backup og meta

သင်ချစ်ရတဲ့သူတွေ စိတ်ဖိစီးမှုမှ လွတ်မြောက်ဖို့ ဘယ်လိုကူညီပေးမလဲ

သင်ချစ်ရတဲ့သူတွေ စိတ်ဖိစီးမှုမှ လွတ်မြောက်ဖို့ ဘယ်လိုကူညီပေးမလဲ

စိတ်ဖိစီးမှုဆိုတာ လူတိုင်းမှာရှိကြတာပါပဲ။ စိတ်ဖိစီးရတဲ့ အကြောင်းအရင်း၊ အနည်းအများသာ ကွာရင် ကွာမယ်။ လူတိုင်းက သူ့နည်း သူ့ဟန်နဲ့တော့ စိတ်ဖိစီးကြတာချည်းပါပဲ။ စိတ်ဖိစီးမှုဆိုတာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်အရ အနည်းငယ်တော့ လိုအပ်ပါတယ်။ ဒါမှ အရေးကြီးတဲ့အခြေအနေမျိုးမှာ ‘fight or flight response’နဲ့ တုံ့ပြန်နိုင်မှာပါ။

ဒါပေမယ့် စိတ်ဖိစီးမှုက ခံနိုင်စွမ်းထက် ကျော်လွန်ပြီး များပြားလာရင်တော့ လူကို ဝါးမျိုပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေမှာ ထိခိုက်မှုတွေ ရှိလာမှာပါ။ ဒီအဆင့် ထိရောက်မသွားအောင်တော့ ကာကွယ်ဖို့လိုပါတယ်။

ခုလို ကိုဗစ်ကာလမှာ လူတိုင်းက စိတ်ဖိစီးနေကြပါတယ်။ အလုပ်လုပ်တဲ့သူတွေ၊ စီးပွားရေးသမားတွေပဲ ဖိစီးတာ မဟုတ်ပါဘူး။ ဟိုးကလေးလေးက စလို့ လူကြီးပိုင်းအထိ အားလုံးက ကိုယ့်အပူနဲ့ ကိုယ်ပါ။ ကလေးလေးတွေဆိုရင်လည်း သူ့သူငယ်ချင်းတွေနဲ့ မတွေ့ရတဲ့အခါ၊ အပြင်ထွက် မဆော့ရတဲ့အခါ စိတ်ဖိစီးတာပဲ။ လူငယ်တွေဆိုလည်း ကျောင်းတွေပိတ်၊ အလုပ်တွေပိတ်ထားတော့ အနာဂတ်အတွက် ဝေဝေဝါးဝါးပါပဲ။

လုပ်ငန်းလုပ်တဲ့သူတွေကတော့ ငွေရေးကြေးရေး စိတ်ပူပန်မှုတွေ ရှိတာပါပဲ။ လူကြီးတွေဆိုလည်း ဘယ်နေ့များ ကူးစက်ခံရမလဲ။ ကူးစက်ခံရရင် ငါ့ရောဂါအခံတွေနဲ့ အဆင်မှပြေပါ့မလား စသဖြင့် ကိုယ့်နည်းနဲ့ ကိုယ် စိတ်ဖိစီးနေကြတာပါပဲ။

ဒါကြောင့် ဒီကာလမှာ သင်အပါအဝင် လူတိုင်းက သူ့အတိုင်းအတာနဲ့သူ စိတ်ပူပန်နေကြပါတယ်။ စိတ်ဖိစီးမှုက သိပ်ကို များလာရင် လူမှာ အစစအရာရာ ထိခိုက်လာနိုင်တာကြောင့် သင့်ပတ်ဝန်းကျင်က သင်ချစ်ခင်တဲ့သူတွေ စိတ်ဖိစီးမှု လွန်ကဲနေပြီလားဆိုတာ ဂရုစိုက်ပြီး ကြည့်ကြည့်ပါ။ ဒီထက်ပိုမဆိုးခင် ကိုယ်ဘာတွေများ ကူညီနိုင်မလဲဆိုတာ တူတူအဖြေရှာ ကြည့်ရအောင်လား။

စိတ်ဖိစီးမှု လွန်ကဲနေတဲ့ လက္ခဏာတွေ

စိတ်ဖိစီးမှုက အနည်းနဲ့ အများ ရှိနေတာဆိုတော့ တော်ရုံဆို ကိုယ့်ကိုယ်ကို စိတ်ဖိစီးနေမှန်း သတိမထားမိတတ်ကြပါဘူး။ ဒါပေမယ့် ဘေးလူအနေနနဲ့ဆိုရင်တော့ သူစိတ်ဖိစီးနေပြီလားဆိုတာ ဒီအချက်တွေနဲ့ ဆန်းစစ်နိုင်ပါတယ်။

မှတ်ဉာဏ်ဆိုင်ရာ လက္ခဏာများ

  • တစ်ခုခုဆို မေ့လွယ်လာတယ်
  • အာရုံစူးစိုက်လို့ မရဘူး
  • စဉ်းစားဆုံးဖြတ်နိုင်စွမ်းတွေ ကျလာတယ်
  • ဘာမဆို မကောင်းတဲ့ဘက်ကပဲ တွေးတယ်
  • အမြဲတမ်း ပူပန်နေတတ်တယ်
  • စိတ်ထဲမှာ ဒွိဟ ဖြစ်နေတတ်ပါတယ်

စိတ်ခံစားမှု လက္ခဏာများ

  • စိတ်ဓာတ်တွေကျလာပြီး အရင်လို မပျော်တော့ဘူး
  • တစ်ခုခုဆို စိတ်တွေဆတ်လာတယ်
  • အမြဲလိုလိုစိတ်ရှုပ်ထွေးနေမယ်
  • တစ်ယောက်တည်း ခွဲထွက်ပြီး အတွေးတွေ များနေမယ်
  • တခြား စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခုခု ရှိနေမယ်

ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ

တစ်ခါတလေ လူက အကောင်းကြီးလို့ ထင်ရပေမယ့် စိတ်ထောင်းလို့ ကိုယ်ကြေပြီး ရောဂါမယ်မယ်ရရမရှိဘဲ အောက်က လက္ခဏာတွေ ခံစားလာရပါတယ်။

  • တစ်ကိုယ်လုံး ကိုက်ခဲနေမယ်
  • ဝမ်းလျှောမယ် ဒါမှမဟုတ် ဝမ်းချုပ်မယ်
  • ပျို့ပြီး မူးဝေမယ်၊ ခေါင်းကိုက်မယ်
  • အားမရှိသလို ခံစားရမယ်
  • ရင်ဘတ်တွေအောင့်ပြီး ရင်တုန်မယ်
  • လိင်စိတ်ဆန္ဒလျော့နည်းလာမယ်
  • ခုခံအားကျလို့ မကြာခဏဆိုသလို ဖျားနာမယ်

အပြုအမူပိုင်းဆိုင်ရာ လက္ခဏာများ

ဖိစီးမှုတွေ သိပ်များလာတဲ့အခါ နေ့စဉ်အပြုအမူတွေပါ ပြောင်းလဲလာတာ တွေ့ရပါတယ်။

  • စားသောက်တဲ့ ပုံစံတွေ ပြောင်းလဲလာမယ်။ (အစားအသောက်ပျက်တာ ဒါမှမဟုတ် အရင်ကထက် ပိုစားတာ)
  • အိပ်တဲ့ ပုံစံပြောင်းလာတာ ( အိပ်မပျော်တာ ဒါမှမဟုတ် တစ်ချိန်လုံး အိပ်နေတာ)
  • တခြားသူတွေနဲ့ သီးခြားခွဲနေတာ
  • လုပ်စရာရှိတဲ့ အလုပ်တွေကို မလုပ်ချင်တော့တာ
  • စိတ်ထွက်ပေါက်အနေနဲ့ ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးတွေ သုံးလာတာ
  • ထူးဆန်းတဲ့ အပြုအမူတွေ လုပ်လာတာ (လက်သည်းကိုက်တာ၊ အိပ်နေတုန်း သွားကြိတ်တာ၊ ကလေးတွေဆို အိပ်ရာထဲ အပေါ့သွားတာ)

