အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

မှိုတက်တို့ဖူး စားလို့ရမရ

ဆိုရှယ်မီဒီယာမှာ အမွေးလေးတွေ ထွက်နေတဲ့ တို့ဖူးတွေကို စားနေကြတာ တွေ့ဖူးကြမှာပါ။ မြန်မာမှာဆို ရှမ်းပြည်ဘက်က လူတွေ စားကြပါတယ်။ တကယ်တော့ အဲ့တာလေးတွေက မှိုတက်တို့ဖူး တွေပါ။ မှိုတက်နေတာကြီးက စားလို့ရလို့လား။ ကျန်းမာရေးတွေ ဘာတွေ ထိခိုက်နိုင်မလားဆိုပြီး မေးကြတာလည်း ရှိလို့ ဒီဆောင်းပါးလေးမှာ ရှင်းပြပေးပါတယ်။ မှိုတက်တို့ဖူး ဆိုတာ မှိုတက်တို့ဖူးလို့ အလွယ်ပြောပေမယ့် တကယ်က အစားအသောက်တွေ မကောင်းလို့ မှိုတက်နေတာမျိုးတော့ မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် သူက မှိုတက်အောင် အချဉ်ဖောက်ထားတာ ဖြစ်ပါတယ်။ သူရဲ့ ဌာနေကတော့ တို့ဖူးကို နှစ်ခြိုက်စွာစားသုံးကြတဲ့ တရုတ်နိုင်ငံ၊ အန်းဟွေ့ပြည်နယ်ကပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ပုံစံက မှိုတက်နေတယ်လို့ ထင်ရပေမယ့် အနီးစပ်ဆုံး သူနဲ့တူတဲ့ အစားအစာတွေကတော့ ချိစ်တွေ၊ ဒိန်ချဉ်တွေပါ။ ဒါတွေကလည်း အချဉ်ဖောက်ထားပြီး စားလို့ရတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ https://wp.hellosayarwon.com/healthy-eating/sauerkraut-benefits/ မှိုတက်တို့ဖူး […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ကနဖော့ ဆေးဖက်ဝင်လား

ကနဖော့ ဆိုတာက ကန်စွန်းရွက်လိုပဲ ရေထဲမှာ ပေါက်လေ့ရှိတဲ့ အပင်တစ်မျိုးပါ။ အလေ့ကျပေါက်ပင် တစ်မျိုးပေါ့။ ငယ်ငယ်က ရေမြောင်းထဲမှာ အလေ့ကျပေါက်ရောက်နေတာကို ခူးပြီးတော့တောင် ဆော့ခဲ့ဖူးပါတယ်။ ဒီလို အလေ့ကျပေါက်တဲ့ ကနဖော့ကို ချဉ်ရည်ချက်စားတာ၊ ပြုတ်တို့တာအပြင် ကြော်စား၊ သုပ်စားလို့လည်း ရပါတယ်။ ကြက်သွန်နီ၊ ဆီချက်၊ မြေပဲထောင်း၊ ပုဇွန်ခြောက်မှုန့်တို့၊ သံပုရာရည်၊ ငရုတ်သီးစိမ်းတို့နဲ့ သုပ်ပြီး ရေနွေးကြမ်းပူပူလေးနဲ့ စားရင် အတော်လေး အရသာရှိတဲ့ ကနဖော့က ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ကနဖော့ ဆိုတာ ကနဖော့ ဆိုတာ ထွေထွေထူးထူး ပြောပြစရာ မလိုဘဲ လူတိုင်းလိုလို သိပြီး ဖြစ်မှာပါ။ အရွက်ရော ရိုးတံပါ စိမ်းနေပြီး အရွက် ချွန်ချွန်လေးနဲ့ အရိုးပွပွလေး ရှိသလို ရိုးတံ နီနီလေးနဲ့လည်း ရှိပါတယ်။ ရေထဲမှာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဒရင်ကောက်ပင် ကပေးတဲ့ ကျန်းမာရေး

ဒရင်ကောက်ပင် ဆိုတာက နေ့စဉ် စားသုံးနေကျ ကန်စွန်းရွက်တွေလိုမျိုး တရင်းတနှီး မရှိပေမယ့် လုံးဝ မရင်းနှီးတာမျိုးတော့ မဟုတ်ပါဘူး။ ကြားဖူးနားဝတော့ ရှိသလို နည်းနည်းကျဉ်းကျဉ်းလောက်တော့ စားဖူးမိနိုင်ပါတယ်။ ပုံစံလေး ဆန်းတဲ့ ဆေးဖက်ဝင် အပင်အနေနဲ့ လူသိများလာတဲ့ ဒရင်ကောက်ပင်က ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဒရင်ကောက်ပင် ဆိုတာ ဒရင်ကောက်ပင် ဆိုတာက ရိုးတံ ခပ်ပျော့ပျော့နဲ့ နွယ်ပင်လိုပုံစံ ရှိတဲ့ အပင်ငယ်လေးတွေပါ။ ထိပ်ပိုင်းမှာ အရွက်လိပ်ခွေခွေလေးတွေက " ဋ " ပုံစံ ဖြစ်နေတာကြောင့် ဒရင်ကောက်ပင်လို့ ခေါ်ကြတာပါ. ဒရင်ကောက်ပင်ကို စားသုံးတဲ့အခါ အရွက်ဖျား ထိပ်ပိုင်း နုနုခွေခွေလေးတွေကိုပဲ စားကြတာ များပါတယ်။ ဟင်းသီးဟင်းရွက် တစ်မျိုးအဖြစ် ဒေသခံ အမေရိက လူမျိုးတွေနဲ့ ပြင်သစ်နိုင်ငံ မြောက်ပိုင်း ဒေသခံတွေက […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆင်ခရမ်းချဉ်သီး ကျန်းမာစေသလား။

ခရမ်းချဉ်သီးတွေမှာ ပန်းခရမ်းချဉ်သီး၊ ချယ်ရီခရမ်းချဉ်သီး၊ ကိုင်းခရမ်းချဉ်သီး၊ ဆင်ခရမ်းချဉ်သီး ဆိုပြီး အမျိုးမျိုး ရှိကြပါတယ်။ ခရမ်းချဉ်သီး မျိုးရင်းဆိုပေမယ့် အနှစ်များတာ၊ အသားထူတာ၊ အရသာက အချဉ်စူးတာ၊ ချိုတာ၊ အခါးဘက်လုတာဆိုပြီး အမျိုးမျိုး ရှိကြပါတယ်။ ဒီလို ခရမ်းချဉ်သီး အမျိုးမျိုး ရှိတဲ့အထဲကမှ ဆင်ခရမ်းချဉ်သီးက ကျန်းမာရေးအတွက် ဘယ်လို ထောက်ကူပေးလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဆင်ခရမ်းချဉ်သီး ဆိုတာ ဆင်ခရမ်းချဉ်သီး ဆိုတာက ခရမ်းချဉ်သီး တစ်မျိုးပါပဲ။ အခွံက မမှည့်ခင်မှာ အစိမ်းရောင်ဖြစ်ပြီး မှည့်လာချိန်မှာ အနီရောင်၊ အဝါရောင် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ အသားက အခြား ခရမ်းချဉ်သီးတွေထက် ထူပြီး နည်းနည်းလည်း မာပါတယ်။ အရသာက နည်းနည်းလေး သက်ပါတယ်။ ရခိုင်ဟင်းလျာတွေထဲမှာ အများဆုံး ပါတတ်ပါတယ်။ ဆင်ခရမ်းချဉ်သီးမှာပါတဲ့ အာဟာရဓာတ်တွေ ဆင်ခရမ်းချဉ်သီးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ဗီတာမင် A […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရှမ်းချဉ်ထဲက ပဲပိုးတီ စားကောင်းရုံပဲလား။

ရှမ်းခေါက်ဆွဲ၊ မြီးရှည်တို့နဲ့ တွဲစားလေ့ရှိတဲ့ မုန်ညှင်း၊ ကိုက်လန်၊ မုန်လာဥနီ၊ ဂျူးမြစ်၊ ကြွက်နားရွက်မှို၊ ကြက်သွန်ဥတို့နဲ့အတူ တကြွပ်ကြွပ် ဝါးစားလို့ကောင်းတဲ့ ပဲပိုးတီလေးတွေကို စားဖူးကြမယ် ထင်ပါတယ်။ ပဲပိုးတီ မပါတဲ့ အချဉ်တွေ ရှိသလို ပဲပိုးတီကို ကြိုက်လွန်းလို့ ပဲပိုးတီ ပါတဲ့ အချဉ်ကို ရွေးစားတဲ့သူတွေလည်း ရှိမယ် ထင်ပါတယ်။ ဒီတစ်ခေါက်တော့ တကြွပ်ကြွပ်နဲ့ ဝါးစားလို့ ကောင်းတဲ့ ပဲပိုးတီလေးတွေက စားကောင်းရုံပဲလား။ ကျန်းမာရေးကိုရော ထောက်ကူပေးသလားဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ ပဲပိုးတီ ဆိုတာ ပဲပိုးတီကို အစိမ်းလိုက်ထက် ရှမ်းချဉ်တွေထဲမှာပဲ တွေးဖူးကြတာ များမယ် ထင်ပါတယ်။ တကယ်ကတော့ ပဲပိုးတီက အသီးလေးတွေ မဟုတ်သလို အစေ့လည်း မဟုတ်ပါဘူး။ အရွက် အစိမ်းရောင် အပင် ခပ်ရွယ်ရွယ်လေးတွေရဲ့ မြေအောက်ထဲမှာ နစ်နေတဲ့ ဥလေးတွေပါ။ ကန်စွန်းဥတို့ အာလူးတို့လို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြွက်နားရွက်မှို ကြိုက်ကြလား။

ကြာဇံချက်၊ ကြာဇံဟင်းခါး၊ ကော်ရည်ခေါက်ဆွဲတွေထဲမှာ အများဆုံး ပါလေ့ရှိပြီး ထမင်းပေါင်း၊ အစိမ်းကြော်တွေထဲမှာလည်း ထည့်စား​ကြသလို ဒီအတိုင်း သုပ်စားရင်လည်း စားကောင်းတဲ့ ကြွက်နားရွက်မှိုကို ကြိုက်ကြလား။ အဖြေက ကြိုက်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ စားလိုက်ရင် တထုတ်ထုတ်နဲ့ စားလို့ကောင်းတဲ့ ကြွက်နားရွက်မှိုလေးက စားလို့ ကောင်းရုံတင် မဟုတ်ဘဲ ကျန်းမာရေးကိုလည်း ထောက်ကူပေးပါတယ်။ အသေးစိတ်ကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ကြွက်နားရွက်မှို ဆိုတာ ကြွက်နားရွက်မှို ဆိုတာက မှိုတစ်မျိုးပါ။ အညိုရောင် ကနေ အမည်းရောင်အထိ အမျိုးမျိုး ရှိပြီး ခပ်ပျော့ပျော့နဲ့ နားရွက်လေးတွေမျိုး သစ်တုံးလေးတွေမှာ ကပ်ပေါက်တတ်သလို ကောက်ရိုးမြေဆွေးတွေ လုပ်ထားတဲ့ အထုပ်လေးတွေမှာလည်း ကပ်ပြီး ပေါက်တတ်ပါတယ်။ ကြွက်နားရွက်မှိုက အရှေ့တောင်အာရှဒေသ မျိုးရင်းပင်တစ်မျိုးပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်က စတင်တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ ကြွက်နားရွက်မှိုက အနာကျက်စေနိုင်တဲ့ အစွမ်းအာနိသင်ရှိတာကြောင့် စားသုံးသုံးစွဲခဲ့ကြတာပဲဖြစ်ပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကင်ပွန်းချဉ်ရွက် ကျန်းမာရေးအတွက် ကောင်းသလား

