အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

မတ်ပဲ ကျန်းမာရေးကောင်းကျိုး များသလား!

မတ်ပဲကို ချက်စားစား၊ ပြုတ်ပြီး သုပ်စားစား၊ ကြိတ်ပြီး မတ်ပဲကြော် မွမွလေးပဲ ကြော်စားစား စားလို့ကောင်းတဲ့ မတ်ပဲလေးကို သဘောကျ နှစ်ခြိုက်စွာ စားလေ့ရှိလား! ဒီလိုဆို မေးစရာ ရှိတာက မတ်ပဲက စားကောင်းရုံပဲလား မတ်ပဲ ကျန်းမာရေးကောင်းကျိုး များသလား! ဆိုတာပါ။  မတ်ပဲ ဆိုတာ မတ်ပဲဆိုတာက ပဲအမျိုးအစား တစ်ခုပါ။ အစိမ်းရောင်ဖျော့ဖျော့ ပဲလုံး သေးသေးလေးတွေပါ။ မြန်မာနိုင်ငံ နဲ့ အိန္ဒိယ အပါအဝင် အာရှနိုင်ငံ တော်တော်များများမှာ စားသုံးလေ့ရှိတဲ့ ပဲတစ်မျိုးပါ။ စားရတာ အရသာရှိသလို ကျန်းမာရေးကောင်းကျိုးလေးတွေ ရှိတာကြောင့် ရှေးယခင် ကာလတွေကတည်းက ဆေးဖက်ဝင် စားစရာ တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။  https://hellosayarwon.com/herbals-alternatives/herbal-medicines/fenugreek-leaves-benefits/ မတ်ပဲရဲ့ အာဟာရ တန်ဖိုး မတ်ပဲမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။  ပရိုတင်း အဆီဓာတ် ကစီဓာတ် အမျှင်ဓာတ် […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ကတွတ်ယိုလေး စားကြရာဝယ်

ထန်းလျက် နိုင်နိုင်လေးနဲ့ ကျိုထားတဲ့ ကတွတ်ယိုလေး စားရတာက အရသာရှိသလို ရင်ထဲကို အေးသွားစေပါတယ်။ ကတွတ်ယို ဆိုတာက ကတွတ်သီး မှည့်မှည့်လေးတွေကို ယိုထိုးထားတာပါ။ ငယ်ငယ်က ကျိုက်ထီးရိုးပြန် လက်ဆောင်ဆိုပြီး စားခဲ့ရတဲ့ ယိုတွေထဲက သဘောအကျဆုံး ယိုလေး တစ်မျိုးပေါ့။ ဒီလို စားကောင်းတဲ့ ကတွတ်ယိုလေးက ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။ ကတွတ်ယိုမှာပါတဲ့ အာဟာရတွေ ကတွတ်ယိုလေး စားပေးတာက အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ကယ်လ်လိုရီ ကာဗိုဟိုက်ဒရိတ် သကြားဓာတ် အမျှင်ဓာတ် ပရိုတင်း အဆီဓာတ် ကယ်လ်ဆီယမ် မဂ္ဂနိ့ ပိုတက်ဆီယမ် မဂ္ဂနီဆီယမ် ဗီတာမင် K ဗီတာမင် C ဗီတာမင် E တို့ပါဝင်နေပါတယ်။ ကတွတ်ယိုလေး စားကြရာဝယ် ကတွတ်ယိုစားတာက ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။ အရိုးတွေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကင်မ်ချီ ကြိုက်သူတွေအတွက် သတင်းကောင်း

