backup og meta

သဖန်းသီး နဲ့ ကျန်းမာရေး

သဖန်းသီး နဲ့ ကျန်းမာရေး

ချဉ်ပေါင်ဟင်းလေး ငရုတ်သီးဆားထောင်းလေးနဲ့ ထမင်းကိုနယ်ပြီး ရေစိမ်ထားတဲ့ သဖန်းသီး ကြွပ်ကြွပ်လေးကို တို့စားရတာက အတော်လေး အရသာရှိလှပါတယ်။ ဒီ သဖန်းသီးလေးတွေက ပင်စည်မှာ အခိုင်လိုက် ကပ်ပေါက်တတ်ပြီး အတွင်းမှာ ဝါးစားလို့ရတဲ့ အစေ့လေးတွေ ပါပါတယ်။ အစိမ်းရောင် ရှိပြီး မှည့်လာတဲ့အခါ နီနီရဲရဲလေးနဲ့ ချစ်စရာ ကောင်းပါတယ်။

သဖန်းသီးကို ဒီအတိုင်း တို့စားတာ ရှိသလို ဆားရည်စိမ် စားတာမျိုးလည်း ရှိပါတယ်။ ဒီလို စားကောင်းတဲ့ သဖန်းသီးက ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

သဖန်းသီး ဆိုတာ

သဖန်းသီး ဆိုတာ သဖန်းပင်ရဲ့ အသီးပါ။ အရိပ်ရတဲ့ အပင်ကြီးမျိုးပါ။ ပင်စည်မှာ ကပ်ပေါက်တတ်ပါတယ်။ သဖန်းကို ရေသဖန်းနဲ့ ကုန်းသဖန်းဆိုပြီး ခွဲခြားထားပါတယ်။ အပေါ်ခွံ ထူထူလေးနဲ့ အတွင်းမှာ ဝါးစားလို့ရတဲ့ အစေ့လေးတွေ ပါပါတယ်။ အခွံပါ ဝါးစားလို့ ရပါတယ်။

သဖန်းသီး အစိမ်းကိုရော အမှည့်ကိုပါ ဒီအတိုင်း စားလို့ ရပါတယ်။

သဖန်းသီးမှာပါတဲ့ အာဟာရ

သဖန်းသီးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

သဖန်းသီး နဲ့ ကျန်းမာရေး

သဖန်းသီး နဲ့ ကျန်းမာရေး

စားလို့ ကောင်းတဲ့ သဖန်းသီးက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

ကိုယ်ခံအား ကောင်းစေနိုင်တယ်။

သဖန်းသီးက ဗီတာမင် C ကြွယ်ဝတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အအေးမိ၊ ဖျားနာတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ ဗီတာမင် C ကြွယ်ဝမှုက သံဓာတ် စုပ်ယူမှု ကောင်းစေပြီး သွေးအားနည်းရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

အရိုးတွေ သန်မာစေတယ်။

သဖန်းသီး စားပေးတာက ခန္ဓာကိုယ်အတွက် ကယ်လ်ဆီယမ် ပြည့်ဝစေပြီး အရိုးသိပ်သည်းဆ လျော့ကျတာကို သက်သာစေနိုင်သလို အရိုးပါးတာ၊ အရိုးပွတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။

အရိုးတွေကို သန်မာစေပြီး အရိုးကျိုးလွယ်တာကို ကာကွယ်ပေးပါတယ်။ အရိုးအက်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဝိတ်ကျစေနိုင်တယ်။

အမျှင်ဓာတ် ကြွယ်ဝမှုက အဆာခံစေနိုင်ပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝမှုက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးရောဂါနဲ့ ဆီးချိုရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

အဆီကျစေပြီး ကြွက်သားတက်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ခန္ဓာကိုယ် ကြွက်သားတက်အောင် လေ့ကျင့်နေသူတွေလည်း စားပေးလို့ ရပါတယ်။

အရေပြားနဲ့ ဆံသား ကျန်းမာစေနိုင်တယ်။

ဆံသား၊ အရေပြား နဲ့  လက်သည်ခြေသည်းလေးတွေ ကျန်းမာသန်စွမ်းစေဖို့လည်း သဖန်းသီး စားပေးလို့ ရပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝမှုနဲ့ ဗီတာမင် C ပါဝင်မှုက အသားအရေကို ကျန်းမာစေပြီး ဆံသားကို သန်စွမ်းစေဖို့ ထောက်ကူပေးပါတယ်။ ကော်လာဂျင် ထွက်ရှိမှုကို လှုံ့ဆော်ပေးပြီး ခြေသည်းလက်သည်းတွေ ကျိုးပဲ့တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဆံပင်ကျွတ်တာကို သက်သာစေနိုင်ပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို နာတာရှည်ရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

မှတ်ဉာဏ် ကောင်းစေနိုင်တယ်။

သဖန်းသီးရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်က ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် မှတ်ဉာဏ်တိုးတက်စေဖို့ ထောက်ကူပေးပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် မှတ်မိနိုင်စွမ်းကျတာကို ကာကွယ်ပေးပါတယ်။ အာရုံကြောတွေကို ကျန်းမာစေပြီး အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် ကာကွယ်ပေးသလို အသက်အရွယ်ကြောင့် မှတ်မိနိုင်စွမ်း ကျလာတာကို သက်သာစေနိုင်ပါတယ်။

ဆီးချိုကာကွယ်ပေးတယ်

သဖန်းသီးစားသုံးပေးတာက ဆီးချို ကာကွယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ သဖန်းသီးမှာ ဗီတာမင် E၊ sterols၊ coumarins၊ tannins နဲ့ အခြားသော bioactive compoundsတွေ ပါဝင်နေတာကြောင့် ဆီးချို ကာကွယ်ပေးနိုင်ပါတယ်။

အမျှင်ဓာတ် ပါဝင်နေမှုက အစားစားပြီးချိန်မှာ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

သွေးတိုးကျစေနိုင်တယ်။

သဖန်းသီးမှာ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးတိုးကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးကျစေဖို့ဆိုရင် သဖန်းသီးစားပေးလို့ ရပါတယ်။

ကဲ …. သဖန်းသီးစားတာက အခုလို အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

6 Fantastic Health Benefits Of Fig https://pharmeasy.in/blog/6-fantastic-health-benefits-of-fig/ Accessed Date 23 February 2022

Can figs be beneficial to our health? https://www.medicalnewstoday.com/articles/327207 Accessed Date 23 February 2022

Figs: Health Benefits & Nutrition https://www.organicfacts.net/health-benefits/fruit/health-benefits-of-figs-or-anjeer.html Accessed Date 23 February 2022

ယခုပုံစံ

23/02/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Loquat ရဲ့ ကျန်းမာရေး အာနိသင်

ကျန်းမာရေးအတွက် နှင်းသီး စားပေးသင့်တဲ့ အကြောင်းပြချက် ၁၄ ချက်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 23/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement