ရှေးဦးသူနာပြုစုခြင်း

အိမ်မှာဖြစ်တတ်တဲ့ မတော်တဆ ထိခိုက်မှုတွေ နဲ့ ထိခိုက်ဒဏ်ရာတွေကို သက်သာစေမယ့် အရေးပေါ် စောင့်ရှောက်နည်းတွေကို လူတိုင်းလိုလို သိထားသင့်ပါတယ်။ ရှေးဦးသူနာပြုစုနည်းတွေကို ဒီနေရာမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရှေးဦးသူနာပြုစုခြင်း

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ရှေးဦးသူနာပြုစုခြင်း ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

ကလေးတွေမှာ ထိခိုက်ရှနာ ဘယ်လိုအရေးပေါ်ဂရုစိုက်မလဲ

မသိနားမလည်သေးဘဲ ပျော်ရွှင်ဖို့၊ ပြေးလွှားဆော့ကစားဖို့လောက်သာ သိတဲ့ ကလေးဘဝကို အမြဲပြန်လည်တောင့်တလေ့ရှိကြပါတယ်။ ရင့်ကျက်လာချိန်မှာ စိတ်ပင်ပန်းလာတဲ့အခါတိုင်း အပူအပင်ကင်းတဲ့ ကလေးဘဝပြန်ရောက်ချင်တယ်ပဲ တဖွဖွညည်းကြတယ်။ကလေးဆိုတာ အပူအပင်တော့ ကင်းရင်ကင်းနိုင်ပေမယ့် ထိခိုက်ဒဏ်ရာတွေ၊ အနာတွေနဲ့တော့ မကင်းနိုင်တာသေချာပါတယ်။ အနည်းဆုံးတော့ ချော်မလဲဖူးတဲ့ကလေးမရှိသလောက်ပဲလေ။ အဲ့လို ထိခိုက်မိတဲ့အခါမျိုးမှာ အနာပဲ နောက်တော့ကျက်သွားမှာပေါ့ ဆိုပြီး ပေါ့ပေါ့ဆဆမထားသင့်ပါဘူး။ နာကျင်ရသက်သာအောင် ကလေးကို ဘယ်လိုဂရုစိုက်ပေးဖို့လိုမလဲဆိုတာ မိဘတွေ သိထားဖို့လိုပါတယ်။ ဒါမှ ကိုယ့်သားသမီးလေးတွေမှာ အပူအပင်ရော နာကျင်မှုရော ကင်းတဲ့ပျော်ရွှင်တဲ့ကလေးဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ကလေးမှာ တစ်ခုခုထိခိုက်လာပြီဆိုရင် အရင်ဆုံး -ဒဏ်ရာအနေအထားကို ကြည့်ပါဒဏ်ရာကသေးလား၊ ကြီးလား၊ နက်လား၊ ရှတဲ့ဒဏ်ရာလား၊အကိုက်ခံရတာလား၊ အချွန်နဲ့စူးထားတာလား၊ ပွန်းပဲ့ရုံပဲလား အရင်စစ်ဆေးပါ။ အနာသေးသေးဆို အိမ်မှာပဲ ကိုယ်တိုင်ပြုစုကုသပေးလို့ရပေမယ့် ဒဏ်ရာကြီးရင်၊ နက်ရင်၊ ဒဏ်ရာက မျက်နှာမှာဖြစ်ရင်(မျက်လုံးနား) ဆရာဝန်နဲ့အမြန်ဆုံးပြပါ။အနာကိုသန့်စင်ပါ လက်ကိုစင်အောင်ဆေးကြောပါ။ အနာကို […]


