Nomophobia လို့ခေါ်တဲ့ စိတ်ဝေဒနာတစ်မျိုးကတော့ ကိုယ်လက်ထဲမှာ နေ့စဉ်နဲ့အမျှကိုင်ထားနေရတဲ့ ဖုန်းကြောင့်ဖြစ်တဲ့ စိတ်ဝေဒနာပါ။Nomophobia ဆိုတာက no–mobile-phone phobia ကို အတိုကောက်ရေးထားတာပါ။ ဒီရောဂါကို ၂၀၁၃ ခုနှစ်မှာ တရားဝင်ရောဂါတစ်မျိုးအဖြစ် စတင်သတ်မှတ်ခဲ့ပါတယ်။
ဖုန်းဟန်းသွားချိန်၊ ဘက်ထရီကုန်သွားချိန်၊ လိုင်းမမိချိန်၊ စိတ်တိုတာ၊ သောကရောက်တာ၊ စိတ်မရှည်နိုင်တာ၊ စိတ်ဖိစီးတာမျိုးတွေ ဖြစ်ဖူးပါလား? ဒါမှမဟုတ် ဖုန်းကိုယ့်နားမှာမရှိရင် တစ်ခုခုလိုနေတာလိုလို၊ ဖုန်းမသုံးရရင် စိတ်ထဲ ကနာမငြိမ်ဖြစ်နေတာလို ခံစားချက်မျိုးတွေရော ခံစားနေရပြီလား? ဒါဆိုရင် ကိုယ့်မှာ Nomophobia ရှိနေပြီလား မဖြစ်မနေ ပြန်သုံးသပ်ရပါတော့မယ်။
Nomophobia ဟာ ဒီကနေ့ခေတ်မှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပေမယ့် ကာယကံရှင်အများစုဟာ ဝေဒနာခံစားနေရမှန်း မသိရှိကြတာများပါတယ်။ ဒီဝေဒနာဟာ ပြင်းထန်တဲ့ စိတ်ဝေဒနာတစ်မျိုးဖြစ်ပြီး နှလုံးကိုလည်း ထိခိုက်နိုင်တယ်ဆိုတာကိုတော့ ပိုလို့တောင်လူသိနည်းပါသေးတယ်။
Nomophobia ရဲ့ တကယ့် မျိုးစိတ်က Anxiety Disorder လား? Lifestyle Disorder လား? စွဲလမ်းစိတ်လားဆိုတာကိုတော့ ဒီကနေ့အချိန်အထိ စိတ်ပညာရှင်တွေအကြား အငြင်းပွားနေကြဆဲပါ။
ရောဂါလက္ခဏများ
Nomophobia သမားတွေဟာ အဆင့်တစ်ခုကို ရောက်လာပြီဆိုရင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကိုပါ နောက်ဆက်တွဲအဖြစ် ခံစားလာရမှာ ဖြစ်ပါတယ်။ အောက်ပါ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- နှလုံးခုန်နှုန်းနဲ့ သွေးခုန်နှုန်းမမှန်တာ၊
- အသက်ရှူကျပ်တာ၊
- သောကများတာ၊
- အထီးကျန်တာ၊
- ကိုယ်လက်မအီမသာဖြစ်တာ (သို့) ထိုင်းမှိုင်းတာ၊
- ပျို့ချင်အန်ချင်တာ၊
- စိတ်ဖိစီးမှုများတာ၊
- ကြောက်ရွံ့၊ ထိတ်လန့်တာတို့ဖြစ်ပါတယ်။
- အထူးသဖြင့် ဖုန်းမသုံးရချိန်၊ ဒါမှမဟုတ် ဖုန်းသုံးရအဆင်မပြေချိန်တွေမှာ ဒီလိုဝေဒနာတွေ ခံစားရနိုင်ပါတယ်။
Nomophobia ဟာ ဒီကေန့ခေတ် လူတြေအကြားမွာ မသိမသာနဲ့ ကျယ်ပြန့်စွာ တွယ်ညိနေတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ တချို့ ကျန်းမာရေးပညာရှင်တွေကဆိုရင် ကပ်ဘေးလို့တောင် ဆိုကြပါတယ်။လူတိုင်းနီးပါး စမတ်ဖုန်းတွေကို နေ့စဉ်လူနေမှုအသုံးအဆောင်တွေအဖြစ် အသုံးချနေကြတဲ့ဒီခေတ်မှာ ဒီသုံးသပ်ချက်က မှားယွင်းတယ်လို့ မဆိုသာပါဘူး။
လေ့လာချက်တွေအရလည်း မိုဘိုင်းလ်ဖုန်းသုံးစွဲသူအများစုဟာ သူတို့ရဲ့ ဖုန်းတွေအပေါ် စွဲလမ်းစိတ် အနည်းနဲ့အများဆိုသလို ရှိနေကြပါတယ်။ တစ်ချို့က Nomophobia အဆင့်အထိမရောက်သေးပေမယ့် ရောက်နိုင်ချေရှိနေပြီး တစ်ချို့ကတော့ မသိလိုက်ဘာသာနဲ့ကို စွဲလမ်းတဲ့အဆင့်ကို ရောက်နေပြီလို့ ဆိုပါတယ်။
ဘတ်စ်ကားပေါ်မှာ ဖုန်းတကြည့်ကြည့်၊ ကျောင်းမှာလည်း ဆဲလ်ဖီ တဆွဲဆွဲ၊ ရုံးမှာလည်း ဖေ့စ်ဘုတ်ခ်လေးတ ပွတ်ပွတ်ဖြစ်နေပြီလား? အိပ်ယာဝင်ချိန်မှာတောင် ဖုန်းလေး ဘေးချပြီးမှ အိပ်နေပြီလား?
တကယ်လို့များ ကိုယ်က စမတ်ဖုန်းတွေကို လိုတာထက်ပိုပြီး စွဲလမ်းနေတယ်လို့ခံစားနေရပြီဆိုရင် သေချာပြန်စဉ်းစားပါ။ သာမန်ထက် ပိုစွဲလမ်းနေပြီလား၊ Nomophobia ရှိနေပြီလား ဆိုတာကိုပေါ့။ အစွဲအလမ်းဆိုတာ ဘယ်တော့မှ ကောင်းကျိုးမပေးဘူးမဟုတ်လား။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။