စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ကြောက်လန့်ဖွယ်ရာ စိတ်ကျဝေဒနာ

စိတ်ကျရောဂါကို အသံတိတ်လူသတ်သမားလို့တောင် တင်စားကြတာ ကြားဖူးကြပါလိမ့်မယ်။ ဒါဆိုရင်တော့ စိတ်ရောဂါဟာ မိမိအသက်ရောဂါကိုတောင် ခြိမ်းခြောက်နိုင်တဲ့ရောဂါဖြစ်တယ်ဆိုတာ ခန့်မှန်းမိကြပါလိမ့်မယ်။ အမှန်တကယ်ကိုပဲ ကောင်းစွာမကုသ မထိန်းချူပ်နိုင်တဲ့ စိတ်ကျရောဂါရှိသူတွေအနေနဲ့ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို ဘယ်လိုထိခိုက်နိုင်တယ်ဆိုတာကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးလိုက်ပါတယ်။ ကြောက်လန့်ဖွယ်ရာ စိတ်ကျဝေဒနာ အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ ကြောက်လန့်ဖွယ်ရာ စိတ်ကျဝေဒနာ ကြောက်လန့်ဖွယ်ရာ စိတ်ကျဝေဒနာ လို့ ပြောရတာက ဒီအကြောင်းအရင်းတွေကြောင့်ပါ။ (၁) စိတ်ကျခြင်းနဲ့ နှလုံးရောဂါ လေ့လာချက်များစွာအရ စိတ်ကျခြင်းဟာ နှလုံးရောဂါဖြစ်ခြင်းကို ဦးတည်ခြင်း၊ ရှိပြီးသားနှလုံးရောဂါကို ပိုဆိုးလာစေခြင်းနဲ့ နှလုံးရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိူးတွေကနေ ပြန်လည်သက်သာစေဖို့ ခက်ခဲခြင်းတို့နဲ့ ဆက်စပ်လျက်ရှိနေပါတယ်။ စိတ်ကျရောဂါရှိသူတွေအနေနဲ့ နှလုံးထိခိုက်မှုဖြစ်ပေါ်ပြီးနောက် ပထမ(၆)လမှာ သေဆုံးနိုင်ချေကို ၂၀ရာနှုန်းနီးပါးမြင့်တက်စေနိုင်ပါတယ်။ စိတ်ကျရောဂါရှိခြင်းအပြင် ကျန်းမာရေးနှင့်ညီညွတ်အောင် မစားသောက်ခြင်း၊ ဆေးလိပ်နဲ့ အရက်သောက်ခြင်းတို့ရှိနေပါက နှလုံးရောဂါဖြစ်ဖို့အလားအလာပိုများစေပါလိမ့်မယ်။ (၂) စိတ်ကျခြင်းနဲ့ ဆီးချိုရောဂါ စိတ်ကျခြင်းကြောင့် Type 2 Diabetesဖြစ်နှုန်းကို တက်စေနိုင်ပါတယ်။ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေ တဲ့ လက္ခဏာ ၁၀ ရပ်

စိတ်ဖိစီးမှုများတာ မကောင်းပါဘူး။ ဒါပေမယ့် ဘယ်အခြေအနေကို စိတ်ဖိစီးမှုများတယ်လို့ ဆိုနိုင်မလဲ။ ဘယ်လောက်အတိုင်းအတာဆိုရင် စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေ ပြီလို့ ပြောနိုင်မလဲ။ ဒီလိုမေးခွန်းမျိုးကိုကျ ဖြေဖို့ ခက်ပါလိမ့်မယ်။ ဒီကနေ့ခေတ်မှာ လူတိုင်းအတွက် စားဝတ်နေရေးပူပင်သောကတွေအပြင် တခြားသော စိတ်ဖိစီးစရာ အခြေအနေတွေက ပိုပြီးတိုးပွားလို့လာနေပါတယ်။ ဒါကြောင့်လည်း လူတိုင်းရဲ့ ပါးစပ်ဖျားမှာ စိတ်ဖိစီးတယ်၊ သောကများတယ်၊ စိတ်ဓာတ်ကျတယ်ဆိုတဲ့ စကားတွေ မကြာခဏကြားနေရတတ်ပါတယ်။ အရွယ်ရောက်ပြီးသူတိုင်းရဲ့ ၃၃% လောက်မှာ ဒီဝေဒနာခံစားရတတ်တာမို့ ဘယ်လောက်အဖြစ်များတယ်ဆိုတာကို သိမြင်နိုင်မယ်ထင်ပါတယ်။ ဒါပေမယ့် ကိုယ်ဘယ်လောက် စိတ်ဖိစီးမှုများနေလဲ၊ ဘယ်လောက် အန္တရာယ်များတဲ့အဆင့်ကိုရောက်နေပြီလဲဆိုတာကိုတော့ သာမန်လူတစ်ယောက်အနေနဲ့ ပြောနိုင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့်ဒီဆောင်းပါးမှာတော့ အလွန်အမင်းစိတ်ဖိစီးမှု ဝေဒနာခံစားနေရသူတွေမှာ ပြသတတ်တဲ့ လက္ခဏာ ၁၀ ရပ်ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေ တဲ့ လက္ခဏာ ၁၀ ရပ် ၁။ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

သောကများရင် ရောဂါပွားမယ်

“သောကများမနေစမ်းပါနဲ့” လို့ မိတ်ဆွေအပေါင်းအသင်း အချင်းချင်းပြောလေ့ပြောထရှိတယ်မဟုတ်လား။ တကယ်တော့ သောကများတာမကောင်းပါဘူး။ ပူပင်သောကများခြင်းဟာ စိတ်ဝေဒနာတစ်မျိုးပါ။ ပူပင်သောကများတာကြောင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကြီးကိုပါ ထိခိုက်နိုင်ပါတယ်။ Anxiety လို့ခေါ်တဲ့ ပူပင်သောကများတာဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်မျိုးဖြစ်ပါတယ်။ ဘဝတစ်သက်တာလုံးကို ဒုက္ခပေးနိုင်တဲ့ဝေဒနာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သောကများတယ်ဆိုတဲ့စကားကို မကြာခဏကြားနေကြဖြစ်နေတာမို့သာ သိပ်ပြီးကြောက်စရာမကောင်းလှဘူးလို့ ထင်နေကြတာပါ။ တကယ်တော့ ဒီပြဿနာကအတော်လေး လူကို ဒုက္ခပေးနိုင်ပါတယ်။ သောကများတဲ့လူတွေဟာ ဘဝတန်ဖိုးလျော့ကျပြီး စိတ်ရောကိုယ်ပါထိခိုက်နိုင်တယ်လို့ လေ့လာချက်တွေကဆိုထားပါတယ်။ တချို့သောဝေဒနာတွေဟာ အလွန်ပြင်းထန်တဲ့ရောဂါတွေဖြစ်တာမို့ မဖြစ်မနေ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ဟာ ပူပင်သောကတွေဖိစီးလာပြီဆိုရင် ခန္ဓာကိုယ်မှာ အောက်ပါ သက်ရောက်မှုတွေ ရှိလာတာ့မှာဖြစ်ပါတယ်။ ဒါတွေကတာ့ Generalized anxiety disorder (GAD) GAD ဆိုတာ စိုးရိမ်သောကလွန်ရောဂါဖြစ်ပါတယ်။ သာမန် စိုးရိမ်ပူပန်ပြီး သောကပွားတတ်တဲ့အဆင့်ကနေ ရောဂါအဆင့်ကို ကူးပြောင်းသွားတာပါ။ ဒီလိုဖြစ်သွားတဲ့ဝေဒနာသည်တွေအများအပြားရှိနေပြီးတော့ အမေရိကန်တစ်နိုင်ငံတည်းမှာတင် ၆.၈ သန်းလောက်ရှိတယ်လို့ The […]


