ရာသီဥတုတွေက ဖောက်ပြန်မှုတွေ များနေတာကြောင့် လူသားတွေမှာ ခံစားရနိုင်တဲ့ ဘေးအန္တရာယ်တွေကလည်း ဒုနဲ့ဒေးပါ။ ဘေးအန္တရာယ် ဆိုတဲ့နေရာမှာ သဘာဝ ဘေးအန္တရာယ်တွေ ရှိသလို လူလုပ်တာကြောင့် ဖြစ်လာရတဲ့ ဘေးအန္တရာယ်တွေလည်း ရှိနိုင်ပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win
ရာသီဥတုတွေက ဖောက်ပြန်မှုတွေ များနေတာကြောင့် လူသားတွေမှာ ခံစားရနိုင်တဲ့ ဘေးအန္တရာယ်တွေကလည်း ဒုနဲ့ဒေးပါ။ ဘေးအန္တရာယ် ဆိုတဲ့နေရာမှာ သဘာဝ ဘေးအန္တရာယ်တွေ ရှိသလို လူလုပ်တာကြောင့် ဖြစ်လာရတဲ့ ဘေးအန္တရာယ်တွေလည်း ရှိနိုင်ပါတယ်။
ဘေးအန္တရာယ်ဆိုတဲ့နေရာမှာတောင် ကြိုသိနိုင်တဲ့ ဘေးအန္တရာယ် ရှိသလို ကြိုမသိနိုင်တဲ့ ဘေးအန္တရာယ်ဆိုတာမျိုးလည်း ရှိပါတယ်။ ဥပမာ – မုန်တိုင်းသတင်းဆိုရင် ကြိုတင် သိရှိနိုင်တယ်လေ။ ငလျင်လိုမျိုး ဘေးအန္တရာယ်မျိုးကတော့ ကြိုတင် သိရှိဖို့ ခက်ခဲပါတယ်။ ဒီလို အခြေအနေမျိုးအတွက်ဆိုရင် ကြိုတင်ပြင်ဆင်ထားနိုင်မှ အဆင်ပြေမှာပါ။
အခုတစ်ခေါက်တော့ ဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံခဲ့ရင် အကောင်းဆုံး အနေအထား တစ်ရပ်ဖြစ်စေဖို့ အရေးပေါ်အခြေအနေမှာ မပါမဖြစ် လိုအပ်မယ့် ပစ္စည်းလေးတွေက ဘာတွေဖြစ်မလဲ။ ဘယ်လို ပြင်ဆင်ထားရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။
မျှော်လင့်မထားတဲ့ သဘာဝ ဘေးအန္တရာယ်တစ်ခုခုနဲ့ ကြုံတဲ့အခါ အကောင်းဆုံးဖြစ်စေဖို့ ဒါလေးတွေကို ပြင်ဆင်ထားဖို့ လိုပါမယ်။
ဒါတွေအားလုံးကို အိတ်တစ်လုံးထဲမှာ စုထည့်ထားပြီး အေးမြခြောက်သွေ့တဲ့ နေရာမှာ သိမ်းထားပါ။ မိသားစုဝင်တွေကိုလည်း သေချာပြထားပြီး အရေးပေါ် အခြေအနေ တစ်ရပ်ရပ် ကြုံတဲ့အခါ အိတ်ကို ယူသွားဖို့ သတိပေးထားပါ။
ရောဂါ အခံရှိသူတွေဆိုရင်တော့ နေ့စဉ် သောက်သုံးရမယ့် ဆေးဝါးတွေကိုလည်း အထုပ်တစ်ထုပ်နဲ့ ထည့်ထားဖို့ လိုပါမယ်။ ဘေဘီလေး ရှိမယ်ဆိုရင်လည်း ဘေဘီလေးအတွက် မဖြစ်မနေ လိုအပ်မယ့် အသုံးအဆောင်လေးတွေကို ထည့်ထားဖို့ မမေ့ပါနဲ့။
နေအိမ်မှာ တိရစ္ဆာန်လေးတွေ မွေးထားမယ်ဆိုရင်တော့ သူတို့အတွက် ဘေးကင်းစေမယ့် အခြေအနေကို ကြိုတင် စဉ်းစားထားပါ။ ခေါ်သွားလို့ မရနိုင်မယ့် အနေအထားမျိုးဆိုရင် ဘေးလွတ်ရာကို သွားနိုင်စေဖို့အတွက် လွှတ်ပေးထားခဲ့ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Htet Htet Zaw Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။