုတ် ပိုဆိုးလာတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ၊ ကိုယ့်ပတ်ဝန်းကျင်က လူတိုင်းမှာ စိတ်ဓာတ်ကျစေနိုင်လောက်တဲ့ ကိစ္စတွေသည် အနည်းဆုံးတစ်ခုလောက်တော့ ရှိနေနိုင်တယ်ဆိုတာကို ကိုယ်က သိထားဖို့ လိုပါတယ်။ ဒါဆို သူတို့ကို ဘယ်လိုအားပေးမလဲ။ နှစ်သိမ့်အားပေးနည်းက အရမ်းအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံကလူအများစုသည် စိတ်ရောဂါနဲ့ ပတ်သက်ပြီး နားမလည်ကြသလို […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ကျဝေဒနာ အကြိမ်ကြိမ် ပြန်ဖြစ်ရခြင်း အကြောင်း

လူတွေဟာ စိတ်ဓာတ်ခဏခဏကျနိုင်ပေမယ့် စိတ်ကျရောဂါကတော့ တစ်သက်မှာ တစ်ကြိမ်သာဖြစ်တတ်ကြတာများပါတယ်။ ဒါပေမယ့် တချို့လူတွေမှာတော့ အခြေအနေက အဲ့လိုမရိုးရှင်းတတ်ပါဘူး။ တစ်ကြိမ်ကုသပြီးချိန်မှာတောင်မှ နောက်ထပ်တစ်ကြိမ် စိတ်ကျဝေဒနာပြန်ခံစားရတာမျိုးဖြစ်လာနိုင်ပါတယ်။ များသောအားဖြင့် ဒီဝေဒနာကို ဆေးဝါး၊ စိတ်ပိုင်းဆိုင် ဒါမှမဟုတ် လျှပ်စစ်ရှော့ခ်ရိုက်ပြီး လိုက်ကြတာများပါတယ်။ ဆေးဝါးနဲ့ကုသတဲ့နည်းလမ်းကတော့ အသုံးများပြီးတော့ ဘေးထွက်ဆိုးကျိုးလည်းရှိပါတယ်။ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ကိုယ်အလေးချိန်တက်တာ၊ လိင်ဆက်ဆံရာတွင် အဆင်မပြေဖြစ်တာနဲ့ ပျို့အန်တာတွေပါပဲ။ ဒီလိုစနစ်တကျကုသမှုတွေ ခံယူပြီး ပျောက်ကင်းသွားချိန်မှာ ရောဂါလက္ခဏာတွေပြန်ပြပြီး စိတ်ကျဝေဒနာ ထပ်ပြီးခံစားရတာမျိုးဖြစ်လာနိုင်ပါတယ်။ ပျောက်ကင်းပြီးမှ ထပ်ကျော့စိတ်ဓာတ်ကျတာမျိုးပေါ့။ ဘာလို့ စိတ်ကျဝေဒနာ ပြန်ဖြစ်တာလဲ ဒီလိုဖြစ်လာစေတဲ့အကြောင်းအရင်းအမျိုးမျိုးရှိပါတယ်။ အလွန်စိတ်ဖိစီးစရာ စိတ်ပင်ပန်းစရာ အဖြစ်အပျက်မျိုးကို ပြင်းထန်စွာကြုံတွေ့လိုက်ရချိန်တွေမှာ ခုလိုထပ်ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ချစ်သူခင်သူတစ်ဦးဦးကို ဆုံးရှုံးလိုက်ရတာ နာကျင်ဖွယ်၊ စိတ်ညစ်ညူးဖွယ် ဘဝအတွေ့အကြုံမျိုး၊ အမှားအယွင်းမျိုး ကျူးလွန်မိခဲ့တာ ပြင်းထန်တဲ့ စိတ်ဖိစီးမှုဝေဒနာ ခံစားရတာ မိသားစုအတွင်း သိသာထင်ရှားတဲ့အပြောင်းအလဲတွေကို ရင်ဆိုင်လိုက်ရတာ ဟော်မုန်းပြောင်းလဲတာ ကိုယ်ဝန်ရတာ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

သင် ဘယ်လို စိတ်ဓာတ်ကျနေတာလဲ

စိတ်ဓာတ်ကျတယ် ဆိုတဲ့စကားလေးကို လူတိုင်းနီးပါး ပြောဖြစ်တတ်ကြတယ်။ အကြောင်းအမျိုးမျိုးကြောင့်နဲ့ပေါ့။ တကယ်ကြီး စိတ်ကျရောဂါ (Depression) ခံစားနေရမှမဟုတ်ပါဘူး။ သာမန်အချိန်တွေမှာလဲ ဒီလိုပြောဖြစ်တတ်ကြတဲ့စကားလေးပါ။ နေ့စဉ်လူနေမှုဘဝမှာ စိတ်ဖိစီးမှုတွေ၊ အခက်အခဲတွေ၊ အဆင်မပြေမှုတွေနဲ့ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးပြဿနာတွေကြောင့် လူတိုင်း စိတ်ဓာတ်ကျနိုင်ပါတယ်။ ရုံးကန်လှုပ်ရှားနေရတဲ့ လူ့ဘဝထဲမှာ ပင်ပန်းဆင်းရဲမှုဒဏ်တွေ၊ အတားအဆီး၊ အခက်အခဲနဲ့ နာကျင်ခံစားရမှုဝေဒနာတွေကြောင့်သက်ရောက်လာတဲ့ စိတ်ကျဝေဒနာဟာ သင့်ကို အသက်ဘေးကြုံတဲ့အထိ ဒုက္ခပေးနိုင်တဲ့ စိတ်ကျန်းမာရေးပြဿနာတစ်မျိုးလို့ ဆိုရပါမယ်။ WHO ရဲ့ အချက်အလက်တွေအရ ဒီကနေ့ ကမ္ဘာပေါ်မှာ စိတ်ကျရောဂါခံစားနေရသူပေါင်း ၂၆၄ သန်းလောက်ရှိပါတယ်တဲ့။ အများစုကတော့ အမျိုးသမီးတွေပါ။ များသောအားဖြင့် ဝေဒနာခံစားနေရသူတစ်ချို့ဟာ သူတို့မှာ စိတ်ကျဝေဒနာရှိနေတယ်ဆိုတာကို သိနားလည်ထားခြင်းမရှိကြပါဘူး။ သိနေရင်တောင်မှ ဘယ်လိုအကြောင်းတရားကြောင်း ဒါမှမဟုတ် ဘယ်လိုစိတ်ကျဝေဒနာမျိုးဖြစ်နေတယ်ဆိုတာမျိုးကို မသိကြပါဘူး။ ဒီအချက်ဟာ ကိုယ်ခံစားနေရတဲ့ စိတ်ကျဝေဒနာကို ဖယ်ရှားကုသဖို့ ခက်ခဲစေနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုစိတ်ကျဝေဒနာကို […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

မိမိကိုယ်ကို အဆုံးစီရင်ခြင်းနှင့် သိထားသင့်တဲ့ အမေးအဖြေများ

ဒီကိစ္စနဲ့ပတ်သက်ပြီး လူမှုနယ်ပယ်မှာ အဖြေရှာမရတဲ့ ပဟေဠိတစ်ခုလို ဖြစ်နေကြဆဲပါပဲ။ အကောင်းအတိုင်းပဲ ရှိနေတဲ့သူတစ်ယောက်က ဘာလို့ သတ်သေသွားရတာလဲ၊ သူ့မှာ ဘယ်လိုစိတ်ညစ်စရာတွေ ရှိလို့များ လူ့လောကကို လွယ်လွယ်နဲ့ ကျောခိုင်းဖို့ ကြိုးစားကြတာလဲ၊ သူ့မိသားစုတွေကရော ဒီလိုဖြစ်နေတာကို မသိဘူးလား အစရှိသဖြင့် ပတ်ဝန်းကျင်က မေးထားတဲ့ မေးခွန်းတွေကတော့ အစုံပဲပေါ့ဗျာ။ တကယ်တမ်းမှာ သေကြောင်းကြံစည်တယ်ဆိုတာ လူတွေ ထင်ထားသလောက်တော့ မရိုးရှင်းဘူးဗျ။ လူမှုနယ်ပယ်ဆိုတာ အမြဲတမ်း ကောင်းတဲ့သူတွေ၊ ကောင်းတဲ့အရာတွေနဲ့ပဲ ကြုံဆုံနေရတာ မဟုတ်သလို လူ့ဘဝဆိုတာလည်း ပန်းခင်းတဲ့လမ်းလို အမြဲတမ်း သာယာဖြောင့်ဖြူးနေတာတော့ မဟုတ်ပါဘူး။ ၁။ လူတွေ ဘာကြောင့် သေကြောင်းကြံစည်ကြတာလဲ။ နာကျင်မှုတွေ တူညီခဲ့ရင်တောင် တစ်ယောက်နဲ့ တစ်ယောက် ခံစားရတဲ့ ပမာဏ၊ တွေးခေါ်နိုင်စွမ်း၊ ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက် ကြုံတွေ့လာခဲ့ရတဲ့ အရာတွေ မတူညီပါဘူး။ ဒီအတွက် တချို့သော […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အလုပ်ခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာတွေကို ဒီလိုကာကွယ်ပါ

လူစုံတက်စုံရှိပြီး တစ်နေ့ကို အနည်းဆုံး ၆ နာရီနဲ့အထက် နေရတဲ့ အလုပ်ခွင်မှာ ရောဂါ အမျိုးမျိုး ကူးစက်နိုင်ပါတယ်။ ရောဂါပိုးတွေ ကူးစက်မှုနဲ့အတူ အလုပ်ခွင်ဖိအား။ နေထိုင်မှု ပုံစံတွေကြောင့်လည်း ကျန်းမာရေး ပြဿနာ အမျိုးမျိုး ခံစားရနိုင်ပါတယ်။ ကိုယ်တိုင်မှာရော လုပ်ဖော်ကိုင်ဖက်တွေမှာပါ ရောဂါကူးစက်မှု ကင်းစေဖို့ဆိုရင် ရုံးတွင်းမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ကိုယ်တိုင်ကစပြီး ကာကွယ်ဖို့လိုပါမယ်။ ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်နော်။ အလုပ်ခွင်မှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာများ အလုပ်ခွင်မှာ အခုလို ရောဂါတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ တုပ်ကွေး Stomach Flu ဓာတ်မတည့်မှု ခေါင်းကိုက် ခါးနာ အစာမကြေတာမျိုး ခံစားရနိုင်ပါတယ်။ အလုပ်ခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာကို ဒီလို ကာကွယ်ပါ အလုပ်လည်း ကောင်းကောင်း လုပ်နိုင်ပြီး ကျန်းမာနေစေဖို့ဆိုရင် ဒီအချက်လေးတွေကို […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ကိုယ့်ကိုယ်ကို တစ်ဝကြီး ချစ်လိုက်စမ်းပါ။

အချစ်ခံချင်လို့တို့၊ ချစ်ရမယ့်သူ မရှိဘူးလို့ ဆိုပြီး ဝမ်းနည်းမနေပါပဲ။ ဘယ်သူမှ မရှိလည်း ကိုယ်ကိုယ်တိုင်တော့ ရှိပါသေးတယ်။ ကိုယ့်ကိုယ်ကို ချစ်ပါ။ ကိုယ့်ကိုယ်ကို စောင့်ရှောက်ပါ။ ကိုယ့်ကိုယ်ကို ချစ်ပါဆိုတာကို ဒီဘက်ခေတ်မှာ တော်တော်အသုံးများလာကြပါပြီ။ အဓိကကတော့ လူတွေက ပြိုင်ဆိုင်မှုတွေ ကြားထဲမှာ ပင်ပန်းလာကြတယ်။ ရုပ်ပင်ပန်းတာထက်စာရင် စိတ်ပင်ပန်းတာက ပိုများလာကြတယ်။ ဒါပေမယ့်လည်း ရပ်တန့်လို့မရဘူး။ကိုယ်ကိုယ်တိုင် မဟုတ်ရင်တောင် ကိုယ့်ကို မှီခိုနေတဲ့ မိသားစုရှိသေးတာကိုး။ ဒါကြောင့် ဒီဘက်ခေတ် စိတ်ပညာရှင်တွေ၊ motivational speakerတွေက ကိုယ့်ကိုယ်ကို ချစ်ပါ။ တိုးတက်အောင် ကြိုးစားပါလို့ ပြောလာကြတာပါပဲ။ ဒီနေရာမှာ လူတွေ အထင်မှားနေကြတာက တချို့က အရာအားလုံးကို လက်လျှော့လိုက်တာက ကိုယ့်ကိုယ်ကို ချစ်တာလို့ မြင်တယ်။ တချို့ကလည်း ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုတာ အတ္တဆန်တဲ့ စိတ်ပဲ။ ကိုယ်က လွဲရင် ဘာမှမသိတဲ့သူလို့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

