ထိုးသွင်းမှုမရှိဘဲ အတူနေခြင်းဟာ ကိုယ်ဝန်ရနိုင်ခြေရှိလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 22, 2020 . 2 mins read
Share now

ကြားဖူးနေကြ မေးခွန်းဟောင်းတစ်ခုကတော့ ထိုးသွင်းခြင်းမရှိတဲ့ အတူနေခြင်းဟာ ကိုယ်ဝန်ရနိုင်သလား ဆိုတာပါပဲ။ အဖြေကတော့ yes ပါပဲ။ ဒါပေမယ့် ဖြစ်နိုင်ခြေတော့ နည်းပါတယ်။ ကိုယ်ဝန်ကိုရှောင်လွှဲဖို့ အကောင်းဆုံး နည်းလမ်းကတော့ အတူနေချိန်မှာ အကာအကွယ် သုံးဖို့ပါပဲ။

ကိုယ်ဝန်ရဖို့ဆိုရင် မျိုးဥဟာ သုက်ပိုးနဲ့တွေ့ပြီး သန္ဓေအောင်ဖို့ လိုပါတယ်။ ပုံမှန်အားဖြင့် သုက်ရည်ဟာ မိန်းမကိုယ်ထဲကို ဝင်ရောက်သွားချိန်မှာ သန္ဓေအောင်နိုင်ပါတယ်။ အမျိုးသား သုက်ရည်မှာ သုက်ပိုးပေါင်း သန်းနဲ့ချီ ပါဝင်ပြီး သန္ဓေအောင်ဖို့ အတွက်တော့ သုက်ပိုးတစ်ကောင်ပဲ လိုအပ်ပါတယ်။

ထိုးသွင်းမှုမရှိတဲ့ အတူနေခြင်းကနေ ကိုယ်ဝန်ရနိုင် မရနိုင်နဲ့ ပတ်သက်ပြီး ယုံတမ်းစကား အချို့ရှိပါတယ်။ တစ်ခုပြီးတစ်ခု လေ့လာကြည့်ရအောင်။

ယုံတမ်းစကား ၁။ သုက်ရည်အပြီးမထွက်ခင်လာတဲ့ အရည်ကြည်များကနေ ကိုယ်ဝန်ရနိုင်တယ်။

သုက်ရည်ပန်းမထွက်ခင်မှာ ယောက်ျားတန်ဆာကနေ pre-cum လို့ခေါ်တဲ့ အရည်ကြည်လေးများ ထွက်လာပါတယ်။ အဲဒီအရည်ကြည်များကို ထိန်းချုပ်ထားဖို့ နည်းလမ်းမရှိပါဘူး။ Pre-cum အရည်မှာ အသက်ရှင်ကျန်းမာတဲ့ သုတ်ပိုးတွေ မပါဝင်ပါဘူး။ သေနေတဲ့ သုက်ပိုးတွေ ပါဝင်တာ၊ ဒါမှမဟုတ် လုံးဝမပါဝင်တာဘဲ ရှိပါတယ်။ ဒါကြောင့် ကိုယ်ဝန်မရနိုင်ပါဘူး။

ဒါပေမယ့် ဒီယုံတမ်းစကားဟာ ဖြစ်နိုင်ခြေ အနည်းငယ်တော့ ရှိနေပါတယ်။ ယခင်သုက်ရည်ထွက်ချိန်က ဆီးပြွန်ထဲမှာ ကျန်ခဲ့တဲ့ အသက်ရှင်နေတဲ့ သုက်ပိုးတွေဟာ အဲဒီအရည်ကြည်နဲ့ ပါသွားရင် ဖြစ်နိုင်ပါတယ်။

ယုံတမ်းစကား ၂။ အပြင်ပန်း ထိတွေ့ပွတ်သပ်ရုံကနေ ကိုယ်ဝန် ရနိုင်တယ်။

အဖြေကတော့ ၉၉.၉% No ဖြစ်ပါတယ်။ စောစောက ပြောခဲ့သလိုပဲ ကိုယ်ဝန်ရဖို့ဆိုရင် သုက်ပိုးဟာ မျိုးဥနဲ့ ထိတွေ့ရပါတယ်။ အပြင်ပန်း ထိတွေ့ပွတ်သပ်ခြင်းဟာ အဝတ်အစားများ ဝတ်ထားမယ်ဆိုရင် မဖြစ်နိုင်ပါဘူး။ အဝတ်ဗလာဆိုရင်တော့ ဖြစ်နိုင်ခြ နည်းနည်းတော့ ရှိပါတယ်။

သုက်ပိုးဟာ မျိုးဥဆီရောက်ဖို့ဆိုရင် မိန်းမကိုယ်၊ သားအိမ်ခေါင်း၊ သားအိမ်၊ မျိုးဥပြွန်၊ မျိုးဥအိမ် စသဖြင့် အဆင့်ဆင့် ဖြတ်သန်းရပါတယ်။ အမြန်ဆုံးသွားတဲ့ သုက်ပိုးတစ်ကောင်ဟာ ဒီခရီးဆုံးဖို့ ၄၅မိနစ် အချိန်ယူရပါတယ်။ မိန်းမကိုယ်အပြင် (သို့) အနီးမှာ သုတ်ပိုးရောက်သွားရင် ဒီခရီးကိုဆက်ဖို့ မဖြစ်နိုင်ပါဘူး။ မိန်းမကိုယ်အဝလောက် ရောက်မယ်ဆိုရင်တော့ မိန်းမကိုယ်လမ်းကြောင်းထဲ ရောက်သွားနိုင်ပါတယ်။ ဖြစ်နိုင်ခြေအရမ်းနည်းပေမယ့် ဖြစ်တော့ ဖြစ်နိုင်ပါသေးတယ်။