ရှေးဦးသူနာပြုစုခြင်း

ထိခိုက်ဒဏ်ရာ အမာရွတ်မကျန်စေဖို့ ဘယ်လိုဂရုစိုက်ရမလဲ

မတော်တဆပဲဖြစ်ဖြစ်၊ ခွဲစိတ်မှု ကြောင့်ဖြစ်ဖြစ် အရေပြားမှာဖြစ်လာသမျှ ဒဏ်ရာအနာတရအားလုံးကို ခန္ဓါကိုယ်ကပြန်လည်ပြုပြင်ဖို့ လုပ်ဆောင်ပါတယ်။ အနာကကျက်လာပြီဆိုတာနဲ့ အနာကျက်ခြင်းဖြစ်စဉ်ရဲ့သဘာဝအတိုင်း အသားတက်လာတဲ့အမာရွတ်ကလည်းဖြစ်လာနိုင်ပါတယ်။ အမာရွတ်သိသာတယ်မသိသာဘူးဆိုတာ အနာဘယ်လောက်ကောင်းကောင်းကျက်သလဲဆိုတာပေါ်မူတည်ပါတယ်။ ခွဲစိတ်မှုချုပ်ရိုးအမာရွတ်တွေနဲ့ ဒူးခေါင်း၊တံတောင်ဆစ်တို့လို အရိုးအဆစ်တွေမှာဖြစ်တဲ့အမာရွတ်တွေကတော့ရှောင်လွှဲရခက်ပါတယ်။တော်တန်ရုံအသေးစားကွဲရှဒဏ်ရာလေးတွေကတော့ အိမ်မှာကုသရင်းပဲ အနာကျက်တဲ့အခါ အမာရွတ်မကျန်အောင်၊ သိပ်မသိသာအောင် ဂရုစိုက်ပေးဖို့ရပါတယ်။ အမာရွတ်မကျန်အောင် ဘယ်လိုဂရုစိုက်ပေးမလဲ အနာကို ဆေးပါ အရင်ဆုံး လက်ကိုဆပ်ပြာနဲ့သေချာဆေးပါ။ ပြီးမှ ထိခိုက်ဒဏ်ရာကို အညစ်အကြေးတွေကင်းစင်အောင်ရေနဲ့ဆေးကြောပါ။ အနာတဝိုက်ကိုတော့ ဆပ်ပြာနဲ့ဆေးလို့ရပါတယ်။ အနာက လက်မှာဖြစ်တာဆိုရင် အနာကို ဆပ်ပြာနဲ့ တိုက်ရိုက်မထိအောင် သတိထားဆေးပါ။ အသေးစားဒဏ်ရာလေးတွေကိုဆေးဖို့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်၊ အိုင်အိုဒင်း ဒါမှမဟုတ် အရက်ပြန်တို့လိုပြင်းတဲ့ဆေးရည်တွေသုံးဖို့မလိုပါဘူး။ ပိုဆိုးစေနိုင်ပါတယ်။ရေသန့်သန့်နဲ့ဆို လုံလောက်ပါတယ်။ သွေးတိတ်အောင်လုပ်ပါ အနာကိုသွေးတိတ်စေဖို့ ပိုးသတ်ထားတဲ့ gauze ဂွမ်းစ သို့မဟုတ် အဝတ်သန့်သန့်နဲ့အသာအယာဖိပါ။သွေးတိတ်တဲ့အထိ ဆက်ပြီးဖိထားပေးပါ။ ဖိထားတဲ့အခါမှာလည်းသွေးတိတ်ပြီလားလို့ လက်လွှတ်ပြီး အနာကိုခဏခဏမကြည့်ပါနဲ့။ ဖိထားတဲ့အဝတ်ဖယ်လိုက်တာနဲ့သွေးပြန်ထွက်လာနိုင်လို့ပါ။gauze သို့မဟုတ် အဝတ်မှာသွေးထပ်မစိုတော့ဘူးဆိုရင် ရပါပြီ။gauze မှာ စိုရွှဲတဲ့အထိသွေးထွက်နေတယ်ဆိုရင် အသစ်မလဲပါနဲ့။ အသစ်ကို အပေါ်ကထပ်ပြီးအုပ်ဖိပါ။ အနာကို […]


