backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

နောင်တမရဘဲ ပျော်ရွှင်စေမယ့် နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နောင်တမရဘဲ ပျော်ရွှင်စေမယ့် နည်းလမ်းများ

နောင်တ ဆိုတာ ဘယ်အချိန်အတွက်မဆို မရသင့်တဲ့ အရာတစ်ခုပါ။ လုပ်သင့်တာတွေကို မလုပ်မိဘဲနဲ့ မလုပ်သင့်တာတွေကိုပဲ လုပ်မိမယ်ဆိုရင်တော့ အချိန်လွန်ရင် နောင်တဆိုတာကြီးကို တပွေ့တပိုက်နဲ့ သယ်ပိုးရမှာပဲလေ။ လူတိုင်း ဒီလိုမဖြစ်ချင်ကြပါဘူး။

လူ့ဘဝတိုတိုလေးအတွင်းမှာ လုပ်သင့်လိုပ်ထိုက်တာတွေကို အချိန်ဆွဲမနေဘဲနဲ့ လုပ်သင့်ပါတယ်။ နောင်တဆိုတာ နောင်မှ တရတယ်လို့ မဖြစ်ရလေအောင် ဒီအချက်တွေကို အခုချက်ချင်း လုပ်လိုက်ကြရအောင်။

နောင်တမရဘဲ ပျော်ရွှင်စေမယ့် နည်းလမ်းများ က ဘာတွေများလဲ

နောင်တမရဘဲ ပျော်ရွှင်စေမယ့် နည်းလမ်းများ

၁။ ဖုန်းချည်း လှိမ့်သုံးမနေနဲ့

အရင်တုန်းက ဘော်ဒါတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီဆိုရင် စလိုက်၊ နောက်လိုက်နဲ့ အကြမ်းအိုး ၃ အိုးလောက် ကုန်မှ ထပြန်တာ။ ပေါ့ပါးလွတ်လပ်ခြင်းဆိုတဲ့ အရသာကို အပြည့်အဝခံစားရတယ်လေ။ အခုခေတ်ကျတော့ လက်ဖက်ရည်ဆိုင်ထိုင်တယ်လို့သာ ပြောတာ၊ ဖုန်းလေးတွေကို ကိုယ်စီပွတ်လို့၊ တစ်ယောက်ကိုတစ်ယောက် စကားကောင်းကောင်း မပြောဖြစ်ဖူး။ သူငယ်ချင်းရေ . . လက်ဖက်ရည်ဆိုင်ထိုင်ရင် ငါတို့ဖုန်းတွေ ထားခဲ့ရအောင်လားကွာ။

၂။ အဆိပ်ခတ်တဲ့ သူငယ်ချင်းတွေကို ဖြတ်ပစ်

“အောင်မြင်နေတာ အရမ်းဝမ်းသာတယ်သိလား သူငယ်ချင်း” ဆိုပြီး ပါးစပ်ကသာ ပြုံးရွှင်နေပေမယ့် စိတ်ထဲကတော့ မနာလိုဖြစ်နေတဲ့ ကြောင်ချေးသူငယ်ချင်းတွေလည်း ရှိတတ်ပါတယ်။ သာယာနေတဲ့အချိန်မှာ ကိုယ့်ကို ခေါက်ထားပြီးတော့ အဆင်မပြေဖြစ်တဲ့အချိန်မှ သတိရတတ်တဲ့ လိုသုံးတွေ၊ ကြောင်ချေးတွေ၊ ထိုထိုဤဤသော သူငယ်ချင်းမျိုးတွေကိုတော့ မြန်မာပြည်သိန်းတန်လို တစ်ခွန်းတည်းပြောပစ် “အန်ကယ်ကတော့ နိုးပါ”လို့။