ကိုယ့်ပတ်ဝန်းကျင်က တစ်ယောက်ယောက်မှာ ဒီလိုလက္ခဏာတွေ ရှိနေပြီဆိုရင် ဒါဟာ စိတ်ဖိစီးမှုများနေပြီဆိုတဲ့ သဘောပါပဲ။ သူတို့ကို ကောင်းကောင်း ဂရုစိုက်ပေးဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေရှည်မှာ ဒီလက္ခဏာတွေအတိုင်းသာဆိုရင် သူတို့ရဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ လုပ်ငန်းခွင်မှာပါ ထိခိုက်လာနိုင်လို့ပါပဲ။

ဒါဆိုရင် သူတို့ကို ဘယ်လိုကူညီကြမလဲ?

စိတ်ဖိစီးမှုဆိုတာ စိတ်ရောဂါတွေရဲ့ အစပဲမို့လို့ စိတ်ဖိစီးမှုခံစားနေရတဲ့ သူတွေကိုလည်း စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ဖေးမပေးဖို့လိုပါတယ်။ ဒါကြောင့်

  • စိတ်ဖိစီးနေတယ်ဆိုတာ သူတို့သိပါစေ။

ပုံမှန်ဆိုရင်လည်း စိတ်ဖိစီးမှုနဲ့ အသားကျနေတာဖြစ်တဲ့အတွက် တော်ရုံဖိစီးတာကို မမြင်နိုင်ပါဘူး။ ဘေးလူဖြစ်တဲ့ သင်ကတော့ မြင်နိုင်တဲ့အတွက် သူတို့ကို စိတ်ဖိစီးနေပြီဆိုတာ တစ်ချက်လောက် သတိပေးပေးပါ။ တချို့က သူ့ကိုယ်ကို ပြန်ပြီး ထိန်းချုပ်နိုင်တဲ့အတွက် ထင်သလောက် မဖိစီးတော့ပါဘူး။

  • နားထောင်ပေးပါ။

စိတ်ပိုင်းဆိုင်ရာမှာ တစ်ခုခုခံစားနေရတဲ့ သူတွေက သူတို့ပြောတာကို သေသေချာချာနားထောင်ပေးတဲ့သူကို လိုချင်ကြပါတယ်။ ပညာရှင်တွေအဆိုအရ စိတ်ဖိစီးနေတဲ့အချိန်မှာ အကြံပေးတဲ့သူထက် နားထောင်တဲ့သူကို ပိုလိုပါတယ်တဲ့။ ဒါကြောင့် သူတို့ပြောတာကို လိုလိုလားလား နားထောင်ပေးလိုက်ပါ။

  • သူတို့ဖိစီးတဲ့အကြောင်းကို မေးပါ။

မေးတယ်ဆိုပေမယ့် ပညာသားပါပါစေ။ အတင်းအစ်အောက်မေးတာ မဟုတ်ဘဲ သူ့သဘောနဲ့သူ ပြောတာပဲ ဖြစ်ပါစေ။ တစ်ခါတလေမှာ ဖိစီးတဲ့အကြောင်းကို သိရရင် ကိုယ့်ဘက်က မတူတဲ့ အမြင်နဲ့ အကြံပေးနိုင်ပါတယ်။ အချင်းချင်း ဖိစီးတဲ့ အကြောင်းတွေကို ဖလှယ်ပြီး စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါတယ်။

  • လက်တွေ့ကျတဲ့ ထောက်ပံ့မှုမျိုးပေးပါ။

ဘာကြောင့် စိတ်ဖိစီးတာလဲ။ တကယ်တော့ စိတ်ဖိစီးစေတဲ့အကြောင်းရင်းတွေကို ရှာကြည့်ရင် ယာယီကိစ္စတွေပါပဲ။ အများစုကလည်း ဖြေရှင်းလို့ပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ လက်တွေ့ကျကျ ဘာကို ကူညီနိုင်မလဲဆိုတာ ကြိုစဉ်းစားထားသင့်ပါတယ်။ လူအားလား၊ ငွေအားလား၊ စိတ်ပိုင်းဆိုင်ရာ အားပေးမှုလား တတ်နိုင်သလောက် ကူညီပေးလိုက်ပါ။

