ရှေးဦးသူနာပြုစုခြင်း

အိမ်မှာဖြစ်တတ်တဲ့ မတော်တဆ ထိခိုက်မှုတွေ နဲ့ ထိခိုက်ဒဏ်ရာတွေကို သက်သာစေမယ့် အရေးပေါ် စောင့်ရှောက်နည်းတွေကို လူတိုင်းလိုလို သိထားသင့်ပါတယ်။ ရှေးဦးသူနာပြုစုနည်းတွေကို ဒီနေရာမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရှေးဦးသူနာပြုစုခြင်း

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ရှေးဦးသူနာပြုစုခြင်း ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

ဓာတ်မတည့်လူနာနဲ့ ကြုံကြိုက်ခဲ့ရင် အရေးပေါ်အသက်ကယ်နိုင်ဖို့

ဓာတ်မတည့်လူနာနဲ့ ကြုံကြိုက်ခဲ့ရင် အရေးပေါ်အသက်ကယ်နိုင်ဖို့ သိထားသင့်တာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်မတည့်ဘူး (Anaphylaxis)ဆိုတဲ့ စကားလုံးလေးကို ကြားဖူးမှာပေါ့။ သူကတော့ နို့နဲ့ ဓာတ်မတည့်ဘူးတို့၊ ပင်လယ်စာနဲ့ ဓာတ်မတည့်ဘူးတို့၊ မြေပဲနဲ့ ဓာတ်မတည့်ဘူးတို့ စသဖြင့်ပေါ့။ ဓာတ်မတည့်ဖြစ်နေတဲ့ လူနာကို တွေ့ဖူးကြလား မသိ။ ဆရာဝန်တစ်ယောက်အနေနဲ့ကတော့ ခဏခဏကြုံဖူးရတာပေါ့။ ခုပဲအကောင်း တော်ကြာဆေးထိုးလိုက်ပြီးမှ ရုတ်တရက် အသက်ရှူကြပ်လာတာတို့၊ မောလာတာတို့ပေါ့။ ဒါကြောင့် ဆေးခန်းတွေမှာ မတည့်တဲ့ ဆေးရှိရင် ကြိုပြောပါလို့ ရေးထားကြတာပေါ့။ ဓာတ်မတည့်တဲ့ ပြဿနာဟာ အန္တရာယ်ရှိပါတယ်။ စက္ကန့်ပိုင်းလေးအတွင်းမှာ အချိန်မီကုသမှုမယူနိုင်ရင် အသက်ဆုံးရှုံးနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ သွားရင်းလာရင်းနဲ့ပဲ ဖြစ်ဖြစ် ဓာတ်မတည့်တဲ့ လူနာများ ကြုံကြိုက်ခဲ့ရင် အသက်ကယ်ပေးနိုင်အောင် ပြောပြပေးချင်ပါတယ်။ ဘာတွေနဲ့ ဓာတ်မတည့်ဘူးလဲ။ ဓာတ်မတည့်တာက တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ဓာတ်မတည့်ဘူးဆိုတဲ့ အနေအထားကိုယ်တိုင်က […]