၃။ ခရီးထွက်ပါ

ခရီးထွက်တယ်ဆိုတာ အရွယ်ရှိတုန်း သွားလို့ကောင်းတာလေ။ အိုကြီးအိုမဖြစ်လာမှ ငါ ဒီနေရာတွေကို မရောက်ဖူးသေးပါလားဆိုပြီး နောင်တမရရလေအောင် သန်သန်မြန်မြန်ရှိတုန်း အထင်ကရနေရာတွကေို ခရီးလျှောက်ထွက်ကြည့်ပါ။ အားလပ်ရက်တွေကို ဒေသန္တရဗဟုသုတရရှိအောင် ခရီးသွားခြင်းနဲ့ အစားထိုးလိုက်ပါ။

၄။ ဓာတ်ပုံတွေကို အမှတ်တရ သိမ်းထား

ဖုန်းထဲမှာ ရှိတဲ့ဓာတ်ပုံတွေကို ဒီအတိုင်းမထားဘဲနဲ့ ဓာတ်ပုံကူးပြီးတော့ Photo Album ထဲမှာ သိမ်းထားလိုက်ပါ။ အခုအချိန်မှာတော့ ဘာမှမသိသာပေမယ့် နောင်တစ်ချိန်မှာတော့ မြေးမြစ်တွေကို “အဖိုး၊ အဖွား ငယ်ငယ်တုန်းက ပုံတွေပေါ့” ဆိုပြီး ကြွားလုံးထုတ်လို့ရတယ်နော်။ ဖိုးဖိုးဖွားဖွားဖြစ်လာရင် ငယ်ငယ်တုန်းက ဓာတ်ပုံတွေကို ပြန်ကြည့်ရင်း ငယ်ဘဝကို ပြန်ခံစားလို့ရပါသေးတယ်။

၅။ သူတစ်ပါးအောင်မြင်မှုကို အားပေးပါ

သူငယ်ချင်းဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်ဖြစ်ဖြစ် သူတစ်ပါးအောင်မြင်မှုကို အားပေးနိုင်ရုံမက မုဒိတာလည်း ပွားနိုင်ပါစေ။ မနာလိုစိတ် နည်းနည်းလေးမှ မဖြစ်စေချင်ပါဘူး။ သူတစ်ပါးကို မုဒိတာပွားပေးမှသာ ကိုယ့်အတွက်လည်း အခြွေအရံတွေ ပေါနေမှာဖြစ်ပါတယ်။

၆။ အားရပါးရ ရယ်မောလိုက်ပါ

ကိုယ့်အတွက် အားလပ်ချိန်လေးတွေမှာ မိသားစုအတွက် အချိန်ပေးပြီး သွားတွေရှိတုန်း အားရပါးရရယ်မောလိုက်ပါ။ မိသားစုအငွေ့အသက်ဆိုတာ ဘာနဲ့မှမလဲနိုင်လို့ ကိုယ့်ရဲ့အချိန်ပိုတွေကို မိသားစုအတွက်လည်း ခွဲဝေပေးသင့်ပါတယ်။

၇။ ကိုယ်ချစ်တယ်ဆိုတာကို ချစ်ရသူ သိပါစေ

ဒီအချက်ကလည်း အရေးကြီးပါတယ်။ ကိုယ်ချစ်ရသူတွေကို ချစ်ခင်နှစ်သက်မှုကို မပြသနိုင်တာက သင့်ကို နောင်တစ်ချိန်မှာ အကြီးအကျယ်နောင်တရစေပါလိမ့်မယ်။ ဒီလို အမှားမျိုးအဖြစ်မခံပါနဲ့။ အချိန်ရှိတုန်းမှာ ပွင့်လင်းစွာ အသိပေးပါ။

၈။ အိပ်မက်နောက်ကို လိုက်ပါ

လူတိုင်းမှာ အိပ်မက်တွေ ရှိထားကြပါတယ်။ အိုမင်းလာချိန်မှာ ငါဖြစ်ချင်တာကို ဖြစ်ခွင့်မရလိုက်လေခြင်းလို့ နောင်တရမနေဖို့ဆိုရင် အိပ်မက်တွေကို သိပ်နောက်မကျခင်မှာ အကောင်အထည်ဖော်ပါ။ သင့်အိပ်မက်ဆိုတာ သင့်ပျော်ရွှင်မှုပါပဲ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement