လိင်မဆက်ဆံခင် မေးမြန်းသင့်တဲ့ မေးခွန်းလေးခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

လိင်ဆက်ဆံခြင်းဟာပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ပေမယ့်စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာခံစားမှုတွေကိုပါ ပေးစွမ်းနိုင်တာကြောင့် အလေးအမြတ်ထားကြပါတယ်။ သင်လိင်မဆက်ဆံခင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ အောက်ဖော်ပြပါ မေးခွန်းလေးခုကိုသေချာဖတ်ကြည့်ပါ။

ဒီလူဟာသင့်အတွက် သင့်လျော်ပါသလား။

လူတစ်ယောက်ဟာသင့်အတွက် လျော်ကန်မှု ရှိမရှိဆိုတာအစကတည်းကသိနိုင်ပါတယ်။ ဒါပေမယ့် သင့်ချစ်သူနဲ့ အချိန်အနည်းငယ် ပိုမိုဖြုန်းကြည့်ခြင်းအားဖြင့် လူတစ်ယောက်ဟာအပေါ်ယံထင်ရသလိုအမြဲမဟုတ်ဘူးဆိုတာတွေ့လာပါလိမ့်မယ်။ လိင်မဆက်ဆံခင် သင့်ချစ်သူဟာမိန်းမရှုပ်သူလား၊ အရက်သောက်သူလား၊ လောင်းကစားသမားလား၊

အခြားပြဿနာဘာတွေရှိလဲဆိုတာသေချာ ပြန်စဉ်းစားဖို့လိုပါတယ်။ ဒီသူနဲ့ အတူနေဖို့ိကိုရွေးချယ်လိုက်ရင် ဒီပြဿနာတွေဟာတစ်ချိန်ချိန်မှာသင့်ဘဝကိုဒုက္ခပေးနိုင်ပါတယ်။

ဒါဟာအချိန်ကောင်းဟုတ်ရဲ့လား။

တခါတလေမှာဘဝဟာသင့်အတွက် မှန်ကန်တဲ့သူကိုမှားယွင်းတဲ့အချိန်မှာပေးတတ်ပါတယ်။ ဥပမာအချိန်အကြာကြီးတွဲခဲ့တဲ့ ဆက်ဆံရေးတစ်ခု ပြတ်ပြီးစမှာသင့်အရင်ရည်းစားကိုချစ်ဆဲဖြစ်ပြီးသူ့အကြောင်းလဲတွေးတောဆဲဖြစ်ပါတယ်။ ဒီအချိန်မှာလူကောင်းတစ်ယောက်နဲ့ တွေ့ဆုံပြီးလိင်ဆက်ဆံခြင်းဟာသင့်အတွက် စိတ်ပိုင်းဆိုင်ရာဒုက္ခတွေ ပိုမိုရရှိစေပါတယ်။ ဒီလိုအခြေအနေမျိုးမှာသင်ကိုယ်တိုင်ရောသူ့ကိုပါ မနာကျင်ရအောင်သင့်ခံစားချက်တွေ ပုံမှန်ပြန်မဖြစ်မချင်းနောက်တစ်ယောက်နဲ့ မတွဲသင့်ပါဘူး။

ဒီလူကိုယုံလို့ရရဲ့လား။

သင့်ကိုစိတ်ပိုင်းဆိုင်ရာဖြစ်စေရုပ်ပိုင်းဆိုင်ရာဖြစ်စေဖိအားပေးဖူးသူ၊ အရှက်ရစေသူ၊ စော်ကားသူ၊ ထိခိုက်စေသူနဲ့ အကောင်းဆုံးကိုမျှော်လင့်ပြီးလိင်ဆက်ဆံတာမျိုးမပြုလုပ်ပါနဲ့။ သင်သူနဲ့ လိင်ဆက်ဆံလို့လဲဒီလူဟာသူ့အကျင့်တွေကိုပြောင်းလဲမှာမဟုတ်ပါဘူး။ ဒီလူတွေနဲ့ လိင်ဆက်ဆံမှုပြုလုပ်တာဟာသေချာပေါက် အကျိုးဆက်တွေ ရှိလာမှာပါ။ သင်ဟာသင့်ကိုလုံခြုံစိတ်ချမှုခံစားရစေပြီးသင်လုပ်တဲ့အလုပ်တွေမှာယုံကြည်မှု ရှိစေတဲ့ လူမျိုးနဲ့သာလိင်ဆက်ဆံသင့်ပါတယ်။ တကယ်လို့ လိင်ဆက်ဆံခြင်းဟာမှားယွင်းတယ်လို့ ခံစားရပြီးသင့်ကိုအရှက်ရစေတယ်ဆိုရင် ဒါဟာလိင်ဆက်ဆံမှုကြောင့် ဖြစ်တဲ့ ပြဿနာဟုတ်ချင်မှ ဟုတ်မှာဖြစ်ပြီးတော့ သင့်နှလုံးသားကဒီလူကသင့်အတွက်မဟုတ်ဘူးဆိုတာပြောပြနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။

လိင်ဆက်ဆံစဉ် အကာအကွယ်သုံးရဲ့လား။

လိင်ဆက်ဆံစဉ်မှာအမြဲအကာအကွယ် သုံးပါ။ တစ်ခါတစ်လေတောင် မလွတ်သွားပါစေနဲ့။ အကာအကွယ်မပါပဲတစ်ခါလောက် လိင်ဆက်ဆံခြင်းကတောင် သင်ချစ်တဲ့သူနဲ့ သင့်ရဲ့ ဆက်ဆံရေးအပြင် သင့်ဘဝကိုပါပျက်စီးစေတဲ့ ဆိုးဝါးတဲ့ အကျိုးဆက်တွေ သယ်ဆောင်လာနိုင်ပါတယ်။ သင့်မှာလိင်ကတစ်ဆင့် ကူးဆက်နိုင်တဲ့ ရောဂါပိုးတွေ ရှိနေတယ်၊ ကိုယ်ဝန်ရှိနေတယ်၊ အဆိုးဆုံးကတော့ HIV ရောဂါရှိနေတယ်ဆိုတာမျိုးကိုဖြစ်ချင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဖြစ်ပြီးတဲ့အရာတွေကို ပြန်ပြင်နိုင်တဲ့ စွမ်းအားသင့်ဆီမှာမရှိတဲ့အတွက် သင့်ကိုယ်သင် ကာကွယ်ခြင်းကိုအမြဲနံပါတ် တစ်ထားသင့်ပါတယ်။

လိင်ဆက်ဆံခြင်းဟာစိုးရိမ်မှုနဲ့ စိတ်ပူမှုတွေမရှိပဲသာယာပျော်ရွှင်ဖွယ် ကောင်းသင့်ပါတယ်။ ဒါ့ကြောင့် သင်လိင်ဆက်ဆံနေတယ်ဆိုတာသေချာသိသင့်ထားသင့်ပြီးသင်တို့နှစ်ယောက်ကြားကဆက်ဆံရေးဟာကျန်းမာပြီးဆိုးဝါးတဲ့အကျိုးဆက်တွေ ကင်းဝေးသင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

HIV ပိုး သင့်မှာရှိနေနိုင်လား။ ပုံမှန်သွေးစစ်ဖို့တော့ လိုမယ်နော်

HIV ဆိုတာ ကိုယ်ခံအားစနစ်ကို အဓိကပစ်မှတ်ထားတိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပါတယ်။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
HIV/AIDS, ကျန်းမာရေးစင်တာ ဇွန် 13, 2019 . 3 mins read

စအိုဖြင့် လိင်ဆက်ဆံပြီးနောက် ဘာကြောင့် သွေးထွက်တာလဲ

စအိုမှ မဟုတ်ပါဘူး။ ဘယ်လိုထိုးသွင်းဆက်ဆံမှုမဆို ပြီးသွားတဲ့အချိန်မှာ အနည်းငယ်တော့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ကွန်ဒုံးတွေကို အန္တရာယ် ကင်းကင်းနဲ့ ဘယ်လိုသုံးကြမလဲ။

သင်က လိင်ဆက်ဆံချင်တယ်၊ သန္ဓေနဲ့ လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါ sexually transmitted infections (STIs ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Arkar Hein

အနောက်တံခါးထဲ ချစ်သူကိုပေးမဝင်ခင် ဘာတွေပြင်ဆင်ထားမလဲ

လိင်ကျန်းမာရေး ကြိုတင်ပြင်ဆင်ခြင်း စအိုဖြင့်လိင်ဆက်ဆံခြင်း ဘာတွေသတိထားသင့်လဲ ဂရုစိုက်ရမယ့်အရာတွေ သာယာသောလိင်မှုဘဝ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ဖဲမွေ့ရာပေါ်က အချစ်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမယ့် လေ့ကျင့်ခန်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 24, 2020 . 2 mins read
Social distancing လုပ်ရမယ်ဆို မေးချင်လောက်မယ့် မေးခွန်း(၁၀) ခု

Social distancing လုပ်ရမယ်ဆို မေးချင်လောက်မယ့် မေးခွန်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 25, 2020 . 3 mins read

ကာလသားရောဂါနဲ့ပတ်သက်ပြီး သိထားသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 25, 2019 . 2 mins read

အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ဘယ်လောက်ကြာရင် သွေးစစ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 17, 2019 . 2 mins read