စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

လိင်တူချစ်ခြင်းဟာ စိတ်ရောဂါလား

လိင်တူချစ်ခြင်းဟာ စိတ်ရောဂါလား ..... ၂၁ ရာစုရဲ့ ဆယ်စုနှစ်တစ်ခု ကုန်ဆုံးပြီးသွားတဲ့နောက်မှာ အရာရာက ပွင့်လင်းမြင်သာလာပါပြီ။ လိင်တူ ချစ်ခြင်းတွေကိုလည်း ကြည်ကြည်သာသာ လက်ခံပေးလာကြပါပြီ။ ဒါပေမဲ့ တချို့တွေရဲ့ အမြင်မှာတော့ လိင်တူ ချစ်ခြင်းဟာ သဘာဝတရားနဲ့ လွန်ဆန်နေတုန်းပါပဲ။ လက်မခံကြတဲ့ သူတွေအဖို့ LGBT တွေရဲ့ ဖြစ်တည်မှုဟာ မုန်းစရာ၊ ရွံစရာ၊ ရှောင်ဖယ်စရာ ဖြစ်နေဆဲပါ။ သူတို့အမြင်အရတော့ ရုပ်ရှင်တွေရဲ့ လွှမ်းမိုးမှုအရ ပြုပြင်ပေးလို့ ရတယ်၊ တစ်နည်းအားဖြင့် လိင်ကွဲတွေနဲ့ ပေးစားလိုက်ရင် ကုသလို့ ရနိုင်တဲ့၊ ပုံမှန်ပြန်ဖြစ်သွားနိုင်တဲ့ စိတ်ရောဂါတစ်မျိုးလို့ သတ်မှတ်ထားကြတာပါ။ ဒါဖြင့် လိင်တူချစ်သူတွေအပါအဝင် LGBT တွေဟာ စိတ်ရောဂါ ဝေဒနာရှင်တွေလား။ လိင်တူချစ်ခြင်းဟာ စိတ်ရောဂါလား လိင်တူချစ်ခြင်းဟာ စိတ်ရောဂါလား ဆိုတာကို  အတူတူ လေ့လာလိုက်ရအောင်နော်။ ၁၉၅၀၊ ၆၀ ပြည့်နှစ်တွေတုန်းက လိင်တူချစ်သူ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Homophobia - လိင်တူချစ်သူများကို မုန်းတီးကြောက်ရွံ့ခြင်း

Homophobia - လိင်တူချစ်သူများကို မုန်းတီးကြောက်ရွံ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ဂေးဖြစ်ခြင်း၊ တစ်နည်းအားဖြင့် လိင်တူ ချစ်သူ ဖြစ်ခြင်း၊ လိင်တူ၊လိင်ကွဲ နှစ်မျိုးလုံးကို ချစ်ခြင်း စတာတွေကို မုန်းတီးရွံရှာပြီး ခွဲခြားဆက်ဆံတာ၊ နှိမ့်ချပြောဆိုတာ၊ ဖယ်ကြဉ်ထားတာတွေဟာ Homophobia တွေရဲ့ လက္ခဏာတစ်ခုပါ။ ထပ်ပြီး ရှင်းအောင်ပြောရရင် လိင်တူချစ်သူ အမျိုးသမီးတွေ၊ အမျိုးသားတွေကို မုန်းတီးကြောက်ရွံ့ ရွံရှာခြင်း စိတ်ဝေဒနာ တစ်ရပ်ပါပဲ။ Homophobia ကို အမျိုးသမီးတွေထက် အမျိုးသားတွေမှာ တွေ့ရတာ ပိုများပါတယ်။ Homophobia - လိင်တူချစ်သူများကို မုန်းတီးကြောက်ရွံ့ခြင်း Homophobia - လိင်တူချစ်သူများကို မုန်းတီးကြောက်ရွံ့ခြင်း  ပြဿနာဟာ ဘာကြောင့် ဖြစ်လာသလဲဆိုတာကိုတော့ မရှင်းလင်းသေးပေမဲ့ စစ်တမ်းတွေ၊ စိတ်ပညာဆိုင်ရာ ဖြေရှင်းချက်တွေအရတော့ Homophobia ဟာ စိုးရိမ်ပူပန်မှုကို အခြေခံတဲ့ ဖြစ်စဉ်တစ်ရပ်လို့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

