ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ဆေးလိပ်ဖြတ်ခြင်း

Vape သောက်ခြင်းက ဆိုးကျိုးရှိသလား

အခုနောက်ပိုင်းမှာ လူငယ်တွေအကြား E cigarettes သို့မဟုတ် vape ရှုခြင်း ခေတ်စားလာပါတယ် ။ vape စ‌စပေါ်ချင်းမှာ စီးကရက်ဖြတ်ချင်သူတွေအတွက် စီးကရက်လို အန္တရာယ်မများဘူးဆိုပြီး လူသုံးများလာတာ‌ကို သတိပြုမိမှာပါ ။ ဒါပေမဲ့ Vape ဟာ တကယ်ရော အန္တရာယ်ကင်းရဲ့လား။ ဆေးလိပ်ပေါ်တဲ့ အချိန်ကလည်း ဆေးလိပ်ရဲ့ ဆိုးကျိုးတွေကို သိဖို့နှစ်ပေါင်းများစွာ အချိန်ယူပြီး လေ့လာရပါတယ် ။ သုတေသနတွေ အများကြီးလုပ်ပြီးမှ ဘယ်အရာတွေက ပိုပြီး အန္တရာယ်ရှိလာတယ်ဆိုတာကို သဘောပေါက်လာကြတဲ့အတွက် Vape သောက်ခြင်းက အန္တရာယ်ဘယ်လောက်အထိရှိသလဲဆိုတာကို အတိအကျသိဖို့အတွက် အချိန်လိုအပ်ဦးမှာပါ ။ လက်ရှိအချိန်မှာ အချို့သော လေ့လာချက်တွေအရ vape သောက်ခြင်းက နှလုံးကို ထိခိုက်နိုင်ကြောင်း တွေ့ရှိရပါတယ် ။ 2019 ခုနှစ်ထဲမှာ လုပ်ထားတဲ့ စစ်တမ်းတွေအရ E cigarette […]


ရှေးဦးသူနာပြုစုခြင်း

ခွေးကိုက်ခံရလျှင်

လမ်းဘေးခွေးတွေ ပေါများလာတဲ့ ယနေ့ခေတ်မှာ မကြာခဏ ခွေးကိုက်ခံရတတ်ပါတယ် ။ အစိုးရဆေးရုံ dog bite center မှာလည်းတစ်နေ့တစ်နေ့ တန်းစီနေရတဲ့ လူနာတွေ များနေဆဲ ဖြစ်တဲ့အတွက် ခွေးကိုက်ခံရရင် ဘာတွေ လုပ်သင့်လဲဆိုတာကို ပြောပြေပေးသွားမှာပါ ။ ခွေးကိုက်ဒဏ်ရာရလျှင် အရင်ဆုံး အကိုက်ခံရတဲ့နေ့ရာကို သန့်စင်အောင် ဆပ်ပြာနဲ့ ရေဆေးရပါမယ်။ အနာကို သဲမှုန့်တွေ မဝင်အောင် သန့်စင်တဲ့ towel လေးသုံးပြီးတော့ ပတ်တီးစည်းပါ။ ပြီးရင် နီးစပ်ရာ ဆေးခန်း ဆေးရုံကိုသွားသင့်ပါတယ် ။ ဆရာဝန်နဲ့ပြပြီးတော့ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို ထိုးရပါမယ် ။ လက်ရှိကျင့်သုံးနေတဲ့စနစ်အရ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို ခွေးကိုက်ခံရပြီး ၂၄နာရီအတွင်း ထိုးသင့်ပါတယ် ။ လက်မောင်းကို ကာကွယ်ဆေးထိုးရမှာ ဖြစ်ပြီး ဆေးထိုးရမယ့်နေ့တွေကတော့ ကာကွယ်ဆေး စထိုးတဲ့နေ့ ၊ နောက် ၃ရက်မြောက် ၊ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ရေချိုးတဲ့ခါ လုပ်မိနေနိုင်တဲ့ နည်းလမ်းမှားတွေ

