ရှေးဦးသူနာပြုစုခြင်း

အိမ်မှာဖြစ်တတ်တဲ့ မတော်တဆ ထိခိုက်မှုတွေ နဲ့ ထိခိုက်ဒဏ်ရာတွေကို သက်သာစေမယ့် အရေးပေါ် စောင့်ရှောက်နည်းတွေကို လူတိုင်းလိုလို သိထားသင့်ပါတယ်။ ရှေးဦးသူနာပြုစုနည်းတွေကို ဒီနေရာမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရှေးဦးသူနာပြုစုခြင်း

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ရှေးဦးသူနာပြုစုခြင်း ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

မျက်ရည်ယို ဓာတ်ငွေ့ ဒဏ်ကနေ ဒီလို ကာကွယ်ကြတာပါ။

နိုင်ငံတကာ သတင်းတွေထဲကနေ မြင်ဖူးတဲ့ ဆန္ဒပြပွဲတွေထဲက မီးခိုးတွေ လှိုင်နေအောင်ထွက်တဲ့ မျက်ရည်ယို ဓာတ်ငွေ့ တွေအကြောင်း သေချာသိချင်လား။ ဒီလို ဒီအခိုးအငွေ့တွေကြားကနေပဲ ဓာတ်ပုံတွေကို ရအောင်ရိုက်ယူခဲ့တဲ့ သူတွေ၊ တကယ်တွေ့ကြုံခဲ့ရသူတွေက မျက်ရည်ယိုဗုံးတွေ ဒဏ်ကနေ ဘယ်လို ကာကွယ်လဲဆိုတာရော?  ဒါဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ မျက်ရည်ယို ဓာတ်ငွေ့ ဒဏ်ကနေ ဒီလို ကာကွယ်ကြတာပါ။ မျက်ရည်ယို ဓာတ်ငွေ့ကို ကာကွယ်တဲ့ နည်းလမ်းတွေက မျက်ရည်ယို ဓာတ်ငွေ့ဒဏ်ကိုရော ကိုဗစ်ဗိုင်းရပ်စ် အန္တရာယ်ကနေပါ ကာကွယ်ပေးနိုင်ပါတယ်၊ လို့ CDC က ဆိုပါတယ်။ မျက်ရည်ယို ဓာတ်ငွေ့တွေကို ဒီလို ကာကွယ်လို့ ရပါတယ်။ ခပ်ခွာခွာနေပါ။ မျက်ရည်ယိုဓာတ်ငွေ့တွေ ဖြစ်ပေါ်လာပြီဆိုတာနဲ့ လူတစ်ဦးနဲ့ တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေပါ။ ဒါမှ ဓာတ်ငွေ့တွေက အလွယ်တကူ ပြန့်ပြီး ထိခိုက်မှု နည်းမှာပါ။ ဒီဓာတ်ငွေ့ကြောင့် ထိခိုက်မှု မဖြစ်စေဖို့ဆိုရင် […]


ရှေးဦးသူနာပြုစုခြင်း

မျက်ရည်ယိုဗုံး ထိခဲ့ရင် အမြန်သက်သာစေမယ့် နည်းလမ်းများ

မီးခိုးငွေ့တွေ၊ မီးသွေးမွှေးလို့ မီးခိုးရင်တောင် မျက်ရည်က အလိုလို ကျလာတယ်။ ဒီ မီးခိုးတွေကလည်း အဆုတ် အပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို များစွာ ထိခိုက်စေနိုင်ပါတယ်။ ဒါဆို နိုင်ငံတကာ သတင်းတွေထဲမှာ တွေ့နေရတဲ့ ဆန္ဒပြတဲ့အခါ လူစုခွဲဖို့ သုံးလေ့ရှိတဲ့ အရာတွေထဲက တစ်ခုဖြစ်တဲ့ မျက်ရည်ယိုဗုံး က ထိမိခဲ့ရင် အမြန်ဆုံး ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို  ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ မျက်ရည်ယိုဓာတ်ငွေ့ဆိုတာ ဘာလဲ။ မျက်ရည်ယိုဓာတ်ငွေ့ဆိုတာ အငွေ့လို့သာ ဆိုပေမယ့် အငွေ့မဟုတ်တဲ့ aerosolized အစိုင်အခဲ (သို့မဟုတ်) အရည် အမျိုးအစား ပါ။ နာကျင်တဲ့ ခံစားမှုကို ခံစားရစေနိုင်တဲ့ ဓာတုဗေဒပစ္စည်းတွေ ပါဝင်နေပါတယ်။ ဒီဓာတုပစ္စည်းတွေက လုပ်ဆောင်မှုတွေကို ကောင်းကောင်း မလုပ်ဆောင်စေဖို့ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ မျက်ရည်ယိုဗုံးတွေကို chloroacetophenone (CN) […]


ရှေးဦးသူနာပြုစုခြင်း

ရှေးဦးသူနာပြုစုခြင်း

လုံလောက်မှုမရှိတဲ့ တုံ့ပြန်မှုတွေ၊ အချိန်နဲ့တပြေးညီ ကုသစောင့်ရှောက်ပေးနိုင်မှုတွေ ကင်းမဲ့မှုကြောင့် နှစ်စဉ် သန်းပေါင်းများစွာသောလူတွေဟာ ထိခိုက်မှုတွေကြောင့် နာကျင်မှုတွေ၊ သေဆုံးမှုတွေကို ခံစားနေကြရပါတယ်။ တကယ်လို့ ထိခိုက်မှုတစ်ခုခု၊ မတော်တဆမှု တစ်ခုခု ဖြစ်တဲ့အခါ ချက်ချင်းဆိုသလို ထိထိရောက်ရောက် ပြုစုစောင့်ရှောက်မှု ပေးနိုင်မယ်ဆိုရင် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးမှုတွေကို အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။ အရေးပေါ်အခြေအနေတွေမှာ ရှေးဦးသူနာပြုစုနည်းနဲ့ ပြုစုပေးတာက လူနာကို ရှင်သန်နိုင်မယ့် အခွင့်အလမ်းများစေပါတယ်။ ရှေးဦးသူနာပြုစုခြင်းက အရေးပေါ်ကုသမှုနေရာမှာအစားထိုးတာမျိုး မဟုတ်ပါဘူး။  ထိခိုက်မိတဲ့အခါ ပြင်းထန်တဲ့အဆင့် မရောက်စေဖို့နဲ့ ရှင်သန်နိုင်မယ့် အခွင့်အရေးများစေဖို့ အရေးပေါ်ကုသမှုမခံယူနိုင်ခင်စပ်ကြား  လုပ်ဆောင်ပေးသင့်တဲ့ အရေးပါတဲ့အဆင့်တစ်ရပ်ပါ။ ရှေးဦးသူနာပြုစုခြင်းက ဘာတွေလုပ်ပေးနိုင်လဲ။ ရှေးဦးသူနာပြုစုခြင်းက တစ်ဦးတစ်ယောက် ရုတ်တရက်ထိခိုက် ဒဏ်ရာရသွားတာ၊ အစာနင်တာလိုမျိုး အရေးပေါ် ကျန်းမာရေးပြဿနာတစ်ခုခု ကြုံတဲ့အခါ ဆေးကုသမှု မခံယူနိုင်ခင် ကာလအပိုင်းအခြားလေးမှာသက်သာစေဖို့ အန္တရာယ်ရှိတဲ့ အခြေအနေက ကျော်လွှားနိုင်စေဖို့ ထောက်ကူပေးတဲ့အရာပါ။ ဒီလို လုပ်ဆောင်ပေးတာက […]


ရှေးဦးသူနာပြုစုခြင်း

ရေကူးနေရင်း ကြွက်တက် လာရင်

ရေကူးနေရင်း ကြွက်တက်တယ်ဆိုတာ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။ ကြွက်တက်လို့ မသေပေမယ့် ကြွက်သားတွေ လှုပ်မရတာကြောင့် အခန့်မသင့်ရင် ရေနစ်ပြီး အသက်ဆုံးရှုံးတက်ပါတယ်။ ဒါကြောင့် မတော်တဆများ ရေကူးရင်း ကြွက်တက်လာခဲ့ရင် အသက်အန္တရာယ် မထိခိုက်အောင် ဘာတွေလုပ်သင့်လဲဆိုတာ ပြောပြပေးပါ့မယ်။ ရေကူးရင်း ဘာကြောင့်ကြွက်တက်တာလဲ။ အကြောင်းရင်းတွေ သိထားတော့ နောက်တစ်ခါ မဖြစ်အောင် ကာကွယ်လို့ရတာပေါ့။ များသောအားဖြင့်တော့ ရေနဲ့ ဓာတ်ဆား မလုံလောက်တာ။ ကြွက်သားတွေ ကောင်းကောင်း ကျုံ့ဆန့်နိုင်ဖို့ သတ္တုဓာတ်တွေ လိုအပ်ပါတယ်။ အထူးသဖြင့် နွေရာသီမှာ ပူကလည်းပူ၊ ရေနဲ့ ဓာတ်ဆားတွေ ဆုံးရှုံးနေတတ်ပြီး အေးအောင်ဆိုပြီး ရေဆင်းကူးလိုက်ရင် ဒီပြဿနာဖြစ်တတ်ပါတယ်။ ကြွက်သားတွေ တောင့်တင်းတာ အလွန်အကျွံ ရေကူးတာ ရေထဲမှာ ကောင်းကောင်း အသားမကျသေးတာ ရေက အေးလွန်းတာ မလိုအပ်ဘဲ အားသုံးပြီးကူးတာ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ရေကူးရင်း […]