ချဉ်ရည်ဟင်း ကျဲကျဲ အရည်သောက်လေးပဲ ချက်ချက်၊ ငါးလေးနဲ့ပဲ ချဉ်ရည် ချက်ချက်၊ ကြော်ပဲစားစား စားလို့ကောင်းတဲ့ ကင်ပွန်းချဉ်ရွက်ကို သဘောတကျ စားနေလေ့ရှိတဲ့ သူလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ကင်ပွန်းချဉ်ရွက်က စားလို့ကောင်းရုံတင်လား ဆိုတော့ မဟုတ်ပါဘူး။ ကျန်းမာရေးကိုလည်း အထောက်အကူပြုပေးနိုင်ပါတယ်။ ကင်ပွန်းချဉ်ရွက်ကို စားသုံးပေးတာက ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ ကင်ပွန်းချဉ်ရွက် ဆိုတာ ကင်ပွန်းချဉ်ရွက် ဆိုတာ ကင်ပွန်းပင်ရဲ့ အရွက်ပါ။ အပင်ကြီးမျိုးပါ။ ရိုးတံမှာ အဆူးလေးတွေပါပြီး အရွက်လေးတွေက သေးသေးလေးတွေနဲ့ အခိုင်လိုက်ရှိပါတယ်။ ကင်ပွန်းရွက်ကို စားကြပေမယ့် အသီးနဲ့ အခေါက်ကိုတော့ ဆံသားနဲ့ အရေပြား ကျန်းမာရေးအတွက် အသုံးပြုကြပါတယ်။ နုတဲ့အချိန်မှာ ပန်းရောင်ရင့်ရင့်လေး ရှိပြီး ရင့်လာတဲ့အခါ အစိမ်းရောင် ပြောင်းလာပါတယ်။ ချဉ်တဲ့အရသာရှိပြီး ခံတွင်းရှင်းစေတဲ့ ဟင်းလျာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်ဟင်းခါးညွန့် စားပေးသင့်တဲ့ အကြောင်းအရင်း

ကြက်ဟင်းခါးသီးကို ဆေးဖက်ဝင်တယ်လို့ သိထားပြီး ဖြစ်ပေမယ့် ကြက်ဟင်းခါးညွန့် ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကိုတော့ သိသူက ခပ်ရှားရှားပါ။ ဒါပေမယ့် ကြက်ဟင်းခါးညွန့်ကို ဗိုင်းရပ်စ်တွေ တိုက်ဖျက်ဖို့၊ ငှက်ဖျား၊ ဝက်သက်လိုမျိုး ကျန်းမာရေး ပြဿနာတွေ သက်သာစေဖို့ အရင်ကတည်းက အသုံးပြုခဲ့ကြသလို ဆီးချို ကျစေဖို့ သွေးတိုးသက်သာစေဖို့နဲ့ ကလေးမွေးဖွားရလွယ်ကူစေဖို့ ရှေးယခင် ကာလတွေကတည်းက အသုံးပြုခဲ့ကြပါတယ်။ ဒီတစ်ခေါက်တော့ ကြက်ဟင်းခါးညွန့် ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ကြက်ဟင်းခါးညွန့် ဆိုတာ ကြက်ဟင်းခါးညွန့် ဆိုတာ ကြက်ဟင်းခါးပင်ရဲ့ အရွက်နုလေးတွေပါ။ အစိမ်းနုရောင်လေး ရှိပြီး အရွက်လေးတွေက ရွက်မြှောင်း ၃ ခု ၄ ခုလောက် ရှိပါတယ်။ အနားလေးတွေက ခပ်တွန့်တွန့်လေးနဲ့ နွယ်တက်နေတဲ့ အပင်လေးတစ်မျိုးပါ။ အတို့အမြှုပ်အဖြစ် စားကြပြီး ဆေးဖြစ်ဝါးဖြစ်ရယ် ဆိုတာထက် ဟင်းလျာ တစ်ရပ်အနေနဲ့ စားကြတာများပါတယ်။ အာရှဒေသအတော်များများမှာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဇီးပန်းသီးလေး စားတဲ့အခါ

