ရှေးဦးသူနာပြုစုခြင်း

အိမ်မှာဖြစ်တတ်တဲ့ မတော်တဆ ထိခိုက်မှုတွေ နဲ့ ထိခိုက်ဒဏ်ရာတွေကို သက်သာစေမယ့် အရေးပေါ် စောင့်ရှောက်နည်းတွေကို လူတိုင်းလိုလို သိထားသင့်ပါတယ်။ ရှေးဦးသူနာပြုစုနည်းတွေကို ဒီနေရာမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရှေးဦးသူနာပြုစုခြင်း

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ရှေးဦးသူနာပြုစုခြင်း ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

ကုန်းပေါ်မှာ ရေနစ်ခြင်း

ရေနစ်တယ်ဆိုတာမျိုးက ရေထဲမှာ နစ်မွန်းတာကို ဆိုလိုတာပါ။ ဒါပေမယ့် ရေနစ်တိုင်းတော့ ရေထဲမှာ ဖြစ်နေလိမ့်မယ်လို့ တစ်ထစ်ချ တွေးဆထားလို့မရနိုင်ပါဘူး။ ရေနစ်တဲ့ နည်းလမ်းအမျိုးမျိုးရှိနိုင်ပါတယ်။ ရေလယ်ခေါင်မှာ ရေနစ်နိုင်သလို၊ ကုန်ပေါ်မှာ နေရင်းလည်း ရေနစ်နိုင်တယ်ဆိုရင် အံ့သြနေကြမလား။ ကုန်းပေါ်မှာ ရေနစ်ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ကုန်းပေါ်မှာ ရေနစ်ခြင်း ရေမရှိတဲ့ အခြေအနေမျိုးမှာ အမှန်တကယ် ရေနစ်နိုင်ပါတယ်။ ကုန်းပေါ်မှာ ရေနစ်ခြင်း က အမျိုးအစား အားဖြင့်လည်း ၂ မျိုးရှိပါတယ်။ အခြောက်အတိုင်း ရေနစ်ခြင်း (Dry Drowning) ရယ် နောက်ကျရေနစ်ခြင်း (Secondary Drowning ဒါမှမဟုတ် Delayed Drowning) ရယ်ပါ။ ဒီလိုနည်းမျိုးနဲ့ ရေနစ်တာက မတော်တဆနည်းလမ်းနဲ့ အသက်ရှူလမ်းကြောင်းထဲကို ရေဝင်သွားတာကြောင့် ဖြစ်ရတာမျိုးပါ။ ပုံမှန် ရေနစ်တာနဲ့ အတန်ငယ်ကွဲပြားပြီးတော့ ရေနဲ့ ထိတွေ့ပြီး […]


ရှေးဦးသူနာပြုစုခြင်း

မတော်တဆ ဆေးမျိုချ မိတဲ့ ကလေးတွေအတွက် အရေးပေါ် ပြုစုနည်း

ကလေးတွေက ပုခက်ထဲမှာ နေတုန်းကတော့ အမေထားရင် ထားသလို နေပေမယ့် နည်းနည်းလေး တောက်တဲ့တောက်တဲ့ သွားတတ်ပြီဆိုရင် ဟိုဆွဲ ဒီဆွဲ လျှောက်ဆွဲပါတော့တယ်။ ဒါ့ပြင် ပါးစပ်ထဲလည်း လျှောက်ထည့်ပါတယ်။ ဒီတော့ ကလေးကို သေသေချာချာ မကြည့်နိုင်ရင် အန္တရာယ်များပါတယ်။ အိမ်ထဲမှာထားပေးမယ့် အလုံးစုံအန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ အိမ်က ကလေးလေးက မတော်တဆ ဆေးမျိုချ မိရင် အရေးပေါ်ဘာတွေလုပ်ရမလဲဆိုတာ ပြောပြပေးပါ့မယ်။ ဘာတွေ မျိုချတာ များသလဲ။ ကလေးတွေ သူတို့ မျက်လုံးထဲမှာ အရောင်ဆန်းဆန်းလေးတွေ၊ အရသာကောင်းတာလေးတွေ၊ အနံ့မွှေးမွှေးလေးတွေ ရှိတဲ့ဟာဆို စိတ်ဝင်စားကြပါတယ်။ ကြည့်ရင်းနဲ့ ပါးစပ်ထဲကို ဆတ်ခနဲ ကောက်ထည့်တာ၊ မျိုချတာ လုပ်တတ်ကြပါတယ်။ အတွေ့ရများတာတွေကတော့ သောက်ဆေးတွေ (ဗီတာမင်ဆေးတွေ၊ အားဆေးတွေ၊ လူကြီးသောက်တဲ့ဆေးတွေ)။ ပုံစံဆန်းလေးတွေ၊ အရောင်လှလှလေးတွေဆို သဘောကျကျပါတယ်။ ဥပမာ ငါးကြီးဆီဆိုရင်လည်း အဝါရောင် […]


ရှေးဦးသူနာပြုစုခြင်း

မိုးကြိုးပစ်ခံရသူ ကို ဘယ်လို အရေးပေါ် ကူညီရမလဲ

မိုးကို ချစ်ကြ မျှော်လင့်ခဲ့ကြပေမယ့် မိုးနဲ့အတူ ပါလာမယ့် အပေါင်းအဖော်တချို့ကိုတော့ မလိုလားကြပါဘူး။ မိုးနဲ့ အတူ လေပြင်းနဲ့ မိုးကြိုးပစ် တာတွေပါ အတူ ပါလာခဲ့ရင် မိုးရာသီလေး မလှနိုင်တော့ဘူးလေ။ ဒီတစ်ခေါက်တော့ မိုးကြိုးပစ်ခံရသူ ကို ဘယ်လို အရေးပေါ် ကူညီရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ မိုးကြိုးပစ်ခံရသူ ကို ဘယ်လို အရေးပေါ် ကူညီရမလဲ ခုနောက်ပိုင်း ရာသီဥတုနဲ့ ပတ်သက်ရင် မိုးကြိုးပစ် တဲ့ သတင်းတွေ မကြာခဏ ကြားလာရပါတယ်။ မိုးမရွာခင်တောင် လျှပ်စီးတလက်လက် တဂျိန်းဂျိန်းနဲ့ ကောင်းကင်မှာ ကြိမ်းဝါးသံတွေ ကြားနေရတတ်တယ် မဟုတ်လား။ ခုနောက်ပိုင်း ဖြစ်ပေါ်လာတတ်တဲ့ မိုးတိမ်တောင်တွေကြောင့် မိုးကြိုးအန္တရာယ် သတိထားဖို့လည်း မိုးလေဝသ ပညာရှင်တွေ မကြာခဏ သတိပေးလေ့ ရှိပါတယ်။ တကယ်လို့ မိုးကြိုးပစ် တဲ့ ဖြစ်ရပ်တွေ […]


