လူစုံတက်စုံရှိပြီး တစ်နေ့ကို အနည်းဆုံး ၆ နာရီနဲ့အထက် နေရတဲ့ အလုပ်ခွင်မှာ ရောဂါ အမျိုးမျိုး ကူးစက်နိုင်ပါတယ်။ ရောဂါပိုးတွေ ကူးစက်မှုနဲ့အတူ အလုပ်ခွင်ဖိအား။ နေထိုင်မှု ပုံစံတွေကြောင့်လည်း ကျန်းမာရေး ပြဿနာ အမျိုးမျိုး ခံစားရနိုင်ပါတယ်။
ထွက်မှာ သေချာပြီလား။
လူစုံတက်စုံရှိပြီး တစ်နေ့ကို အနည်းဆုံး ၆ နာရီနဲ့အထက် နေရတဲ့ အလုပ်ခွင်မှာ ရောဂါ အမျိုးမျိုး ကူးစက်နိုင်ပါတယ်။ ရောဂါပိုးတွေ ကူးစက်မှုနဲ့အတူ အလုပ်ခွင်ဖိအား။ နေထိုင်မှု ပုံစံတွေကြောင့်လည်း ကျန်းမာရေး ပြဿနာ အမျိုးမျိုး ခံစားရနိုင်ပါတယ်။
ကိုယ်တိုင်မှာရော လုပ်ဖော်ကိုင်ဖက်တွေမှာပါ ရောဂါကူးစက်မှု ကင်းစေဖို့ဆိုရင် ရုံးတွင်းမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ကိုယ်တိုင်ကစပြီး ကာကွယ်ဖို့လိုပါမယ်။ ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်နော်။
အလုပ်ခွင်မှာ အခုလို ရောဂါတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
အလုပ်လည်း ကောင်းကောင်း လုပ်နိုင်ပြီး ကျန်းမာနေစေဖို့ဆိုရင် ဒီအချက်လေးတွေကို သေချာလိုက်နာဖို့ လိုပါမယ်။
ရောဂါ တော်တော်များများကို ကာကွယ်ဖို့က ကိုယ်ခံအား ကောင်းဖို့ လိုပါမယ်။ ဒါကြောင့် နေ့စဉ် အာဟာရ ပြည့်ဝအောင် ပြင်ဆင် စားသောက်တတ်တဲ့ အလေ့အကျင့်ကို မွေးမြူပါ။
အပြင်စာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေ အစား သန့်ရှင်းပြီး အာဟာရပြည့်ဝတဲ့ အိမ်ချက် ထမင်းဘူးလေး ယူသွားဖို့ မမေ့ပါနဲ့။
ခေါင်းကိုက်တာ။ ကြွက်သားတွေ တောင့်တင်းတာနဲ့၊ အိုင်ဒီယာတွေ ပျောက်တယ်ဆိုတာ တစ်ခါတစ်ခါမှာ ရေသောက်နည်း နေတာကြောင့် ဖြစ်နိုင်ပါတယ်။
ရေသောက်နည်းတာက ဆီးလမ်းကြောင်း ပိုးဝင်တာ အပါအဝင် ဝမ်းချုပ်တာနဲ့ အခြားသော ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်သလို ကိုယ်ခံအားကို အားနည်းစေနိုင်ပါတယ်။ ဒါကြောင့် ရေသောက်ဖို့ မမေ့ပါနဲ့။ အလုပ်များနေရင်တောင် တစ်နေ့ကို ရေ ၈ ခွက် သောက်ပေးပါ။
ရုံးကို ရောက်ပြီဆိုတာနဲ့ အရင်ဆုံး ဘာကိုမှ မကိုင်ခင် လက်ဆေးပါ။ ခုံနဲ့ အသုံးအဆောင်တွေကို သန့်စင်ပြီးချိန်မှာ လက်ဆေးပါ။ အစားမစားခင်၊ အများသုံး ပစ္စည်းတွေ ကိုင်တွယ်ပြီးတိုင်း၊ အိမ်သာက ထွက်တဲ့အခါမျိုးတွေမှာ မမေ့မလျော့ လက်ဆေးပါ။
မျက်လုံးကို အနားပေးပါ
တစ်နေကုန် စခရင်မ်ကို ကြည့်နေရတာကြောင့် မျက်လုံးခြောက်တာ၊ မျက်လုံးညောင်းပြီး ခေါင်းကိုက်တာကို သက်သာစေဖို့အတွက် မျက်လုံးကို အနားပေးတဲ့အနေနဲ့ ကွန်ပျူတာကနေ ခပ်ဝေးဝေးကို လှမ်းကြည့်တာ၊ စိမ်းစိုတဲ့ မြင်ကွင်းတွေကို ကြည့်တာမျိုး လုပ်ပေးပါ။ မျက်လုံး ကျန်းမာစေပြီး မျက်လုံးညောင်းတာကြောင့် ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။
ထိုင်တဲ့ ပုံစံ မမှန်တာက ခါးနာတာနဲ့ တင်ပါးနာတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အလုပ်ခွင်မှာ ခါးနာမှု ကင်းစေဖို့ဆိုရင် ခါးကို မတ်မတ်လေးထားပြီး ပုံစံ မှန်မှန် ထိုင်ပါ။ ထိုင်ခုံနဲ့ စားပွဲကို အဆင်ပြေတဲ့ အမြင့်ဖြစ်စေဖို့လည်း သတိပြုပါ။
လေ့ကျင့်ခန်း လုပ်ပါ
လေ့ကျင့်ခန်းလုပ်တာက အလုပ်ကြောင့် အညောင်းမိတာကို သက်သာစေနိုင်သလို ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။ စိတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပြီး အလုပ်ခွင်ဖိအားတွေကြောင့် စိတ်ဖိစီးမှုဒဏ်ကို အကောင်းဆုံး တုံ့ပြန်နိုင်စေမှာပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Here are 6 ways your office can be unhealthy and what you can do about it
https://yourstory.com/herstory/2019/09/5-tips-healthy-office-workplace?utm_pageloadtype=scroll Accessed Date 26 August 2020
5 health conditions you can pick up at the office https://www.health24.com/Lifestyle/Healthy-workplace/Health-in-the-workplace/5-diseases-you-can-pick-up-at-the-office-20170804 Accessed Date 26 August 2020
What Are the Most Common Office Illnesses and Ailments? https://www.passporthealthusa.com/employer-solutions/blog/2019-4-most-common-office-illnesses-and-ailments/ Accessed Date 26 August 2020