အချဉ်စားရတာ ကြိုက်လား..... ကြိုက်တယ်။ အစာအိမ်အူလမ်းကြောင်းရော ကျန်းမာချင်လား....... အင်း.... ကျန်းမာချင်တာပေါ့။ ဒါပေမယ့် ဖြစ်နိုင်ပါ့မလား....ဆိုပြီး စိတ်ပူနေပြီလား.... ဖြစ်နိုင်ပါတယ်။ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ဒီလိုမျိုး ချဉ်ချဉ်စပ်စပ် ခံတွင်းတွေ့တွေ့နဲ့ အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေနိုင်တဲ့ စားစရာလေးတစ်မျိုးက လေဒီလေးတွေအသည်းစွဲ အိုပါးတို့ရဲ့ ရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့ ကင်မ်ချီ ပါ။ ကင်မ်ချီကိုဘာနဲ့ လုပ်သလဲ...... ကင်မ်ချီကို မုန်ညှင်းထုတ်၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ ကြက်သွန်မိတ်၊ ကြက်သွန်ဖြူ၊ ချင်း (ဂျင်း) တို့နဲ့ အချိုးကျ ရောစပ်ပြီး အချဉ်ဖောက် ပြုလုပ်ထားတာပါ။ ကိုးရီးယား ချဉ်ဖတ်ပေါ့။ အစပ်အတွက်တော့ ငရုတ်သီး အစိမ်းမှုန့် ဒါမှမဟုတ် ငရုတ်သီးအနှစ်ကို အသုံးပြုကြပါတယ်။ ကင်မ်ချီ အပါအဝင် အချဉ်ဖောက်ထားတဲ့ စားစရာတွေရဲ့ အားသာချက်က အစာခြေစနစ်ကို ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်နေတာပါ။ ကဲ ... […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဂွေးချိုသီး စားကြရာဝယ်

ဆားလေး ငရုတ်သီးမှုန့်လေးနဲ့ နယ်စားစား၊ ငံပြာရည် ငရုတ်သီးမှုန့်လေးနဲ့ သုပ်စားစား၊ ငပိထောင်းလေးနဲ့ ကော်စားစား စားကောင်းသလို ငပိချက်ချက်စားရင်လည်း စားလို့ ကောင်းတဲ့ ဂွေးချိုသီး ကြိုက်ကြလား ...... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဘယ်လိုစားစား ခံတွင်းတွေ့တဲ့ ဂွေးချိုသီးလေးကို စားပေးတာက ကျန်းမာရေးအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဂွေးချိုသီး ဆိုတာ ဂွေးချိုသီး ဆိုတာက အပြင်ခွံ အစိမ်းရောင် နုနုကနေ အစိမ်းရောင် ရင့်ရင့်အထိ ရှိပြီး အတွင်းသားက ဖြူဖြူ ကြွပ်ကြွပ်လေးပါ။ ချိုချိုချဉ်ချဉ် အရသာလေးရှိပြီး အနံ့လေးက မွှေးပါတယ်။ အတွင်းမှာ ဆူးလိုမျိုး အစေ့လေးတွေ ပါဝင်နေပါတယ်။ ဂွေးချိုသီးမှာပါတဲ့ အာဟာရဓာတ်တွေ စားရတာ အရသာရှိတဲ့ ဂွေးချိုသီးမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။ ရေဓာတ် ပရိုတင်း ကျန်းမာရေးနဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆလတ်ရွက် နဲ့ ကျန်းမာရေး

အစိမ်းနုရောင် အရွက်ဖျားတွန့်တွန့်လေးတွေနဲ့ ခပ်ဖားဖား ဆလတ်ရွက်က တကြွပ်ကြွပ်နဲ့ တို့စားလို့ ကောင်းသလို ဘူးသီးကြော်နဲ့ အချဉ်နဲ့ တို့စားရတာလည်း ကောင်းပါတယ်။ ခရမ်းချဉ်သီးလေးနဲ့ တွဲပြီး သုပ်စားရင်လည်း အတော်လေး အရသာရှိတာပါ။ ဒီလိုစားလို့ကောင်းတဲ့ ဆလတ်ရွက်လေးက ပုံစံလေးတင် ချစ်စရာကောင်းတာ မဟုတ်သလို စားလို့လည်းကောင်းပြီး ကျန်းမာရေးအတွက်လည်း ထောက်ကူပေးနိုင်ပါသေးတယ်။ ဆလတ်ရွက်က ဘယ်လိုများ ဆေးဖက်ဝင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဆလတ်ရွက်ကပေးတဲ့ အာဟာရ စားလို့ကောင်းတဲ့ ဆလတ်ရွက်မှာ ရေဓာတ် ပရိုတင်း အဆီဓာတ် ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် သကြားဓာတ် ကယ်လ်ဆီယမ် သံဓာတ် မဂ္ဂနီဆီယမ် ဖော့စဖရိတ် ပိုတက်ဆီယမ် ဆိုဒီယမ် ဇင့် ဗီတာမင် B သီရာမင်း နီကာဆင် riboflavin ဗီတာမင် A ဗီတာမင် C ဗီတာမင် E ဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ငရုတ်သီးစိမ်းတွေထဲမှာမှ Jalapeños ကို အကြိုက်ဆုံးဆိုရင်

ငရုတ်သီး အစိုတိုင်းကို ငရုတ်သီးစိမ်းဆိုပြီး စားလေ့ရှိကြပေမယ့် ငရုတ်သီးစိမ်းတွေက အရောင်မျိုးစုံ ရှိနိုင်သလို ငရုတ်သီးမျိုး ကွာခြားမှုအလိုက် ပုံစံတွေလည်း ကွာခြားပါတယ်။ ဒီလို ပုံစံ ကွာခြားနေတဲ့ ငရုတ်သီးစိမ်းတွေထဲကမှ အကြိုက်ဆုံး ငရုတ်သီးစိမ်းက ပုဝဝ ငရုတ်သီးစိမ်းလေးဖြစ်မယ်ဆိုရင်တော့ ဒီငရုတ်သီးစိမ်းလေးနဲ့ နာမည်က Jalapeñosပါ။ Jalapeños  ကပေးတဲ့ အာဟာရ Jalapeños ထဲမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ဗီတာမင် A ဗီတာမင် C ပိုတက်ဆီယမ် capsaicin carotene ဗီတာမင် K ဗီတာမင် Bတို့ ပါဝင်နေပါတယ်။ ငရုတ်သီးစိမ်းတွေထဲမှာမှ Jalapeños ကို အကြိုက်ဆုံးဆိုရင် ငရုတ်သီးစိမ်းတွေထဲမှာမှ Jalapeñosကို အကြိုက်ဆုံးဆိုရင် အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်မှာပါ။ ကင်ဆာ သက်သာစေနိုင်တယ် Jalapeñosမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကင်ဆာဆဲလ်တွေကို ဖြစ်စေနိုင်တဲ့ ဓာတ်တိုးပစ္စည်းတွေကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရှောက်သီးသုပ် ချဉ်ငန်စပ်လေး ကြိုက်ကြလား။

နာမည်ကြားရုံနဲ့တင် သွားရည်ယိုစရာကောင်းတဲ့ ရှောက်သီးသုပ် လေးကို ထမင်းဖြူလေး ဟင်းခါးပူပူလေးနဲ့ ရာသီဥတု အေးအေးလေးမှာ စားရတာက အတော်လေးနှစ်ခြိုက်စရာ ကောင်းပါတယ်။ ရှောက်သီးကို ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ငပိမီးကင်လေး၊ ပုစွန်ခြောက်၊ မြေပဲထောင်းလေး၊ ငရုတ်သီး အလှော်မှုန့်လေးထည့်ပြီး ဆီချက်နိုင်နိုင်လေးနဲ့ သုပ်စားတာက အတော်လေး ထမင်းမြိန်စေနိုင်ပါတယ်။ ရှောက်သီးကို သုပ်စားကြသလို၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲစတဲ့ စားစရာတွေထဲလည်း ထည့်စားကြပါတယ်။ ရှောက်သီးကို ငပိချက် ချက်စားလို့လည်း ရပါတယ်။ ဒီလို စားလို့ ကောင်းတဲ့ ရှောက်သီးလေးက ကျန်းမာရေးကို အထောက်အကူပြုလားဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ရှောက်သီးကပေးတဲ့ အာဟာရဓာတ်တွေ အချဉ်အရသာရှိတဲ့ ရှောက်သီးလေးမှာ ကယ်လ်လိုရီ ကာဗိုဟိုက်ဒရိတ် ပရိုတင်း အဆီ အမျှင်ဓာတ် ဗီတာမင် C သံဓာတ် ကယ်လ်ဆီယမ် ဗီတာမင် B6 Thiamine ပိုတက်ဆီယမ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကင်းပုံရွက် ဆေးဖက်ဝင်သလား .......

ကင်းပုံရွက် ကြော်ချက်လေးစားစား၊ ကန်စွန်းရွက်၊ ဆူးပုတ်ရွက်၊ ဟင်းနုနွယ်ရွက်တို့နဲ့ ကြော်စားစား စားရတာ အရသာရှိတဲ့ အရွက်လေးက စားကောင်းရုံပဲလား ..... ဆေးဖက်ရောဝင်လားဆိုပြီး သိချင်နေတဲ့သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ကဲ .... အလေ့ကျပေါက်လို့ ငယ်ငယ်က ခူးပြီး ပါးပါးလှီးတော့ခဲ့တဲ့ ကင်းပုံရွက်လေးက ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား ..... ကင်းပုံရွက်ဆိုတာ ကင်းပုံရွက်ဆိုတာက နွယ်ပင် တစ်မျိုးပါ။ အစိမ်းရောင် နုနုလေး ဖြစ်နိုင်သလို အရွက်ရင့်လာတာနဲ့အမျှ အရောင်ကလည်း ရင့်လာပါတယ်။ အရွက် ခပ်ဖားဖားလေးနဲ့ ရိုးတံလေးကတော့ ခပ်ကျစ်ကျစ်လေးပါ။ ကင်းပုံရွက်က နေရာတိုင်းလိုလိုမှာ နေရောင်နဲ့ ရေကောင်းကောင်း ရရုံနဲ့ ရှင်သန်နိုင်ပါတယ်။ ခြံစည်းရိုးတွေမှာ အလေ့ကျပေါက်ပြီး တွယ်တက်နေတတ်တဲ့ အပင်လေး တစ်မျိုးပါ။ ကင်းပုံရွက် ဆေးဖက်ဝင်သလား ....... ကင်းပုံရွက် ဆေးဖက်ဝင်သလား ....... ဆိုတော့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

လိုင်ဆင်း (Lysine) နဲ့ ကျန်းမာရေး

လိုင်ဆင်း (Lysine) ဆိုတာက ဘေဘီလေးတွေအတွက်ပဲလို့ ထင်နေတုန်းပဲလား ...... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ဖြစ်အောင် ဖတ်လိုက်ပါ။ လိုင်ဆင်းက ဘေဘီလေးတွေအတွက်တင် မဟုတ်ပါဘူး။ လူကြီးတွေအတွက်လည်း ကျန်းမာရေး ထောက်ကူပေးနိုင်ပါတယ်။ ဘယ်လို ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ လိုင်ဆင်းဓာတ် (Lysine) ဆိုတာ ဘာလဲ။ လိုင်ဆင်း (Lysine)ဆိုတာက အမိုင်နိုအက်ဆစ် တစ်မျိုးပါ။ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးပေါ့။ ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တာကြောင့် နေ့စဉ် စားသုံးမှုတွေကနေဆင့် ရယူနေရတဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးပေါ့။ လိုင်ဆင်းက ကော်လာဂျင် ထွက်ရှိဖို့ ထောက်ကူပေးသလို ခန္ဓာကိုယ်က ကယ်လ်ဆီယမ်တွေကို စုပ်ယူနိုင်အောင်လည်း ကူညီပေးပါတယ်။ သွားနဲ့ အရိုးတွေကို သန်မာစေနိုင်ပြီး အရိုးပါးတာ၊ အရိုးပွတာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးပါတယ်။ လိုင်ဆင်း (Lysine) မပြည့်ဝရင် ဘာတွေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရေကညွတ်လေး စားကြမယ်။