ရှေးဦးသူနာပြုစုခြင်း

ပုရွက်ဆိတ် (ပုရွက်နီ) ကိုက်ခံရရင် ဘာလုပ်မလဲ

ပုရွက်ဆိတ် (ပုရွက်နီ) ကိုက်ခံရရင် ဘာလုပ်မလဲ .... ဟယ်… ပုရွက်ဆိတ်ကိုက်တာပဲ၊ ဘာမှ ဖြစ်တာမှ မဟုတ်တာလို့ အပြော မစောပါနဲ့ဦး။ တချို့လူတွေ ဆိုရင် ပုရွက်ဆိတ်အနီ ကိုက်တာ တစ်ချက် ခံလိုက်ရရင် ဖုကြီး အကြီးကြီး ထလာပြီး နာလည်းနာ၊ ယားလည်းယား အရေပြားပေါ် အကွက်လိုက်ကြီး နီနေတာမျိုး ဖြစ်ပါတယ် (ကျွန်တော် အပါအဝင်ပေါ့)။ ဒီတော့ ကျွန်တော့်လိုမျိုး ပုရွက်ဆိတ်ကိုက်ရင် ဖုထတတ်တဲ့သူတွေ၊ ခံရခက်တဲ့သူတွေ အတွက် ဖြေရှင်းရမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပုရွက်ဆိတ် (ပုရွက်နီ) ကိုက်ခံရရင် ဘာလုပ်မလဲ ပုရွက်ဆိတ် (ပုရွက်နီ) ကိုက်ခံရရင် ဘာလုပ်မလဲ ဆိုတော့ နည်းလမ်းတွေ မပြောခင် အရင်ဆုံး သိစေချင်တာက ဘာမှ မဖြစ်တဲ့သူတွေကို ကြည့်ပြီး ဟင်.. ငါတစ်ယောက်တည်း အထိမခံ […]


ရှေးဦးသူနာပြုစုခြင်း

ဓာတ်လိုက် ခံရသူကို အရေးပေါ်ဘယ်လိုကူညီမလဲ

အရာရာတိုးတက်နေတဲ့ အခုခေတ်အခါမှာ လျှပ်စစ်မီးမရှိရင် ဘာမှလုပ်လို့မရပါဘူး။ အိမ်မှာဆို ချက်တာပြုတ်တာ၊လျှော်တာဖွတ်တာ၊ အစားအစာသိမ်းဆည်းတာလည်း လျှပ်စစ်မီးနဲ့ အများစုသုံးကြသလို အပြင်ဆိုလည်း အလုပ်မှာ ကွန်ပျူတာ၊ဖုန်း၊ပရင့်တာ စတာတွေအကုန် လျှပ်စစ်မီးနဲ့ပဲ အလုပ်လုပ်ကြတာပါ။ ဒီလောက်အသုံးဝင်တဲ့ လျှပ်စစ်က ဆိုးကျိုးလည်းရှိတာပေါ့။ အခန့်မသင့်ရင် ဓာတ်လိုက် နိုင်တဲ့အန္တရာယ်ရှိပြီး အသက်အန္တရာယ်အထိတောင် ဖြစ်စေနိုင်ပါတယ်။ လမ်းသွားရင်းဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်မှာ ဓာတ်လိုက် နေတာတွေ့ရရင် ရုတ်တရက် ဘာလုပ်ရမှန်းမသိဖြစ်တတ်ကြတယ်။ လက်မြန်ခြေမြန်နဲ့ ပြေးဆွဲလိုက်တာ၊ ဆွဲဖယ်ပေးတာတွေလုပ်မိရင် ကိုယ်ပါရောပြီး ဓာတ်လိုက်နိုင်တဲ့အန္တရာယ်ရှိပါတယ်။ အကူအညီတွေလာတဲ့အထိ စောင့်နေရင်လည်း အသက်မကယ်လိုက်နိုင်ဘဲနောက်ကျသွားနိုင်ပါတယ်။ ဒီတော့ ဓာတ်လိုက်နေတဲ့သူတွေ့ရင် နည်းလမ်းမှန်နဲ့ အရေးပေါ်ဘယ်လိုကူညီမလဲ။ သိထားသင့်တဲ့အဓိကအချက်တွေလေ့လာကြည့်ရအောင်။ အရင်ဆုံး - ဓာတ်လိုက် ခံရသူကို လျှပ်စစ်စီးကြောင်းကနေ ဖယ်ခွာထုတ်ပါ ဖြစ်နိုင်ရင် လျှပ်စစ်ဓာတ်ထုတ်လွှတ်နေတဲ့ပင်မနေရာကို ပိတ်လိုက်ပါ။ မရဘူးဆိုရင်ခြောက်သွေ့ပြီး လျှပ်မကူးနိုင်တဲ့အရာဝတ္ထုတစ်ခုခု( ပလတ်စတစ် သို့မဟုတ် သစ်သား)ကိုသုံးပြီး လျှပ်စစ်စီးကြောင်းနဲ့ သူ့ကို […]


ရှေးဦးသူနာပြုစုခြင်း

နှာခေါင်းသွေးယို လာရင် ဘာတွေလုပ်ကြမလဲ

နှာခေါင်းသွေးယို ခြင်းဟာ နှာခေါင်းအတွင်းမှာ ရှိတဲ့ သွေးကြောသေးသေးလေးတွေ အကြောင်းတစ်ခုခုကြောင့် ထိခိုက်မိပြီး ဖြစ်လာရတာပါ။ နှာခေါင်းကို မကြာခဏ လက်နဲ့ နှိုက်ခြင်း၊ တစ်ခုခုနဲ့ တိုက်မိ၊ ထိခိုက်မိခြင်းနဲ့ နှာခေါင်းအတွင်းပိုင်းတွေ ခြောက်သွေ့လာခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ များသောအားဖြင့်တော့ တစ်ကြိမ်တစ်ခါလောက် နှာခေါင်းသွေးယိုတာကတော့ စိတ်ပူစရာမရှိပါဘူး။ ဒါပေမယ့် မကြာခဏဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာ ပြသသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာကတော့ ရုတ်တရက် နှာခေါင်းသွေးယို လာရင် ဘာတွေလုပ်ကြမလဲ ဆိုတာလေးကို ပြောပြပေးသွားမှာပါ။ နှာခေါင်းသွေးယို လာရင် ဘာတွေလုပ်ကြမလဲ များသောအားဖြင့်တော့ နှာခေါင်းသွေးယိုတာက အန္တရာယ်ရှိတဲ့ ကျန်းမာရေးပြဿနာတော့ မဟုတ်ပါဘူး။ နှာခေါင်းသွေးယို လာရင် ဘာတွေလုပ်ကြမလဲ ဆိုတော့ ၁။ စိတ်ကို ငြိမ်အောင်ထားပါ။ စိတ်လှုပ်ရှားရင် ပိုဆိုးနိုင်တဲ့အတွက် စိတ်ကိုတည်ငြိမ်အောင် ထားသင့်ပါတယ်။ ၂။ မတ်မတ်ထိုင်ပါ။ တချို့က နှာခေါင်းသွေးယိုရင် လှဲအိပ်ရမယ်ဆိုပြီး အထင်မှားနေကြပါတယ်။ တကယ်ကတော့ ခေါင်းကို […]


ရှေးဦးသူနာပြုစုခြင်း

ဆေးသောက်ပြီး သေကြောင်းကြံစည်မှုအတွက် ရှေးဦးသူနာပြုနည်းလမ်းများ

ဒီခေတ်မှာက စိတ်ဖိစီးမှုတွေ၊ စိတ်ကျတာတွေ အဖြစ်များလာတဲ့အတွက် သေကြောင်းကြံစည်မှုတွေ ပိုများလာပါတယ်။ မကြာသေးခင်ကာလအတွင်းမှာပဲ တောင်ပေါ်က ခုန်ချပြီး အဆုံးစီရင်သွားတဲ့ ဆယ်ကျော်သက်လေးနှစ်ယောက်၊ ကလေးရှေ့မှာတင် လိုက်ဖ်လွှင့်ပြီး ကြိုးဆွဲချသေသွားတဲ့ အိမ်ထောင်ဦးစီး ဖခင်တစ်ယောက်၊ နောက်ပြီး ကျွန်ုပ်တို့ မသိလိုက်ဘဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ အသက်ပေါင်းများစွာ စသဖြင့် အများကြီး ရှိနေပါပြီ။ ဒီတစ်ခေါက်မှာတော့ ဆေးသောက်ပြီး သေကြောင်းကြံစည်မှုအတွက် ရှေးဦးသူနာပြုနည်းလမ်းများ အကြောင်း ပြောပြပေးချင်ပါတယ်။ ဆေးသောက်ပြီး သေကြောင်းကြံစည်မှုအတွက် ရှေးဦးသူနာပြုနည်းလမ်းများ ကိုယ့်ကိုယ်ကို သတ်သေတဲ့ နည်းလမ်းတွေကို ရွေးတဲ့အခါ သက်သောင့်သက်သာ ဖြစ်မယ့် နည်းလမ်းတွေကို ရွေးကြတာ များပါတယ်။ ဆေးသောက်ပြီး သတ်သေတာ အပါအဝင်ပေါ့။ ရန်ကုန်က ဂျပန်ဆေးရုံကြီးမှာ ဆိုရင် အဆိပ်ဌာနရှိတဲ့အတွက် ဆေးတွေသောက်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ကြတဲ့သူတွေ မကြာမကြာ ရောက်လာကြပါတယ်။ နာမည်ကြီး ဆယ်လီတွေ […]


ရှေးဦးသူနာပြုစုခြင်း

ပုခုံးဆစ်လွဲ ခြင်းအတွက် ရှေးဦးသူနာပြုနည်းလမ်း

ပုခုံးဆိုတာ ခန္ဓာကိုယ်မှာ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်တဲ့ အဆစ်တစ်ခုပါပဲ။ ဒီလို လှုပ်နိုင်တာကြောင့်ပဲ မကြာခဏဆိုသလို အဆစ်ချော်ထွက်တာမျိုး ဖြစ်တတ်ပါတယ်။ မတော်တဆ ထိခိုက်ဒဏ်ရာရလို့ပဲ ဖြစ်ဖြစ်၊ အားကစားလုပ်ရင်းပဲ ဖြစ်ဖြစ် ခိုက်မိတဲ့အခါ ပုခုံးဆစ်လွဲ တတ်ပါတယ်။ အဖြစ်လည်းများပါတယ်။  ဒါဆိုရင် ဒီလို အခြေအနေမျိုးမှာ ကိုယ့်အနေနဲ့ ဘာလုပ်ပေးနိုင်မလဲ။ ဆေးရုံမရောက်ခင် စပ်ကြားမှာ ကိုယ့်အနေနဲ့ ဘယ်လိုများ ကူညီပေးလို့ရလဲဆိုတာ ပြောပြပေးပါမယ်။ ပုခုံးဆစ်လွဲ တဲ့အခါ ခံစားရတဲ့ ဝေဒနာတွေကတော့ ပုခုံးက ပြင်းပြင်းထန်ထန်နာမယ်။ လက်မောင်း ဒါမှမဟုတ် ပုခုံးမှာ ရောင်ပြီး အညိုအမည်းစွဲနေမယ်။ လက်မောင်း အပါအဝင် လက်ဖျံ၊ လက်ချောင်းတွေထိ ထုံတာ၊ အားနည်းတာ ဖြစ်နေမယ်။ လက်လှုပ်လို့မရဘူး။ ပုခုံးတခြား လက်မောင်းတခြား ဖြစ်နေမယ်။ လက်မောင်းက ကြွက်သားတွေ တောင့်နေမယ်။ ပုခုံးဆစ်လွဲ စေတယ့် အကြောင်းတွေကတော့ […]


ရှေးဦးသူနာပြုစုခြင်း

ပိုးကောင်ကိုက်တာကို သက်သာစေမယ့် သဘာဝနည်းလမ်းများ

တစ်နေ့တာ သွားလာလှုပ်ရှားနေရင်း အမှတ်တမဲ့  ခြင် ကစလို့ ပျား၊ ခါချဉ်၊ ပုရွက်ဆိတ် စတဲ့ အင်းဆက် အမျိုးမျိုး ကိုက်ခံရနိုင်ပါတယ်။ ဒီလို ကိုက်ခံရတဲ့အခါ ဆေးတွေကို အသုံးမပြုဘဲ သက်သာအောင် လုပ်လို့ရမယ့် သဘာဝ နည်းလမ်းလေးတွေ ရှိပါတယ်။ ဒါတွေက ဘာတွေ များဖြစ်မလဲ။ အတူတူ ကြည့်လိုက်ရအေင်လား။ ပိုးကောင် ကိုက်တာလား။ အရေပြားမှာ ပိုးကောင်ကိုက်တာလား ဆိုတာကို သေချာ သိစေနိုင်မယ့် လက္ခဏာတွေက အရေပြားက နီမြန်းနေမယ် စပ်ဖျဉ်းဖျဉ်း ဖြစ်မယ် နာကျင်မယ် ရောင်ရမ်းမယ် ယားယံမယ် အရည်ကြည်ဖုထမယ် စတာတွေ ခံစားရနိုင်ပါတယ်။ ပိုးကောင် ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ ပိုးကောင်ကိုက်ခံရတာကို သက်သာစေဖို့ ဆေးမလိမ်းချင်ဘူး ဆိုရင်တော့ ဒီနည်းလေးတွေက အသုံးတည့်မှာပါ။ ဆားရည်စိမ်ပါ ရေနွေးနွေး တစ်ခွက်စာထဲကို ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း […]


ရှေးဦးသူနာပြုစုခြင်း

နားထဲကို ပိုးကောင် ဝင်သွားရင်

တဝီဝီနဲ့ ပျံနေတဲ့ ပိုးကောင် တွေ ရုတ်တရက် နားထဲကို တည့်တည့်မတ်မတ်ဝင်လာတဲ့အခါ တော်တော်ဒုက္ခရောက်ပါတယ်။ ရုတ်တရက် ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဒီပိုးကောင်ကို ဆွဲထုတ်ဖို့ အတင်းကြိုးစားပါတယ်။ ပိုးကောင်က နားထဲမှာ လျှောက်သွားနေမှာလား၊ နားထဲက နားစည်ကို ကိုက်လိုက်မှာလား။ နားကန်းတော့မှာလား စသဖြင့် ကြောက်လန့်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် နားထဲကို ပိုးကောင်ဝင်ပြီး ပြန်မထွက်လာခဲ့ရင် အရေးပေါ် လုပ်နိုင်တဲ့ နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။ ပိုးကောင် ဝင်မှန်း ဘယ်လိုသိမလဲ။ နားထဲကို ဝင်သွားတာ ပိုးကောင်ဟုတ်တယ်ဆိုရင်၊ အသက်လည်း ရှိနေသေးတယ်ဆိုရင် နားထဲမှာ တဝီဝီနဲ့ အသံကြားနေရသလို ပိုးကောင် တရွရွ သွားနေတာကိုလည်း သိရပါတယ်။ ဒါကြောင့် နားထဲမှာ အူနေပြီး၊ ယားသလိုလို ကသိကအောင့် ဖြစ်နေမှာပါ။ မတော်တဆ အကောင်က ကိုက်လိုက်တယ်၊ ဆူးနဲ့ထိုးလိုက်တယ်ဆိုရင်တော့ နာတာ၊ […]


ရှေးဦးသူနာပြုစုခြင်း

မိုးကြိုး အန္တရာယ် ဘယ်လို ကာကွယ်ရမလဲ

မိုးကြိုး အန္တရာယ် ဘယ်လို ကာကွယ်ရမလဲ ....... ရာသီဥတုက ပေးတဲ့ သဘာဝအန္တရာယ်တွေ ထဲမှာ မိုး နဲ့ မိုးကြိုး ဆိုတာ အမြဲ တတွဲတွဲနဲ့ရယ်။ မိုးတွေ မှောင်လာပြီဆို မိုးခြိမ်းသံနဲ့ လျှပ်စီးလက်တာတွေ ပါလာတတ်ပါတယ်။ မိုးခြိမ်းသံ ကြားတာနဲ့ အိမ်ထဲနေရင်းတောင် နေစရာမရှိအောင် ကြောက်လန့်နေတတ်သူတွေ ကိုယ့်အနီးအနားမှာ ရှိတယ်မဟုတ်လား။ တကယ်တော့ မိုးကြိုး အန္တရာယ် ဟာ ကြောက်ဖို့ သင့်တဲ့ အရာပါပဲ။ တရားလွန် ကြောက်လန့်နေဖို့ မလိုပေမယ့် ဆင်ခြင်စရာ၊ ကာကွယ်စရာ ရှိတာတွေကို လိုက်နာပြီး ကိုယ့်အန္တရာယ်ကို ကြောက်သင့်ပါတယ်။ မိုးကြိုးပစ်ခံရရင် အသက်အန္တရာယ် လွတ်ခဲ့ရင်တောင် ကိုယ်တွင်းအင်္ဂါတွေနဲ့ စနစ်တွေ မှာ နောက်ဆက်တွဲ ထိခိုက်မှု ကြီးကြီးမားမား ဖြစ်ကျန်စေနိုင်ပါတယ်။ မိုးကြိုး အန္တရာယ် ဘယ်လို ကာကွယ်ရမလဲ မိုးကြိုး […]


ရှေးဦးသူနာပြုစုခြင်း

ရေနစ်ထားသူ တစ်ယောက်ကို ဘယ်လို ကူညီပြုစုမလဲ

ရေနစ်ခြင်းဟာ ရေထဲမှာ အသက်ရှူဖို့ ခက်ခဲပြီး လူတစ်ယောက်ကို အသက်ဆုံးရှုံးအောင် ပြုလုပ်နိုင်တဲ့ ဖြစ်ရပ်တစ်မျိုးဖြစ်ပါတယ်။ ရေနစ်ခြင်းဟာ ရာသီမရွေး အချိန်မရွေးဖြစ်နိုင်တဲ့ ပြဿနာဖြစ်ပေမယ့် ယခုလို မိုးတွင်းကာလ ရေကြီးရေလျှံမှုတွေ ပေါများတဲ့အချိန်မျိုးတွေမှာ ပိုအဖြစ်များတတ်ပါတယ်။ ရေနစ်တဲ့သူတစ်ယောက်ကို ကြုံတွေ့ရပြီဆိုရင် ကယ်ဆယ်ပြီး အရေးပေါ် ရှေးဦးသူနာပြုစုနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ရေနစ်တဲ့သူတွေဟာ အော်ဟစ်ပြီး အကူအညီ မတောင်းနိုင်ပါဘူး၊ တောင်းနိုင်ခဲ့ရင်တောင်မှ အချိန် စက္ကန့်ပိုင်းလောက်သာဖြစ်ပါတယ်။ ဒါကြောင့် ရေနစ်တာဟာ အရေးပေါ်ကိစ္စ၊ အလျှင်အမြန်ဖြေရှင်းရမယ့် ကိစ္စအဖြစ် သတ်မှတ်ခံထားရတာပဲ ဖြစ်ပါတယ်။ ငယ်ရွယ်တဲ့ ကလေးတွေနဲ့ အရက်အမူးလွန်နေသူတွေဆိုရင် ရေအတိမ် လက်မအနည်းငယ်မှာတင် ရေနစ်နိုင်ပါတယ်။ ရေနစ်နေတဲ့ လူတစ်ယောက်ကို အချိန်မှကယ်ဆယ်ပြီး ရှေးဦးသူနာပြုနည်းလမ်းတွေနဲ့ ပြုစုကုသနိုင်မယ်ဆိုရင် အသက်ကယ်တင်နိုင်ပါတယ်။ ဒါကြောင့် ရေနစ်သူတစ်ယောက်ကို ကယ်တင်ပေးနိုင်တဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ လူတစ်ယောက် ရေနစ်တဲ့အခါ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်မျက်စိရှေ့မှာရေနစ်နေတာ၊ အသက်အန္တရာယ်ကြုံနေတာတွေ့ရရင် ကူညီဖို့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်