backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဆလတ်ရွက် နဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆလတ်ရွက် နဲ့ ကျန်းမာရေး

အစိမ်းနုရောင် အရွက်ဖျားတွန့်တွန့်လေးတွေနဲ့ ခပ်ဖားဖား ဆလတ်ရွက်က တကြွပ်ကြွပ်နဲ့ တို့စားလို့ ကောင်းသလို ဘူးသီးကြော်နဲ့ အချဉ်နဲ့ တို့စားရတာလည်း ကောင်းပါတယ်။ ခရမ်းချဉ်သီးလေးနဲ့ တွဲပြီး သုပ်စားရင်လည်း အတော်လေး အရသာရှိတာပါ။

ဒီလိုစားလို့ကောင်းတဲ့ ဆလတ်ရွက်လေးက ပုံစံလေးတင် ချစ်စရာကောင်းတာ မဟုတ်သလို စားလို့လည်းကောင်းပြီး ကျန်းမာရေးအတွက်လည်း ထောက်ကူပေးနိုင်ပါသေးတယ်။ ဆလတ်ရွက်က ဘယ်လိုများ ဆေးဖက်ဝင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

ဆလတ်ရွက်ကပေးတဲ့ အာဟာရ

စားလို့ကောင်းတဲ့ ဆလတ်ရွက်မှာ

ဆလတ်ရွက် နဲ့ ကျန်းမာရေး

ဆလတ်ရွက် နဲ့ ကျန်းမာရေး

ရေဓာတ် ပါဝင်မှုများတဲ့ ဆလတ်ရွက်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စိုက်ပျိုးခဲ့တာပါ။ ဒီဆလတ်ရွက်လေးက အခုလိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

အရောင်ကျစေနိုင်တယ်

ဆလတ်ရွက်မှာ အရောင်ကျစေနိုငတဲ့ အာနိသင် ပါဝင်နေပါတယ်။ ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို သက်သာစေနိုင်သလို ခန္ဓာကိုယ် ပြင်ပကရောင်ရမ်းမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။

သွေးတွင်း ကိုလက်စထရော ကျဆင်းစေနိုင်တယ်

ဆလတ်ရွက်က သွေးထဲက အကျိုးမပြု ကိုလက်စထရောကို ကျဆင်းစေနိုင်တာကြောင့် သွေးတွင်းအဆီများတာကို လျှော့ချပေးနိုင်သလို ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ နှလုံးသွေးကြောကျဉ်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

အိပ်ပျော်စေနိုင်တယ်

ဆလတ်ရွက်ကို ရှေးယခင်ကာလတွေကတည်းက ညဘက်တွေ ကောင်းကောင်း အိပ်ပျော်စေဖို့ အသုံးပြုကြပါတယ်။ ဆလတ်ရွက် အဆီအနှစ်က အာရုံကြောတွေကို ပြေလျော့စေနိုင်ပြီး ညဘက်တွေမှာ ကောက်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ညဘက်ကောင်းကောင်း အိမ်မပျော်တဲ့သူတွေ စားပေးလို့ ရပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်

ဆလတ်ရွက်မှာလည်း အခြားသော ဟင်းရွက်တွေလိုပဲ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်ကို ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးသလို ကင်ဆာ၊ ဆီးချိုတို့လိုမျိုး နာတာရှည် ရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေပြီး ကျန်းမာနေစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်

ဆလတ်ရွက်က ဘက်တီးရီးယားတွေကို ကောင်းကောင်း တိုက်ဖျက်ပေးနိုင်ပါတယ်။ ဆလတ်ရွက်မှာပါတဲ့ Biochemicals တွေနဲ့ အင်ဇိုင်းတွေက ဘက်တီးရီးယားတွေကြောင့် ထိခိုက်မှု ကင်းစေဖို့ အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာတွေကို ပိုးမဝင်စေဖို့လည်း သတ္တုရည်ကို အသုံးပြုပေးလို့ ရပါတယ်။

စိတ်ဖိစီးမှု ပြေလျော့စေတယ်

ဆလတ်ရွက်ရဲ့ နောက်ထပ် အာနိသင်တစ်ရပ်က အာရုံကြောတွေကို သက်တောင့်သက်သာဖြစ်စေပြီး စိတ်ဖိစီးတာ၊ စိုးရိမ်စိတ် များတာတွေကို သက်သာစေနိုင်ပါတယ်။ သိမြင်မှု စွမ်းရည်ကို ကောင်းမွန်စေသလို စိတ်ဖိစီးမှုကိုလည်း ပြေလျော့စေနိုင်ပါတယ်။

ကိုယ်အလေးချိန် ထိန်းပေးတယ်

ဆလတ်ရွက်မှာ ရေဓာတ် ပါဝင်မှု များသလို အမျှင်ဓာတ်လည်း ကြွယ်ဝတာကြောင့် အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ကို ကောင်းကောင်း ထိန်းညှိပေးနိုင်ပါတယ်။ ဝိတ်ချချင်သူတွေ စိတ်ကြိုက် စားပေးလို့ရတဲ့ အရွက်လေး တစ်မျိုးပါ။

အသားအရေ လှစေတယ်

ရေဓာတ် ကြွယ်ဝသလို ဗီတာမင် C နဲ့ ဗီတာမင် A ပါဝင်နေမှုက အသာအးရေ လှစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အရေပြားကို ခြောက်သွေ့မှု ကင်းစေပြီး ဝက်ခြံ အမာရွတ်တွေ သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဝမ်းမှန်စေတယ်

ဆလတ်ရွက်က အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ဍ္ဎမ်းမှန်စေဖို့လည်း ထောက်ကူပေးပါတယ်။ ရေဓာတ်ပါဝင်မှုကလည်း ဝမ်းချုပ်မှု ကင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

ကဲ ….. ချစ်စရာကောင်းတဲ့ ဆလတ်ရွက် စားလို့ ကောင်းရုံတင် မဟုတ်ဘဲ အခုလိုလည်း ကျန်းမာရေးကို ထောက်ကူပေးနိုင်ပါတယ်နော်။

ဘယ်သူတွေ မစားသင့်ဘူးလဲ။

ဆလတ်ရွက်က ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့်

  • အသက် အရမ်းကြီးတဲ့သူတွေ
  • ၅ နှစ်အောက် ကလေးတွေ
  • ရောဂါအခံ တစ်ခုခု ရှိတဲ့သူတွေ
  • ကိုယ်ဝန်ဆောင်တွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement