လူတစ်ယောက်ဟာ သူ့ကိုယ်သူ ချစ်သင့်တာထက် ပိုပြီး ချစ်နေတယ်။ သူပြောတာ၊ သူလုပ်တာမှ အမှန်။ သူ့ကိုပဲ အမြဲ ဂရုစိုက်နေရမယ်ဆိုတာမျိုးတွေ ဖြစ်လာရင် သူဟာ Narcissist (နာစစ်ဆစ်) လား၊ တစ်နည်းအားဖြင့် ပုံမှန်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ချစ်လွန်းသူလားဆိုတာ ဆန်းစစ်ရပါတော့မယ်။ ကိုယ်တိုင် Narcissist ဖြစ်နေလားဆိုတာ ဘယ်လို အချက်တွေကနေ သိနိုင်သလဲ။