ရေချိုးတာဟာ တစ်နေ့တာ ကိုယ့်တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် လူတိုင်း လုပ်ကြတဲ့ အလုပ်ပါ။ မနက် အလုပ်မသွားခင်မှာ ရေချိုးတဲ့သူတွေရှိသလို ညနေအိမ်ပြန်ရောက် အိပ်ခါနီးချိန်မှာ ချိုးတဲ့သူတွေလည်းရှိတယ်။ ရေတော့ နေ့တိုင်းချိုးနေပါရဲ့၊ ရေချိုးနေတာ နည်းစနစ်မှန်ရဲ့လား၊ ရေချိုးတာကိုပဲ နည်းစနစ်တွေဘာတွေလိုလို့လား၊ ဘာခက်လို့လဲ၊ ရေလောင်း၊ ချေးတွန်း၊ ဆပ်ပြာတိုက်၊ ရေပြန်လောင်းတာပဲကို ဘာမှားစရာရှိလဲ ဆိုပြီး မေးစရာရှိပါတယ်။ ရေချိုးတာမှာလည်း ရေချိုးဖို့ အသင့်တော်ဆုံးချိန်၊ နည်းစနစ်၊ သုံးသင့်တဲ့ ဆပ်ပြာအမျိုးအစား စသဖြင့်ရှိပါတယ်တဲ့။ ဒါကြောင့် ရေချိုးတဲ့ချိန်မှာ မှားယွင်းနေနိုင်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ရေရဲ့ အပူချိန် ရေချိုးတဲ့ရေဟာ အရမ်းပူရင် အသားအရေကို ခြောက်သွေ့စေနိုင်တယ်။ အရမ်းအေးနေပြန်ရင်လည်း ဆပ်ပြာ အမြှုပ်မထွက်ဘူး။ ဒါဆိုရင် ရေချိုးဖို့ အသင့်တော်ဆုံး ရေအပူချိန်ကဘာလဲပေါ့နော်။ လေ့လာချက်တွေအရတော့ ၁၀၂ ဒီဂရီ ဖာရင်ဟိုက် ဝန်းကျင်ပါတဲ့။ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

အပေါ့အလေး အရေးအခင်းဆိုတာ အပြင်သွားတဲ့အချိန်မှာ မကြုံတွေ့နိုင်ဘူးလို့ ဘယ်သူမှ အတိအကျပြောလို့မရပါဘူး။ ဒီလိုအချိန်မျိုးဆိုရင် စူပါမားကတ် တစ်ခုခုထဲ အမြန်ဝင်ပြီး အများသုံးသန့်စင်ခန်းတွေ ရှာရတော့တာပဲမလား။ ဒါကတော့ သိပ်ပြဿနာမရှိပါဘူး။ ပြဿနာက လက်ဆေးပြီးနောက်ပိုင်းမှ စတာပါ။ တချို့အိမ်သာတွေမှာ တစ်သျှူးထားပေးထားတယ်၊ တချို့မှာက လက်အခြောက်ခံဖို့ အပူပေးစက်တွေ ထားပေးထားတယ်၊ ဒါမှမဟုတ်လည်း ၂မျိုးလုံးပေါ့။ လေ့လာချက်တွေအရ ဒီလက်အခြောက်ခံစက်တွေဟာ ဘက်တီးရီးယားပိုးပေါင်း မြောက်များစွာကို စိုနေတဲ့လက်ပေါ် ပြန်ကပ်သွားစေပြီး လူကိုဒုက္ခဖြစ်စေနိုင်တယ်ဆိုတာ တွေ့ရပါတယ်။ ကဲ .... သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ အကြောင်း လေ့လာလိုက်ရအောင်နော်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ လက်အခြောက်ခံစက်သည် အပူ၊ အအေး ၂မျိုးလုံးဖြင့် လေမှုတ်ထုတ်ကာ လက်ကိုအခြောက်ခံဖို့ပဲ ဖြစ်ပါတယ်။ အဓိကပြဿနာက စက်ထဲမှာ ရှိနေတဲ့ ဖုန်မှုန့်တွေအပြင် အသုံးပြုသမျှ လူတိုင်းရဲ့ ရောဂါပိုးပေါင်းများစွာ၊ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

