အပြင်ထွက်ပြီး လုပ်ဆောင်ရတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်တဲ့ ရေကူးတာ၊ ခြေလျင်တောင်တက်တာတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းတွေပါ။ ဒီနည်းလမ်းတွေက ကျန်းမာရေးနဲ့ ညီညွတ်ပေမယ့် ဒီနည်းလမ်းတွေ လုပ်ဆောင်တဲ့အခါ အရေပြားမှာ အင်ပျဉ် ထွက်တာ၊ နေလောက်တာ၊ ပိုးကောင်တွေကိုက်တာ၊ ကပ်ပါးကောင်တွေ ကျွတ်တွယ် တာမျိုး ရင်ဆိုင်ရနိုင်ပါတယ်။