မုန့်ဖုတ်ဆိုဒါက ချိုင်းကိုခြောက်သွေ့စေပြီး ချွေးထွက်ထိန်းစေပါတယ်။ သူ့ရဲ့အာနိသင်ကြောင့် အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားတွေကိုနှိမ်နင်းနိုင်ပါတယ်။
(၃) သံပရိုသီး
- သံပရိုသီးကို ထက်ခြမ်းခြမ်းပြီး အရည်ညှစ်ပါ။
- ရေနဲ့ ဆတူရော၊ ဂွမ်းလုံးလေးနဲ့တို့ပြီးမှ လိမ်းပါ။
- ခဏလောက်ထားပြီး ရေဆေးချပါ။ ပြီးရင် အစိုဓာတ်ထိန်းကရင်မ် လိမ်းပေးပါ။
- ချွေးနံ့ပျောက်တာ သိသာလာတဲ့အထိ တစ်နေ့တစ်ကြိမ်သုံးလို့ရပါတယ်။
သံပရိုသီးက အက်စစ်ဓာတ်ပါဝင်မှုများပြီး ဘက်တီးရီးယားကို သေစေနိုင်စွမ်းရှိပါတယ်။ သံပရိုသီးက အသားအရေရဲ့ pH အဆင့်ကို လျှော့ချပေးပြီး အနံ့ဆိုးဖြစ်စေတဲ့ဘက်တီးရီးယားကို ရှင်းလင်းပေးနိုင်ပါတယ်။
(၄) ရှားစောင်းလက်ပပ်
- ရှားစောင်းလက်ပပ်အလယ်သား(သို့မဟုတ်) ရှားစောင်းဂျယ်လ်ဘူးထဲက အနည်းငယ်ယူပြီး ချိုင်းမှာ လိမ်းပါ။
- ညအိပ်ခါနီးလိမ်းထားပြီး နောက်နေ့မနက်မှ ရေဆေးချပါ။
- တစ်နေ့တစ်ကြိမ်လုပ်လို့ရပါတယ်။
ရှားစောင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝပြီး ဘက်တီးရီးယား သေစေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့ကြောင့်ပဲ ချွေးနံ့ ပျောက်ဖို့ အတွက် အထောက်အကူပေးတဲ့ ဆေးတစ်လက် ဖြစ်လာတာပါ။
(၅) အာလူး
- အာလူးကို အလွှာလေးတွေ လွှာလိုက်ပါ။
- ချိုင်းမှာ အာလူးလွှာလေးတွေနဲ့ပွတ်ပါ။
- ခြောက်သွေ့အောင်ထားပြီး ရေဆေးချပါ။
- တစ်နေ့တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လုပ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။