မိဘတွေ ရန်ဖြစ်ခြင်းက ကလေးတွေအပေါ် ဘယ်လို ထိခိုက်စေနိုင်သလဲ

အတွဲတွေ ဘယ်လောက်ချစ်ချစ်၊ တစ်ခါတလေ သဘောထားမတိုက်ဆိုင်လို့ စကားများ၊ ရန်ဖြစ်ကြရတာမျိုးတွေ အနည်းနဲ့အများတော့ ရှိကြမှာပါ။ မထူးဆန်းတဲ့ ကိစ္စပဲပေါ့။ ဒါပေမဲ့ ကလေးတွေ ရှိလာပြီဆိုရင်တော့ ပြောစရာတွေ ရှိလာပါပြီ။ မိဘတွေ ရန်ဖြစ်တာက ကလေးတွေကို ရိုက်နှက်နာကျင်နေတာမျိုး မဟုတ်ပေမဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် အများကြီး ဆိုးကျိုးသက်ရောက်စေပါတယ်။ ဘာကြောင့်လဲ။ (၆) လအရွယ် ကလေးတွေကစပြီး အသက် (၁၉) နှစ်လောက် လူငယ်တွေထိ မိဘတွေရဲ့ ငြင်းခုန်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာ ရကြပါတယ်။ ဒါဟာ အနောက်တိုင်း စံနှုန်းအရ (၁၈) နှစ်ကျော်ရင် မိဘတွေနဲ့ ခွဲနေရတဲ့ ဓလေ့ကြောင့်ပါ။ မိဘတွေနဲ့ အသက်ကြီးတဲ့ထိ အတူနေကြတဲ့ သား၊သမီးတွေဟာ မိဘတွေ ရန်ဖြစ်တိုင်း အသက်အရွယ်မရွေး စိတ်ဒဏ်ရာကို ခံစားကြရတယ်လို့ ဆိုပါတယ်။ ဘယ်လိုတွေ ထိခိုက်စေနိုင်တာလဲ။ မိဘတွေ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အရောင်တွေနဲ့ ခံစားချက်များ

“When in doubt, wear Red” - ဒွိဟတွေနဲ့ ဝေခွဲမရဖြစ်နေရင် အနီရောင်ကို ဝတ်ပါ။ ဒီ စကားကို အားလုံး ကြားဖူးကြလိမ့်မယ် ထင်ပါတယ်။ အနီရောင်ဟာ တက်ကြွခြင်း၊ လတ်ဆတ် နုပျိုခြင်း၊ ရဲရင့်ခြင်း စတာတွေရဲ့ ပြယုဂ်ပါ။ အနီရောင်လိုပဲ တခြားအရောင်တွေကလည်း စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေအပေါ် လွှမ်းမိုးမှုတွေ ရှိပါတယ်။ ဒါကို စိတ်ပညာအရ Color Psychology လို့ ရိုးရှင်းစွာ သုံးနှုန်းထားပါတယ်။ အခုတစ်ခေါက်မှာတော့ အရောင်တွေနဲ့ ခံစားချက်များ အကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။ အရောင်တွေနဲ့ ခံစားချက်များ အရောင်တွေနဲ့ ခံစားချက်များ အကြောင်း ပြောရမယ်ဆိုရင် အရောင်တွေက ကလေးဘဝ အမှတ်တရတွေ၊ ခံစားချက်တွေနဲ့ အများကြီး ဆက်နွယ်နေပါတယ်။ ဥပမာအားဖြင့် သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ အနီရောင် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ချစ်ရသူ တစ်ယောက်ကို အပြီးတိုင် လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အခါ