ရေနွေးလေး ဖျောပြီး ပုစွန်ခြောက် မြေပဲတို့ကို ထောင်းပြီး ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ သံပုရာရည်လေး ညှစ်လို့ ဆီချက်နိုင်နိုင်လေးနဲ့ သုပ်စားရင် စားလို့ ကောင်းသလို ဟင်းချက်စားလည်း စားလို့ကောင်းတဲ့ ရေကညွတ်လေး ကို လူတိုင်း စားဖူးမယ်ထင်ပါတယ်။ ဒီ ရေကညွတ်လေး တွေက အမြင်မှာ ချစ်စရာကောင်းသလို စားရတာလည်း ကောင်းတဲ့အပြင် ကျန်းမာရေးကိုလည်း အထောက်အကူပြုပေးပါသေးတယ်။ ဘယ်လိုများ ကျန်းမာရေးကို ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ရေကညွတ် ဆိုတာ ရေကညွတ် ဆိုတာက ငယ်ငယ်က ကစားရင်း ရေစပ်လေးတွေမှာ မြင်ဖူးတဲ့ အရိုးနီနီနဲ့ အရွက်လေးတွေက ပန်းပွင့်လေးလို လိပ်လိပ်ခွေခွေလေးဖြစ်နေတဲ့ အလေ့ကျပေါက်ပင်လေး တစ်မျိုးပါ။ ရိုးတံရဲ့ အဆစ်ကနေ အပင်လေးတွေ ထွက်တတ်ပါတယ်။ ရေစပ်တွေမှာ အစုလိုက် ပေါက်တတ်ပြီး အင်းအိုင်တွေ၊ ရေတက်ရေကျရှိတဲ့ ရေရှင်တွေမှာ အများဆုံး […]


အာဟာရဆိုင်ရာ အချက်အလက်များ

နာနတ်ပင်ရဲ့ အရွက် ဆေးဖက်ဝင်သလား။

နာနတ်လို့ မြင်လိုက်ရင် အသီးကိုပဲ စားလို့ရတာ၊ အခွံဆိုလည်း သေချာ သင်မှ အသီးအပေါ်က အပင်ဆို ပြန်စိုက်ရုံကလွဲလို့ ဘာမှ အသုံးမဝင်ဘူးလို့ ယူဆကြတာက ခပ်များများပါ။ ဒီအယူအဆက တကယ်ပဲ မှန်ရဲ့လား။ နာနတ်ပင်ရဲ့ အရွက် တွေက ပြန်သုံးလို့ မရဘူးလား။ သုံးလို့ရတယ်ဆိုရင်ရော ဘယ်လိုများ သုံးလို့ရတာလဲ။ ဆေးဖက်ရောဝင်လားဆိုပြီး သိချင်နေပြီလား။ ဒီအဖြေကို တိတိကျကျလေး သိနိုင်ဖို့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ နာနတ်ပင်ရဲ့ အရွက် ဆိုတာ နာနတ်ပင်ရဲ့ အရွက် ဆိုတာ နာနတ်သီး အပေါ်က အစိမ်းရင့်ရောင် ဆူးချွန်ပုံစံ အရွက်ရှည်ရှည်တွေပါ။ မာကျောကျော ရှိပြီး အခန့်မသင့်ရင် လက်တောင် ရှနိုင်ပါတယ်။ အရွက်လို့ ခေါ်သလို နာနတ်ပင်လို့လည်း ခေါ်ပါတယ်။ နာနတ်ပင်ရဲ့ အရွက်က စားလို့ ရလား။ နာနတ်ပင်ရဲ့ အရွက်က အခြား အရွက်တွေလိုပဲ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)