  • ကျန်းမာရေးလည်း ဂရုစိုက်ပေးလိုက်ပါ။

စိတ်ဖိစီးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပါ ရှိလာတယ်ဆိုတာ အပေါ်မှာ ဖော်ပြပြီးပါပြီ။ အစားအသောက်တွေ ပျက်တယ်၊ အိပ်ရေးပျက်တယ်၊ ခုခံအားတွေ ကျလာပါတယ်။ ဒါတွေကြောင့် နောက်ပိုင်းမှာ ကျန်းမာရေးထိခိုက်လာမှာ မလွဲမသွေပါပဲ။ ဒါကြောင့် သူတို့ကို အာဟာရပြည့်ဝပြီး ရောဂါခုခံနိုင်စွမ်းရှိအောင် ကူညီပေးရပါမယ်။

အစားအသောက်ပျက်နေတဲ့အတွက် ပုံမှန်စားနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လိုအပ်ရင် အားဆေးသောက်ပေးနိုင်ပါတယ်။ အားဆေးက စျေးကွက်ထဲမှာလည်း အမျိုးအစားအများကြီးရှိတဲ့အတွက် ကိုယ်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် အင်အားလည်း ပြည့်ဝပြီး ရောဂါခုခံနိုင်စွမ်း ကောင်းဖို့ဆိုရင် ဂျင်ဆင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တာကို ဦးစားပေးရွေးချယ်သင့်ပါတယ်။

လေ့လာထားချက်အရဆိုရင် ဂျင်ဆင်းဟာ ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့အတွက် စိတ်ဖိစီးမှုကြောင့် ဆဲလ်တွေ ပျက်စီးတာကို တားဆီးပေးနိုင်ပါတယ်။ မှတ်ဉာဏ်နဲ့ ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းစေပါတယ်။ ခုခံအားကို ကောင်းစေတဲ့အတွက် စိတ်ဖိစီးမှုကျတာကြောင့် ခုခံအားကျတာကို ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ ပင်ပန်းမှုကို ပြေပျောက်စေပြီး စွမ်းအားပြည့်စေပါတယ်။

ဒါ့ပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေမှာလည်း ဓာတ်တိုးဆန့်ကျင်သတ္တိတွေပါဝင်တာကြောင့် စိတ်ဖိစီးမှုကို တွန်းလှန်ဖို့ အကောင်းဆုံးဖြစ်မှာပါ။ ဂျင်ဆင်းထည့်သွင်း ပြုလုပ်ထားတဲ့ အားဆေး၊ ကို တစ်နေ့တစ်လုံး ပုံမှန် သောက်သုံးပေးတာက စိတ်ရော ကိုယ်ပါ လန်းဆန်းတက်ကြွစေပြီး စိတ်ဖိစီးမှုတွေနဲ့ ကင်းဝေးစေမှာပါ။

စိတ်ဖိစီးမှုဆိုတာ လူတိုင်းမှာ ရှိတတ်ပါတယ်။ အလွန်အကျူးဖြစ်လာရင်တော့ ကျန်းမာရေးပါ ထိခိုက်လာနိုင်တာကြောင့် သင့်အနေနဲ့ သင်ချစ်တဲ့သူတွေကို စိတ်ဖိစီးမှုတွေကြား မနစ်မွန်းအောင် တတ်နိုင်သမျှ ကူညီပေးမယ်ဆိုရင် သူတို့ကောင်းကောင်းကျော်လွှားနိုင်မှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.helpguide.org/articles/stress/stress-symptoms-signs-and-causes.htm

https://www.caba.org.uk/help-and-guides/information/7-ways-support-someone-who-stressed

https://my.clevelandclinic.org/health/articles/11874-stress

ယခုပုံစံ

29/08/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေ တဲ့ လက္ခဏာ ၁၀ ရပ်

နေ့ရက်တိုင်းကို စိတ်တက်ကြွလန်းဆန်းစွာ ဖြတ်သန်းစေနိုင်ဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement