စတော်ဘယ်ရီချစ်သည်းရှင်တို့အတွက် သတင်းကောင်းလေးလာပါပြီ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 5, 2020 . 2 mins read
Share now

အသည်းပုံ ပုံစံ နီနီရဲရဲလေးနဲ့ ဆွဲဆောင်မှုရှိလှတဲ့ စတော်ဘယ်ရီသီးကို စားမလားလို့မေးရင် ဘယ်သူမှ မငြင်းနိုင်ကြပါဘူး။ အရောင်အဆင်းနဲ့ ပုံပန်းသဏ္ဍန်လေးကလည်း လှသလို စားလိုက်ရင် ချိုချဉ်အရသာလေးရှိတဲ့ စတော်ဘယ်ရီသီးလေးက သင့်ကျန်းမာရေးကို အထောက်အကူပြုနေတဲ့ အရာတွေ အများကြီးရှိပါတယ်။ အဆင်းသာမက အချင်းပါရှိတဲ့ စတော်ဘယ်ရီသီးလေးရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးလေးတွေကို ကြည့်လိုက်ကြရအောင် ။ ။

စတော်ဘယ်ရီသီးကြောင့်ရနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ ။ ။

ခုခံအားကို မြင့်တက်စေပါတယ်။ ။

ချိုချဉ် အရသာရှိတဲ့ စတော်ဘယ်ရီသီးမှာ ခုခံအားရဲ့ မဟာမိတ်တပ်သားတွေဖြစ်တဲ့ ဗီတာမင် C တွေအများကြီးပါတာကြောင့် စတော်ဘယ်ရီသီးများများစားလေ သင့်ခုခံအားမြင့်တက်လေလေ ရောဂါတွေ ကင်းစင်လေလေပါပဲ။

အမြင်အာရုံကို ကောင်းမွန်စေပါတယ် ။ ။

စတော်ဘယ်ရီမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း တွေက အသက်ကြီးလာရင် ဖြစ်တတ်တဲ့ မျက်လုံးရေတိမ်စွဲတဲ့ ရောဂါကို တားဆီးပေးပါတယ်။ ဒါ့အပြင် ခရမ်းလွန်ရောင်ခြည် တွေကြောင့် မျက်လုံးရဲ့ မှန်ဘီလူးက ပရိုတင်းတွေ ပျက်စီးတာကို ကာကွယ်ပေးတဲ့ ဗီတာမင် C တွေ စတော်ဘယ်ရီသီးမှာ အများကြီးပါတာကြောင့် စတော်ဘယ်ရီသီးဟာ မျက်လုံးကျန်းမာရေး အတွက် စားပေးသင့်တဲ့ အသီးတစ်ခုပါ။

ကင်ဆာရောဂါတွေ မဖြစ်အောင်လို့တားဆီးပေးပါတယ်။ ။

ဗီတာမင်တွေထဲမှာ ဗီတာမင် A C E တို့ဟာ ဓါတ်တိုးဆန့်ကျင်တဲ့ ဗီတာမင်တွေ ဖြစ်လို့ ကင်ဆာရောဂါ မဖြစ်အောင် တားပေးထားနိုင်တဲ့ ဗီတာမင်တွေပါ။ စတော်ဘယ်ရီမှာဆို ဗီတာမင် C တွေ အများကြီးပါတာကြောင့် သူက ကင်ဆာရောဂါကို တားဆီးပေးနိုင်တဲ့ အသီးတစ်ခုဆိုတာ ယုံမှားဖွယ်မရှိပါဘူး

မျက်နှာပေါ်က အရေးအကြောင်းတွေလောက်တော့ စတော်ဘယ်ရီက သနားတယ် ။ ။

ဒါတွေအားလုံးဟာ ဗီတာမင် C ကြောင့်လို့ပဲ ပြောရမှာပါ။ အသားအရေတင်းရင်း စေဖို့ အဓိက လိုအပ်တဲ့ ကော်လာဂျင်ထုတ်လုပ်တဲ့ ဖြစ်စဉ်မှာ ဗီတာမင် C က မပါမဖြစ်ပါ။ အသက်ကြီးလာလို့ ထုတ်လုပ်မှု ကျဆင်းလာတဲ့ ကော်လာဂျင်တွေက စတော်ဘယ်ရီသီးမှာပါတဲ့ ဗီတာမင် C ကြောင့် ထုတ်လုပ်မှု အားပြန်ကောင်းလာလို့ အရေးအကြောင်းတွေဆိုတာ သင့်ဆီမှာ ရှိတော့မှာတောင် မဟုတ်ပါဘူး။

သွေးတွင်း ကိုလက်စရော ကိုကျဆင်းစေပါတယ်။ ။

စတော်ဘယ်ရီမှာပါတဲ့ Ellagic acid နဲ့ flavonoids တို့ဟာ သွေးထဲက မကောင်းတဲ့ LDL ကိုလက်စရောတွေ ကို တိုက်ဖျက်ပေးတာကြောင့် နှလုံးသွေးကြောကျဉ်းရောဂါနဲ့ အခြား နှလုံးရောဂါတွေကို သူက တားဆီးပေးမှာအသေအချာပါ။