ကိုယ် ချစ်ရသူ တစ်ယောက်ကို အပြီးတိုင် လက်လွှတ်ဆုံးရှုံးလိုက်ရခြင်း ဆိုတာဟာ ဘဝရဲ့ အခက်ခဲဆုံး အချိန်တွေထဲက တစ်ခုပါပဲ။ ဒီလို လက်လွှတ်လိုက်ရပြီဆိုရင် ယေဘုယျအားဖြင့် ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ အဆင့် (၅) ဆင့် ရှိပါတယ်။ ချစ်ရသူ တစ်ယောက်ကို အပြီးတိုင် လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အခါ ချစ်ရသူ တစ်ယောက်ကို အပြီးတိုင် လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အခါ အခုလို အခြေအနေတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ အဆင့် (၁)။        ။ ငြင်းဆန်ခြင်း တစ်နည်းအားဖြင့် ချက်ချင်း လက်မခံနိုင်လိုက်တာပါ။ ကိုယ်ချစ်ရတဲ့သူတစ်ယောက်က လောကကြီးထဲမှာ မရှိတော့ဘူးဆိုတာကို ချက်ချင်း ဘယ်လက်ခံနိုင်ပါ့မလဲ။ ဒါဟာ သဘာဝပါပဲ။ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေစဉ်ကာလပေါ့။ အဆင့် (၂)။         ။ ဒေါသ အမှန်တရားကို တစ်ဖက်က သိပါလျက်နဲ့ ငြင်းဆန်နေရာက ဘယ်လိုမှ ငြင်းပယ်မရတဲ့ အခြေအနေကို ရောက်လာတဲ့အခါမှာ အလိုလို ဒေါသတွေ ထွက်လာပါတယ်။ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ရာသီဥတု အကူးအပြောင်းမှာ ဖြစ်လာမယ့် စိတ်အပြောင်းအလဲကို ဘယ်လိုထိန်းချုပ်မလဲ

နေ့စဉ်လူနေမှုဘဝမှာ စိတ်ကျန်းမာပျော်ရွှင်နေဖို့က အရေးကြီးလှပါတယ်။ စိတ်ချမ်းသာမှု ဒါမှမဟုတ် စိတ်ကျန်းမာမှုမရှိဘူးဆိုရင် ဘဝက နေပျော်စရာဖြစ်လာမှာမဟုတ်တော့ပါဘူး။ ဒီလိုစိတ်မချမ်းမြေ့မှု၊ စိတ်မကျန်းမာမှုတွေဟာ ရာသီဥတု သက်ရောက်မှုကြောင့်လည်း ပိုဆိုးရွားနိုင်တယ်ဆိုရင် သင် အံ့သြနေမလား။ လူမှုရေး၊ စီးပွားရေးပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေအပြင် COVID-19 လို ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေကလည်း ဆီးကြိုနေတာမို့ ဒီခေတ်ဒီကာလမှာ လူဖြစ်ရတာ ခက်ခဲလိုက်တာလို့ လူအများစုက တွေးမိနေကြမယ် ထင်ပါရဲ့။ ဒီလို ရှုပ်ထွေးများမြောင်လှတဲ့ လူဘဝထဲမှာ ရာသီဥတုတွေကလည်း သက်ရောက်မှုတွေ ပေးပါတယ်။ အေးရင်လည်း အေးလို့၊ ပူရင်လည်း ပူလို့၊ စိုစွတ်နေပြန်ရင်လည်း ပြဿနာတစ်မျိုးပေါ့။ ဒီလိုရာသီအကူးအပြောင်းတွေဟာ စိတ်ကျန်းမာရေး ပြဿနာရှိသူတွေအတွက်တော့ သာမန်ထက်ပိုမိုပြီး မလွယ်ကူလှတဲ့အခြေအနေမျိုးပါ။ ရာသီဥတု အခြေအနေပေါ် မူတည်ပြီး ဖြစ်တတ်တဲ့ စိတ်ကျန်းမာရေးပြဿနာကို Seasonal affective disorder (SAD) လို့ခေါ်ပါတယ်။ ရာသီအကူးအပြောင်းတွေမှာ အဖြစ်တတ်ဆုံး […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား

ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား ..... နှလုံးသားကလာတဲ့စကားတွေက နှလုံးသားဆီရောက်တယ်လို့ ရာဘင်ဒြာနာ့သ် တဂိုးက ပြောဖူးပါတယ်။ ဆိုလိုချင်တာက ရင်ထဲအသဲထဲကနေ နက်နက်ရှိုင်းရှိုင်းထုတ်ပြောလာတဲ့ ရိုးသားတဲ့စကားတွေဟာ တစ်ဖက်သားကို နားဝင်စေနိုင်တယ် စိတ်ချမ်းမြေ့စေနိုင်တယ်ပေါ့။ ဒါတင်မကပါဘူး ရိုးသားခြင်းဟာ တဖက်သားကိုသာမက ကိုယ်တိုင်အတွက်လည်း အကျိုးထူးစေပါတယ်။ အထူးသဖြင့် ကျန်းမာရေးပိုင်းမှာပေါ့။ ရိုးသားတဲ့လူတွေဟာ ကျန်းမာကြတယ်လို့ပြောရင် လူအတော်များများက ဆိုင်ပါ့မလားလို့ တွေးမိကြမယ်ထင်ပါတယ်။ တကယ်တော့ ရိုးသားခြင်းဟာ ကျန်းမာခြင်းဆိုတဲ့ လာဘ်ကြီးတစ်ပါးကို ပေးစွမ်းနိုင်ပါတယ်။ တကယ်ပါ။ စိတ်ပညာဆိုင်ရာ လေ့လာချက်တွေအရ ရိုးသားတဲ့လူတွေဟာ လိမ်ညာတတ်တဲ့လူတွေထက်ပိုပြီး ကျန်းမာကြပါတယ်တဲ့။ ရိုးသားမှုဟာ လူ့အဖွဲ့အစည်းအတွင်းက လူအချင်းချင်းဆက်ဆံရေးမှာတင် တန်ဖိုးရှိတာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်း အကျိုးပြုပါတယ်။ ဟန်မဆောင်ပဲ ရင်ထဲမှာရှိတဲ့အတိုင်း မှန်မှန်ကန်ကန်ပြောဆိုတတ်သူတွေဟာ စိတ်ကျန်းမာကြပါတယ်။ စိတ်ကျန်းမာတဲ့အခါ ရုပ်ခန္ဓာကြီးလည်း အကျိုးရှိလာပါတယ်။ ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား ဆိုတော့ အဓိကအားဖြင့် ရိုးသားတဲ့သူတွေဟာ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူး ၃ […]


စွဲလမ်းမှုပြဿနာများ

အသက်ရှည်ချင်ရင် ဖုန်းကြည့်ချိန်ကို လျှော့လိုက်ပါ

အသက်ရှည်ချင်ရင် ဖုန်းကြည့်ချိန်ကို လျှော့လိုက်ပါ .... လူတိုင်း စမတ်ခ်ဖုန်းသုံးနေကြတဲ့ ခေတ်ထဲမှာ ဖုန်းမကြည့်နဲ့ဆိုလို့ပြောလိုက်တော့ စိတ်ထဲတစ်မျိုးဖြစ်သွားမယ်ထင်ပါရဲ့။ တကယ်တော့ ကိုယ့်ဖုန်းကိုကြည့်တဲ့အချိန်က ကိုယ့်ရဲ့ သက်တမ်းနဲ့ တိုက်ရိုက်ဆက်စပ်နေတာပါ။ Screen Time လို့လူသိများတဲ့ စကားလုံးက တီဗွီ၊ ကွန်ပျူတာ၊ ဖုန်း၊ လက်ကိုင်ဂိမ်းစက်တွေနဲ့ တက်ဘလက်တွေကို ကြည့်ရှုချိန်၊ အသုံးပြုချိန်ကို ဆိုလိုတာပါ။ အထူးသဖြင့်တော့ ဖုန်းပေါ့။ ခုခေတ်မှာက ဖုန်းကို လူတိုင်းက လက်ကမချနိုင်အောင် ကြည့်ဖြစ်ကြတယ်မဟုတ်လား။ ဘယ်လို ဒစ်ဂျစ်တယ်ပုံရိပ်လွှာတွေကို ကြည့်ရှုချိန်တိုင်းဟာ Screen Time ထဲမှာ အကျုံးဝင်ပါတယ်။ အသက်ရှည်ချင်ရင် ဖုန်းကြည့်ချိန်ကို လျှော့လိုက်ပါ ဒီ Screen Time ဆိုတာကြီးဟာ သတင်းအချက်အလက်တွေနဲ့ သိကောင်းစရာတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ၊ ပျော်ရွှင်စရာတွေကို ယူဆောင်လာပေးသလို လူသားတိုင်းရှောင်လွှဲလို့မရနိုင်တဲ့ ဆိုးကျိုးတွေကိုလည်း ဆောင်ယူလာပါတယ်။ ပြောရရင်တော့ ကျန်းမာရေးပြဿနာတွေပေါ့။ လေ့လာချက်တွေအရ Screen […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဂျင်ဆင်းတို့ သူရဲကောင်း သုံးယောက် ထိန်းသိမ်းစောင့်ရှောက်ပေးမယ့် ပျော်ရွှင်ခြင်းအကြောင်း