မီးဖိုချောင်သုံး လက်နှီးစုတ် တွေနဲ့ ကိုယ့်မိသားစုကျန်းမာရေး

မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ ပတ်သက်တာဆိုတော့ အိမ်မှုကိစ္စလုပ်နေတဲ့ လေဒီလေးတွေအနေနဲ့ စိတ်ဝင်စားမိမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အိမ်တိုင်းလိုလိုမှာ မီးဖိုချောင်းသုံးဆိုပြီး လက်နှီးစုတ် လေးတွေ ထားထားတာ တွေ့ဖူးကြမှာပါ။ အိုးခွက်ပန်းကန်တွေ ဆေးပြီးရင် ရေခြောက်အောင် သုတ်ဖို့၊ အဝတ်လျှော်စက်တွေကို တိုက်ချွတ်ဖို့၊ စဉ်းတီတုံး၊ ငရုတ်ဆုံတွေကို အသုံးပြုပြီးသွားတဲ့အခါမျိုးမှာဖြစ်ဖြစ်၊ ပန်းကန်စင်၊ ကြောင်အိမ်တွေကို တိုက်ချွတ်ဆေးကြောတဲ့အခါမျိုးတွေမှာ လက်နှီးစုတ်တွေ သုံးတတ်ကြပါတယ်။ ဒီနေရာမှာ တော်တော်များများ လုပ်မိတတ်ကြတဲ့အမှားက လက်နှီးစုတ်တွေကို သုံးပြီးတာနဲ့ မလျှော်ပဲ ဒီအတိုင်းပစ်ထားလိုက်ပြီး ထပ်ခါတလဲလဲ အသုံးပြုတတ်ကြတဲ့ ပြဿနာပါပဲ။ မီးဖိုချောင်ဆိုတာ တကယ်တမ်း သမားရိုးကျကျ ပြန်တွေးကြည့်ရင် တော်တော်လေးကို ညစ်ပတ်တဲ့ နေရာတစ်ခု၊ သန့်ရှင်းရေးအမြဲလိုအပ်တဲ့ နေရာလို့ ဆိုနိုင်ပါတယ်။ အသား၊ ငါးတွေကနေ ဘက်တီးရီးယားပိုးမွှားတွေ၊ အမှိုက်ပုံးကနေ ထွက်နေတဲ့ အမှိုက်နံ့၊ သိုးနေတဲ့ အစားအစာတွေ၊ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

သဘာဝချွေးနံ့ပျောက်ဆေး ပန်းသီးရှာလကာရည်

သဘာဝချွေးနံ့ပျောက်ဆေး ပန်းသီးရှာလကာရည် အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။ ပန်းသီးရှာလကာရည်က အသုံးဝင်တဲ့ ချွေးနံ့ပျောက်ဆေး၊ ချွေးတိတ်ဆေးတစ်မျိုးပါ။ ခန္ဓာကိုယ်မှာ ချွေးနံ့ဆိုးကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေပါတယ်နော်။ ချွေးနံ့ပျောက်ဆေးတွေဆီက ဓာတုဆေးတွေကို စိုးရိမ်တယ်ဆိုရင် သဘာဝနည်းဖြစ်တဲ့ ပန်းသီးရှာလကာရည်ကို သုံးလို့ရပါတယ်။ ခန္ဓာကိုယ်မှာ အနံ့မပါတဲ့ချွေးတွေ ထုတ်ပေးတဲ့ ချွေးဂလင်းတွေရှိပါတယ်။ ဒါပေမယ့် ချိုင်း၊ ပေါင်ခြံနဲ့ နို့သီးထိပ်စတဲ့ အမွေးအမျှင်ရှိတဲ့ အရေပြားမှာ ချွေးနံ့ရဲ့တရားခံဖြစ်တဲ့ apocrine ဂလင်းနဲ့ sebaceous ဂလင်း တို့ရှိပါတယ်။ စိတ်လှုပ်ရှားတဲ့အခါ၊ စိတ်ဖိစီးတဲ့အခါ၊ ဟော်မုန်းအပြောင်းအလဲဖြစ်တဲ့အခါ၊ ချိုင်းမှာရှိတဲ့ apocrine ဂလင်းက ပရိုတင်း၊ fatty acidsနဲ့ စတီးရွိုက်တို့ပါဝင်တဲ့ စေးကပ်တဲ့အရည်တွေကို ထုတ်ပေးပါတယ်။ ဒါတွေက အရေပြား မျက်နှာပြင်ပေါ်ရောက်လာတဲ့အခါ eccrine ဂလင်းတွေကနေ ထွက်လာတဲ့ အနံ့မရှိတဲ့ ချွေးတွေနဲ့ရော သွားပါတယ်။ ချိုင်းမှာရှိတဲ့ မှိုပိုးနဲ့ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ချိုင်းချွေးနံ့ပျောက်စေဖို့ အသုံးဝင်မယ့် သဘာဝနည်းလမ်း (၅) ခု