စွဲလမ်းမှုပြဿနာများ

အန်ဖက်တမင်း အလွဲသုံးခြင်းဆိုသည်မှာ

လူတွေ အလွဲသုံးမိနေနိုင်တဲ့ အရာတွေက အတော်များများရှိပါတယ်။ ဒီထဲမှာ အန်ဖက်တမင်းကလည်း တစ်ခုအပါအဝင်ပေါ့။ အခုနောက်ပိုင်းမှာ အန်ဖက်တမင်း အလွဲသုံးမှုက အများအပြားတွေ့လာရပါတယ် အထူးသဖြင့်တော့ လူငယ်တွေကြားမှာပေါ့။ ဒီတစ်ခေါက်တော့ အန်ဖက်တမင်း အလွဲသုံးခြင်းအကြောင်းလေး ပြောပြပေးချင်ပါတယ်။ ဘာလဲဟဲ့ အန်ဖက်တမင်း အန်ဖက်တမင်း (Amphetamine) ဆိုတာက ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးတဲ့ အရာပါ။ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို မြင့်တက်စေဖို့ အသုံးပြုကြသလို ခန္ဓာကိုယ်မှာ အင်အားပြည့်ဝနေစေဖို့၊ အာရုံစူးစိုက်မှု ကောင်းစေဖို့၊ ကိုယ့်ကိုယ်ကို ယုံ​ကြည်မှု မြင့်မားစေဖို့ ညဘက်မအိပ်ဘဲ နေနိုင်စေဖို့၊ အဆာခံနိုင်စေပြီး ဝိတ်ကျစေဖို့ စတဲ့ အကြောင်းအရင်း အမျိုးမျိုးနဲ့ အသုံးပြုကြပါတယ်။ ဘယ်လို ပုံစံနဲ့ အသုံးပြုကြလဲ.......... အန်ဖတ်တမင်းကို အလွဲသုံးတဲ့ ပုံစံခြင်း မတူနိုင်ပါဘူး။ ဆေးလုံးလိုက် သောက်သူတွေရှိသလို အာနိသင် မြန်မြန် ပြအောင်ဆိုပြီး ဆေးလုံးကိုကြိတ် ရေနဲ့ ဖျော်ပြီး သွေးကြောထဲ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်လှုပ်ရှားနေပြီဆိုရင် ဒီနည်းလမ်းတွေနဲ့ ထိန်းကြည့်ပါ။

စိတ်လှုပ်ရှားတယ်၊ ကြောက်ရွံ့တယ်ဆိုတာ လူတိုင်းမှာ ဖြစ်တတ်တာပါပဲ။ အင်တာဗျူးဖြေရတော့မှာမို့လို့ ကြောက်နေတာတွေ၊ လူအများရှေ့ စင်ပေါ်မှာ စကားပြောရတော့မှာမို့လို့ လန့်နေတာတွေ၊ စာမေးပွဲခန်းရှေ့မှာ ကြောက်ဒူးတုန်နေတာတွေက ဖြစ်တတ်တဲ့ သဘာဝပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ကြောက်တာခြင်းတော့ မတူဘူးပေါ့။ ဒါပေမယ့် စိတ်လှုပ်ရှားတာ၊ ကြောက်တာက ပြင်းထန်လာပြီး ထိန်းမရအောင် ဖြစ်လာတဲ့အခါ လူကြားထဲမှာ သိပ်ဒုက္ခရောက်ပါတယ်။ ထိုင်ရမလို ထရမလို၊ အိမ်သာသွားချင်သလိုလို၊ အန်ချင်သလိုလို စသဖြင့်ပေါ့။ ဒီလို လွန်ကဲတဲ့ တုံ့ပြန်မှုတွေဖြစ်လာပြီဆိုရင် ဒါကို panic attackလို့ ခေါ်ပါတယ်။ တစ်ချိန်မဟုတ် တစ်ချိန်မှာ ကြုံလာနိုင်တဲ့ ကိစ္စမို့လို့ အမြန်ဖြေရှင်းနိုင်အောင် နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။ Panic attack ဖြစ်လာပြီဆိုရင် Panic attackမှာ ကြုံရတဲ့ ကြောက်လန့်မှုတွေက လက်တွေ့မှာတော့ ကိုယ့်ကို အန္တရာယ်မပေးနိုင်ပါဘူး။ ဥပမာ စာမေးပွဲဖြေတာက အသက်အန္တရာယ်မှ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