ရှေးဦးသူနာပြုစုခြင်း

ဆီးချိုရှိသူတွေမှာ ဖြစ်လာတဲ့ထိခိုက်ဒဏ်ရာ ဘယ်လိုဂရုစိုက်ပေးမလဲ

ကိုယ့်မှာ ဆီးချိုရောဂါရှိနေပြီလားဆိုတာ စပြီး သံသယဝင်ကြတဲ့အချက်က ဆီးသွားများတာနဲ့ အနာကျက်နှေးတာပဲဖြစ်ပါတယ်။ ဒီလက္ခဏာနှစ်ခုရှိနေရင်ပဲ ဆီးချိုသွေးချိုတိုင်းတာဆေးစစ်ကြည့်ကြတော့တာပါပဲ။ ဟုတ်ပါတယ်။ ဆီးချိုေဝဒနာရှင်တွေမှာရောဂါကြောင့်အနာလေးတွေဖြစ်လာတတ်တဲ့အပြင် သာမန်ထိရှအနာလေးတွေတောင် ကျက်ဖို့ကြာတတ်ပါတယ်။ ဒါ့ကြောင့် ဓါးရှတာ၊ခြစ်မိတာ၊ ပွန်းရှတာ၊ ပွန်းပဲ့တာ သာမန်အသေးစားထိခိုက်ဒဏ်ရာလေးတွေကိုတောင် သူများထက်ပိုဂရုစိုက်ရပါတယ်။ အခန့်မသင့်လို့ အနာရင်းပြီး ပိုးဝင်ခဲ့ရင်နောက်ဆက်တွဲပြဿနာက ခြေလက်ဖြတ်တောက်ရတဲ့အထိ ပိုဆိုးလာနိုင်ပါတယ်။ ဆီးချိုဝေဒနာရှင်တွေက ဘယ်လိုထိခိုက်ဒဏ်ရာပဲဖြစ်ဖြစ် အနာပိုးမဝင်အောင်သေချာဂရုစိုက် သတိထားသင့်ပါတယ်။ အနာမှာ နီရဲ၊ရောင်ရမ်းပြီးပြည်တည်လာတာလိုမျိုး လက္ခဏာတွေဖြစ်လာသလားစောင့်ကြည့်ပါ။ လက္ခဏာတွေ့ရတာနဲ့ ဆရာဝန်ပြပြီး မှန်ကန်တဲ့ကုသစောင့်ရှောက်မှုခံယူရပါမယ်။ တော်တန်ရုံအနာအသေးစားတွေကိုတော့ အချိန်နှေးရင်နှေးပါစေ၊ သူ့အလိုလိုအနာကျက်တဲ့အထိ ကိုယ့်ဘာသာစနစ်တကျဂရုစိုက်ပေးနိုင်ရင် အနာပိုးဝင်ခြင်းအန္တရာယ် ရှောင်လွှဲနိုင်ပါလိမ့်မယ်။ အနြာဖစ်လာရင် အမြန်လုပ်ဆောင်ဖို့ ပွန်းရာ၊ခြစ်ရာလေးပဲဖြစ်ဖြစ် ထိခိုက်အနာတစ်ခုခုဖြစ်လာတာနဲ့ ဒီအဆင့်တွေလုပ်ကြည့်ပါ - အနာကိုရေနဲ့ အရင်ဆေးကြောသန့်စင်ပါ။ အနာကိုထိတွေ့မယ့်လက်ကို ဆပ်ပြာနဲ့သေချာဆေးကြောပါ။ အနာထည့်ဆေးantisepticsတွေထည့်တာ၊ အရက်ပြန်နဲ့သန့်စင်တာ၊ အိုင်အိုဒင်းထည့်တာတွေ မလုပ်ပါနဲ့။ အရေပြားကို ပိုထိစေပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ဆေး ဒါမှမဟုတ် ပဋိဇီဝပိုးသတ်ဆေးခရင်မ်ထည့်ပါ။ အဓိကက ပိုးမဝင်စေဖို့အရေးကြီးတာကြောင့် […]


ရှေးဦးသူနာပြုစုခြင်း

ကလေးကို ထိခိုက်ဒဏ်ရာမရအောင် ဘယ်လိုကာကွယ်ရမလဲ

ကလေးဆိုတာဆော့မှာပဲ၊ပြေးလွှားကစားရင်း ထိမိခိုက်မိတာလည်းရှိမှာပဲ။ အဆော့သန်တဲ့ကလေးတွေမှာ ပွန်းပဲ့ဒဏ်ရာနဲ့မကင်းတာ သဘာဝပေမယ့် မတော်တဆကြောင့် ထိခိုက်ဒဏ်ရာရတဲ့ကလေးတွေလည်းရှိတတ်ပါတယ်။ ပွန်းတာပဲ့တာလောက်ကတော့ အချိန်တန်ရင်ပျောက်သွားမှာပေါ့ ဆိုပြီး ဒီအတိုင်းလွှတ်ထားလို့တော့မဖြစ်ပါဘူး။ အနာသေးသေးလေးကနေလည်း အနာပိုးဝင်ပြီးမေးခိုင်လိုမျိုးရောဂါတွေအထိဖြစ်လာနိုင်လို့ပါ။ အန္တရာယ်ဆိုတာ ဘာမှန်းသေချာမသိသေးတဲ့အရွယ်တွေမို့ အုပ်ထိန်းသူမိဘတွေအနေနဲ့ ဂရုစိုက်ကာကွယ်ပေးသင့်တယ်လေ။ မတော်တဆမှုတွေက ကလေးရဲ့နောက်ပိုင်းဘဝမှာ ဆိုးရွားတဲ့အကျိုးဆက်တွေရှိလာစေနိုင်တယ်။ လက်ရှိ ချို့ယွင်းချက်ရှိနေသူတချို့မှာ ငယ်ဘဝကဖြစ်ခဲ့တဲ့မတော်တဆမှုတွေက အကြောင်းရင်းခံဖြစ်နေတတ်တာ အများကြီးပါ။ ဥပမာ ငယ်ငယ်ကရေနွေးပူလောင်ခဲ့လို့ မျက်နှာအမာရွတ်နဲ့နေသွားရသူတွေ၊ ငယ်ငယ်က မတော်တဆဦးခေါင်းထိခိုက်မှုကြောင့် ဉာဏ်ရည်ချို့ယွင်းသွားသူတွေလိုမျိုး။ အသက်တမျှချစ်ခင်ရတဲ့ ကိုယ့်ရင်သွေးလေးတွေ ဒီလိုမကောင်းတဲ့အကျိုးဆက်ဖြစ်မလာအောင်လို့ စိုးရိမ်ကြမယ့်သူတွေချည်းပါ။ ဒါ့ကြောင့် ထိခိုက်ဒဏ်ရာ သေးသေးကြီးကြီး မပေါ့ဆကြပါနဲ့။ ဆေးပညာတိုးတက်တဲ့ခေတ်ဖြစ်ပြီး အကောင်းဆုံးဆေးပလာစတာနဲ့ဆေးဝါးတွေ အလွယ်တကူရရှိနိုင်တယ်ဆိုပေမယ့် မဖြစ်ခင်က ကြိုတင်ကာကွယ်ပေးတာ အကောင်းဆုံးပါပဲ။ ကလေးတွေကို ထိခိုက်ဒဏ်ရာအန္တရာယ်က ဘယ်လိုကာကွယ်စောင့်ရှောက်မလဲ ကလေးပြေးလွှားဆော့ကစားတဲ့ဧရိယာတဝိုက် ကြမ်းပြင်မှာ ကစားစရာအရုပ်တွေ၊ကော်ဇော၊ ကြိုးခွေ စတဲ့ ရှုပ်ရှုပ်ထွေးထွေးပစ္စည်းတွေမရှိအောင်ရှင်းထားပေးပါ။ အချွန်အတက်ပါတဲ့ပစ္စည်းတွေကိုဝေးဝေးထားတာ၊ ခုံနဲ့စားပွဲထောင့်စွန်းတွေကို ဖုံးအုပ်ထားတာတွေ လုပ်ထားသင့်ပါတယ်။ […]


