ကင်မ်ချီက သွေးတွင်းကိုလက်စထရော ကျဆင်းစေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် နှလုံး ကျန်းမာစေနိုင်ပါတယ်။ ချင်း (ဂျင်း) နဲ့ ငရုတ်သီးပါဝင်မှုကလည်း နှလုံးရောဂါ မဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။
အပြင်းအထန် ရောင်ရမ်းမှုတွေ၊ နာတာရှည် ရောင်ရမ်းမှုတွေကို သက်သာစေဖို့အတွက်လည်း ကင်မ်ချီ စားပေးလို့ ရပါတယ်။ ကင်မ်ချီမှာပါတဲ့ အကျိုးပြုဘက်တီးရီးယားတွေက အစာခြေစနစ် အပါအဝင် ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။
အစာခြေစနစ်ကို ကျန်းမာစေပြီး ဦးနှောက်အတွက် လိုအပ်တဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ ရရှိစေတာကြောင့် ဦးနှောက် ကျန်းမာစေဖို့အတွက် ကင်မ်ချီ စားပေးလို့ ရပါတယ်။ အာရုံကြောစနစ်ကို ကျန်းမာစေသလို ဦးနှောက်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။
ကင်မ်ချီရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ရပ်က ဝိတ်ကျစေနိုင်တာပါ။ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံအတွက် ကင်မ်ချီကို ရွေးချယ်လို့ ရပါတယ်။ အလွန်အကျွဲ စားသုံးတာမဟုတ်ဘဲ ထိုက်သင့်တဲ့ ပမာဏ စားသုံးပေးတာက ကိုယ်အလေးချိန်ကျစေဖို့ ထောက်ကူပေးနိုင်မှာပါ။
ကင်မ်ချီမှာ ဘီတကယ်လ်ရိုတင်း ကြွယ်ဝစွာ ပါဝင်နေသလို ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတာကြောင့် မျက်လုံး နဲ့ အမြင်အာရုံကို ကျန်းမာစေနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာတွေကို သက်သာစေဖို့အတွက်လည်း ကင်မ်ချီ စားပေးလို့ ရပါတယ်။
ကင်မ်ချီမှာပါတဲ့ အကျိုးပြုဘက်တီးရီးယားတွေက မှိုပိုးကူးစက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လေဒီတွေမှာ ဖြစ်တတ်တဲ့ မိန်းမကိုယ် မှိုပိုးဝင်တာကို သက်သာစေနိုင်သလို အခြားသော အရေပြားမှိုပိုး ကူးစက်တာ၊ ပိုးဝင်ကူးစက်တာတွေကို သက်သာစေနိုင်ပါတယ်။
ကင်မ်ချီကို ဆီးချို ကာကွယ်ဖို့ရော ကုသဖို့အတွက်ပါ စားပေးလို့ ရပါတယ်။ အင်ဆူလင် တုံ့ပြန်နိုင်စွမ်းကို ကောင်းစေပြီး ရုတ်တရက် သွေးတွင်းသကြားဓာတ်မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။
ကဲ … ကင်မ်ချီကြိုက်သူလေးတွေက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။