၄။ ဘေးတစ်စောင်း လှဲအိပ်ပြီး ဖုန်းကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်းဟာ ကိုယ့်ရဲ့ မျက်လုံး တစ်ဖက်ကို ထောင့်ဖက်ကို ကပ်သွားစေပြီး မျက်စိတစ်ခြမ်း စွေစောင်းတဲ့ ပြဿနာမျိုး ဖြစ်စေနိုင်ပါတယ်။
၅။ ခါးကို ကုန်းထားပြီး ဖုန်းအသုံးပြုတာ၊ ဇက်ကို အတင်းအောက်ကို ငုံ့ပြီး ဖုန်းသုံးတာမျိုးက ဇက်ကြောနဲ့ ခါးအရိုးအဆစ်များကို ကွေးထားသလို ဖြစ်စေပြီး အချိန်ကြာလာတာနဲ့အမျှ ညောင်းကိုက်နာကျင်ခြင်းကို ဖြစ်စေတယ်။ အသက်ကြီးလာတဲ့အခါမှာလည်း ဒီဒဏ်တွေကြောင့် အရိုးအဆစ်များ ကောက်ကွေးပြီး အလွယ်တကူ ကျိုးပဲ့စေသည်အထိ ဖြစ်စေနိုင်ပါတယ်။
၆။ တစ်နေ့လုံး ဖုန်းအသုံးပြုတဲ့အခါ ဖုန်းကနေထွက်လာတဲ့ အပြာရောင်အလင်းတန်းတွေဟာ မျက်လုံးထဲကို ဝင်သွားပြီး ညအိပ်မပျော်ဘဲ မျက်စိကြောင်တာမျိုး၊ မျက်စိမှိတ်လိုက်ရင် အရောင်တွေဖြာထွက်နေတာ၊ အမြင်အာရုံ ဝေဝါးတာ၊ မျက်လုံးခြောက်ပြီး နီတာ၊ မျက်လုံးအောင့်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
ဒီလို မဖြစ်ရအောင် ဘယ်လိုကာကွယ်မလဲ။
- တစ်နေ့တာအတွက် ဖုန်းအသုံးပြုရန်အချိန်ကို ကန့်သတ်ထားပါ။ အလွန်အကျွံသုံးတာမျိုး မဖြစ်စေဖို့ ရှောင်ကြဉ်ပါ။
- မလိုအပ်ဘဲ ဓာတ်ပုံဆယ်လ်ဖီမဆွဲပါနဲ့။ အကယ်လို့ ဓာတ်ပုံရိုက်ချင်တယ်ဆိုရင်လည်း ဖုန်းကို တစ်နေရာမှာ ထောင်ထားပြီးရိုက်တာမျိုး၊ Selfie Stick ထောက်တံဖြင့် ဖုန်းကို ညှပ်ပြီးဓာတ်ပုံရိုက်တာမျိုး လုပ်ပေးလို့ ရပါတယ်။
- လက်အဆစ်တွေ ညောင်းညာနေတယ်ဆိုရင် ရေအေးအေးထဲမှာ ၅ မိနစ်လောက် စိမ်ထားပေးပါ။
- နာရီဝက်ခြားတစ်ခါ ဖုန်းသုံးတာရပ်ပြီး လမ်းထလျှောက်တာ၊ အပြင်ဘက်အလင်းရောင်ကို ကြည့်တာ၊ မျက်လုံးကို ခဏမှိတ်ပြီး အနားပေးတာမျိုး လုပ်ပေးပါ။
- ညအိပ်ခါနီး မျက်စဉ်းခတ်ပါ၊ သို့မဟုတ် မျက်လုံးကို ရေခဲဝတ်ကပ်ပေးပါ။
- ခါးမတ်မတ်ထိုင်ပြီးတော့ပဲ ဖုန်းသုံးပါ။ ခါးကုန်းထားတာ၊ လှဲအိပ်နေတာ၊ ဘေးတစ်စောင်းအိပ်ပြီး ဖုန်းသုံးတာမျိုး ရှောင်ပါ။
- ရေများများ သောက်ပါ။
- မသန့်ရှင်းတဲ့ လက်နဲ့ မျက်လုံးကိုမပွတ်ပါနဲ့။
- ညဘက်ကို ၁၂ နာရီထက် နောက်မကျဘဲ အိပ်ပေးပါ။ အိပ်မပျော်ရင်လည်း တရားမှတ်ပြီး အိပ်ပါ၊ ဖုန်းထမသုံးပါနဲ့။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။