ရှေးဦးသူနာပြုစုခြင်း

မိုးကြိုးပစ်နေချိန်မှာ မိုဘိုင်းလ်ဖုန်း သုံးရင် ကိုယ့်ကိုထိမှန်မှာလား

နိုင်ငံတကာမှာရော မြန်မာပြည်က လူတွေဆီမှာပါ ယူဆချက် တစ်ခု ရှိပါတယ်။ မိုးပြင်းထန်နေချိန်၊ မိုးကြိုးတွေ တစ်ဒိုင်းဒိုင်းပစ်နေချိန်တွေမှာ မိုဘိုင်းလ်ဖုန်း သုံးတာ၊ ဖုန်းပြောတာတွေ ပြုလုပ်မယ်ဆိုရင် လျှပ်စစ်ဓာတ်ကို ဆွဲယူမိပြီး အသုံးပြုနေသူကို လာရောက် ထိမှန်တတ်တယ် ဆိုတာပါပဲ။ မိုးကြိုးပစ်နေချိန်မှာ မိုဘိုင်းလ်ဖုန်း သုံးရင် ကိုယ့်ကိုထိမှန်မှာလား ဒီယူဆချက်ကို နိုင်ငံပေါင်း အမြောက်အများက လူပေါင်း မြောက်များစွာက နေ့ထက်တိုင် ယုံကြည်နေကြပါတယ်။ တကယ်တမ်းမှာတော့ ဒီယူဆချက်ဟာ မှန်ကန်မှု မရှိပါဘူး။ ဥပမာပေးရရင် တောထဲသွားနေတဲ့ လူတစ်ယောက်ဟာ ဖုန်းကိုင်ထားတုန်း ကျားကိုက်ခံရတာကို ကျားက ဖုန်းကိုင်ထားလို့ လာကိုက်ပါတယ်လို့ ပြောနေသလိုပါပဲ။ မိုးကြိုးက ကိုယ့်ဖုန်းဆီ လာနေတာလား တကယ်တော့ မိုးကြိုးဆိုတာဟာ တိမ်တောင်တွေကြားထဲက လျှပ်စစ်ဓာတ် စီးဆင်းမှုတစ်မျိုးဖြစ်ပါတယ်။ တိပ်တောင်တွေရဲ့ အထက်ပိုင်းမှာ အဖိုလျှပ်စစ်ဓာတ်ရှိပြီးတော့ အောက်ခြေပိုင်းမှာ အမလျှပ်စစ်ဓာတ်ရှိပါတယ်။ ဒီအရာတွေက မြေပြင်ပေါ်ကို မိုးကြိုးပစ်ချစေအောင် ဖန်တီးတာဖြစ်ပါတယ်။ ပျမ်းမျှခြင်းအားဖြင့် […]


ရှေးဦးသူနာပြုစုခြင်း

ခြေကျင်းဝတ် လည်ခြင်းအတွက် အရေးပေါ်နည်းလမ်းများ

ရုပ်ရှင်ထဲမှာ မင်းသမီးလေး ဒေါက်ဖိနပ်ဝတ်ပြီး မတော်ခြေခေါက်လို့ ခြေကျင်းဝတ် လည်သွားရင် မင်းသားက တယုတယနဲ့ ပြန်လှည့်ပေးပေမယ့် သင်အလှည့်ကျရင်တော့ ဒါမျိုးရှိချင်မှ ရှိမှာပါ။ ဒီတော့ ကိုယ့်အားကိုယ်ကိုးပြီး ကုနိုင်အောင် သင်ထားပါ။ ဒါမှမဟုတ် မတော်တဆ ကိုယ့်ရှေ့မှာ ကိုယ့်ခရပ်ရ်ှလေးက မတော်တဆ ခြေကျင်းဝတ်လည်သွားရင်လည်း ဝင်ပြီး အမှတ်ယူနိုင်အောင် ကြိုပြီး ဖတ်ထားပါ။ ကဲ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ သူများပဲ ဖြစ်ဖြစ် ခြေကျင်းဝတ်လည်သွားရင် အရေးပေါ်လုပ်ပေးလို့ရအောင် အောက်ကနည်းလမ်းတွေကို မှတ်ထားပေးပါနော်။ ခြေကျင်းဝတ် လည်ပြီဆိုရင် (ရုပ်ရှင်ထဲက မင်းသမီးတစ်ယောက်ယောက်ကို မြင်ကြည့်လိုက်ပါ။) နာပါတယ်။ ဒီတိုင်းလည်းနာ၊ ထိလိုက်ရင်လည်း နာပါတယ်။ တစ်ခါတစ်လေ အညိုအမည်းစွဲပြီး ဖူးရောင်နေပါမယ်။ လှုပ်လို့မရသလို လှုပ်လိုက်တာနဲ့ နာပါတယ်။ ခြေကျင်းဝတ်ကို အပြားလိုက် ချလို့မရပါဘူး။ (ဆိုလိုတာက ခြေစုံချရပ်လို့မရပါဘူး။) ခြေကျင်းဝတ်လည်တဲ့အချိန်မှာ […]


ရှေးဦးသူနာပြုစုခြင်း

နှာခေါင်းသွေးလျှံကြရာဝယ်

နှာခေါင်းသွေးလျှံတယ်ဆိုတာ အဖြစ်များတဲ့ပြဿနာတစ်ခုပါ။ တစ်ခါတစ်လေမှာ ပြင်းထန်တဲ့ အခြေအနေတစ်ခု ဖြစ်သွားနိုင်ပြီး တစ်ခါတစ်ရံမှာတော့ အိမ်မှာတင် ကုလိုက်လို့ရပါတယ်။ နှာခေါင်းသွေးလျှံတာဟာ နှာခေါင်းတစ်ဖက်တည်းက ဖြစ်နိုင်သလို နှစ်ဖက်စလုံးက လျှံတာမျိုးလည်း ဖြစ်နိုင်ပါတယ်။  သွေးပမာဏဟာ နည်းနည်းလေးပဲ ဖြစ်နိုင်သလို များလည်းများနိုင်ပါတယ်။ အချိန်ကတော့ စက္ကန့်ပိုင်းကနေ (၁၅)မိနစ် ဒါမှမဟုတ် ဒီထက်ပိုကြာရင်လည်း ကြာနိုင်ပါတယ်။ ဆိုတော့ ဘာမဆို ဖြစ်နိုင်တဲ့ သဘောပေါ့လေ။ နှာခေါင်းသွေးလျှံရင် ဘာလုပ်မလဲ။ မတ်မတ်ထိုင်ပါ။ အရှေ့ကို အနည်းငယ်ကိုင်းပါ။ မတ်မတ်ထိုင်ခြင်းဖြင့် နှာခေါင်းကသွေးပြန်ကြောတွေရဲ့ ဖိအားကို လျော့ကျစေနိုင်တဲ့အတွက် နှာခေါင်းသွေးလျှံတာကိုလည်း လျော့ကျသွားစေနိုင်ပါတယ်။ ရှေ့ကို ကိုင်းခြင်းအားဖြင့် သွေးကိုမျိုချမိတာမျိုး မလုပ်မိတော့ပါဘူး။ နှာခေါင်းသွေးကို မျိုမိတဲ့အခါ အစာအိမ်အတွက် မကောင်းပါဘူး။ နှာခေါင်း သွေးလျှံတဲ့အခါ ခေါင်းမော့လိုက်တာမျိုးကို လုံးဝမလုပ်ပါနဲ့။ နှာခေါင်းကိုပိတ်လိုက်ပါ။ လက်ညိုးနဲ့လက်မကိုအသုံးပြုကာ နှာခေါင်းကို ပိတ်လိုက်ခြင်းဖြင့် သွေးထွက်လာတဲ့ နေရာကို ပိတ်ထားသလို ဖြစ်စေနိုင်ပြီး […]


ရှေးဦးသူနာပြုစုခြင်း

မြွေကိုက် ခံရပြီဆိုရင် ဘာတွေလုပ်သင့်လဲ။

မြွေတွေဟာ ကုန်းပေါ်၊ တောင်ပေါ်၊ ရေထဲ၊ မြက်တွေကြား အပြင် သစ်ပင်တွေအပေါ်ထိပါ နေရာစုံမှာ နေတတ်တဲ့ သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ အဆိပ်ပြင်းတဲ့ မြွေတွေ ရှိသလို အဆိပ်မရှိတဲ့မြွေ အမျိုးအစားတွေလည်းရှိပါတယ်။ မြွေကိုက် ခံရတဲ့ ပြသနာဟာ အဖြစ်များပြီး မြန်မာနိုင်ငံရဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ လည်း မြွေကိုက်ခံရတဲ့ လူနာတွေကို အမြဲမပြတ်တွေ့ရှိနေရပါတယ်။ အဆိပ်ရှိတဲ့ မြွေကိုက်ခံရမယ်ဆိုရင် အသက်အန္တရာယ်ရှိနိုင်တဲ့အပြင် အဆိပ်မရှိတဲ့ မြွေအကိုက်ခံရရင်တောင်မှပဲ တချို့သူတွေမှာ ဓာတ်မတည့်တဲ့ပြသနာတွေ ဆိုးဆိုးရွားရွားဖြစ်စေနိုင်တာကြောင့် မြွေကိုက်ခံရပြီဆိုရင်တော့ နီးစပ်ရာဆေးရုံကို သွားပြီး အရေးပေါ်ကုသမှုခံယူသင့်ပါတယ်။ မြွေကိုက် ခံရပြီဆိုရင် ဘာတွေ လုပ်သင့်သလဲ။ ဆေးရုံ၊ ဆေးခန်းကို မြွေကိုက်ဒဏ်ရာနဲ့ ရောက်လာကြတဲ့ လူနာအချို့ဟာ မှားယွင်းတဲ့ ရှေးရိုးစွဲနည်း အချို့ကို လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။ အဲ့ဒီလို မမှန်ကန်တဲ့ နည်းလမ်းတွေကို အသုံးပြုမယ်ဆိုရင် ပိုပြီး […]


ရှေးဦးသူနာပြုစုခြင်း

ကလေးတွေမှာ ပွန်းပဲ့ပြတ်ရှ ဒဏ်ရာ တွေရခဲ့ရင်ဘာလုပ်ကြမလဲ။

ကလေးငယ်လေးတွေဟာ မသိ၊ မတတ်သေးတဲ့ အရွယ်လေးတွေမို့ မတော်တဆ ထိခိုက်လွယ်၊ ရှလွယ်တဲ့ သူလေးတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိခင်တစ်ယောက်အနေနဲ့ ကလေးငယ်လေးတွေမှာ အဖြစ်များတဲ့ ပွန်းပဲ့ပြတ်ရှ ဒဏ်ရာ လေးတွေရလာခဲ့ရင် ဘာတွေလုပ်ဆောင်သင့်တယ် ဆိုတာလေးတွေကို သိထားဖို့ လိုအပ်ပါတယ်။ အချို့သော ဒဏ်ရာတွေက ဆေးရုံသွားဖို့၊ အရေးပေါ်ကုသဖို့ လိုနိုင်ပေမယ့် အချို့ဒဏ်ရာတွေကတော့ အိမ်မှာပဲ ရှေးဦးပြုစုနည်းလေးတွေနဲ့ သေသေချာချာကုသရင် လုံလောက်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ ဘယ်လို ပြတ်ရှ ဒဏ်ရာမျိုးဆို ဆေးရုံသွားသင့်တယ်၊ ဘယ်လို ဒဏ်ရာမျိုးဆို ဘာတွေ လုပ်မယ် ဆိုတဲ့ အခြေခံလေးတွေကို မျှဝေပေးသွားပါမယ်။ မိမိရဲ့ကလေးငယ်မှာ ပွန်းပဲ့ပြတ်ရှ ဒဏ်ရာ မျိုးရလာခဲ့တဲ့အခါ ၁။ ကလေးငယ်ရဲ့ ဒဏ်ရာကို မကိုင်တွယ်ခင် လက်ဆေးပါ (သို့) ပိုးသတ်ထားတဲ့ လက်အိတ်မျိုး အသုံးပြုပါ။ ဒီအချက်လေးက အရေးကြီးပါတယ်။ […]


