backup og meta

Vape သောက်ခြင်းက ဆိုးကျိုးရှိသလား


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Vape သောက်ခြင်းက ဆိုးကျိုးရှိသလား

    အခုနောက်ပိုင်းမှာ လူငယ်တွေအကြား E cigarettes သို့မဟုတ် vape ရှုခြင်း ခေတ်စားလာပါတယ် ။ vape စ‌စပေါ်ချင်းမှာ စီးကရက်ဖြတ်ချင်သူတွေအတွက် စီးကရက်လို အန္တရာယ်မများဘူးဆိုပြီး လူသုံးများလာတာ‌ကို သတိပြုမိမှာပါ ။ ဒါပေမဲ့ Vape ဟာ တကယ်ရော အန္တရာယ်ကင်းရဲ့လား။

    ဆေးလိပ်ပေါ်တဲ့ အချိန်ကလည်း ဆေးလိပ်ရဲ့ ဆိုးကျိုးတွေကို သိဖို့နှစ်ပေါင်းများစွာ အချိန်ယူပြီး လေ့လာရပါတယ် ။ သုတေသနတွေ အများကြီးလုပ်ပြီးမှ ဘယ်အရာတွေက ပိုပြီး အန္တရာယ်ရှိလာတယ်ဆိုတာကို သဘောပေါက်လာကြတဲ့အတွက် Vape သောက်ခြင်းက အန္တရာယ်ဘယ်လောက်အထိရှိသလဲဆိုတာကို အတိအကျသိဖို့အတွက် အချိန်လိုအပ်ဦးမှာပါ ။

    လက်ရှိအချိန်မှာ အချို့သော လေ့လာချက်တွေအရ vape သောက်ခြင်းက နှလုံးကို ထိခိုက်နိုင်ကြောင်း တွေ့ရှိရပါတယ် ။ 2019 ခုနှစ်ထဲမှာ လုပ်ထားတဲ့ စစ်တမ်းတွေအရ E cigarette သောက်ခြင်းက နှလုံးရောဂါ ၊ လေဖြတ်ခြင်း  ၊ ရုတ်တရက် နှလုံးထိခိုက်ခြင်း heart attack ၊ရင်ဘတ်အောင့်ခြင်းတွေနဲ့ ဆက်စပ်မှု ရှိနေပါတယ် ။ ဒါ့အပြင်  vape ရော ဆေးလိပ်ပါ သောက်မယ်ဆိုရင် နှလုံးရောဂါ ဖြစ်နိုင်ချေပိုများပါတယ် ။

    တဖက်မှာလည်း vape နဲ့ နှလုံးထိခိုက်ခြင်း မသက်ဆိုင်ကြောင်း အဆိုပြုထားတဲ့ သုတေသနတွေလည်း ရှိနေပါသေးတယ် ။

    Vape သောက်ခြင်းက အဆုတ်ကိုရော ထိခိုက်စေသလား ဆိုတဲ့ သုတေသနပြုချက်တွေလည်း ရှိပါတယ် ။ ကြွက်တွေမှာ စမ်းသပ်ထားတဲ့ ရလဒ်တွေအရ vape ငွေ့တွေရှုထားတဲ့ ကြွက်တွေရဲ့ အဆုတ်တွေမှာ အ‌ဆိပ်ဖြစ်ခြင်း toxicity ၊ဓါတ်တိုးခြင်း oxidation နဲ့ ရောင်ရမ်းခြင်း inflammation တွေ ပိုတွေ့ရပါတယ် ။ ဒါ့အပြင် vape သောက်ခြင်းက အဆုတ်ရဲ့ ပုံမှန်စွမ်းဆောင်ရည်တွေကိုလည်း ကျဆင်းစေပါတယ်လို့ အခိုင်အမာဆိုလာတဲ့ သုတေသနစာတမ်းတွေလည်း ရှိလာပါတယ် ။

    Vape ရဲ့ နောက်ထပ်ဆိုးကျိုးတွေကတော့ သင့်သွားနဲ့သွားဖုံးကို သက်ရောက်စေပါတယ် ။ vape မှာပါတဲ့ ဓါတ်ငွေ့တွေက ဘက်တီးရီးယား ပေါက်ဖွားမှုကို အားပေးတဲ့အတွက် သွားပိုးပေါက်တွေ ဖြစ်ပေါ်စေပါတယ် ။ နောက်ထပ်စစ်တမ်းတွေအရ vape ရှုတဲ့လူတွေဟာ သာမန်လူတွေထက်ပိုပြီးတော့ သွားဖုံးရောင်နိုင်ချေ ပိုများပါတယ် ။

    နောက်ဆုံးတစ်ခုကတော့ ဆဲလ်ပြောင်းလဲမှုနဲ့ ကင်ဆာပါ ။ ဒီအတွက်တော့ ခိုင်မာတဲ့ သုတေသနပြုချက်တွေ မရှိသေးသလို အချိန်လည်း ယူပြီး ထပ်ပြီး လေ့လာရဦးမှာပါ ။ သုတေသီတွေနဲ့ ဆေးပညာရှင်တွေကတော့ vape မှာပါတဲ့ ဓါတုပစ္စည်းတွေဟာ ဆဲလ်များ ပြောင်းလဲခြင်း ၊ ဓါတ်တိုးခြင်းနဲ့ ကင်ဆာရောဂါတွေကို ဖြစ်စေတယ်လို့ ယူဆထားပါတယ် ။

    Vape ရဲ့ ဆိုးကျိုးတွေ နည်းနိုင်သမျှ နည်းအောင်

    ‌vape မှာပါတဲ့ ဘယ်ဓါတုပစ္စည်းတွေ ပါသလဲဆိုတာ ကြည့်ပါ ။ ဘယ် ဓါတုပစ္စည်းတွေ ပါတယ်လို့ မရေးထားရင်  အဆိပ်ဖြစ်စေဖို့ပိုများပါတယ်။

    ‌အရသာပါတဲ့ vape juice တွေက အဆိပ်ဖြစ်စေတဲ့ဓါတ်တွေ ပါတဲ့အတွက် တတ်နိုင်သမျှ ရှောင်ပါ။

    ‌vape သောက်ရာမှာ nicotine နည်းနိုင်သမျှ နည်းပါစေ။

    ‌vape ရှုပြီးတိုင်း သွားတိုက်ခြင်း ပလုတ်ကျင်းခြင်းတွေကို ပြုလုပ်ပေးပါ။

    ရေးသားသူ – Dr.အောင်ကျော်မြင့်

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement