ယားတာအတွက် ကိုက်ခံရတဲ့နေရာကို ကယ်လမင်းလိုးရှင်း လိမ်းနိုင်သလို antihistamine အယားပျောက်ဆေးတွေ သောက်နိုင်ပါတယ်။
ရောင်ရမ်းတာအတွက် အကိုက်ခံရတဲ့နေရာကို ရေခဲဝတ်လေး ကပ်ပေးပါ။ တစ်ခါကပ် ၁၅မိနစ်နဲ့ တစ်နေ့ ၄ကြိမ်လောက် ကပ်ပေးနိုင်ပါတယ်။ Hydrocortisone ကရင်မ် လိမ်းပေးလည်း ရပါတယ်။ ခြေလက်လို နေရာမျိုးဆိုရင် အရောင်ကျအောင် မြင့်မြင့်လေး ထားပါ။

ယားတဲ့နေရာကို ပြင်းပြင်းထန်ထန် မကုတ်ပါနဲ့။ အရေပြားတွေ ပွန်းပြီး ရောင်ရမ်းတာ ပိုဆိုးနိုင်ပါတယ်။ အရည်ကြည်ဖုတွေ ထွက်လာရင် မဖောက်ပါနဲ့။ အိပ်နေတုန်း မသိလိုက်ဘဲ ကုတ်မိနိုင်တဲ့အတွက် လက်သည်းတွေကို တိုတိုညှပ်ထားပါ။
ဒါ့ပြင် ဘာမှန်းမသိတဲ့ အရွက်တွေ အုံတာကိုလည်း သတိထားပါ။ အကိုက်ခံရတဲ့နေရာကို ဆေးလိပ်မီးနဲ့ တို့တာ၊ ဓားနဲ့ ခွဲပြီး သွေးတွေ ညှစ်ထုတ်တာလည်း ရှောင်ကြဉ်သင့်ပါတယ်။
အကောင်ကိုက်ခံရပြီးနောက် ဆေးရုံသွားသင့်တဲ့ အခြေအနေ
သာမန်အားဖြင့်တော့ အင်းဆက်အကိုက်ခံရတာက အိမ်တွင်းဆေးဝါးတွေနဲ့ပဲ သက်သာသွားတာ များပါတယ်။ ယားတာ၊ ရောင်တာကလည်း ရက်ပိုင်းလောက်ပဲ ခံစားရပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေဆိုရင်တော့ အိမ်မှာ မကုဘဲ ဆေးရုံဆေးခန်းသွားသင့်ပါတယ်။
- အဆိပ်ရှိ အကောင်ကိုက်ခံရတယ်လို့ သိရင် (ဥပမာ မြွေ၊ ကင်း၊ ပင့်ကူ စတဲ့အကောင်တွေ အကိုက်ခံရရင်)
- ရက်ပိုင်းလောက်ကြာတာတောင် လက္ခဏာတွေ မသက်သာရင် ဒါမှမဟုတ် ပိုဆိုးလာရင်
- မျက်နှာ၊ မျက်လုံးနား အကိုက်ခံရရင်
- အကိုက်ခံရတဲ့ နေရာများရင်၊ ကြီးရင်
- အကိုက်ခံရတဲ့နေရာမှာ ပိုးဝင်တဲ့ လက္ခဏာတွေ ခံစားလာရရင် (ဥပမာ ပြည်တည်နာ၊ ရောင်ရမ်းနာ)
- အရေပြားပြဿနာအပြင် ဖျားတာ၊ အကျိတ်ထွက်တာ၊ တုပ်ကွေးလို ဝေဒနာမျိုးတွေပါ ခံစားနေရရင်
- အကောင်ကိုက်ခံရတာကို စိုးရိမ်ရင် ဆေးရုံသွားသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။