ဒီခေတ်မှာက စိတ်ဖိစီးမှုတွေ၊ စိတ်ကျတာတွေ အဖြစ်များလာတဲ့အတွက် သေကြောင်းကြံစည်မှုတွေ ပိုများလာပါတယ်။ မကြာသေးခင်ကာလအတွင်းမှာပဲ တောာင်ပေါ်က ခုန်ချပြီး အဆုံးစီရင်သွားတဲ့ ဆယ်ကျော်သက်လေးနှစ်ယောက်၊ ကလေးရှေ့မှာတင် လိုက်ဖ်လွှင့်ပြီး ကြိုးဆွဲချသေသွားတဲ့ အိမ်ထောင်ဦးစီး ဖခင်တစ်ယောက်၊ နောက်ပြီး ကျွန်ုပ်တို့ မသိလိုက်ဘဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ အသက်ပေါင်းများစွာ စသဖြင့် အများကြီး ရှိနေပါပြီ။