အားဆေးတွေကို ဘယ်အချိန်မှာသောက်သင့်လဲ၊ အစာနဲ့တွဲသောက်ရမှာလား မသောက်ရဘူးလား။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 26, 2021 . 2 mins read
Share now

ဖြည့်စွက် အားဆေးတွေကို  သောက်နေကြတယ်။ ကိုယ်သောက်နေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် ဖြည့်စွက် အားဆေးတွေကို ဘယ်အချိန်မှာ သောက်ရင် ဘယ်လိုအာနိသင်ပိုရှိလဲဆိုတာ မသိကြတဲ့သူများပါတယ်။

ဒါကြောင့် ဘယ်အားဆေးဆို ဘယ်လိုအချိန်မှာသောက်ရင် ပိုကောင်းလဲ ဆိုတာလေးတွေ ပြောပြေပေးချင်ပါတယ်။ ။

ဗီတာမင် အားဆေးတွေကို ဘယ်အချိန်မှာ သောက်ရမှာလဲ

အားဆေးတော်တော်များများကို မနက်ပိုင်း အစာနဲ့ တွဲသောက်ဖို့ ပြောကြပေမယ့် တချို့ မနက်ပိုင်းမသောက်ရတဲ့ အားဆေးတွေ လည်းရှိပါတယ်။ ဒီတော့ ဗီတာမင် တစ်ခုချင်းစီကို လေ့လာကြည့်ရအောင် ။ ။

ဗီတာမင် A ။ ။ အမြင်အာရုံ အထူးကောင်းမွန်ဖို့၊ အသားအရေ လှပဖို့နဲ့ ဓာတ်တိုးဆန့်ကျင့်တဲ့ အာနိသင်တွေ ပြည့်နေတဲ့ ဒီ ဗီတာမင် A ဟာ fat soluble အဆီမှာပျော်ဝင်တတ်တဲ့ ဗီတာမင် တစ်ခုဖြစ်လို့ အစာနဲ့ တွဲစားတာ အကောင်းဆုံးပါ။

မနက်ပိုင်း ညနေပိုင်း ကြိုက်တဲ့အချိန်မှာသောက်လို့ရပါတယ်။ ဗီတာမင် A အားဆေးသောက်နေတဲ့သူတွေ သိထားသင့်တာက သောက်ရမယ့် ပမာဏထက်ကျော်လွန်ပြီး သောက်လို့မရဘူးဆိုတာကိုပါ။ ဒါကြောင့် ဆရာဝန် ညွန်ကြားမှသာ ဗီတာမင် A ဆေးပြားကိုသောက်သင့်ပါတယ်။

ဗီတာမင် B ။ ။ B 1(thiamine) B2 (riboflavin) B3(Niacin) B6 (pyridoxine) နဲ့ B12 တို့ ပါဝင်တဲ့ ဗီတာမင် အုပ်စုကြီးကို ဗီတာမင်စုံအားဆေးတွေ၊ ဗီတာမင် B အားဆေးသီးသန့်ပဲဖြစ်ဖြစ် သောက်လေ့ရှိကြပါတယ်။ အာရုံကြောနဲ့ မှတ်ဉာဏ်ရည်ပိုင်း ဖွံဖြိုးဖို့အတွက် လိုအပ်တဲ့ ဗီတာမင် B ဟာ ရေမှာ ပျော်ဝင်ဗီတာမင်တစ်မျိုးပါ။

ဦးနှောက်နဲ့ အာရုံကြောကို အဓိက အားပေးတဲ့ ဒီဗီတာမင်ကို ဦးနှောက်စပြီး အလုပ်လုပ်ရတဲ့ မနက်ပိုင်းမှာသောက်တာ အကောင်းဆုံးပါ။ ညပိုင်းသောက်ရင် အိပ်စက်ခြင်း စက်ဝန်းကို အနှောက်အယှက်ပေးနိုင်တာကြောင့် ဗီတာမင် B ကို မနက်စာနဲ့ အတူတွဲသောက်တာ အကောင်းဆုံးပါ။ မှတ်ရလည်း လွယ်တာပေါ့။

ဗီတာမင် C ။ ။ ခုခံအားရဲ့ အဓိက မဟာမိတ်ဖြစ်ပြီး အသားအရေလှပဖို့နဲ့ ဓာတ်တိုးဆန့်ကျင်တဲ့အာနိသင်တွေ အပြည့်အဝရှိတဲ့ ဒီဗီတာမင် C ဟာ ရေမှာပျော်ဝင်တဲ့ ဗီတာမင် တစ်ခုဖြစ်တာကြောင့် မဖြစ်မနေ အစာနဲ့ အတူတွဲစားဖို့ မလိုအပ်ပါဘူး။

တစ်နေ့တာမှာ ကြိုက်တဲ့ အချိန်သောက်လို့ရတဲ့ ဗီတာမင် အားဆေးတစ်မျိုးပါ။ ဒါ့အပြင်ဗီတာမင် C ဟာ သံဓါတ် စုပ်ယူမှုကိုလည်း အားပေးတာကြောင့်သွေးအားနည်းတဲ့သူတွေမှာဆို ဗီတာမင် C နဲ့ သံဓာတ်အတူတွဲသောက်ရင် ပိုကောင်းပါတယ်။

ဗီတာမင် D ။ ။ အရိုးသန်မာဖို့အတွက် ကယ်လ်ဆီယမ်နဲ့ အတူတူပေါင်းပြီး လုပ်ဆောင်ပေးတဲ့ဗီတာမင်၊ ခုခံအားအတွက် လည်း သူမပါရင် မဖြစ်တဲ့ ဗီတာမင် D ကို သဘာဝတရားကြီးက အလကားဖန်တီးပေးထားတာပါ။ ဗီတာမင် D ရဖို့ ပိုက်ဆံ အကုန်ခံစရာမလိုဘဲ မနက်ပိုင်းနေရောင်ခြည် ခံပေးလိုက်ရုံပဲနော်။

အရေပြားကင်ဆာဖြစ်နေလို့ နေရောင်ခြည် အထိမခံနိုင်တဲ့ သူတွေအတွက် ဗီတာမင် D အားဆေးပြား ရှိပါတယ်။ သူဟာ အဆီမှာပျော်ဝင်တဲ့ ဗီတာမင် တစ်ခုဖြစ်လို့ အစာနဲ့ တွဲသောက်ရင် ပိုကောင်းပါတယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ်သောက်လို့ရတဲ့ ဗီတာမင်တစ်မျိုးပါ။

ဗီတာမင် E ။ ။ ကိုယ်တွင်းဆဲလ်တွေကို ပျက်စီးစေတဲ့ ဓာတုပစ္စည်းတွေကို ဓာတ်တိုးဆန့်ကျင်ပေးပြီး အသားအရေအတွက်ရော၊ ခုခံအားအတွက်ရော လိုအပ်တဲ့ ဒီ ဗီတာမင် E ဟာ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် တစ်မျိုးဖြစ်လို့ အစာနဲ့တွဲစားရင် အကောင်းဆုံးပါ။

ပိုတက်ဆီယမ် ။ ။ သွေးတိတ်ဖို့အတွက် လိုအပ်တဲ့ ဒီပိုတက်ဆီယမ် သတ္တုဓာတ်ဟာ အဆီမှာ ပျော်ဝင်တဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်လို့ အစာနဲ့တွဲသောက်တာ အကောင်းဆုံးပါ။ မနက်စာ၊ နေ့လည်စာ၊ ညနေစာ ကြိုက်တဲ့ အစာနဲ့ တွဲသောက်လို့ရပါတယ်။

ကယ်လ်ဆီယမ် ။ ။ အရိုးသန်မာဖို့အတွက် အဓိကကျတဲ့ ဒီ သတ္တုဓာတ်ကို သိပ်မစားဖြစ်ကြတာများပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို ၁၀၀၀ မီလီဂရမ်မှ ၁၃၀၀ မီလီဂရမ် အထိစားပေးဖို့ လိုအပ်ပါတယ်။

သံဓာတ်နဲ့ မဂ္ဂနီဆီယမ်ပါဝင်တဲ့ ဗီတာမင် အားဆေးတွေကို ကယ်လ်ဆီယမ်စုပ်ယူမှုကိုနည်းစေလို့ တူတူတွဲ မသောက်တာအကောင်းဆုံးပါ။

ကယ်လ်ဆီယမ် ဖြည့်စွက်အားဆေးဟာ ပဋိဇီဝဆေး၊ အတက်ကျဆေး၊ သွေးတိုးကျဆေး၊ အရိုးပွရောဂါသောက်တဲ့ဆေး၊ အစာအိမ်ဆေးတွေနဲ့ သွေးတွင်း အဆီဓာတ်ထိန်းတဲ့ ဆေးတွေကို နှောင့်ယှက်တတ်တာကြောင့် ဒီဆေးသောက်ရတော့မယ်ဆိုရင် ကိုယ်သောက်နေတဲ့ ဆေးတွေအကြောင်း ဆရာဝန်ကို ပြောပြပါ။