ရှေးဦးသူနာပြုစုခြင်း

ပိုးကောင်ကိုက်လို့ ယားယံတာကို သက်သာစေဖို့

ဟာ....... ယားလိုက်တာ။ အဖုလေးလည်း ဖြစ်နေတယ်။ ဘာပိုးကောင်ကိုက်သွားတာလည်းမသိ။ ယားလိုက်တာ ဒီလောက် ကုတ်နေတာတောင် အယားမပြေဘူးဆိုပြီး တအားဖိကုတ်နေတာ၊ လက်သည်းနဲ့ ခြင်ကိုက်ဖု ဒါမှမဟုတ် ပိုးကောင်ကိုက်ခံရတဲ့ နေရာမှာ အနာထပ်ဖြစ်အောင် လုပ်နေမိပြီလား။ ဒါဆိုရင်တော့ ဒီလိုလုပ်နေတာကို အခုချက်ချင်း ရပ်လို့ မှန်ကန်တဲ့ နည်းလမ်းနဲ့ ခြင်ကိုက်ဖု ဒါမှမဟုတ် ပိုးကောင်ကိုက်လို့ ယားယံတာကို သက်သာစေဖို့ နည်းလမ်းတွေကို ပြောပြပါရစေ။ ပိုးမွှားတွေ ခြင်တွေ ကိုက်ခံရရင် ဘာလို့ ယားယံရတာလဲ။ ခြင်တွေ ပိုးကောင်တွေ ကိုက်ခံရရင် ယားယံတာက လူ့ခန္ဓာကိုယ်ထဲက သွေးကို စုပ်ယူဖို့အတွက် anticoagulant နဲ့ ပရိုတင်းတို့ ပါဝင်တဲ့ တံထွေးတစ်မျိုးကို ထိုးသွင်းလိုက်တာကြောင့်ပါ။ ဒီလို ထိုးသွင်းလိုက်တဲ့အခါ ပရိုတင်းက ပြင်ပက ဝင်ရောက်လာတဲ့ အရာတစ်မျိုး ဖြစ်နေတာကြောင့် ကိုယ်ခံအားက တုံ့ပြန်တိုက်ခိုက်ပါတယ်။ ဒီတုံ့ပြန်တိုက်ခိုက်မှုရဲ့ ရလဒ်အနေနဲ့ ယားယံတာ၊ […]


ရှေးဦးသူနာပြုစုခြင်း

သိထားဖို့ လိုမယ့် ခွေးရူးပြန် ရောဂါပိုးအကြောင်း

သိထားဖို့ လိုမယ့် ခွေးရူးပြန် ရောဂါပိုးအကြောင်း ကို ဖော်ပြလိုက်ရပါတယ်။ ခွေးရူးပြန်ရောဂါကြောင့် ကမ္ဘာပေါ်မှာ နှစ်စဉ် လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးနေရပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေ၊ ကျန်းမာရေး ဆိုင်ရာ ဗဟုသုတ နည်းပါးသေးတဲ့ နိုင်ငံတွေမှာ ခွေးရူးပြန်ရောဂါကြောင့် အသက်ဆုံးရှုံးမှုတွေက အများအပြားရှိနေဆဲပါ။ သိထားဖို့ လိုမယ့် ခွေးရူးပြန် ရောဂါပိုးအကြောင်း တကယ်တော့ ခွေးရူးရောဂါပိုးက ရာနှုန်းပြည့်ကာကွယ်လို့ ရတဲ့ အရာပါ။ သိရှိမယ်။ ကာကွယ်ဆေး ထိုးမယ်ဆိုရင် ထိခိုက်မှု လုံးဝမရှိဘဲ ကာကွယ်နိုင်မယ့် ကျန်းမာရေး ပြဿနာ တစ်ခု ပါ။ ဒီတော့ ခွေးရူးရောဂါပိုး အကြောင်း သိထားပြိး ကာကွယ်လို့ ရအောင် ဒီ ဆောင်းပါးလေးကနေ ပြောပြပေးပါရစေ။ ခွေးရူးရောဂါပိုးဆိုတာ ဘာလဲ........ ခွေးရူးရောဂါပိုးဆိုတာက တိရစ္ဆာန်တွေမှာဖြစ်ပွားတဲ့ ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ အိမ်မွေး ခွေးတွေမှာရော တောရိုင်းတိရစ္ဆာန်တွေမှာပါ တွေ့ရနိုင်ပါတယ်။ ကြောင်တွေ၊ […]


ရှေးဦးသူနာပြုစုခြင်း

လုပ်ငန်းခွင်မှာ မတော်တဆ ခြေပြတ်လက်ပြတ် ဖြစ်ခဲ့ရင်

စက်ယန္တရားတွေနဲ့ အလုပ်လုပ်နေကြတဲ့သူတွေမှာ ထိခိုက်ဒဏ်ရာဆိုတာက ကြုံတတ်ပါတယ်။ ဒီထဲမှာ ဆိုးဆိုးဝါးဝါး ဖြစ်တတ်တာကတော့ ခြေပြတ် လက်ပြတ်ဖြစ်တာပါပဲ။ ခြေချောင်း လက်ချောင်းလေးတွေ ဖြစ်ကောင်း ဖြစ်မယ်။ ခြေတွေ လက်တွေ ဖြစ်ကောင်း ဖြစ်မယ်။ ခုခေတ်မှာက ခြေတွေ လက်တွေ ဆိုတာက ပြတ်သွားရင်တောင် တော်တော်များများ ပြန်ဆက်နိုင်နေပါပြီ။ အဓိက အရေးကြီးတာက ခြေတွေ လက်တွေကို သေချာသိမ်းဆည်းထားနိုင်ဖို့ပါပဲ။ ယန္တရားတွေနဲ့ ထိခိုက်မိလို့ ခြေပြတ် လက်ပြတ် ဖြစ်သွားခဲ့ရင် ဘေးလူက အရေးကြီးပါတယ်။ ဘေးလူက သတ္တိရှိရှိနဲ့ လုပ်တတ်ကိုင်တတ်ရင် လူနာအတွက် အများကြီး အကျိုးရှိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးပါ့မယ်။ ဘာတွေ သတိထားရမလဲ။ တစ်ခုခုနဲ့ ခိုက်မိလို့ ရှိရင် ဘာတွေကို သတိထားရမလဲဆိုတော့ ဒဏ်ရာဖြစ်တဲ့နေရာကနေ လူနာကို ဘယ်လို ကယ်ထုတ်မလဲ။ ဒဏ်ရာကို ဘာလုပ်ပေးမလဲ။ […]


ရှေးဦးသူနာပြုစုခြင်း

လမ်းဘေးခွေး အကိုက်ခံရတဲ့အခါ ဘယ်လိုအရေးပေါ်ပြုစုရမလဲ

အိမ်မွေးခွေးလိုမဟုတ်ဘဲ လမ်းဘေးခွေးတွေဟာ လူတွေအပေါ် ပိုပြီးရန်လိုတတ်ကြပါတယ်။ အထူးသဖြင့် ညမှောင်တဲ့အချိန်၊ သန်းခေါင်ယံတွေမှာ အပြင်ထွက်တဲ့အခါ ခွေးတွေအနေနဲ့ မိမိပိုင်နက်အတွင်းကို ကျူးကျော်တယ်လို့ သတ်မှတ်ပြီး ရန်မူတတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လမ်းဘေးခွေးများအခြေအနေ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင် ခွေးရူးပြန်ကာကွယ်ဆေး မထိုးထားတဲ့ အလေအလွင့်ခွေးတွေ အရမ်းများပါတယ်။ စနစ်တကျ မွေးမြူထားခြင်းမဟုတ်ဘဲ သနားတဲ့ စိတ်နဲ့ လူတွေက အစာတွေ မကြာခဏကျွေးတဲ့အခါ ပေါက်ဖွားနှုန်းက ပိုများလာပါတယ်။ သနားတာက တချို့နေရာတွေမှာ ကောင်းပေမယ့် နေရာတိုင်းအတွက်တော့ မဟုတ်ပါဘူး။ အလေအလွင့်ခွေးတွေ များလေ၊ ခွေးရူးပြန်ရောဂါရဲ့ ဒုက္ခက မသေးလှပါဘူး။ ကလေးတွေအတွက်ဆို ပိုပြီး ဒုက္ခများပါတယ်။ မိဘမပါဘဲ ကလေးတွေကို အပြင်လွှတ်လိုက်လို့ ကလေးတွေက လမ်းဘေးခွေးတွေကို သွားစ၊ ပြီးရင် အကိုက်ခံရတဲ့အခါ ဒဏ်ရာအတွက်ပဲ ဆေးထည့်ပြီး ခွေးရူးပြန်ကာကွယ်ဆေး မထိုးရင် ကလေးရဲ့ဘဝက အဲဒီမှာတင် လမ်းဆုံးပါပြီ။ လမ်းဘေးခွေး […]


ရှေးဦးသူနာပြုစုခြင်း

ဆူးစူးတဲ့အခါ ဘယ်လိုထွင်ကြမလဲ

ဖန်ကွဲစလေး နင်းမိလိုက်၊ သစ်သားစလေး စူးလိုက်၊ နှင်းဆီလေး ဆူးထွင်ရင်း စူးသွားလိုက် တစ်မျိုး မဟုတ် တစ်မျိုးတော့ စူးဖူးမှာပါ။ လက်ထဲမှာ နာတာတာ၊ ခိုးလို့ ခုလုနဲ့ နေရထိုင်ရ မကောင်းတဲ့ ပြဿနာ တစ်ခုပေါ့။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ ဆူးစူးသွားရင် ဘယ်လိုထွင်မလဲ၊ ဘယ်လိုအချိန်မှာတော့ ဆေးရုံဆေးခန်းသွားသင့်လဲဆိုတာ ပြောပြပေးပါ့မယ်။ ဆူးစူးတာကို ဘာကြောင့် ထွင်ရတာလဲ။ ဆူးစူးတာက နေရတာခက်လို့ ထွင်တယ်ဆိုပေမယ့် တခြားအကြောင်းအရင်းတွေကြောင့် မထွင်မဖြစ် ထွင်ရတာပါ။ ဆူးက နက်တယ်ဆိုရင် ပြည်တည်နာ ဖြစ်မယ် ပိုးဝင်မယ် ရောင်ရမ်းမယ် အခန့်မသင့်လို့ ဆူးတဲ့ ပစ္စည်းက မသန့်ရင် မေးခိုင်ပိုးကလည်း ဝင်တတ်သေးတာဆိုတော့ ထွင်လိုက်တာ အကောင်းဆုံးပါပဲ။ တချို့ဆူးတွေကတော့ သေးလို့ သူ့ဟာသူ ထွက်သွားတတ်ပါတယ်။ ဆူးဘယ်လိုထွင်ကြမလဲ။ အနာကို သန့်ရှင်းရေးလုပ်ပါ။ ညစ်ပေနေတာတွေ သန့်သွားအောင် အရင်ဆုံး ရေနဲ့ […]


ရှေးဦးသူနာပြုစုခြင်း

မျက်လုံးထဲကို စူပါဂလူးဝင်သွားတဲ့အခါ

ဟိုကပ် ဒီကပ် ကပ်တတ်တဲ့ စူပါဂလူးလေးဟာ မျက်လုံးထဲလည်း ဝင်တတ်ပါတယ်။ ကြုံတောင့်ကြုံခဲ အခြေအနေမို့လို့ ရုတ်တရက် ကြုံလာရင် ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေမှာပါ။ ဒါကြောင့် ဘာလုပ်ရမလဲဆိုတာ ပြောပြပေးပါ့မယ်။ စူပါဂလူးက ဘယ်လိုလုပ်ပြီး မျက်လုံးထဲဝင်တာလဲ။ အဖြစ်အများဆုံးကတော့ ကလေးအရွယ်တွေနဲ့ ဘိုးဘိုးဘွားဘွား အရွယ်တွေပါပဲ။ ကလေးတွေကတော့ လူကြီးအလစ်မှာ ဆော့ရင်း ပြုရင်း မျက်လုံးထဲကို ညှစ်မိတာကြောင့် ဝင်သွားတာပါ။ လူကြီးတွေက မမြင်မစမ်းနဲ့ မျက်စဉ်းဆေးနဲ့ မှားပြီး ခတ်တဲ့ကြပါသတဲ့ ။ ဒါကြောင့် စူပါဂလူးကို ကလေးတွေ မမီနိုင်တဲ့ နေရာမှာ သိမ်းရမှာ ဖြစ်သလို လူကြီးတွေမမှားအောင် ဆေးဘူးတွေနဲ့ တွဲမထားပါနဲ့။ စူပါဂလူးဝင်ရင် ဘာလုပ်ရမလဲ။ စူပါဂလူးက မျက်လုံးထဲကို တန်းပြီး ဝင်သွားတာ ရှိသလို မျက်တောင်တွေမှာ ကပ်နေတာ ဒါမှမဟုတ် မျက်ခွံနှစ်ခုကြားမှာ ကပ်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ စူပါဂလူး […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်