မိမိကိုယ်ကို အလွန်အကြူး ချစ်မြတ်နိုးခြင်း (သို့) Narcissism

မိမိကိုယ်ကို အလွန်အကြူး ချစ်မြတ်နိုးခြင်း (သို့) Narcissism ဆိုတာက လူတစ်ယောက်ဟာ သူ့ကိုယ်သူ ချစ်သင့်တာထက် ပိုပြီး ချစ်နေတယ်။ သူပြောတာ၊ သူလုပ်တာမှ အမှန်။ သူ့ကိုပဲ အမြဲ ဂရုစိုက်နေရမယ်ဆိုတာမျိုးတွေ ဖြစ်လာရင် သူဟာ Narcissist (နာစစ်ဆစ်) လား၊ တစ်နည်းအားဖြင့် ပုံမှန်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ချစ်လွန်းသူလားဆိုတာ ဆန်းစစ်ရပါတော့မယ်။ ကိုယ်တိုင် Narcissist ဖြစ်နေလားဆိုတာ ဘယ်လို အချက်တွေကနေ သိနိုင်သလဲ။ မိမိကိုယ်ကို အလွန်အကြူး ချစ်မြတ်နိုးခြင်း (သို့) Narcissism မိမိကိုယ်ကို အလွန်အကြူး ချစ်မြတ်နိုးခြင်း (သို့) Narcissism ဆိုတာက အခုလို လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ ဤဇဗ္ဗူမှာ ငါလိုလူ မရှိ၊ ငါသာလျှင် အတော်ဆုံးလို့ ထင်နေပြီဆိုရင် လူတိုင်းပေါ်မှာ မကြာမကြာ စိတ်ပျက်၊ စိတ်ဆိုးနေရင် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ငိုကြွေးခြင်းရဲ့ ကောင်းကျိုးများ

“ယောက်ျားလေး ဖြစ်ပြီး မငိုရဘူး” “ငိုရင် ကိုယ်အရှုံးပဲ။ မငိုနဲ့” “ငိုတယ်ဆိုတာ ပျော့ညံ့ခြင်းပဲ” မေ့လိုက်ပါ။ ဒီစကားတွေ အကုန်လုံးကို မေ့လိုက်ပါ။ ခံစားချက်တွေကို ဖွင့်ထုတ်ပါ။ ပျော်စရာရှိရင် ရယ်ကြသေးတာပဲ။ ဝမ်းနည်းစရာ ရှိရင် ကျွန်တော်တို့ ဘာလို့ မငိုရမှာလဲ။ တကယ်တော့ ငိုကြွေးခြင်းက ပေးနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီး ရှိပါတယ်။ ၁။ မျက်ရည်က ခန္ဓာကိုယ်ကို အဆိပ်အတောက် ကင်းစေပါတယ်။ မျက်ရည်ကို (၃) မျိုးခွဲလို့ ရပါတယ်။ အလိုအလျောက် တုံ့ပြန်တဲ့ မျက်ရည် အလိုလို ရှိနေတဲ့ မျက်ရည် နဲ့ ခံစားချက်ကြောင့် ကျတဲ့ မျက်ရည်တွေပါ။ အလိုအလျောက် တုံ့ပြန်တဲ့ မျက်ရည်ဟာ ဖုန်တွေ၊ မီးခိုးတွေကြောင့် ကျလာတဲ့ မျက်ရည်တွေဖြစ်ပြီး မျက်လုံးကို ရှင်းစေပါတယ်။ အလိုလို ရှိနေတဲ့ မျက်ရည်တွေကတော့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အကောင်းမြင်စိတ်ကြောင့် အသက်ပိုရှည်စေခြင်း အကြောင်းရင်း (၃) ချက်

“တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်မှာပါ”လို့ ကျွန်တော်တို့ ငယ်ငယ်က ဂျောက်ဂျက် ကာတွန်းတွေထဲ ဖတ်ခဲ့ရပါတယ်။ ရှေးဆိုရိုးတွေကလည်း “ပျော်ပျော်နေ သေခဲ” လို့ ပြောကြတယ်။ ဆိုတော့ ပျော်ပျော်နေရင် တကယ် အသက်ရှည်တာလား။ လေ့လာမှုတွေအရတော့ အကောင်းမြင်ဝါဒီသမားတွေက အသက်ရှည်ရှည် ပိုနေနိုင်ကြတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲ။ ၁။ အကောင်းမြင် ဝါဒီတွေက ကျန်းမာရေး ပိုကောင်းကြပါတယ်။ အကောင်းမြင်တတ်တဲ့သူတွေက နှလုံးရောဂါ ဖြစ်နိုင်ခြေ ၅၀% လျော့နည်းပြီး ကင်ဆာရောဂါ ဖြစ်နေချိန်မှာတောင် အသက်ရှင်နိုင်ခြေ ပိုများပါတယ်လို့ သုတေသနတွေက ဆိုကြပါတယ်။ နောက်ပြီးတော့ ကောင်းမွန်တဲ့ စိတ်ခံစားမှုတွေက Immunoglobulin A (အင်မျူနို ဂလိုဘျူလင် အေ) ဆိုတဲ့ ပဋိပစ္စည်းကို ထုတ်ပေးပြီး ဒါက ဖျားနာမှုတွေကို ရှေ့တန်းက တိုက်ထုတ်ပေးနေတဲ့ ပဋိဇီဝပစ္စည်းပါ။ ဒါကြောင့်လည်း အကောင်းမြင်တတ်သူတွေက ကျန်းမာရေး ပိုကောင်းတယ်လို့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း