မဂ္ဂနီဆီယမ် ။ ။ အာရုံကြောနဲ့ ကြွက်သားအားကောင်းဖို့နဲ့ အရိုးကျန်းမာရေးအတွက် ကယ်လ်ဆီယမ်နဲ့ပေါင်းပြီး လုပ်ဆောင်ပေးတဲ့ ဒီမဂ္ဂနီဆီယမ် သတ္တုဓာတ် ချို့တဲ့ရင် အားမရှိသလိုလို၊ နုန်းချိနေသလိုလိုဖြစ်ပြီး စားချင်သောက်ချင်စိတ်တွေလည်း ပျောက်ဆုံးနေပါလိမ့်မယ်။

ထူးခြားတာတစ်ခုကတော့ အခြား သတ္တုဓာတ်တွေလိုမဟုတ်ဘဲ မဂ္ဂနီဆီယမ်ကို ညဘက်မှသာ သောက်သင့်ပါတယ်။ အိပ်ရတာ ပိုကောင်းအောင် လုပ်ပေးတဲ့အပြင် ညဘက်ကြွက်တက်တတ်တဲ့ သူတွေအတွက်လည်း မဂ္ဂနီဆီယမ် ဟာ အားထားရတဲ့ ဖြည့်စွက်အားဆေး တစ်ခုပါ။

ဗီတာမင်နဲ့ သတ္တုစုံ အားဆေး ။ ။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အစုံပါတဲ့ အားဆေးတွေကို သောက်ရမယ့်အချိန် သတ်မှတ်ထားတာ မရှိပါဘူး။ အစာနဲ့ ဖြစ်ဖြစ်၊အစာမပါဘဲဖြစ်ဖြစ် ကြိုက်တဲ့အချိန်သောက်လို့ရပါတယ်။

ပိုပြီး မှတ်ရလွယ်အောင် အစာစားပြီး သောက်ကြတာများပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ ကိုယ်ကြိုက်တာတွေကိုပဲ ရွေးစားပြီး၊ အာဟာရ စုပ်ယူမှုကလည်း လျော့နည်းလာတာကြောင့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ဖြည့်စွက်စားပေးဖို့ လိုအပ်လာပါတယ်။

အချုပ်ပြောရရင် အဆီမှာပျော်ဝင်တဲ့ ဗီတာမင် A,D,E,K ကို အစာနဲ့ တွဲစားသင့်ပြီး ရေမှာပျော်ဝင်တဲ့ ဗီတာမင် Bနဲ့ C ကိုတော့ အစာနဲ့ တွဲမသောက်လည်းရပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ် တော်တော်များများကို မနက်ပိုင်း သောက်သင့်ပြီး မဂ္ဂနီဆီယမ်ကိုတော့ ညပိုင်းမှာ သောက်သင့်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကင်ဆာပြန်မဖြစ် အောင် ဘယ်လို ဆင်ခြင်နေထိုင်သင့်သလဲ

ကင်ဆာပြန်မဖြစ် အောင် ကာကွယ်လို့ ရလား။ ကင်ဆာပြန်မဖြစ်စေဖို့ ဘယ်လို စားသောက်နေထိုင်မှု ပုံစံတွေကို လိုက်နာသင့်သလဲဆိုတာ ပြောပြပေးပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ကင်ဆာရောဂါများ, အခြားကင်ဆာများ ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read

မျှော်လင့်ချက်ထား ခြင်းက ကျန်းမာပျော်ရွှင်စေပါတယ် စိတ်ဓာတ်မကျပါနဲ့

မျှော်လင့်ချက်ထား တာဟာ လူတိုင်း လုပ်လို့ရတဲ့ စိတ်ပိုင်းဆိုင်ရာ တွေးခေါ်ပုံတစ်မျိုးပါ။ မျှော်လင့်ချက်မထားရင် ရည်မှန်းချက်ပျောက်ဆုံးနေတာမျိုး ဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

သက်လုံ လို့ဆိုလိုက်ရင် အားကစားသမားတွေနဲ့ပဲ ဆိုင်တယ်လို့ ပြေးမြင်ကြပါတယ်။ သက်လုံကောင်းမှ နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်နိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိတ်ပူပင်လို့ ရင်တုန်လာတာလား… နှလုံးရောဂါလား….

စိတ်ပူပင်လို့ ရင်တုန်လာတာလား ......... နှလုံးရောဂွ ခံစားနေရလို့များ ရင်တုန်နေတာလား ဆိုပြီး စိတ်ပူနေတဲ့ စာဖတ်သူတွေ ရှိကြလား....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 2, 2021 . 2 mins read