ရှေးဦးသူနာပြုစုခြင်း

ခါချဉ် ကိုက်ခံရတဲ့အခါ သက်သာစေဖို့

ခါချဉ် လို့ ကြားလိုက်ရင်ကို အသားတွေမှာ ကြက်သီးထသလို ခံစားမိလား……… ခါချဉ်တွေက ကိုက်ရင် တော်တော်လေး နာသလို အရေပြားမှာ အဖုအပိမ့် ထွက်တဲ့အထိ ဖြစ်တာပါ။ ယားသလို နာသလို နဲ့ လက်က ကုတ်ရင်း အရည်တွေ ထွက်တဲ့အထိတောင် မသက်သာတာမျိုး ဖြစ်တတ်ပါတယ်။ ခါချဉ်ကိုက်တဲ့အခါ ကိုက်ခံရတဲ့ဒဏ်၊ ကုတ်ဖဲ့မှုဒဏ် တွေကြောင့် အရေပြားကို ထိခိုက်တာတွေ ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကြောက်စရာကောင်းတဲ့ ခါချဉ်ကောင် ကိုက်ခံရရင် ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးမယ်နော်။ ခါချဉ်ကိုက်ခံရတာလား ……….. ခါချဉ်ကိုက်ခံရတဲ့အခါ အရေပြားမှာ နီမြန်းမယ် အဖုအပိမ့် ထမယ် အရည်ကြည်ဖုတွေ ဖြစ်မယ် ယားယံမယ် တဆစ်ဆစ်နာမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ခါချဉ်ကိုက်ခံရတာက ပြင်းထန်မယ်ဆိုရင် အသက်ရှူရ ခက်မယ် မူးဝေမယ် အာရုံတွေ […]


ရှေးဦးသူနာပြုစုခြင်း

Heat Stroke (သို့) အပူဒဏ်ကြောင့် သတိလစ်ခြင်း ကို ကာကွယ်ကြမယ်။

Heat Stroke (သို့) အပူဒဏ်ကြောင့် သတိလစ်ခြင်း ကို ကာကွယ်ကြမယ်။ တဖြည်းဖြည်း အပူရှိန်မြင့်မားလာတဲ့ နွေရာသီရောက်လာတဲ့အခါ အပူဒဏ်ကြောင့် ကျန်းမာရေးပြဿနာတွေ အများကြီး ဖြစ်လာရပါတယ်။ အဲဒီအထဲမှာမှ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အပူ ဒဏ်ကြောင့် ဖြစ်တဲ့ သတိလစ်ခြင်းကို အထူးသတိပြုကာကွယ်ဖို့ လိုအပ်လာပါတယ်။ အပူဒဏ်ကြောင့် ဖြစ်တဲ့ သတိလစ်ခြင်းကို ကြိုတင်ကာကွယ်နိုင်သလို စောစောသိပြီး ကုသမယ်ဆိုရင်လည်း အမြန်ပြန်ကောင်းနိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ အဓိက အနေနဲ့ အပူဒဏ်ကြောင့် သတိလစ်ခြင်း ကို စောစောသိနိုင်အောင် သတိထားရမယ့် လက္ခဏာတွေ၊ ဘယ်လိုတွေ လုပ်ဆောင်သင့်တယ်ဆိုတဲ့ အချက်လေးတွေနဲ့ မဖြစ်အောင် ဘယ်လို ကာကွယ်ရမယ်ဆိုတာလေးကို မျှဝေပေးသွားချင်ပါတယ်။ အပူ ဒဏ်ကြောင့် သတိလစ်ခြင်းဆိုတာဘာလဲ။ အပူဒဏ်ကြောင့် သတိလစ်ခြင်းဆိုတာ ခန္ဓာကိုယ်ရဲ့ အပူချိန်ဟာ ၁၀၄ ဒီဂရီ ဖာရင်ဟိုက်ထက် ပိုများသွားပြီး […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်