လူမှုဆက်ဆံရေးကိစ္စရပ်များကို ကြောက်ရွံ့စိုးရိမ်တတ်ခြင်း

လူမှုပေါင်းသင်းဆက်ဆံရေးကိစ္စတွေကို ရှောင်ရှားလိုတဲ့၊ လူမှုရေးကိစ္စတွေကို စိုးရိမ်ပူပန်မှုများတဲ့ အခြေအနေကို Social Anxiety Disorder လို့ ခေါ်ဝေါ်ပါတယ်။ မိမိ မနှစ်ခြိုက်တဲ့ ပတ်ဝန်းကျင်ကို ရှောင်ရှားလိုတာ သဘာဝဖြစ်ပါတယ်။ ဒါပေမယ့် လူအများနဲ့ ဆက်ဆံပြောဆိုရမှာကို ကြောက်ရွံ့စိုးရိမ်စိတ်များနေတာ၊ သူစိမ်းတရံစာများနဲ့ မတွေ့ဆုံလိုတာ၊ မိတ်ဆုံစားပွဲ တွေ့ဆုံပွဲတွေကို ရှောင်ကြဉ်တာ စတာတွေကတော့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာပဲ ဖြစ်ပါတယ်။ မိမိကို အများက ဝေဖန်မှာ၊ ကဲ့ရဲ့မှာ စတာတွေကို စိုးရိမ်စိတ်များနေတာကြောင့် ဖြစ်ပါတယ်။ တခါတရံမှာ ဒီပြဿနာကို ခံစားနေရသူများကိုယ်တိုင်က သူတို့အနေနဲ့ ဖြစ်သင့်တာထက် လွန်ကဲနေတာကို သိမြင်ကြပါတယ်။ ဒါပေမယ့် မိမိကိုယ်ကို မထိန်းနိုင်ကြပါဘူး။ လူမှုဆက်ဆံရေးကို ကြောက်ရွံ့ရှောင်ရှားတာဟာ သာမန်ရှက်ကြောက်တတ်တဲ့ အခြေအနေနဲ့ မတူပါဘူး။ ရှက်ကြောက်ခြင်းဟာ တခဏတာပဲဖြစ်ပြီး နေ့စဉ်ဘဝကို အနှောက်အယှက်မပေးနိုင်ပါဘူး။ လူမှုဆက်ဆံရေးကို ရှောင်ရှားခြင်းကတော့ အစွဲအလန်းတခုလို […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ကိုယ်ရောစိတ်ပါ အနားရအောင် ဘယ်လိုအနားယူမလဲ

ယနေ့လူမှုအဖွဲ့အစည်းဟာ အပြိုင်အဆိုင်ပိုများပြီး စိတ်ဖိစီးမှုတွေနဲ့ နေ့စဉ်ကြုံတွေ့နေရပါတယ်။ လုပ်ငန်းခွင်မှာဖြစ်စေ၊ ကျောင်းစာသင်ခန်းမှာဖြစ်စေ၊ မိသားစုတွင်းမှာဖြစ်စေ ဖြေရှင်းစရာ တပုံတပင်နဲ့ စိတ်ရောကိုယ်ပါ ပင်ပန်းစရာတွေ များပါတယ်။ တစ်ခါတရံမှာ မိမိကိုယ်တိုင်အတွက်တောင် အချိန်မပေးနိုင်တာ ဖြစ်လာနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာ ပါဝင်ဆောင်ရွက်စရာ ကိစ္စတွေ မည်သို့ပင် များနေစေကာမူ မိမိရဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးအတွက်လည်း အချိန်ပေးသင့်ပါတယ်။ အနားယူသင့်တဲ့ အချိန်မှာ အနားမယူဘဲ ဆက်တိုက်အလုပ်လုပ်နေခြင်းဟာ စိတ်ရောကိုယ်ပါ ထိခိုက်စေပါတယ်။ စိတ်ဖိစီးမှုလည်း ပိုများလာနိုင်ပါတယ်။ ကြာလာရင် ပင်ပန်းနွမ်းနယ်လွန်းပြီး ဘာမှဆက်မလုပ်နိုင်တော့တဲ့ အခြေအနေ (burnout)၊ ဦးနှောက်ထိုင်းသွားပြီး တွေးတောဆင်ခြင်ခြင်း၊ အာရုံစူးစိုက်ခြင်း မပြုနိုင်တော့တဲ့ အခြေအနေ (brain fog) တွေ ကြုံလာနိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြလိုတာကတော့ သင့်အနေနဲ့ ကိုယ်ရောစိတ်ပါ အနားရအောင် ကျင့်သုံးသင့်တဲ့ နည်းလမ်းအချို့ ဖြစ်ပါတယ်။ ကိုယ်ရောစိတ်ပါ အနားရအောင် ဘယ်လိုအနားယူမလဲ သင့်အနေနဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ကိုဗစ်ကာလ စိတ်ကျန်းမာရေးအတွက် ဆိုရှယ်မီဒီယာကို လျှော့သုံးကြမယ်

ခုလို ကိုဗစ်ကာလမှာ လူတော်တော်များများက အလုပ်သွားစရာလည်း မလို၊ အိမ်မှာလည်း အလုပ်မလုပ်ရတဲ့အတွက် အားလပ်ပြီး ဆိုရှယ်မီဒီယာကို ပိုမိုအချိန်ပေး အသုံးပြုလာကြပါတယ်။ တကယ်တော့ ဆိုရှယ်မီဒီယာဆိုတာ စိတ်ဓာတ်ပေါင်းစုံ၊ လူတန်းစားပေါင်းစုံ အသုံးပြုနေကြတဲ့ အရာပါ။ ခေတ်ကာလနဲ့ နည်းပညာတိုးတက်မှုလို့ ဆိုရပေမယ့် ဆိုးကျိုးအရကြည့်မယ်ဆိုရင်လည်း စိတ်ကျန်းမာရေးကို တော်တော်ဒုက္ခဖြစ်စေပါတယ်။ ဆိုရှယ်မီဒီယာ အဆိပ်အတောက် ဆိုရှယ်မီဒီယာဟာ လူ့ဘဝနဲ့ စိတ်ကျန်းမာရေးအတွက် အဆိပ်အတောက်လို့ကို ဆိုနိုင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ လူပေါင်းစုံအသုံးပြုနေတာဖြစ်တဲ့ လူတွေရဲ့ အရေးတယူ အာရုံစိုက်မှုတွေကို လိုချင်တာဖြစ်စေ၊ အမုန်းတရားကို ဖြန့်ချိတာဖြစ်စေ၊ မှားယွင်းတဲ့ သတင်းအတုတွေကို ဖြန့်ချိတဲ့အခါဖြစ်စေ၊ အွန်လိုင်းပေါ်ကနေ အပြန်အလှန် ဆဲဆိုရန်ဖြစ်တာမျိုး အစရှိသဖြင့် နေ့စဉ် စိတ်ညစ်စရာ သတင်းပေါင်းစုံကို မြင်ရ၊ တွေ့နေရတဲ့အခါ စိတ်က ဘယ်လိုမှ ချမ်းသာနေနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ခန္ဓာအပြင် စိတ်ရဲ့ကျန်းမာရေးကပါ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုက သင့်ရဲ့ မျက်နှာလှလှလေးကို ဖျက်ဆီးပစ်နိုင်တယ်နော်

စိတ်ဖိစီးမှု (Stress) က သင့်ရဲ့ ကျန်းမာရေးကို ဒုက္ခအမျိုးမျိုးပေးတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်မျိုးဆိုပေမယ့် ရုပ်ပိုင်းဆိုင်ရာဝေဒနာတွေပါ ခံစားရစေတာပါ။ ဒီလို စိတ်ဖိစီးမှုကြောင့် ထိပါးခံရတဲ့ ရုပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေထဲမှာ မျက်နှာလှလှလေး လည်း ပါဝင်နေပါတယ်။ များသောအားဖြင့် စိတ်ဖိစီးမှုများလာတဲ့အခါ ကိုယ်ခံအားစနစ်ကျဆင်းလာပြီး ခန္ဓာကိုယ်တစ်ခုလုံးက လုပ်ငန်းဆောင်တာတွေ ကမောက်မဖြစ်တတ်ပါတယ်။ ဒီအချက်ကြောင့်ပဲ မျက်နှာပေါ်မှာလည်း သက်ရောက်မှုတွေရှိလာပါတော့တယ်။ အကြမ်းဖျဉ်းပြောရမယ်ဆိုရင် လူတစ်ယောက်စိတ်ဖိစီးနေသလားဆိုတာကို မျက်နှာကိုကြည့်ရင်းနဲ့တောင် ပြောနိုင်တယ်လို့ ပညာရှင်တစ်ချို့က ပြောကြပါတယ်။ စိတ်ဖိစီးမှုကြောင့် Stress ဟိုမုန်းတွေ ပိုထွက်လာပြီး အရေပြားပေါ်မှာ အပြောင်းအလဲတွေရှိလာတာကြောင့် အောက်ပါပြဿနာတွေ ဖြစ်ပေါ်လာတာကြောင့်ပါပဲ။ ဝက်ခြံ စိတ်ဖိစီးနေချိန်မှာ ဝက်ခြံပိုထွက်ပါတယ်။ နဂိုက ဝက်ခြံမထွက်တတ်သူတွေတောင် စိတ်ဖိစီးရင် ဝက်ခြံထွက်တတ်ပါတယ်။ စိတ်ဖိစီးတဲ့အခါ ဦးနှောက်က Corticotrophin-releasing Hormone (CRH) တွေကို ပိုထုတ်ပါတယ်။ ဒီဟိုမုန်းဟာ မျက်နှာအရေပြားပေါ်မှရှိတဲ့ အဆီဂလင်းတွေကနေ အဆီတွေပိုထုတ်အောင် တွန်းအားပေးတာမို့ ဝက်ခြံတွေ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

လိင်ဆက်ဆံပြီးချိန်မှာ ငိုကြွေးတာ ဘာကြောင့်လဲ

လိင်ဆက်ဆံတယ်ဆိုတာ စိတ်ကျေနပ်နှစ်သက်မှုအတွက်လို့ ယျေဘုယျအားဖြင့် မှတ်ယူလို့ ရပါတယ်။ ဒါပေမယ့် လိင်ဆက်ဆံမှု ပြီးမြောက်သွားချိန်တွေမှာ ရုတ်တရက်ငိုကြွေးကြတာမျိုးတွေက ဖြစ်တတ်တဲ့ ပြဿနာတစ်မျိုးဆိုတာကိုတော့ လူသိနည်းပါတယ်။ ပုံမှန်အားဖြင့် လိင်ဆက်ဆံပြီးချိန်တွေမှာ လူတိုင်းဟာ စိတ်ကျေနပ်မှု၊ နှစ်ခြိုက်ဖွယ်ရာလိင်အတွေ့အကြုံ၊ ပျော်ရွှင်မှုနဲ့ အပန်းပြေမှုတွေကို ခံစားရတတ်ပါတယ်။ ဒါပေမယ့် တချို့လူတွေကတော့ ဒီလို မခံစားရတတ်ပါဘူး။ ဝမ်းနည်းတာ၊ စိတ်ပင်ပန်းတာ၊ ဖြေမဆည်နိုင်အောင် မျက်ရည်ကျတာနဲ့ စိတ်အနှောင့်အယှက်ဖြစ်တာတွေကို တွေ့ကြုံ ခံစားကြရတာပါပဲ။ လိင်ဆက်ဆံပြီးချိန်မှာ ငိုကြွေးတာ ဘာကြောင့်လဲ လိင်ဆက်ဆံပြီးချိန်မှာ ငိုကြွေးတာ ဘာကြောင့်လဲ ......... လိင်ဆက်ဆံပြီးချိန် ဒီလိုစိတ်ခံစားချက်တွေ ခံစားရပြီး ငိုကြွေးမိတာကို Post-coital Tristesse (PCT) လို့ခေါ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်မျိုးပါ။ ဒီပြဿနာမျိုးက အလိုမတူပဲ လိင်ဆက်ဆံခံရလို့ ငိုကြွေးတာနဲ့ မတူပါဘူး။ PCT က စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာ တစ်မျိုးလို့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း