ရေနစ်ခြင်းဟာ ရေထဲမှာ အသက်ရှူဖို့ ခက်ခဲပြီး လူတစ်ယောက်ကို အသက်ဆုံးရှုံးအောင် ပြုလုပ်နိုင်တဲ့ ဖြစ်ရပ်တစ်မျိုးဖြစ်ပါတယ်။ ရေနစ်ခြင်းဟာ ရာသီမရွေး အချိန်မရွေးဖြစ်နိုင်တဲ့ ပြဿနာဖြစ်ပေမယ့် ယခုလို မိုးတွင်းကာလ ရေကြီးရေလျှံမှုတွေ ပေါများတဲ့အချိန်မျိုးတွေမှာ ပိုအဖြစ်များတတ်ပါတယ်။