ရောင်ရမ်းခြင်းကို လျော့ကျစေပါတယ်။ ။

Phytochemicals နဲ့ အခြား ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် စတော်ဘယ်ရီဟာ အဆစ်အမြစ်တွေ ရောင်ရမ်းခြင်းကို သက်သာစေနိုင်တဲ့ အစွမ်းရှိပါတယ်။ လေ့လာချက်တွေအရ တစ်ပါတ်ကို စတော်ဘယ်ရီ ၁၆ လုံးထက် ပိုစားတဲ့ လူတွေမှာ ရောင်ရမ်းခြင်းကြောင့် ထွက်လာတဲ့ CRP ( C- reactive protein) ပမာဏ သိသိသာသာကို နည်းနေတယ်လို့ ဆိုပါတယ်။ သဘောက စတော်ဘယ်ရီဟာ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ အစွမ်းရှိတယ်လို့ပြောတပါ.

သင့်သွေးပေါင်ကို ထိန်းညှိပေးပါတယ်။

စတော်ဘယ်ရီ ၁၀၀ ဂရမ်လောက်စားလိုက်ရင် သွေးပေါင်ထိန်းညှိဖို့ လိုအပ်တဲ့ ပိုတက်ဆီယမ် ပမာဏ တစ်ဝက်လောက်ရတာမို့ စတော်ဘယ်ရီဟာ သွေးပေါင်ချိန် အပေါ်မှာလည် းအကျိုးပြုတဲ့ အသီးတစ်ခုပါ။

အမျှင်ဓါတ်တွေလည်း ကြွယ်ဝစွာပါပါတယ်။ ။

အသီးတိုင်းရဲ့ ထုံးစံနဲ့ အညီ စတော်ဘယ်ရီမှာ အမျှင်ဓါတ် အများကြီးပါတာကြောင့် သင့်ဝမ်းကိုလည်း မှန်စေဦးမှာပါ။

ကိုယ်အလေးချိန်ကျဖို့အတွက်လည်း သူက ကူညီပေးပါသေးတယ်။ ။

စတော်ဘယ်ရီသီးမှာ ကယ်လိုရီ ၂၈ လောက်ပဲပါတဲ့အပြင် သကြားနဲ့ ဆိုဒီယမ်လည်းနည်းတဲ့ အဆီလုံးဝမပါတဲ့ အသီးတစ်ခုဖြစ်တာကြောင့် ဝိတ်ချနေတဲ့သူတွေ အတွက် တကယ်ကို အားထားသင့်တဲ့ အသီးတစ်ခုပါ။

ကဲ ဒီလောက်တောင် အကျိုးများတဲ့ စတော်ဘယ်ရီသီးဟာ ဆောင်းရာသီရောက်မှ လှိုင်လှိုင်ပေါတဲ့ အသီးတစ်ခုပါ။ ဆောင်းကလည်း မကြာခင် ကုန်တော့မှာ ဆိုတော့ စတော်ဘယ်ရီသီးတွေ မပြတ်ခင် အမြန်သွားဝယ်ပြီး စားကြပါလို့ တိုက်တွန်းပါရစေ ။ ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘေဘီလေးနဲ့ ဆန်ပြုတ်

ဘေဘီလေးက ၆ လအထိ မိခင်နို့ တစ်မျိုးတည်းကိုသာ သောက်သုံးသင့်ပါတယ်။ ၆ လ ပြည့်ပြီးတဲ့အခါ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ဒါတွေ စားပါ။

ဝက်ခြံအမာရွတ်တွေက အလှပျက်စေရုံတင် မကပါဘူး။ ယုံကြည်မှုကိုလည်း ပျက်စီးစေပါတယ်။ ဒီလို ဝက်ခြံ အမာရွတ်တွေကို သက်သာစေဖို့ စားပေးရမယ့် အစားအစာလေးတွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ခံအား ကောင်းချင်ဇောနဲ့ ဗီတာမင် C အများကြီး မစားစေလို

ကိုယ်ခံအားကောင်းအောင်ဆိုပြီး ဗီတာမင် C များများစားရမယ်ဆိုတဲ့အတွေးနဲ့ ဗီတာမင် C တွေကို အများကြီးစားမိနေပြီလား။ ဒါဆိုရင် တန်ဆေး လွန်ဘေးဆိုတဲ့ စကားကို သတိရပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အချဉ်တွေ အများကြီးစားရင် အရိုးပါးတာ တကယ်လား။

အရိုးတွေ သန်မာကြံ့ခိုင်စေဖို့အတွက်  သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ များများစားပါ။ ပရိုတင်းကိုတော့ နည်းနည်းဆို လုံလောက်ပါပြီ လို့ ပြောတာ ကြားဖူးမှာပေ့ါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ခွဲစိတ်ခြင်းဟာ အဆုတ်သွေးကြောပိတ်ဆို့နိုင်ခြေ များစေသလား

ခွဲစိတ်ခြင်းဟာ အဆုတ်သွေးကြောပိတ်ဆို့နိုင်ခြေ များစေသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေဖို့

အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
သားဥအိမ်ကင်ဆာ (Ovarian Cancer)

သားဥအိမ်ကင်ဆာ (Ovarian Cancer)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read
ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 19, 2020 . 3 mins read