ယုံတမ်းစကား ၃။ လက်နဲ့အာသာဖြေခြင်းကနေ ကိုယ်ဝန်ရနိုင်တယ်။

မိမိဖာသာ အာသာဖြေရင်တော့ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် မိမိအဖော်နဲ့ အပြန်အလှန် အာသာဖြေချိန်မှာ သုက်ပိုးဟာ တစ်ယောက်ယောက်ရဲ့လက်ကိုပေရာကနေ မိန်းမကိုယ်လမ်းကြောင်းထဲပါ ရောက်နိုင်ပါတယ်။

ယုံတမ်းစကား ၄။ ရေနွေးကန်၊ ရေကန်ကတဆင့် ကိုယ်ဝန်ရနိုင်တယ်။

မဖြစ်နိုင်ပါဘူး။ သုက်ပိုးတွေ အသက်ရှင်နိုင်တဲ့ ပတ်ဝန်းကျင်ဟာ အယ်ကာလီများတဲ့ အချွဲထဲမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် မိန်းမကိုယ်ဟာ အက်ဆစ်ဓာတ်ကဲတဲ့နေရာဖြစ်ပေမယ့် ရာသီစက်ဝန်းရဲ့ တစ်ချိန်မှာ သုက်ပိုးတွေရှင်သန်နိုင်အောင် သူ့ရဲ့ ဓာတ်သဘာဝကို ပြောင်းလဲပေးပါတယ်။

အဲဒီအချွဲတွေမရှိရင် သုက်ပိုးဟာ နာရီပိုင်းအတွင်း သေနိုင်ပါတယ်။ ဒါကြောင့်မို့ ရေနွေးကန်၊ ရေကန်ထဲ သုတ်လွှတ်မိရင် မိန်းမကိုဆီ မရောက်ခင်မှာပဲ သုက်ပိုးများဟာ သေဆုံးသွားမှာ ဖြစ်ပါတယ်။

ထိုးသွင်းမှုမရှိတဲ့ အတူနေခြင်းမှာ ကိုယ်ဝန်ရနိုင်ခြေဟာ ရှိပေမယ့် အင်မတန်နည်းပါတယ်။ ကိုယ်ဝန်မရချင်ရင် မိမိရော မိမိအဖော်ပါ အကာအကွယ်သုံးပြီး ဘေးကင်းစိတ်ချရတဲ့ နှီးနှောခြင်းမျိုးပဲ လေ့လာ လုပ်ဆောင်ဖို့ လိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘာကြောင့် နို့သီးခေါင်း နာကျင်နေတာလဲ

ဘာကြောင့် နို့သီးခေါင်း နာကျင်နေတာလဲ။ အမျိုးသမီးတွေအတွက်တော့ နို့သီးခေါင်းနာကျင်တာဟာ ကောင်းမွန်တဲ့ လက္ခဏာတစ်ရပ်မဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

တားဆေးရပ်လိုက်ရင် ဒီ ၇ ချက်ကြုံရနိုင်တယ်နော်

တားဆေး ခန္ဓာကိုယ် ဟော်မုန်း နေ့စဉ်သောက်တားဆေး ကိုယ်ဝန် ရာသီစက်ဝန်း လိင်စိတ် ကိုယ်အလေးချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

မုဒိမ်းမှုတစ်ခုရဲ့ သားကောင်ကို နောက်ဆက်တွဲ ဂယက်တွေထဲက ဆွဲထုတ်တဲ့အခါ

မုဒိမ်းကျင့်ခံရတယ် ကိုယ်ဝန် လိင်ပိုင်းဆိုင်ရာ ကူးစက်တတ်တဲ့ ရောဂါ ပေါက်ပြဲဒဏ်ရာ အဓမ္မကျင့်ခံရသူ အရေးပေါ်သန္ဓေတားဆေး စိတ်ဒဏ်ရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

အိပ်ရာပေါ်မှာ သင် စွမ်းဆောင်ရည်မဲ့နေတာ မဟုတ်ပါဘူး၊ ဒီ အချက် (၉) ချက်ကြောင့်ပါ

တောင့်တမှု၊ အိပ်ယာ၊ စွမ်းဆောင်ရည်၊ စိုးရိမ်စိတ်၊ လိင်ဆက်ဆံ၊ လိင်အင်္ဂါ၊ ဦးနှောက်၊ ခန္ဓာကိုယ်၊ ကွန်ဒုံး၊ သုတ်လွှတ်စော၊ အိမ်ထောင်ဖက်၊ ကိုယ်ဝန်၊ အာသာဖြေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

လိင်ဆက်ဆံတဲ့အခါတိုင်း ချောဆီကို မဖြစ်မနေသုံးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 3 mins read
ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 11, 2020 . 2 mins read
ကျွန်မနဲ့ သွေးထဲကနတ်ဆိုးများ

ကျွန်မနဲ့ သွေးထဲကနတ်ဆိုးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 19, 2020 . 3 mins read

ဘာကြောင့် အရမ်း ပင်ပန်းနွမ်းနယ်နေရသလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 15, 2020 . 2 mins read