အစိမ်းရောင် ဖျော့ဖျော့လေးနဲ့ အတွင်းသားကဖြူဖြူ စားလိုက်ရင် အသားမွမွ ချိုချိုလေးနဲ့ ပန်းသီးအသေးစားအရွယ်လောက်ရှိပြီး ပန်းသီးနဲ့ ပုံစံလေး တူတာကြောင့် ဇီးပန်းသီးလို့ ခေါ်တဲ့ အသီးလေးကို ကြိုက်လား ...... ဒါဆိုရင်တော့ ဇီးပန်းသီး က ဘယ်လိုမျိုး ကျန်းမာရေးကို ထောက်ပံ့ပေးလဲဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်စေချင်ပါတယ်။ ဇီးပန်းသီး ဆိုတာ ဇီးပန်းသီး ဆိုတာ အသားခပ်မွမွ ချိုချိုလေးနဲ့ အရည်ရွှမ်းတဲ့ အသီး တစ်မျိုးပါ။ အခြား သစ်သီးတွေလိုပဲ အစိမ်းလိုက် စားလို့ ရပါတယ်။ ဖျော်သောက်ကြတာ ရှိသလို အသီးကို ဆားနဲ့ငရုတ်သီးမှုန့်လေးနဲ့ အရသာမှုန့် လုပ်ပြီးတော့လည်း စားလို့ ရပါတယ်။ အသီးအရွယ်အစားကတော့ ခပ်သေးသေးကနေ ပန်းသီး အသေးစား အရွယ်လောက်ထိ ရှိပါတယ်။ ဇီးပန်းသီးမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ။ စားလို့ကောင်းတဲ့ ဇီးပန်းသီးမှာ အခုလို အာဟာရဓာတ်လေးတွေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သဖန်းသီး နဲ့ ကျန်းမာရေး

ချဉ်ပေါင်ဟင်းလေး ငရုတ်သီးဆားထောင်းလေးနဲ့ ထမင်းကိုနယ်ပြီး ရေစိမ်ထားတဲ့ သဖန်းသီး ကြွပ်ကြွပ်လေးကို တို့စားရတာက အတော်လေး အရသာရှိလှပါတယ်။ ဒီ သဖန်းသီးလေးတွေက ပင်စည်မှာ အခိုင်လိုက် ကပ်ပေါက်တတ်ပြီး အတွင်းမှာ ဝါးစားလို့ရတဲ့ အစေ့လေးတွေ ပါပါတယ်။ အစိမ်းရောင် ရှိပြီး မှည့်လာတဲ့အခါ နီနီရဲရဲလေးနဲ့ ချစ်စရာ ကောင်းပါတယ်။ သဖန်းသီးကို ဒီအတိုင်း တို့စားတာ ရှိသလို ဆားရည်စိမ် စားတာမျိုးလည်း ရှိပါတယ်။ ဒီလို စားကောင်းတဲ့ သဖန်းသီးက ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ သဖန်းသီး ဆိုတာ သဖန်းသီး ဆိုတာ သဖန်းပင်ရဲ့ အသီးပါ။ အရိပ်ရတဲ့ အပင်ကြီးမျိုးပါ။ ပင်စည်မှာ ကပ်ပေါက်တတ်ပါတယ်။ သဖန်းကို ရေသဖန်းနဲ့ ကုန်းသဖန်းဆိုပြီး ခွဲခြားထားပါတယ်။ အပေါ်ခွံ ထူထူလေးနဲ့ အတွင်းမှာ ဝါးစားလို့ရတဲ့ အစေ့လေးတွေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကတွတ်ယိုလေး စားကြရာဝယ်

ထန်းလျက် နိုင်နိုင်လေးနဲ့ ကျိုထားတဲ့ ကတွတ်ယိုလေး စားရတာက အရသာရှိသလို ရင်ထဲကို အေးသွားစေပါတယ်။ ကတွတ်ယို ဆိုတာက ကတွတ်သီး မှည့်မှည့်လေးတွေကို ယိုထိုးထားတာပါ။ ငယ်ငယ်က ကျိုက်ထီးရိုးပြန် လက်ဆောင်ဆိုပြီး စားခဲ့ရတဲ့ ယိုတွေထဲက သဘောအကျဆုံး ယိုလေး တစ်မျိုးပေါ့။ ဒီလို စားကောင်းတဲ့ ကတွတ်ယိုလေးက ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။ ကတွတ်ယိုမှာပါတဲ့ အာဟာရတွေ ကတွတ်ယိုလေး စားပေးတာက အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ကယ်လ်လိုရီ ကာဗိုဟိုက်ဒရိတ် သကြားဓာတ် အမျှင်ဓာတ် ပရိုတင်း အဆီဓာတ် ကယ်လ်ဆီယမ် မဂ္ဂနိ့ ပိုတက်ဆီယမ် မဂ္ဂနီဆီယမ် ဗီတာမင် K ဗီတာမင် C ဗီတာမင် E တို့ပါဝင်နေပါတယ်။ ကတွတ်ယိုလေး စားကြရာဝယ် ကတွတ်ယိုစားတာက ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။ အရိုးတွေ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)