• အူရောင်ငန်းဖျားဖြစ်တာ စတဲ့ပြဿနာပေါင်းစုံ ဖြစ်လာနိုင်ပါတယ်။
အပြင်က မသန့်ရှင်းတဲ့ လမ်းဘေးစာတွေ မစားချင်လို့ အိမ်မှာပဲ ကိုယ့်ဘာသာလုပ်စားရာကနေ ဒီလိုမျိုးအဖြစ်တွေ ကြုံလာရင်တော့ ကိုယ်လည်း အိမ်ရှင်မတစ်ယောက်အနေနဲ့ စိတ်ထဲ ဘယ်ကောင်းနိုင်ပါတော့မလဲ။
လက်နှီးစုတ် ကနေ ရောဂါပိုးတွေ ကူးစက်မခံရစေဖို့ ဘယ်လိုကာကွယ်ကြမလဲ။
လက်နှီးစုတ်ဆိုတာမျိုးက မီးဖိုချောင်အတွက် မသုံးလို့လည်း မဖြစ်တဲ့အရာမို့ ကိုယ့်အနေနဲ့ သိထားသင့်တဲ့အရာတွေ၊ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားမယ်ဆိုရင်တော့ အပေါ်မှာပြောထားတဲ့ ကျန်းမာရေးပြဿနာတွေကနေ ကာကွယ်ပေးနိုင်မှာပါ။ ဒါဆိုဘာတွေလုပ်သင့်လဲဆိုတာ ပြောပြပေးမယ်နော်။
၁။ ဖုန်သုတ်တဲ့ လက်နှီးစုတ်နဲ့ ပြင်ဆင်ချက်ပြုတ်နေတဲ့ အစားအစာနဲ့ မထိမိအောင် သေချာဂရုစိုက်ပါ။
၂။ မီးဖိုချောင်သုံးဖို့အတွက် လက်နှီးစုတ်တစ်ထည် သီးသန့်ထားပေးပါ။ တခြားနေရာတွေမှာ အသုံးမပြုပါနဲ့။
၃။ တစ်ခါသုံးပြီးတိုင်း အမြဲ အဝတ်လျှော်ဆပ်ပြာနဲ့ သေချာလျှော်ဖွပ်ပြီး နေလှန်ပေးထားပါ။ တစ်နေ့တစ်ခါ မလျှော်နိုင်ရင်တောင် ၃ရက်တစ်ကြိမ်လောက်တော့ လျှော်သင့်ပါတယ်။
၄။ ညစ်ပေနေတဲ့ လက်နှီးစုတ်ကို အသက်ငယ်သေးတဲ့ ကလေးတွေ မထိမိ၊ မကိုင်မိစေဖို့ သတိပေးပါ။ သူတို့ လက်လှမ်းမမီလောက်တဲ့ နေရာမှာ လက်နှီးစုတ်ကို တင်ထားပါ။ အသက်ကြီးတဲ့ လူကြီးမိဘတွေကိုလည်း ပေးမကိုင်ပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။