လူတိုင်း စိတ်ဓာတ်ကျတတ်ပါတယ်။ စိတ်ဓာတ်ကျတယ်ဆိုတာကို မကြာခဏလည်း ပြောဖြစ်ကြတယ်။ ဒါပေမယ့် ဘယ်လိုအရာတွေကသင့်ကို စိတ်ဓာတ်ကျစပြီး စိတ်ဓာတ်ကျတယ်ဆိုတဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာကိုရော တိတိကျကျသိထားကြရဲ့လား။
ထွက်မှာ သေချာပြီလား။
လူတိုင်း စိတ်ဓာတ်ကျတတ်ပါတယ်။ စိတ်ဓာတ်ကျတယ်ဆိုတာကို မကြာခဏလည်း ပြောဖြစ်ကြတယ်။ ဒါပေမယ့် ဘယ်လိုအရာတွေကသင့်ကို စိတ်ဓာတ်ကျစပြီး စိတ်ဓာတ်ကျတယ်ဆိုတဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာကိုရော တိတိကျကျသိထားကြရဲ့လား။
စိတ်ဓာတ်ကျတယ် (Depress) ဆိုတာက စိတ်ကျရောဂါ (Depression) ရဲ့ မူလဇစ်မြစ်ဖြစ်ပါတယ်။ စိတ်ဓာတ်ကျခြင်းဟာ စိတ်ဖိစီးမှု (Stress) လိုပဲ အဖြစ်များတဲ့ စိတ်ဝေဒနာတစ်မျိုးဖြစ်ပြီး မြန်မြာပြည်မှာ အဖြစ်အများဆုံးစိတ်ဝေဒနာလို့လည်း မှတ်တမ်းတွေကဆိုပါတယ်။
တစ်ချို့ဝေဒနာရှင်တွေဟာ သူတို့မှာ စိတ်ကျဝေဒနာရှိနေတယ်ဆိုတာကို သတိထားမိကြခြင်းမရှိကြပါဘူး။ အသက်အရွယ်၊ လိင်၊ မိသားစုအခြေအနေ၊ လုပ်ငန်းခွင်နဲ့ ငွေကြေးအခြေအနေတွေကြောင့် လူအတော်များများမှာ စိတ်ကျဝေဒနာခံစားရလေ့ရှိပါတယ်။
စိတ်ဓာတ်ကျခြင်းဟာ ထင်ထားသဘောက်လည်း မရိုးရှင်းပါဘူး။ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပျက်နိုင်တာမို့ ရောဂါအမျိုးအမည်တွေလဲ ကွဲပြားပါတယ်။ အောက်ပါအတိုင်းဖြစ်ပါတယ်။
အဆိုပါ စိတ်ဝေဒနာအားလုံးဟာ အခြေခံကျတဲ့ ရောဂါလက္ခဏာတွေကို ပြသလေ့ရှိပါတယ်။ ယျေဘုယျအကျဆုံး လက္ခဏာ ၁၀ ခု ရှိတယ်လို့ ကျွမ်းကျင်သူတွေက သရုပ်ခွဲသုံးသပ်ထားကြပါတယ်။ ဘယ်လို လက္ခဏာတွေက စိတ်ဖိစီးမှုဝေဒနာလက္ခဏာတွေလဲဆိုတာကို လေ့လာကြည့်ကြရအောင်။
အထက်ပါ လက္ခဏာတွေထဲက တစ်ချို့ကို ပြသလာနေပြီဆိုရင် သင်စိတ်ဓာတ်ကနေတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူနဲ့တိုင်ပင်ပြီး အလျှင် အမြန်ကုစားဖို့ လိုအပ်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။