နေ့စဉ်ပျော်ရွှင်နေစေဖို့ ...မနက်မိုးလင်း အိပ်ရာထကတည်းက ညအိပ်ရာဝင်တဲ့အချိန်အထိ အလုပ်တွေကို အင်တိုက်အားတိုက်နဲ့ စူးစူးစိုက်စိုက် လုပ်နိုင်ဖို့ဆိုရင် စွမ်းအားတွေ ပြည့်ဝနေမှ ရမှာပါ။ အိပ်ရာထထချင်းမှာ လန်းဆန်းနေပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကိုယ်ထဲမှာအင်အားတွေ ကျလာတာ၊ စိတ်တွေ ရှုပ်ထွေးပြီး ဖိစီးလာတာက သဘာဝဆိုပေမယ့် ဒီလိုမဖြစ်အောင် ကြိုတင်ပြင်ဆင်ထားလို့ရပါတယ်။ နေ့ရက်တိုင်းကို အားအင်အပြည့်နဲ့ ကျော်ဖြတ်နိုင်ဖို့ဆိုတာ ထင်ထားသလောက် မလွယ်ပါဘူး။ ကိုယ်ကျန်းမာပေမယ့် စိတ်ရှုပ်ထွေး၊ စိတ်ကြည်နေရင်တောင် ကိုယ်မကျန်းမာ တစ်ခုမဟုတ် တစ်ခု ချို့ယွင်းနေတာဆိုတော့ အားအင်အပြည့်ရဖို့ ခက်ခဲတယ်လို့ ပြောရမှာပေါ့။ ဒါပေမယ့် ကိုယ်ရော စိတ်ပါ ကျန်းမာ ကြည်လင် ပျော်ရွှင်မှုအတွက် အသင့်ဖြစ်နေအောင် ဒီအာဟာရသုံးမျိုးကို ဖြည့်တင်းထားမယ်ဆိုရင်တော့ သက်လုံကောင်းနေမှာ အမှန်ပါပဲ။ ကိုယ်ရော စိတ်ပါ ကျန်းမာအောင် ကူညီပေးမယ့် သူရဲကောင်း သုံးယောက် နေ့ရက်တိုင်းမှာ ကိုယ်ရော စိတ်ပါ ကျန်းမာစေဖို့၊ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

သိမ်းဆည်းထားရမယ့် အရာတွေထဲမှာ စိတ်ဖိစီးမှု မပါပါ။

သိမ်းဆည်းထားရမယ့် အရာတွေထဲမှာ စိတ်ဖိစီးမှု မပါပါ။ စုဆောင်းတတ်တဲ့ အလေ့အထက ကောင်းပေမယ့် စုဆောင်းသင့်တဲ့အရာထဲမှာတော့ စိတ်ဖိစီးမှု မပါပါဘူး။ လူတွေက တစ်နေ့တာမှာ ကြုံတွေ့ရတဲ့ စိတ်ညစ်စရာ၊ စိတ်တိုစရာ၊ ဖိအားစတာတွေကို မသိလိုက်ဘဲ စိတ်ထဲမှာ သိမ်းဆည်းထားတတ်ကြပါတယ်။ ဒါတင် မဟုတ်သေးဘဲ မဖြစ်သေးတဲ့အရာကို တွေးပူပြီး စိတ်ဖိစီးမှုကို တင်ကြိုရယူထားတတ်ကြပါသေးတယ်။ ဒီလိုနဲ့ စိတ်ဖိစီးမှုတွေက သေးသေးလေးကနေ ချေဖျက်ဖို့ ခက်တဲ့ အဆင့်တွေအထိရောက်လာပါတော့တယ်။ ဒီအခြေအနေက စိတ်ရောကိုယ်ပါ ကျန်းမာမှုကို ထိခိုက်စေပြီး ပေါင်းသင်းဆက်ဆံရေးနဲ့ တီထွင်ဖန်တီးနိုင်စွမ်းစတာတွေကို ထိခိုက်စေပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ စိတ်ဖိစီးလို့ စားမဝင်၊ အိပ်မပျော်ရာက ကိုယ်ခံအားကိုပါ ထိခိုက်လာတာပါ။ သိမ်းဆည်းထားရမယ့် အရာတွေထဲမှာ စိတ်ဖိစီးမှု မပါပါ။ ဖျားချင်သလိုလို ဖြစ်နေတယ်။ ခေါင်းထဲက ကိုက်လိုက်တာ၊ ကြွက်သားတွေ တောင့်တင်းနာကျင်နေတာပဲ။ စိတ်ထဲက မကြည်မလင်နဲ့ ဘာလုပ်လုပ် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း