ရှေးဦးသူနာပြုစုခြင်း

ဒဏ်ရာတစ်ခုကို စနစ်တကျဂရုစိုက်ပုံအဆင့်ဆင့်

ထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်လာပြီဆိုရင် ရုတ်တရက်ချက်ချင်းတော့ ဘာလုပ်ရမှန်းမသိဖြစ်တတ်ကြပါတယ်။ ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေ၊ မိသားစုဝင်တွေမှာဖြစ်လာခဲ့ရင်စနစ်တကျ ကုသစောင့်ရှောက်ပေးနိုင်ဖို့ အရေးကြီးပါတယ်။ မလိုလားအပ်တဲ့အကျိုးဆက်တွေဖြစ်မလာစေဖို့ အနာကိုဂရုစိုက်ပုံအဆင့်ဆင့်ကို သိထားသင့်ပါတယ်။ ထိခိုက်ဒဏ်ရာဖြစ်လာပြီဆိုရင် ဒဏ်ရာရဲ့ပြင်းထန်မှုအတိမ်အနက်ကို အရင်ဆန်းစစ်ပါ။ အရေပြားမှာ ပွန်းပဲ့ပေါက်ပြဲရုံပဲလား၊ စူးမိတာလား၊ပြတ်ရှကွဲပြဲတဲ့ဒဏ်ရာလားစသည်ဖြင့် ခွဲခြားဆုံးဖြတ်ပါ။ အရေပြားမျက်နှာပြင်ပေါ်က ပွန်းရှဒဏ်ရာတွေလောက်ကတော့ အိမ်မှာပဲ ကိုယ့်ဘာသာ ကုသနိုင်ပါတယ်။ ဒဏ်ရာကြီးရင်၊ အကိုက်ခံရတာဆိုရင်၊ ကွဲရှဒဏ်ရာက အဆီ၊ကြွက်သားနဲ့အရိုးပေါ်လောက်အောင် အရွယ်အစားလက်မဝက်ထက်ပိုကြီးခဲ့ရင် ၊ နှလုံးခုန်မြန်လာလောက်အောင်သွေးထွက်များနေပြီးသွေးမတိတ်ရင်၊ အနာက နီရဲလာတာ နှစ်ရက်ကျော်လာရင် သို့မဟုတ်ပြည်တည်လာရင် (အနာပိုးဝင်ခြင်းဖြစ်နိုင်) ဆရာဝန်ပြပြီး ကုသမှုခံယူသင့်ပါတယ်။ နည်းလမ်းမှန်နဲ့ ဒဏ်ရာကို ဂရုစိုက်ပုံအဆင့်ဆင့်အတိုင်း လုပ်ပေးမှဘေးကင်းစွာနဲ့ အနာကျက်မြန်စေမှာပါ။ အနာပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ ထိခိုက်မှုတွေဖြစ်လာရင် မေးခိုင်ရောဂါလိုမျိုး နောက်ဆက်တွဲပြဿနာတွေက အန္တရာယ်များပါတယ်။ ဒါ့ကြောင့် ထိခိုက်ဒဏ်ရာဖြစ်လာရင် အခြေခံကျတဲ့ ဂရုစိုက်နည်းအဆင့်ဆင့်ကို အကြံပြုဖော်ပြလိုက်ပါတယ်။ အရင်ဆုံး - လက်ကိုဆေးကြောပါ ကိုယ်တိုင်ဖြစ်ဖြစ် တခြားသူကိုကူညီဖို့ဖြစ်ဖြစ် အနာကိုမထိတွေ့ခင်တိုင်း လက်ကိုဆပ်ပြာ၊ရေ […]


ရှေးဦးသူနာပြုစုခြင်း

အနာကျက်မြန်ချင်ရင် ဒါတွေရှောင်ပါ

အနာကျက်ခြင်းဖြစ်စဉ်ဟာ အရေပြားတစ်ရှူးကို သဘာဝအလျောက်တုံ့ပြန်မှုဖြစ်ပါတယ်။ အနာကျက်တယ်ဆိုတာ ထိခိုက်ထားတဲ့ အရေပြားမှာပြန်လည်ညှိပေးခြင်း၊ပြန်လည်တည်ဆောက်ခြင်း၊ပြန်လည်စုစည်းခြင်းတွေဖြစ်စေဖို့ ဆဲလ်တွေရဲ့ရှုပ်ထွေးတဲ့လှုပ်ရှားမှုပါပဲ။ ထိခိုက်ဒဏ်ရာ အနာဖြစ်ကာစမှာသွေးတိတ်မယ်၊နောက်တော့ ရောင်ရမ်းမှုရှိလာမယ်၊ အသားတက်မယ်၊ အနာကျက်မယ်။ ဒီလိုအနာကျက်ကပုံအဆင့်ဆင့်က ပုံမှန်ပဲဆိုပေမယ့် အနာကျက်မြန်ဖို့၊ အနာပိုးမဝင်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် အနာတစ်ခုခုဖြစ်လာပြီဆိုရင် အနာကျက်မြန်စေဖို့ ဒီအမူအကျင့်တွေကိုရှောင်ပါ။ အာဟာရပြည့်ဝအောင်မစားခြင်း အာဟာရပြည့်အောင်မစားခြင်းက အနာကျက်နိုင်စွမ်းနဲ့ ခန္ဓါကိုယ်ရဲ့ပြန်လည်ပြုပြင်နိုင်စွမ်းအပေါ် သက်ရောက်မှုကြီးမားပါတယ်။ ကိုယ်စားလိုက်သမျှအစားအစာတွေက ခန္ဓါကိုယ်တည်ဆောက်မှုမှာ အဓိကပံ့ပိုးနေတယ်ဆိုတာ လူတွေက မေ့နေတတ်ကြပါတယ်။ ခန္ဓါကိုယ်ဟာ စားလိုက်တဲ့အစာကိုလက်ခံပြီး ပြန်စွန့်ထုတ်ပေးတဲ့ စက်ပစ္စည်းတစ်ခုမဟုတ်ပါဘူး။ သူ့အလိုလို ပြန်လည်ပြုပြင်ပြီး အသစ်ပြန်လည်ဖြစ်ပေါ်ကြတဲ့ ဆဲလ်တွေ၊ဘက်တီးရီးယားတွေ၊ အရည်ဓါတ်တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် စားသုံးလိုက်သမျှဟာ မျက်လုံး၊အသည်း၊ကိုယ်ခံအားနဲ့အရေပြား၊ဦးနှောက်စတဲ့ အရာအားလုံးအတွက် အခြေခံအားဖြည့်ပေးနေတာဖြစ်ပါတယ်။ စိတ်ဖိစီးခြင်းနဲ့ အိပ်ရေးပျက်ခံခြင်း စိတ်ဖိစီးမှု ကြောင့်ဖြစ်လာတဲ့ဟော်မုန်းတွေဟာ ခန္ဓါကိုယ်ကို ပိုပင်ပန်းစေပြီး ခံနိုင်ရည်ကျဆင်းစေပါတယ်။ အဲဒီအချိန်မှာ အနာကျက်ဖို့ ခန္ဓါကိုယ်က အပြည့်အဝလုပ်ဆောင်နိုင်စွမ်းမရှိတော့ပါဘူး။ အနာကျက်ခြင်းဖြစ်စဉ်အတွက်က ဖိစီးမှုမရှိဘဲ ခန္ဓါကိုယ်က အနားရနေမှ […]


ရှေးဦးသူနာပြုစုခြင်း

ဆီးချိုရောဂါရှိသူမှာ အနာကိုဘယ်လိုဂရုစိုက်မလဲ

ထိခိုက်ရှနာ ဒဏ်ရာလေးတွေဆိုတာ လူတိုင်းနဲ့မကင်းနိုင်ကြတဲ့ အသေးအဖွဲပြဿနာတွေဆိုပေမယ့် ဆီးချိုရောဂါရှိသူေတွအတွက်တော့ ဆိုးရွားတဲ့ကျန်းမာရေးအန္တရာယ်တွေရှိလာနိုင်ပါတယ်။ ဆီးချိုရှိသူတော်တော်များများက အနာကျက်ဖို့နှေးသလို အနာမကျက်နိုင်တော့တာလည်းရှိနိုင်ပါတယ်။ ရောဂါပိုးသာဝင်သွားခဲ့ရင် အနာတဝိုက်က တစ်ရှူးတွေနဲ့အရိုး သို့မဟုတ် ခန္ဓါကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေအထိ ပျံ့နှံ့သွားခဲ့ရင် အန္တရာယ်ရှိပါတယ်။ အနာဘာလို့မကျက်တာလဲ ဆီးချိုရှိတယ်ဆိုရင်သွေးတွင်းသကြားဓါတ်ပမာဏကို ခန္ဓါကိုယ်ကထိန်းညှိဖို့ ပိုခက်ခဲပါတယ်။ ဒါ့ကြောင့် သွေးတွင်းသကြားဓါတ်မြင့်တက်နေတဲ့အခါသွေးဖြူဥဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို ပျက်ယွင်းစေပြီး ဘက်တီးရီးယားခုခံကာကွယ်နိုင်စွမ်းမရှိတော့ပါဘူး။ ဆီးချိုကိုသေချာမထိန်းချုပ်နိုင်တဲ့အခါသွေးလည်ပတ်မှုလည်း မကောင်းတော့ပါဘူး။သွေးလည်ပတ်မှုမကောင်းရင်သွေးနီဥဆဲလ်တွေရဲ့လှုပ်ရှားမှုနှေးကွေးလာပြီး အာဟာရဓါတ်ေတွ အနာတဝိုက်ကိုရောက်ရှိဖို့ခက်ခဲစေပါတယ်။ ရလဒ်အနေနဲ့ ထိခိုက်ဒဏ်ရာတွေ ကျက်ဖို့နှေးလာပါတယ်။   ဒါ့ကြောင့် သင့်မှာ ဆီးချိုရှိနေတယ်ဆိုရင် ကွဲရှရာ၊ ခြစ်ရာ အနာသေးသေးလေးဖြစ်ဖြစ်မြန်မြန်ကုသဖို့၊ အနာပိုးမဝင်အောင် ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဘယ်လိုဂရုစိုက်ရမလဲ ကိုယ့်မှာ ထိခိုက်ရှနာ၊ အနာလေးတွေတစ်ခုခုရှိလာတာနဲ့ ဒီအဆင့်တွေအတိုင်း အမြန်ဂရုစိုက်လုပ်ဆောင်ပါ - အနာကိုရေ၊ဆပ်ပြာနဲ့ဆေးကြောသန့်စင်ပါ။ အနာပိုးသတ်ဆေး၊ အရက်ပြန် သို့မဟုတ် အိုင်အိုဒင်းတွေ မသုံးသင့်ပါ။ အရေပြားကိုလောင်စေနိုင်ပါတယ်။ ပဋိဇီဝအနာကျက်ဆေးခရင်မ် သို့မဟုတ် အဆီတွေသုံးပါ။ ပိုးသတ်ထားတဲ့ ပတ်တီး သို့မဟုတ် ပလာစတာကပ်ပါ။ အနာကို တင်းကျပ်၊စည်းနှောင်တာတွေမဖြစ်အောင် […]


ရှေးဦးသူနာပြုစုခြင်း

အနာကို ကုသရာမှာ အိုင်အိုဒင်းရဲ့ အသုံးဝင်ပုံ

အိုင်အိုဒင်းဆိုတာ ဓါတုပစ္စည်းတစ်မျိုးဖြစ်ပြီး ခန္ဓါကိုယ်ကလိုအပ်ပေမယ့် ကိုယ်တိုင်မထုတ်လုပ်နိုင်တဲ့ဓါတ်ဖြစ်ပါတယ်။ ဒါ့ကြောင့် လိုအပ်နေတဲ့ အိုင်အိုဒင်းပမာဏကို အစားအစာကနေပဲရရှိနိုင်ပါတယ်။ ဒါပေမယ့် အစားအစာတွေမှာ အိုင်အိုဒင်းပါဝင်မှုနည်းပါးကြသလို ပင်လယ်ရေညှိမှာပဲ ပါဝင်မှုများပါတယ်။ အိုင်အိုဒင်းချို့တဲ့ခဲ့ရင် သိုင်းရွိုက်ေဟာ်မုန်းနဲ့ပတ်သက်တဲ့ရောဂါတွေနဲ့ တခြားရောဂါအခြေအနေတွေဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် အိုင်အိုဒင်းချို့တဲ့ခြင်းကို ကာကွယ်နိုင်ဖို့ အိုင်အိုဒင်းဆားကို ထုတ်လုပ်ကြတာဖြစ်ပါတယ်။ အိုင်အိုဒင်းကို အစားအသောက်မှာမဟုတ်ဘဲပြင်ပသုံးဆေးဝါးအနေနဲ့ ပိုးသတ်ဆေးအဖြစ်လည်း သုံးကြပါတယ်။ ထိခိုက်ဒဏ်ရာ၊ ကွဲရာ ရှရာ အသေးစားတွေမှာ ပိုးမဝင်စေဖို့ ၊ဘက်တီးရီးယားေတွသေစေဖို့အိုင်အိုဒင်းဆေးရည်ကို သုံးကြပါတယ်။ အနာအတွက်သုံးတဲ့ အိုင်အိုဒင်းက - တင်ချာ ဆေးရည် ကပ်ခွာ ဂျဲလ် ပုံစံတွေနဲ့ ရှိပါတယ်။ ဘာလို့သုံးကြတာလဲ အနာကို ပိုးသတ်ဖို့အတွက်ပါ။ သာမန်အပေါ်ယံ အရေပြား ထိခိုက်ရှနာေတွ၊ မကျက်သေးတဲ့အနာတွေနဲ့ ဒဏ်ရာများကို ပိုးဝင်ခြင်းမှ ကာကွယ်ဖို့၊ကုသဖို့အတွက် အိုင်အိုဒင်းကိုသုံးသလို အနာ၊ ဒဏ်ရာ ပတ်ဝန်းကျင်မှာ ဘက်တီးရီးယားပေါက်ဖွားမှုကို လျှော့ချပေးပါတယ်။ အနာကျက်စေဖို့လည်း ပါပါတယ်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်