ချွေးနံ့ပြင်းတတ်တဲ့၊ ချွေးထွက်များတတ်တဲ့သူတွေရဲ့ ပြဿနာကို ရေမွှေးဘယ်လောက်ကောင်းကောင်း မကယ်တင်နိုင်ပါဘူး။ ကိုယ့်ရဲ့ချွေးနံ့ကို လျော့အောင်လုပ်ရင်လုပ်၊ ချွေးနံ့ပျောက်ဆေးသုံးရင်သုံး ဒီလိုမှမဟုတ်ရင် ချွေးနံ့နဲ့ ရေမွှေးနံ့က သပ်သပ်စီ ဖြစ်နေတာပိုဆိုးပါတယ်။ ချွေးနံ့ပျောက်ဆေးတွေ၊ ချွေးတိတ်ဆေးတွေက ဒီပြဿနာကို ဖြေရှင်းနိုင်ပေမဲ့ အမြဲတမ်း မသုံးချင်ဘူးဆိုရင်တော့ ချိုင်းချွေးနံ့ပျောက်စေဖို့ အသုံးဝင်မယ့် သဘာဝနည်းလမ်း တွေကို အသုံးပြုနိုင်ပါတယ်။ ချိုင်းချွေးနံ့ပျောက်စေဖို့ အသုံးဝင်မယ့် သဘာဝနည်းလမ်း (၅) ခု ချိုင်းချွေးနံ့ပျောက်စေဖို့ အသုံးဝင်မယ့် သဘာဝနည်းလမ်း တွေကတော့ (၁) ပန်းသီးရှာလကာရည် ပန်းကန်လုံးတစ်လုံးထဲမှာ ပန်းသီးရှာလကာရည်ကို ရေနဲ့ ဆတူရောပါ။ ဂွမ်းလုံးလေးတစ်လုံးကို နှစ်ပြီး ချိုင်းမှာ သုတ်လိမ်းပါ။ ရေချိုးပြီးချိန်နဲ့ အိပ်ရာဝင်ခါနီးအချိန် တစ်နေ့နှစ်ကြိမ်သုံးနိုင်ပါတယ်။ ပန်းသီးရှာလကာရည်ရဲ့ ဘက်တီးရီးယားသေစေနိုင်တဲ့အာနိသင်ကြောင့် ချိုင်းကြားတဝိုက်အရေပြားပေါ်က ချွေးနံ့ထွက်စေတဲ့ ဘက်တီးရီးယားတွေကို နှိမ်နင်းပေးနိုင်ပါတယ်။ (၂) မုန့်ဖုတ်ဆိုဒါ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်း၊ သံပရာရည်တစ်ဇွန်း ရောပါ။ ချိုင်းမှာ သုတ်လိမ်းပြီး […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား

သင့်ခန္ဓာကိုယ်မှာ ဆဲလ်အရေအတွက်ထက် ဘက်တီးရီးယားပိုးမွှားတွေက ပိုများနေတယ်ဆိုတာ သင်သိပါသလား။ ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား ။ အဲဒီပိုးမွှားလေးတွေက လူတစ်ယောက်နဲ့ တစ်ယောက်၊ လူကနေ အရာဝတ္ထုဆီကို၊ အရာဝတ္ထုကနေ လူဆီကို အဆင့်ဆင့်ပြန့်ပွားရောက်ရှိနိုင်ပါတယ်။ အိမ်မှာရှိတဲ့ အသုံးများဆုံးအရာဝတ္ထုတချို့မှာတောင် ပိုးမွှားအမျိုးအစား ၃၄၀ကျော်ရှိနေနိုင်ပါတယ်။ ဘက်တီးရီးယားတိုင်းက အန္တရာယ်ပေးနိုင်တာမဟုတ်ပေမယ့် အိမ်ထဲမှာတင်ပဲ Norovirus၊ E. coli၊ Salmonella၊ Staphylococcus aureus ဘက်တီးရီးယားတွေအပါအဝင် မကောင်းတဲ့ဘက်တီးရီးယားတွေအများကြီးရှိနေပါတယ်။ လူ့ခန္ဓာကိုယ်ထဲကို ဘက်တီးရီးယားတစ်ကောင် ဝင်ရောက်သွားပြီဆိုတာနဲ့ သူကဆက်ပြီး ပွားများလာဖို့ အချိန်ခဏပဲ ကြာနိုင်ပါတယ်။ ဒီဘက်တီးရီးယားတွေနဲ့ လုံးဝမထိတွေ့အောင်ရှောင်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သင့်ရဲ့မီးဖိုချောင်ထဲ၊ ရေချိုးခန်းနဲ့ ဧည့်ခန်းတွေထဲမှာ မမြင်နိုင်တဲ့ ဘာပိုးမွှားတွေ  ပုန်းခိုနေသလဲသင်သိရဲ့လား။ သင်ကိုယ်တိုင်အတွက်ရော ပိုးမွှားတွေရန်ကနေ အပြည့်အဝကာကွယ်ထားနိုင်ပြီလား။ https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/coronavirus-on-fabric-what-you-should-know/ ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား ဒါဆို ပိုးမွှားအများဆုံးရှိနေနိုင်တဲ့ သင့်အိမ်ကပစ္စည်း (၅) မျိုးက […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

လက်သုတ်ပဝါများတွင် ဘက်တီးရီးယားများပေါက်ပွားနိုင်ကြောင်း သတိပြုမိစေဖို့

အိမ်ထောင်စုတိုင်းရဲ့ မီးဖိုချောင်တွေမှာ အစားအစာ ချက်ပြုတ်ပြင်ဆင်ရာမှာ လက်သုတ်ပဝါ၊ လက်နှီးစတာတွေ အသုံးပြုတတ်ကြပါတယ်။ ဒီနေရာမှာ မီးဖိုချောင်သုံး လက်သုတ်ပဝါတွေ နဲ့ပတ်သက်ပြီး သတိပြုသင့်တာကတော့ အဲဒီလက်နှီး၊ လက်သုတ်ပဝါတွေမှာ ရောဂါပိုးတွေ ကပ်ငြိနေနိုင်တယ်ဆိုတာပါပဲ။ ဘက်တီးရီးယားအများစုဟာ လူတို့ကို အန္တရာယ်မဖြစ်စေပေမယ့် တချို့ကတော့ တစ်ခါတရံမှာ အစာအဆိပ်သင့်ခြင်း၊ အစားအစာများမှ ကူးစက်တတ်သောရောဂါများ ဖြစ်စေခြင်း စတဲ့ ပြဿနာတွေကို ဦးတည်စေပါတယ်။ လက်သုတ်ပဝါများတွင် ဘက်တီးရီးယားများပေါက်ပွားနိုင်ကြောင်း သတိပြုမိစေဖို့ ဒီဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်။ လက်သုတ်ပဝါများတွင် ဘက်တီးရီးယားများပေါက်ပွားနိုင်ကြောင်း သတိပြုမိစေဖို့ မောရစ်သျှတက္ကသိုလ်မှ သုတေသီများဟာ လက်သုတ်ပဝါများ နဲ့ ပတ်သက်ပြီး သုတေသနတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီသုတေသနအရ မီးဖိုခန်းမှာသုံးတဲ့ လက်သုတ်ပဝါတွေကို လျှော်ဖွပ်ခြင်းမပြုဘဲ တစ်လခန့် ထားစေပါတယ်။ နောင်တစ်လပြည့်လို့ စစ်ဆေးကြည့်ရာမှာ လက်သုတ်ပဝါများရဲ့ ထက်ဝက်ခန့်မှာ ဘက်တီးရီးယားတွေ ပေါက်ပွားနေတာကို တွေ့ရပါတယ်။ အဲဒီဘက်တီးရီးယားတွေဟာ လူတွေရဲ့ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

အဝတ်လျှော်စက်များကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးသင့်သည့် အကြောင်း

လူသားတို့ရဲ့ နေထိုင်မှုအဆင့်အတန်းမြင့်မားလာတာနဲ့အမျှ စက်ပစ္စည်းကိရိယာများအကူအညီနဲ့ သက်သောင့်သက်သာ နေထိုင်နိုင်လာကြပါတယ်။ နေအိမ်တိုင်းလိုလိုမှာလည်း အဝတ်အထည်များကို လျှော်ဖွပ်ဖို့ အဝတ်လျှော်စက်များ သုံးစွဲလာကြပါတယ်။ အဝတ်လျှော်စက်များကြောင့် အချိန်ကုန်လူပမ်း မဖြစ်တော့ဘဲ အလုပ်ပြီးမြောက်လာပါတယ်။ ဒါပေမယ့် သတိပြုရမယ့်တချက်ကတော့ အဝတ်လျှော်စက်များမှာ ဘက်တီးရီးယားများ ကပ်ငြိနေနိုင်တယ်ဆိုတာပါပဲ။ များသောအားဖြင့် အဝတ်လျှော်စက်များကို သန့်ရှင်းရေးမပြုလုပ်ဘဲ နှစ်ရှည်လများ ထားလိုက်ရင် ဘက်တီးရီးယားပိုးတွေ ပေါက်ပွားလာနိုင်ပါတယ်။ သိပ္ပံပညာရှင်အချို့ကတော့ အဝတ်လျှော်စက်တွေမှာ ဘက်တီးရီးယားတွေ ကပ်ငြိနေနိုင်ပေမယ့် လူကို အန္တရာယ်ဖြစ်စေနိုင်လောက်တဲ့ ပမာဏ မရှိဘူးလို့ ဆိုကြပါတယ်။ အဝတ်လျှော်စက်တွေမှာ ဘက်တီးရီးယားတွေရှိကြောင်း စတင်သတိထားမိခဲ့တာက ဂျာမနီကလေးဆေးရုံတစ်ခုရဲ့ မွေးကင်းစအဆောင်က အဝတ်အထည်တွေမှာ ရောဂါပိုးတွေ့ရှိရာကနေ အစပြုပါတယ်။ ဆေးရုံအဆောင်တွေမှာ ရောဂါပိုးသတ်ခြင်းကို အစီအစဉ်တကျလုပ်ဆောင်ပေမယ့် ရောဂါပိုးတွေ တွေ့ရှိနေမြဲဖြစ်တာကြောင့် စစ်ဆေးမှုတွေတိုးမြှင့်လုပ်ဆောင်ရာကနေ နောက်ဆုံးမှာ အဝတ်လျှော်စက်တွေကနေ ပြန့်ပွားနေကြောင်း သိရှိခဲ့ရခြင်း ဖြစ်ပါတယ်။ ဒါဆိုရင် အိမ်သုံးအဝတ်လျော်စက်တွေမှာရော ဘက်တီးရီးယားအန္တရာယ် ရှိနေပြီလား။ ပုံမှန်အားဖြင့်တော့ သိပ်ပြီးစိုးရိမ်စရာ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း