စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

သင်ချစ်ရတဲ့သူတွေ စိတ်ဖိစီးမှုမှ လွတ်မြောက်ဖို့ ဘယ်လိုကူညီပေးမလဲ

စိတ်ဖိစီးမှုဆိုတာ လူတိုင်းမှာရှိကြတာပါပဲ။ စိတ်ဖိစီးရတဲ့ အကြောင်းအရင်း၊ အနည်းအများသာ ကွာရင် ကွာမယ်။ လူတိုင်းက သူ့နည်း သူ့ဟန်နဲ့တော့ စိတ်ဖိစီးကြတာချည်းပါပဲ။ စိတ်ဖိစီးမှုဆိုတာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်အရ အနည်းငယ်တော့ လိုအပ်ပါတယ်။ ဒါမှ အရေးကြီးတဲ့အခြေအနေမျိုးမှာ 'fight or flight response'နဲ့ တုံ့ပြန်နိုင်မှာပါ။ ဒါပေမယ့် စိတ်ဖိစီးမှုက ခံနိုင်စွမ်းထက် ကျော်လွန်ပြီး များပြားလာရင်တော့ လူကို ဝါးမျိုပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေမှာ ထိခိုက်မှုတွေ ရှိလာမှာပါ။ ဒီအဆင့် ထိရောက်မသွားအောင်တော့ ကာကွယ်ဖို့လိုပါတယ်။ ခုလို ကိုဗစ်ကာလမှာ လူတိုင်းက စိတ်ဖိစီးနေကြပါတယ်။ အလုပ်လုပ်တဲ့သူတွေ၊ စီးပွားရေးသမားတွေပဲ ဖိစီးတာ မဟုတ်ပါဘူး။ ဟိုးကလေးလေးက စလို့ လူကြီးပိုင်းအထိ အားလုံးက ကိုယ့်အပူနဲ့ ကိုယ်ပါ။ ကလေးလေးတွေဆိုရင်လည်း သူ့သူငယ်ချင်းတွေနဲ့ မတွေ့ရတဲ့အခါ၊ အပြင်ထွက် မဆော့ရတဲ့အခါ စိတ်ဖိစီးတာပဲ။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာတွေမှားသိထားကြလဲ

စိတ်ကျန်းမာရေးဆိုတာ ပုံမှန်လူသားတိုင်း နားလည်နိုင်စွမ်း အလွန်နည်းပါတဲ့ ကျန်းမာရေးခေါင်းစဉ်တစ်ခုပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံလိုမျိုး ကျန်းမာရေးဗဟုသုတနည်းတဲ့ နိုင်ငံမျိုးတင်မကဘဲ တကယ့် ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေမှာပါ ပြည်သူလူထုများက စိတ်ကျန်းမာရေးကို ကောင်းစွာ နားလည်နိုင်ခြင်းမရှိကြပါဘူး။ စိတ်ကျန်းမာရေးဆိုတာ ဘာလဲလို့ မေးခွန်းထုတ်လိုက်ရင် လူအယောက် ၁၀၀ မှာ ၉၉ ယောက်က ရူးနေတာ၊ လွတ်နေတာ၊ ဆိုက်ကိုဖောက်နေတာ၊ နည်းနည်းလေး ကြောင်တောင်တောင်ဖြစ်နေတာဆိုပြီးတော့ ပြန်ဖြေပါလိမ့်မယ်။ စိတ်ကျန်းမာရေးဆိုသည်မှာ စိတ်ခံစားချက်၊ တွေးခေါ်ပုံ၊ အပြုအမူတွေအပေါ် သက်ရောက်မှုရှိပြီး ပြောင်းလဲစေတဲ့ တွေးခေါ်မှုပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများကို စိတ်ကျန်းမာရေးပြဿနာလို့ ခေါ်ပါတယ်။ လိင်သတ်မှတ်ချက်၊ အသားအရောင်၊ လူမျိုး၊ အသက်အရွယ်၊ ပညာရေး၊ စီးပွားရေးနောက်ခံ၊ ကိုးကွယ်ယုံကြည်ရာ ဘာသာရေး စတာတွေနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိဘဲ လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာမှာ ပုံမှန်မဟုတ်တဲ့ ချို့ယွင်းမှုတွေ ရှိနေတာပါ။ စိတ်ကျန်းမာရေးပြဿနာတွေဟာ လူနည်းစုမှာသာ ဖြစ်နိုင်တာလား။ ပြောရင်တော့ ယုံချင်မှ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ကျနေတဲ့ စိတ်ဓာတ်ကို ဆွဲတင်ကြစို့

ကျနေတဲ့ စိတ်ဓာတ်ကို ဆွဲတင်ကြစို့ ..... ဘဝဆိုတာ တိုက်ပွဲတဲ့။ လူရယ်လို့ဖြစ်လာရင် ရင်ဆိုင်ရမယ့် အနိုင်ယူရမယ့် ကျော်လွှားရမယ့်အခက်အခဲတွေက အများသားရယ်။ အမြဲစိတ်ဓာတ်တွေကျနေရင် ဘယ်လိုလုပ် ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်နိုင်တော့မှာလဲ။ ဒီတော့ စိတ်ဓာတ်ကျ (Depression) နေပြီဆိုရင် တိုက်ထုတ်လိုက်ပါ။ ကျနေတဲ့ စိတ်ဓာတ်ကို ဆွဲတင်ကြစို့ ကျနေတဲ့ စိတ်ဓာတ်ကို ဆွဲတင်ကြစို့ ..... ဘာလို့ စိတ်ဓာတ်ကျနေတာကို လျင်လျင်မြန်မြန်တိုက်ထုတ်သင့်တာလဲဆိုရင် လူတစ်ယောက် စိတ်ဓာတ်ကျနေပြီဆိုရင် အလိုလိုနေရင်း ပျော်ရွှင်မှုတွေ ပျောက်ဆုံးကုန်သလို ဝမ်းနည်းကြေကွဲစိတ် ကြီးစိုးလာတာ၊ အစားစားချင်စိတ် နည်းပါးလာတာ၊ ပတ်ဝန်းကျင်ကို ရှောင်ကျဉ်လာတာ၊ ပုံမှန်လူနေမှုဘဝနဲ့ ကင်းကွာလာတာ၊ အာရုံစူးစိုက်ရခက်ခဲလာတာနဲ့ အိပ်စက်ရခက်ခဲလာတာတွေခံစားလာရပြီး ဘဝကြီးတစ်ခုလုံး အဓိပ္ပါယ်မဲ့သွားသလိုမျိုး ဖြစ်သွားတတ်တယ်လေ။ တကယ်ဆိုရင် စိတ်ဓာတ်ကျတာကို လူတိုင်းနီးပါး ကြုံဖူးကြပါတယ်။ ဒါပေမယ့် တချို့က ကျော်ဖြတ်ပြီး အောင်မြင်မှုဆီ တက်လှမ်းသွားကြတယ်။ […]


စွဲလမ်းမှုပြဿနာများ

မိုဘိုင်းလ်ဖုန်းကို လက်ကမချနိုင်ဖြစ်နေတာ ဘာကြောင့်လဲ

မနက်မိုးလင်းတာနဲ ကောက်ကိုင်မိတာက မိုဘိုင်းလ်ဖုန်းဖြစ်နေပြီး ညအိပ်ချိန်မှာ နောက်ဆုံးထိတွေ့ခဲ့တာကလည်း မိုဘိုင်းလ်ဖုန်းဖြစ်နေပြီလား။ ဘယ်အချိန်မဆို ဖုန်းကို တကိုင်ကိုင်နဲ့ ဖြစ်နေတယ်ဆိုရင် ဒါက မိုဘိုင်းလ်ဖုန်းကို နှစ်သက်တဲ့အခြေအနေမျိုးမဟုတ်တော့ပါဘူး။ စွဲလမ်းတဲ့အဆင့်ကို ရောက်နေတာဖြစ်နိုင်ပါတယ်။ ခုလို Work from Home ၊ Stay at Home အစီအစဉ်တွေနဲ့ နေအိမ်တွေမှာနေထိုင်နေရတဲ့အချိန်ကာလမျိုးမှာဆိုရင် မိုဘိုင်းလ်ဖုန်းအသုံးပြုတဲ့အချိန်ပမာဏက ပိုမြင့်တက်လာသလို ဆိုရှယ်မီဒီယာတွေမှာ အချိန်ဖြုန်းတဲ့နှုန်းကလည်း ပိုများလာနေပါတယ်။ ပျင်းလို့၊ စိတ်ပျော်ရွှင်ချင်လို့ ဖုန်းကိုပိုသုံးမိပြီး ဖုန်းပိုသုံးမိတော့ ပိုပြီးလက်က မချနိုင်ဖြစ်ရင်း သံသရာလည်နေတယ်ဆိုပါတော့။ ဒီလိုအခြေအနေတွေတင်မကပါဘူး အောက်ပါလက္ခဏာတွေသင့်မှာ ရှိနေပြီဆိုရင် သာမန်စွဲလမ်းမှုမျိုးမဟုတ်တော့ပါဘူး။ ဖုန်းနဲ့ မကင်းကွာအောင် တမင်ဂရုစိုက်နေထိုင်တာ၊ ဖုန်းမရှိချိန်တွေမှာ စိတ်မတည်မငြိမ်ဖြစ်တာ၊ ဖုန်းမရှိရင် စိတ်တို ဒေါသထွက်နေတတ်တာ၊ ကိစ္စအားလုံးကို ဖုန်းနဲ့ ဆက်စပ်တွေးခေါ် ပြုမူနေတတ်တာ၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ လုပ်ငန်းခွင်မှာ အာရုံစိုက်မှုလျော့ကျလာတာ၊ လူမှုဆက်ဆံရေးနယ်ပယ်မှာ အားနည်းချက်တွေ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

သင် စိတ်ဓာတ်ကျနေပြီလို့ ညွှန်းဆိုနေတဲ့ လက္ခဏာ ၁၀ ခု

လူတိုင်း စိတ်ဓာတ်ကျတတ်ပါတယ်။ စိတ်ဓာတ်ကျတယ်ဆိုတာကို မကြာခဏလည်း ပြောဖြစ်ကြတယ်။ ဒါပေမယ့် ဘယ်လိုအရာတွေက သင့်ကို စိတ်ဓာတ်ကျစပြီး စိတ်ဓာတ်ကျတယ်ဆိုတဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာကိုရော တိတိကျကျသိထားကြရဲ့လား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ သင် စိတ်ဓာတ်ကျနေပြီလို့ ညွှန်းဆိုနေတဲ့ လက္ခဏာ ၁၀ ခု အကြောင်း ပြောပြပေးချင်ပါတယ်။ စိတ်ဓာတ်ကျတယ် (Depress) ဆိုတာက စိတ်ကျရောဂါ (Depression) ရဲ့ မူလဇစ်မြစ်ဖြစ်ပါတယ်။ စိတ်ဓာတ်ကျခြင်းဟာ စိတ်ဖိစီးမှု (Stress) လိုပဲ အဖြစ်များတဲ့ စိတ်ဝေဒနာတစ်မျိုးဖြစ်ပြီး မြန်မာပြည်မှာ အဖြစ်အများဆုံးစိတ်ဝေဒနာလို့လည်း မှတ်တမ်းတွေကဆိုပါတယ်။ သင် စိတ်ဓာတ်ကျနေပြီလို့ ညွှန်းဆိုနေတဲ့ လက္ခဏာ ၁၀ ခု တချို့ဝေဒနာရှင်တွေဟာ သူတို့မှာ စိတ်ကျဝေဒနာရှိနေတယ်ဆိုတာကို သတိထားမိကြခြင်းမရှိကြပါဘူး။ အသက်အရွယ်၊ လိင်၊ မိသားစုအခြေအနေ၊ လုပ်ငန်းခွင်နဲ့ ငွေကြေးအခြေအနေတွေကြောင့် လူအတော်များများမှာ စိတ်ကျဝေဒနာခံစားရလေ့ရှိပါတယ်။ အခုလို လက္ခဏာတွေ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

နောင်တမရဘဲ ပျော်ရွှင်စေမယ့် နည်းလမ်းများ

နောင်တ ဆိုတာ ဘယ်အချိန်အတွက်မဆို မရသင့်တဲ့ အရာတစ်ခုပါ။ လုပ်သင့်တာတွေကို မလုပ်မိဘဲနဲ့ မလုပ်သင့်တာတွေကိုပဲ လုပ်မိမယ်ဆိုရင်တော့ အချိန်လွန်ရင် နောင်တဆိုတာကြီးကို တပွေ့တပိုက်နဲ့ သယ်ပိုးရမှာပဲလေ။ လူတိုင်း ဒီလိုမဖြစ်ချင်ကြပါဘူး။ လူ့ဘဝတိုတိုလေးအတွင်းမှာ လုပ်သင့်လိုပ်ထိုက်တာတွေကို အချိန်ဆွဲမနေဘဲနဲ့ လုပ်သင့်ပါတယ်။ နောင်တဆိုတာ နောင်မှ တရတယ်လို့ မဖြစ်ရလေအောင် ဒီအချက်တွေကို အခုချက်ချင်း လုပ်လိုက်ကြရအောင်။ နောင်တမရဘဲ ပျော်ရွှင်စေမယ့် နည်းလမ်းများ က ဘာတွေများလဲ နောင်တမရဘဲ ပျော်ရွှင်စေမယ့် နည်းလမ်းများ ၁။ ဖုန်းချည်း လှိမ့်သုံးမနေနဲ့ အရင်တုန်းက ဘော်ဒါတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီဆိုရင် စလိုက်၊ နောက်လိုက်နဲ့ အကြမ်းအိုး ၃ အိုးလောက် ကုန်မှ ထပြန်တာ။ ပေါ့ပါးလွတ်လပ်ခြင်းဆိုတဲ့ အရသာကို အပြည့်အဝခံစားရတယ်လေ။ အခုခေတ်ကျတော့ လက်ဖက်ရည်ဆိုင်ထိုင်တယ်လို့သာ ပြောတာ၊ ဖုန်းလေးတွေကို ကိုယ်စီပွတ်လို့၊ တစ်ယောက်ကိုတစ်ယောက် စကားကောင်းကောင်း မပြောဖြစ်ဖူး။ သူငယ်ချင်းရေ . […]


စွဲလမ်းမှုပြဿနာများ

စမတ်ဖုန်း အလွန်အကျွံသုံးစွဲခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ

မရှိမကောင်း၊ ရှိမကောင်းဆိုတဲ့ အရာတွေထဲမှာ စမတ်ဖုန်းတွေဟာလည်း ထိပ်ဆုံးကပါပဲ။ နည်းပညာနဲ့ ခေတ်တိုးတက်ပြောင်းလဲမှုနဲ့အတူ လိုက်ပါလာတဲ့ စမတ်ဖုန်းတွေကို လူကြီး၊ လူငယ်တွေအပြင် ကလေးတွေပါ အများအပြားသုံးစွဲလာတာကို တွေ့ရပါတယ်။ ဒီတစ်ခေါက်တော့ စမတ်ဖုန်း အလွန်အကျွံသုံးစွဲခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ကောင်းတဲ့ဘက်က ကြည့်ရင်တော့ လိုအပ်တဲ့ အချက်အလက်တွေကို လျင်မြန်စွာ ရှာဖွေလို့ရတယ်၊ ဝေးလံတဲ့နေရာမှာ နေထိုင်နေသူတွေနဲ့ ဆက်သွယ်စကားပြောဆိုလို့ ရတယ်၊ ကမ္ဘာ့အရေးအခင်း၊ ကျန်းမာရေးသတင်းတွေကို မျက်ခြေမပြတ်တမ်း စောင့်ကြည့်လို့ရတယ်။ မကောင်းတဲ့ဘက်ကနေကြည့်လိုက်တဲ့အခါ လူတော်တော်များများက စမတ်ဖုန်းကို ကောင်းတဲ့အချက်တွေထက်စာရင် ဖေ့ဘုတ်လို လူမှုကွန်ယက်တွေ သုံးဖို့၊ ဂိမ်းဆော့ဖို့သက်သက်သာ အသုံးပြုနေတာကို တွေ့ရပါတယ်။ စမတ်ဖုန်း အလွန်အကျွံသုံးစွဲခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ စမတ်ဖုန်း အလွန်အကျွံသုံးစွဲခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ ကတော့ ၁။ ဖုန်းကင်မရာနဲ့ ဆယ်လ်ဖီပုံတွေ ရိုက်တဲ့အခါ ကိုယ့်မျက်နှာပုံနဲ့ အနောက်ဘက်မှာ ရှိတဲ့ ရှုခင်းတွေအကုန်ပါဖို့ လက်မောင်းကို […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အဆုံးသတ်တော့မယ့် Relationship တစ်ခုရဲ့ လက္ခဏာများ

လူတိုင်းနီးပါး Relationship တစ်ခု ကို စတင်ကြတာက အဆုံးသတ်ဖို့ရည်ရွယ်ချက်နဲ့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခြေအနေ အကြောင်းကြောင်းကြောင့် Relationship အများစုဟာ လမ်းခွဲခြင်းနဲ့ အဆုံးသတ်သွားတတ်ကြပါတယ်။ ကမ္ဘာပေါ်က Relationship တွေဟာ ပေါင်းစည်းရတာထက် လမ်းခွဲတာနဲ့ အဆုံးသတ်ရတာက ပိုများတယ်လို့ အဆိုရှိပါတယ်။ Relationshipတစ်ခုခိုင်မြဲနေဖို့ဆိုရင် နမိတ်လက္ခဏာတွေနဲ့ အပြုအမူတွေကို သိနားသဘောပေါက်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ အဆုံးသတ်တော့မယ့် Relationship တစ်ခုရဲ့ လက္ခဏာများ အဆုံးသတ်တော့မယ့် Relationship တစ်ခုရဲ့ လက္ခဏာတွေကို သိထားမယ်။ ကိုယ့်ရဲ့ Relationship ဟာ ဘယ်လိုအခြေအနေမျိုးကို ဦးတည်နေသလဲဆိုတာကိုလည်း သိထားမယ်ဆိုရင် အဆုံးသတ်ဆိုတဲ့အခြေအနေကို ကောင်းမွန်စွာ ကျော်ဖြတ်ရှောင်လွဲနိုင်ဖို့ ရာခိုင်နှုန်းသိသိသာသာမြင့်မားသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ Relationshipက ဘယ်လိုအခြေအနေမျိုးမှာရှိနေလဲဆိုတာကို ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ အောက်က အခြေအနေတွေရှိနေပြီဆိုရင်တော့ သင့်ရဲ့ Relationshipဟာ အန္တရာယ်ဇုံထဲကိုရောက်နေပြီလို့ မှတ်ယူရပါလိမ့်မယ်။ တစ်ယောက်နဲ့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

နေ့ရက်တိုင်းကို စိတ်တက်ကြွလန်းဆန်းစွာ ဖြတ်သန်းစေနိုင်ဖို့

ဒီခေတ်ဟာ အပြိုင်အဆိုင်များတဲ့ ခေတ်ဖြစ်တဲ့အတွက် နေ့စဉ်နဲ့အမျှ အားကုန်ထုတ် ကြိုးစားနေရပါတယ်။ စီးပွားရေးမှာပဲဖြစ်ဖြစ်၊ ပညာရေးမှာပဲဖြစ်ဖြစ် သူများတွေထက် ရှေ့ရောက်နေဖို့ဆိုရင် ကျန်းကျန်းမာမာနဲ့ အလုပ်လုပ်နေနိုင်ဖို့ လိုတာပေါ့။ တနင်္လာနေ့လောက်က စလုပ်လိုက်တာ တစ်ရက်ထက် တစ်ရက် ပင်ပန်းလာပြီး သောကြာနေ့လောက်ဆို ဒေါင်းနေပြီ။ နောက်တစ်ပတ် တနင်္လာနေ့တိုင်အောင် အလုပ်သွား၊ ကျောင်းသွားဖို့ ရုန်းကန်နေရတာ ကြုံဖူးမှာပါ။ ဒီလိုဆို သိပ်ကို ရှေ့ရောက်ချင်နေတဲ့ ကိုယ့်အတွက် အဆင်ပြေပါ့မလား။ စိတ်ထောင်းလို့ ကိုယ်ကြေဆိုသလိုပဲ တစ်နေ့တစ်နေ့ ကြုံရတဲ့ စိတ်ဖိစီးတွေကြောင့် ခန္ဓာကိုယ်မှာပါ ဝန်ပိပြီး အလွယ်တကူပင်ပန်းနွမ်းနယ်တာတွေ၊ စိတ်ရှုပ်ထွေးတာ၊ အာရုံမစူးစိုက်နိုင်တာတွေ ဖြစ်လာမှာပါ။ ဒါတွေက ကျော်လွှားလို့ မရတဲ့ ကိစ္စတွေတော့ မဟုတ်ပါဘူး။ အောက်ကနည်းလမ်းတွေကို လိုက်လုပ်ကြည့်ရအောင်လား။ နေ့ရက်တိုင်းကို စိတ်တက်ကြွလန်းဆန်းစွာ ဖြတ်သန်းစေနိုင်ဖို့ အာဟာရပြည့်အောင် စားသောက်ပါ။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ စုံလင်အောင် စားပါ။ နေ့စဉ်စားတဲ့ထဲမှာ အသားငါး၊ […]


စိတ်ကျန်းမာရေး

စိတ်ကျန်းမာရေး အကြောင်း

စိတ်ကျန်းမာရေး အကြောင်း ...... စိတ်ကျန်းမာရေး ဟာ ကျယ်ပြန့်တဲ့ နယ်ပယ်တစ်ရပ်ဖြစ်ပါတယ်။ စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါဘယတွေက အမျိုးမျိုးအဖုံဖုံရှိနေကြတဲ့အပြင် အဖြစ်များပြီး လူတိုင်းနီးပါးနဲ့နွယ်စပ်နေတတ်ပါတယ်။ လူတစ်ဦးရဲ့ စိတ်ခံစားချက်နဲ့ တွေးတောကြံစည်ပုံအခြေအနေကောင်းမွန်နေရင် စိတ်ကျန်းမာတယ်လို့ ဆိုနိုင်ပါတယ်။ Healthy Mind ဖြစ်တယ်၊ Mental Well-being ဖြစ်တယ်ပေါ့။ စိတ်ကျန်းမာပြီး ပျော်ရွှင်နေခြင်းဟာ စိတ်ပိုင်းဆိုင်ရာကိုသာမက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတချို့ကိုပါ တားဆီးပေးနိုင်ပါတယ်။ စိတ်ကျန်းမာရေး ပြင်းထန်စွာချို့ယွင်းလာတဲ့အခါ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့အထိ တွန်းအားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်လည်း စိတ်ကျန်းမာမှ ကိုယ်ချမ်းသာမယ်လို့ အဆိုရှိတာပါ။ သက်ရှိလူသားတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေဟာ အမျိုးမျိုးသော သက်ရောက်မှုတွေကြောင့် ထိခိုက်ပျက်ယွင်းနိုင်ပါတယ်။ အဓိကကျတဲ့ အချက်တွေကတော့ ဘဝထဲမှာရင်ဆိုင်ရတဲ့ အဖြစ်အပျက်တွေနဲ့ မျိုးရိုးဗီဇတွေကြောင့်ဖြစ်ပါတယ်။ ယျေဘုယျအားဖြင့် ဘဝမှာ စိတ်ကျန်းမာစွာနေထိုင်ချင်တယ်ဆိုရင် အောက်ပါအချက်တွေကို လိုက်နာဖို့လိုအပ်ပါတယ်။ အပြုသဘောဆောင်စွာ တွေးတောကြံစည်တာ၊ ရုပ်ပိုင်းဆိုင်ရာအရ တက်ကြွစွာနေထိုင်တာ၊ လူတစ်ဖက်သားကို ကူညီဖေးမတာ၊ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း